1
နွမ်း ပါး သူ တို့၌ တ ရား လွဲ စေ ခြင်း ငှာလည်း ကောင်း၊ လူ မျိုး တော် တွင် ဆင်း ရဲ သူ တို့ တ ရား အ တိုင်း ဆုံး ဖြတ် ခံ ခွင့် ကို ငြင်း ပယ် စေ ခြင်း ငှာလည်း ကောင်း၊ မု ဆိုး မ နှင့် ဖ သက် ဆိုး တို့ ဥ စ္စာ ကို လု ယူ ခြင်း ငှာ လည်း ကောင်း၊ မှား သော စီ ရင် ထုံး ကို ထုတ် လျက် နှိပ် စက် ရာ ကောက် ချက် များ ကို မှတ် ထား တတ် သူ တို့ သည် အ မင်္ဂ လာ ရှိ ကြ၏။
2
3
ဒဏ် စီ ရင် ခြင်း ခတ် သည့် နေ့ ရက်၊ အ ဝေး က ပျက် စီး ခြင်း သင့် သည့် ကာ လ၊ မည် သို့ ပြု၍၊ မည် သူ့ ထံ ပြေး ခို ကြ မည် နည်း။ စည်း စိမ် ဥ စ္စာ ကို မည် သည့် နေ ရာ တွင် ထား ကြ မည် နည်း။
4
အ ကျဉ်း သား တို့ ခြေ ရင်း၌ ပျပ် ဝပ် ခြင်း၊ ကွပ် မျက် ခံ ရ သူ တို့ အောက် ပြို လဲ ခြင်း ကို သာ ပြု လုပ် ဖွယ် ရှိ တော့ အံ့။ ထို မျှ ဖြစ် သော် လည်း၊ အ မျက် တော် မ ပြေ၊ လက် ရုံး တော် မ ရုပ် သေး လေ စွ တ ကား။
5
အို အာ ရှု ရိ ဘု ရင်၊ သင် သည် အ မျက် တော် ဆိုင် ရာ လှံ တံ၊ သင့် လက် ကိုင် ထုတ် သည် အ မျက် တော်၊ ပေ တည်း။
6
ပြက် ရယ် ပြု တတ် သော လူ မျိုး၊ အ မျက် တော် တိုက် လူ မျိုး ကို လု ယက် ဖျက် သိမ်း၍၊ လမ်း ရွှံ့ ကဲ့ သို့ နင်း စေ ရန် ငါ မိန့် မှာ စေ လွှတ် လိမ့် မည်။
7
ထို မင်း မူ ကား၊ အ ခြား သော စိတ်၊ အ ခြား သော သ ဘော နှင့် များ စွာ သော လူ မျိုး တို့ ကို ဖျက် ဆီး ပယ် ရှင်း ရန် ကြံ စည် လျက်၊
8
ငါ့ ဗိုလ် ချုပ် အ ပေါင်း တို့ သည် ဘု ရင် သ ဖွယ် ဖြစ် သည် မ ဟုတ် လော။
9
ကာ လ နော မြို့ သည် ခါ ခေ မိတ် မြို့ ကဲ့ သို့ လည်း ကောင်း၊ ဟာ မတ် မြို့ သည် အာ ပဒ် မြို့ ကဲ့ သို့လည်း ကောင်း၊ ရှ မာ ရိ မြို့ သည် ဒ မာ သက် မြို့ ကဲ့ သို့လည်း ကောင်း၊ ဖြစ် ခဲ့ လေ ပြီ မ ဟုတ် လော။
10
ရှ မာ ရိ မြို့ နှင့် ယေ ရု ရှ လင် မြို့ ရုပ် တု များ ထက်၊ တန် ခိုး ကြီး သည့် ရုပ် တု များ ရှိ သော တိုင်း နိုင် ငံ များ ပေါ် တွင် ငါ့ လက် တော် ရောက် သည့် အ လိုက်၊
11
ရှ မာ ရိ မြို့ ကို ရုပ် တု များ ပါ ငါ ပြု ခဲ့ သည့် နည်း တူ၊ ယေ ရု ရှ လင် မြို့ ကို လည်း ရုပ် တု များ ပါ ငါ ပြု လိမ့် မည် မ ဟုတ် လော ဟု အောက် မေ့ သ တည်း။
12
သို့ ဖြစ် လျက် ငါ ဘု ရား သည် ဇိ အုန် တောင် နှင့် ယေ ရု ရှ လင် မြို့၌ ပြု ရန် ကိ စ္စ ကို ပြီး မြောက် စေ ပြီး မှ၊ အာ ရှု ရိ ဘု ရင်၏ မာ န မြင့်၍ ဝါ ကြွား ခြင်း ကိုလည်း ကောင်း၊ မျက် နှာ မော်၍ ထောင် လွှား ခြင်း ကိုလည်း ကောင်း၊ စီ ရင် လာ လိမ့် မည်။
13
ထို မင်း က ဉာဏ် ပ ဋိ ဘာန် ရှိ သည့် အ လျောက် ကိုယ့် လက် သ တ္တိ၊ ဉာဏ် သ တ္တိ အား ဖြင့် ငါ ပြု ခဲ့ ပြီ။ လူ မျိုး တို့ နယ် နိ မိတ် များ ကို ရွှေ့ ပြောင်း လျက် ဆည်း ပူး သော ဥ စ္စာ များ ကို လု ယူ ပြီး လျှင်၊ နန်း စံ တို့ ကို လည်း နွား ဥဿ ဘ သ ဘွယ် နန်း ချ သ ဖြင့်၊
14
လူ မျိုး တို့၏ ဘ ဏ္ဍာ တိုက် များ ကို ငှက် သိုက် သ ဖွယ် လက် နှိုက် လျက်၊ စွန့် ခဲ့ သော ဥ များ ကို သိမ်း ယူ သည့် နည်း တူ မြေ တစ် ပြင် လုံး ကို ငါ သိမ်း ယူ ခဲ့ ရာ၊ အ တောင် ခတ် ခြင်း၊ နှုတ် သီး ဖွင့် ခြင်း၊ မြည် တွန် ခြင်း ကို မျှ မ ပြု ဝံ့ ကြ ဟု ကြိမ်း ပ လေ ၏။
15
ပု ဆိန် သည် ပေါက် သူ တစ် ဘက်၌ ဝါ ကြွား မည် လော။ လွှ လည်း တိုက် သူ တစ် ဘက်၌ ဝင့် ဝါ မည် လော။ ထို သို့ ဖြစ် ခဲ့ လျှင် လှံ တံ သည် ကိုင် သူ့ ကို လှုပ် နိုင် ရာ၏။ တုတ် လည်း သစ် ဝါး မ ဟုတ် သူ့ ကို ကိုင် မြှောက် နိုင် ရာ၏။
16
ထို့ ကြောင့် ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား သ ခင် သည်၊ ထို မင်း၏ ဆူး ဖြိုး သူ တို့၌ ပိန် ကြုံ စေ သော ဝေ ဒ နာ ကို သွင်း မည့် ပြင်၊ အ လုံး အ ရင်း အ တွင်း တွင် မီး သ ဖွယ် လောင် စေ တော် မူ ရာ၊
17
ဣ သ ရေ လ လူ မျိုး၏ အ လင်း တော် သည်၊ မီး သ ဖွယ်၊ သန့် ရှင်း တော် မူ သော အ ရှင် သည် မီး လျှံ သ ဖွယ် ဖြစ် သ ဖြင့်၊ ထို နိုင် ငံ ရှိ ဆူး ချုံ၊ ရှား စောင်း တော များ ကို နေ့ ချင်း ကျွမ်း လောင် လျက်၊
18
တော ဆိုင် ရာ၊ ခြံ ဆိုင် ရာ အ သ ရေ ကို အ နှစ် အ ကာ နှင့် တ ကွ ကုန် ဆုံး စေ တော် မူ၍၊ သူ နာ အား ပြတ် သည့် နည်း တူ ဖြစ် လိမ့် မည်။
19
အ ရာ တော် ကျန် တော ပင် များ ကို သူ ငယ် ပင် စာ ရင်း ရေး သား နိုင် ရန်၊ ရေ တွက် လွယ် ပါ လိမ့် မည်။
20
ထို ကာ လ ဣ သ ရေ လ လူ မျိုး အ ကြွင်း အ ကျန် တို့ နှင့် ဘေး လွတ် သူ ယာ ကုပ် အ မျိုး သား တို့ သည်၊ ဒဏ် ခတ် သော မင်း ကို ဆက် လက် တံ ကဲ မ ပြု ဘဲ၊ ထာ ဝ ရ ဘု ရား တည်း ဟူ သော ဣ သ ရေ လ လူ မျိုး၏ သန့် ရှင်း သော အ ရှင် ကို၊ တစ် သ မတ် တည်း တံ ကဲ ပြု ကြ လိမ့် မည်။
21
ယာ ကုပ် အ မျိုး သား အ ကြွင်း အ ကျန် တို့ သည်၊ တန် ခိုး ကြီး သော ဘု ရား သ ခင့် ထံ သို့ ပြန် လာ ကြ လိမ့် မည်။
22
အို ဣ သ ရေ လ လူ မျိုး၊ သင့် အ မျိုး သား တို့ သည် သ မု ဒ္ဒ ရာ သဲ လုံး နှင့် အ မျှ များ ပြား သော် လည်း၊ အ ကြွင်း အကျန် သာ ပြန် လာ ကြ လိမ့် မည်။ ဖြောင့် မတ် ခြင်း နှင့် ပြည့် လျှံ သော ကုန် ဆုံး ခြင်း ကို ပြ ဋ္ဌာန်း တော် မူ၏။
23
ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား သ ခင် သည်၊ ပြ ဋ္ဌာန်း တော် မူ ခဲ့ သော ကုန် ဆုံး ခြင်း ကို၊ မြေ တစ် ပြင် လုံး စီ ရင် တော် မူ လိမ့် မည်။
24
ထို့ ကြောင့် ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား သ ခင် မိန့် တော် မူ သည် ကား၊ ဇိ အုန် မြို့ နေ ထိုင် သူ ငါ့ လူ မျိုး တို့၊ အာ ရှု ရိ မင်း သည် အိ ဂျစ် ဓ လေ့ အ တိုင်း ထုတ် လှံ တံ ကို ချီး မြှောက် လျက် ရိုက် နှက် သော် လည်း မ ကြောက် လင့်။
25
တ မ ဟုတ် ခြင်း တွင်၊ သင် တို့ ခံ ရ သော အ မျက် တော် ပြတ် စဲ၍ သူ့ ကို ဖျက် စီး ရန် ဒေါ သ ထား လိမ့် မည်။
26
ဗိုလ် ခြေ တို့ အ ရှင် ငါ ထာ ဝ ရ ဘု ရား သည်၊ ဩ ရ ဘ ကျောက် တောင် အ နီး၊ မိ ဒျန် အ မျိုး သား တို့ ကို ဒဏ် ခတ် သည့် နည်း တူ၊ ချင်း တစ် ဘက် ၌ နှင် တံ ကို မြှောက် ဝင့် သည့် ပြင်၊ လှံ တံ တော် လည်း အိ ဂျစ် ပြည် ၌ စီ ရင် သ ကဲ့ သို့၊ ပင်လယ် ပေါ် တွင် ချီး မြှောက် ဖြန့် မိုး မည်။
27
ထို ကာ လ ချင်း ၏ ဝန် ကို သင့် ပ ခုံး မှ လည်း ကောင်း၊ ထမ်း ပိုး ကို လည် ကုပ် မှ လည်း ကောင်း၊ ချ၍ သန် မာ သော ကြောင့် ထမ်း ပိုး ကျိုး လိမ့် မည် ဟု မိန့် တော် မူ ၏။
28
ထို မင်း သည် အာ ယပ် မြို့ ရောက် ချီ၍၊ မိ ဂ ရုန် မြို့ တိုင် အောင် လွန် သွား ပြီး လျင် မိတ် မတ် မြို့ တွင် ဝန် များ ကို ချ ထား လေ ပြီ။
29
တောင် ကြား ကို လွန် လျက်၊ ဂေ ဗ မြို့၌ စား ခန်း ကျ လေ၏။ ရာ မ မြို့ သူ တို့ တုန် လှုပ် လျက် ရှော လု နေ ရာ ဂိ ဗာ မြို့ သား တို့ လည်း ပြေး ကြ လေ ပြီ။
30
အို သ တို့ သ မီး ဂ လ္လိမ်၊ အော် ဟစ် လော့။ အို လဲ ရှ မြို့ သား တို့။ နား စွင့် ကြ လော့။ အို ဒု က္ခ သည် အာ န သုတ် မြို့၊ မာ ဒ မေ န မြို့ သူ တို့ ပြေး သွား ကြ ရာ၊
31
ဂေ ဗိမ် မြို့ သား တို့ ဘေး လွတ် ရာ ရှာ ကြ ၏။
32
ယ နေ့ ပင် နော ဘ မြို့၌ ဆိုက် ပြီး လျှင် သ တို့ သ မီး ဇိ အုန် တောင်၊ ယေ ရု ရှ လင် ကုန်း ရင် ဆိုင် တွင် လက် ယမ်း လေ၏။
33
ကြည့် လော့၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား သ ခင် သည်၊ အ ကိုင်း အ ခက် များ ကို ပြင်း ထန် စွာ ခုတ် ချိုင် လျက် အ ရပ် အ မောင်း မြင့်၍ မောက် မာ သော သစ် ပင် များ ကို ခုတ် လှဲ ရှုတ် ချ တော် မူ လိမ့် မည်။
34
တော ပိတ် ပေါင်း ကို ဓား ဖြင့် ဝင့် ပယ် တော် မူ သ ဖြင့်၊ လေ ဗ နုန် တော လည်း တန် ခိုး ကြီး သော အ ရှင် ကြောင့် ပြိုလဲ ရာ ရောက် လိမ့် သ တည်း။