1
ထာ ဝ ရ ဘု ရား စိုး စံ တော် မူ၍၊ မြေ ပ ထ ဝီ သည် ရွှင် လန်း လျက်၊ ကျွန်း ကြီး ကျွန်း ငယ် များ လည်း ဝမ်း မြောက် ကြ စေ။
2
မိုး တိမ် များ နှင့် မှောင် အ တိ ခြံ ရံ လျက်၊ ဖြောင့် မတ် ခြင်း နှင့် တ ရား သ ဖြင့် စီ ရင် ခြင်း သည် ပ လ္လင် တော် တည် ရာ ဖြစ် ပါ ၏။
3
ရှေ့ တော် က မီး ထွက် ၍၊ ဝန်း ဝိုင်း သော ရန် သူ တော် တို့ ကို ကျွမ်း လောင် ၏။
4
လျှပ် စစ် တော် များ ပြက် သ ဖြင့်၊ လော က ကို လင်း စေ ရာ၊ ထာ ဝ ရ ဘု ရား ရှေ့ တော်၊ မြေ တစ် ပြင် လုံး ၏ အ ရှင့် ရှေ့ တော်၌၊ မြေ ပထ ဝီ သည် မြင်၍ တုန် လှုပ် ခြင်း၊ တောင် များ လည်း ဖ ယောင်း သ ဖွယ် ပျော် ခြင်း ခံ ရ ၏။
5
6
ဖြောင့် မတ် တော် မူ ခြင်း အ ကြောင်း မိုး ကောင်း ကင် ကြော် ငြာ၍၊ ဘုန်း တော် ကို လူ အ မျိုး မျိုး တို့ ဖူး မြင် ရ ကြ ပြီ။
7
ရုပ် ပွား များ ကို ဝတ် ပြု သူ၊ အ တု များ ကြောင့် ဝါ ကြွား သူ အ ပေါင်း တို့ သည်၊ ရှက် ကြောက် ကြ စေ။ ဘု ရား ဟူ သ မျှ တို့၊ ထာ ဝ ရ ဘုရား ကို ရှိ ခိုး ကြ လော့။
8
အို ထာ ဝ ရ ဘု ရား၊ စီ ရင် ဆုံး ဖြတ် တော် မူ ချက် များ ကြောင့်၊ ဇိ အုန် မြို့ ကြား ၍ အား ရ ခွင့်၊ ယု ဒ အ မျိုး သ မီး တို့ ရွှင် လန်း ခွင့် ရ ကြ ပါ၏။
9
အ သို့ ဆို သော်၊ အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သည်၊ ဘု ရား ဟူ သ မျှ တို့ ထက် အ လွန် မြင့် မြတ်၍၊ မြေ တစ် ပြင် လုံး အ ပေါ် တွင် မြင့် မြတ် သော ဘု ရား ဖြစ် တော် မူ ပါ ၏။
10
ထာ ဝ ရ ဘု ရား ကို ချစ် ခင် သူ တို့၊ အ ဆိုး ကို မုန်း ထား ကြ လော့။ ကိုယ် တော် သည် ကြည် ညို သူ တို့ အ သက် ကို စောင့် ထိန်း လျက်၊ လူ ဆိုး တို့ လက် မှ ကယ် လွှတ် တော် မူ ၏။
11
သူ တော် ကောင်း အ ဖို့ အ လင်း ကို လည်း ကောင်း၊ သ ဘော ဖြောင့် သူ့ အ ဖို့ သု ခ ကို လည်း ကောင်း၊ မျိုး ကြဲ ၍ ထား ၏။
12
အ ချင်း သူ တော် ကောင်း တို့၊ ထာ ဝ ရ ဘု ရား ၌ ရွှင် လန်း လျက်၊ သန့် ရှင်း သော နာ မ တော် ကို ချီး မွမ်း ကြ လော့။