1
ထာ ဝ ရ ဘု ရား သည် စိုး စံ တော် မူ၍၊ လူ အ မျိုး မျိုး တို့ တုန် လှုပ် ခြင်း၊ ခေ ရု ဗ တို့ အ ထက် စံ တော် မူ၍၊ မြေ ပ ထ ဝီ လှုပ် ရှား ခြင်း ခံ စေ။
2
ထာ ဝ ရ ဘု ရား သည်၊ ဇိ အုန် မြို့ တွင် ကြီး မြတ်၍၊ လူ အ မျိုး မျိုး အ ပေါ် တွင် မြင့် မြတ် တော် မူ ၏။
3
ခန့် ညား ဖွယ် မ ဟာ နာ မ တော် ကို ထော မ နာ ပြု ကြ စေ၊ ကိုယ် တော် သည် သန့် ရှင်း တော် မူ ၏။
4
ကိုယ် တော် သည် တ ရား သ ဖြင့် စီ ရင် ခြင်း ကို နှစ် သက် သော ဘု ရင် မင်း၏ တန် ခိုး ကို၊ မျှ တ ခြင်း နှင့် တည် မြဲ စေ လျက်၊ ယာ ကုပ် အ မျိုး ၌ တ ရား သ ဖြင့် စီ ရင် ခြင်း နှင့် ဖြောင့် မတ် ခြင်း ကို စီ မံ တော် မူ၏။
5
ငါ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၏ ဂုဏ် တော် ကို ချီး မြှောက် ကြ လျက်၊ ခြေ တော် တင် ရာ ခုံ ရှေ့၊ ရှိ ခိုး ကြ လော့။ ကိုယ် တော် သည် သန့် ရှင်း တော် မူ ၏။
6
ပု ရော ဟိတ် တို့ အ နက် မော ရှေ နှင့် အာ ရုန်၊ နာ မ တော် အား ပ ဌ နာ ပြု သူ တို့ အ နက် ရှ မွေ လ တို့ သည်၊ ထာ ဝ ရ ဘု ရား ကို ပဌ နာ ပြု ကြ ရာ၊ ထူး တော် မူ ၏။
7
သက် သေ ခံ တော် မူ ချက် နှင့် ထုံး ဖွဲ့ တော် မူ ချက် များ ကို စောင့် ထိန်း ကြ ရာ၊ တိမ် တိုက် ထဲ က ဗျာ ဒိတ် ပေး တော် မူ ၏။
8
အ ကျွန်ုပ် တို့ ဘု ရား သ ခင်၊ အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သည် ထူး တော် မူ၍၊ သူ တို့ အ မှု များ ကြောင့် လက် စား ချေ လျက် ပင်၊ ချမ်း သာ ပေး သော ဘု ရား ဖြစ် တော် မူ ပါ ၏။
9
ငါ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၏ ဂုဏ် တော် ကို ချီး မြှောက် လျက်၊ သန့် ရှင်း သော တောင် တော့် ရှေ့၊ ရှိ ခိုး ကြ လော့။ ငါ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည်၊ သန့် ရှင်း တော် မူ ၏။