1
ဘု ရား သ ခင် ထ တော် မူ သော်၊ ကိုယ် တော် အား ရန် ပြု သူ တို့ ကွယ် လွင့် လျက်၊ မုန်း ထား သူ တို့ လည်း မျက် မှောက် တော် မှ ဆုတ် ပြေး ရ ကြ ၏။
2
မီး ခိုး လွင့် သ ကဲ့ သို့၊ သူ တို့ ကို လွှင့် တော် မူ ပါ။ မီး ရှိန် ဖြင့် ဖ ယောင်း ပျော် သ ကဲ့ သို့၊ လူ ဆိုး တို့ သည် ဘု ရား သ ခင့် ရှေ့ တော် မှာ ပျက် ယွင်း ရ ကြ ၏။
3
ဖြောင့် မတ် သူ တို့ မူ ကား၊ ဘု ရား သ ခင့် ရှေ့ တော် ၌၊ ရွှင် လန်း အား ရ ဝမ်း မြောက် ရ ကြ ပါ ၏။
4
ဘု ရား သ ခင် အား သီ ဆို ခြင်း၊ နာ မ တော် အား ကျူး ဧ ခြင်း၊ သဲ က န္တာ ရ တစ် လျှောက် စီး ကြွ တော် မူ သော အ ရှင့် ရှေ့ လမ်း ပို့ ခြင်း ပြု လျက်၊ မျက် မှောက် တော် ၌ ဂုဏ် ရောက် ကြ လော့။ ထို အ ရှင့် နာ မ တော် ကား၊ ယာ ဟ ပေ တည်း။
5
ဘု ရား သ ခင် သည်၊ သန့် ရှင်း သော ဘုံ ဗိ မာန် တွင်၊ ဘ သက် ဆိုး တို့ အ ဘ၊ မု ဆိုး မ တို့ တ ရား မင်း အ ဖြစ် စံ နေ တော် မူ၏။
6
ဘု ရား သ ခင် သည်၊ အ သီး ပု ဂ္ဂိုလ် တို့ အား နေ ရာ ပေး လျက်၊ သုံ့ ပန်း ခံ ရ သူ တို့ ကို ကောင်း စား ရာ သို့ ပို့ ဆောင် တော် မူ၏။ ပုန် ကန် တတ် သူ တို့ မူ ကား၊ သွေ့ ခြောက် ရာ၌ နေ ထိုင် ရ ကြ၏။
7
အို ဘု ရား သ ခင်၊ လူ မျိုး တော် ကို ဦး တည် လျက်၊ သဲ က န္တာ ရ၌ ချီ ကြွ တော် မူ သော အ ခါ၊
8
ဘု ရား သ ခင့် ရှေ့ တော် တွင် မြေ ပ ထ ဝီ တုန် လှုပ်၍၊ မိုး လည်း ရွာ ရ ပါ၏။ ဣ သ ရေ လ လူ မျိုး တို့ ဘု ရား သ ခင့် ရှေ့ တော်၌၊ သိ နာ တောင် ပင် တုန် လှုပ် ရ ပါ ၏။
9
အို ဘု ရား သ ခင်၊ ပိုင် တော် မူ ရာ ပြည် ညှိုး နွမ်း သော အ ခါ၊ မိုး ကောင်း စွာ ရွာ စေ လျက် ပြု စု တော် မူ ပါ၏။
10
အို ဘု ရား သ ခင်၊ ပ ရိ သတ် တော် ကို နေ ရာ ချ လျက်၊ ဆင်း ရဲ သူ တို့ အ ဖို့၊ ကျေး ဇူး တော် အ လျောက်၊ ပြင် ဆင် တော် မူ ပါ၏။
11
အ ရှင် ဘု ရား အ မိန့် တော် ရှိ၍၊ မိန်း မ တို့ အ လုံး အ ရင်း သ တင်း လွှင့် သည် မှာ၊
12
ဗိုလ် ခြေ တို့ ဘု ရင် များ ဆုတ် ပြေး၍၊ အိမ်၌ နေ ရစ် သူ တို့ သည်၊ လက် ရ ပ စ္စည်း ကို ဝေ မျှ ရ ကြ သည် ဟူ၍ တည်း။
13
သိုး ခြံ များ ရှိ ရာ တွင် ဝပ် နေ မည် လော။ ပျံ ဝဲ သော ချိုး ငှက် သည် ငွေ ရောင်၊ အ တောင် များ ရွှေ ရောင် ပြောင် လက် သော် လည်း၊
14
ဇာ လ မုန် တောင် ပေါ် မှာ၊ ဘု ရင် မင်း တို့ ကို၊ အ န န္တ တန် ခိုး တော် ရှင် ကွဲ လွင့် စေ တော် မူ သော အ ခါ၊ မိုး ပွင့် ကျ သ ကဲ့ သို့ ဖြစ် ၏။
15
ဗာ ရှန် တောင် တန်း သည်၊ မ ဟာ တောင် ဖြစ် ၏။ ဗာ ရှန် တောင် တန်း သည်၊ တောင် ထွဋ် များ ပြား ၏။
16
အ ချင်း တောင် ထွဋ် များ တို့၊ ဘု ရား သ ခင် ကိန်း ဝပ် ရာ သ ဘော တော် မြတ် ရာ တောင် တော် ကို၊ အ ဘယ့် ကြောင့် မျက် စောင်း ထိုး ကြ သ နည်း။ ထာ ဝ ရ ဘု ရား သည် အ စဉ် ကိန်း ဝပ် တော် မူ မည်။
17
ဘု ရား သ ခင့် စစ် ရ ထား တော် များ သည်၊ ထောင် သောင်း မ က များ ပြား၏။ အ ရှင် ဘု ရား စီး ကြွ၍၊ သိ နာ တောင် သ ဖွယ် သီး သန့် ရာ ဖြစ် စေ တော် မူ၏။
18
ကိုယ် တော် သည် သုံ့ ပန်း ရာ ကို သုံ့ ပန်း လျက်၊ မြင့် ရာ သို့ တက် ကြွ၍၊ လူ တို့ ဘောင် တွင် ထာ ဝ ရ အ ရှင် ဘု ရား စံ နေ တော် မူ ရ အံ့ သော ငှာ၊ လူ တို့ ဆက် သ ရာ၊ ပုန် ကန် သူ တို့ ပင် ဆက် သ ကြ လေ ၏။
19
ငါ တို့ ဝန် ကို၊ နေ့ စဉ် ထမ်း တော် မူ သော အ ရှင် ဘု ရား၊ ငါ တို့ ကို ကယ် တင် ပိုင် ရှင် ဘု ရား သ ခင် သည်၊ မင်္ဂ လာ ရှိ တော် မူ ပါ စေ သော။
20
ဘု ရား သ ခင် သည်၊ ငါ တို့ ကို ကယ် လွှတ် သော ဘု ရား ဖြစ် တော် မူ၏။ ယေ ဟော ဝါ အ ရှင် ဘု ရား သည်၊ သေ ဘေး မှ ကယ် လွှတ် ခွင့် ကို ပိုင် တော် မူ ၏။
21
ဘု ရား သ ခင် သည်၊ ရန် သူ တို့ ဦး ခေါင်း ကိုလည်း ကောင်း၊ အ ပြစ် ပြု မြဲ ပြု သူ တို့ ဦး ခေါင်း ရေ ကိုလည်း ကောင်း၊ ခုတ် ဖြတ် တော် မူ မည်။
22
အ ရှင် ဘု ရား က၊ ငါ သည် ဗာ ရှန် တောင် မှ ဆပ် ပေး၍၊ သ မု ဒ္ဒ ရာ နက် ရှိုင်း ရာ မှ ပင် ဆပ် ပေး မည့် အ တိုင်း၊
23
သင် သည် ရန် သူ တို့၏ အ သွေး၌ ခြေ နှစ် ခွင့်၊ သင့် ခွေး များ လည်း လျက် ခွင့် ရ ကြ လိမ့် မည် ဟု မိန့် တော် မူ၏။
24
အို ဘု ရား သ ခင်၊ သန့် ရှင်း ရာ ဌာ န တော် ထဲ သို့ ကြွ ဝင် တော် မူ ခြင်း၊ အ ကျွန်ုပ် ဘု ရား၊ အ ကျွန်ုပ် ဘု ရင် ကြွ ဝင် တော် မူ ခြင်း ကို မြင် ကြ ပါ ပြီ။
25
အ ချင်း ဣ သ ရေ လ အ မျိုး အ နွယ် တို့၊ ပ ရိ သတ် တော်၌၊ အ ရှင် ဘု ရား သ ခင် အား ဩ ဘာ ဆက် ကြ လော့ ဟု ဆို ကြ စဉ်၊
26
ရှေ့ က သီ ဆို သူ၊ နောက် က တီး မှုတ် သူ တို့ လျှောက် သွား လျက်၊ ပတ် သာ တီး သော အ ပျို တို့ ခြံ ရံ လျက်၊
27
အုပ် စိုး ရ သော သား ထွေး ဗင်္ယာ မိန် မှ စ၍၊ ယု ဒ၊ ဇာ ဗု လုံ၊ နဿ လိ မှူး တော် မတ် တော် များ စု ရုံး ကြ ပါ၏။
28
သင့် ဘု ရား သ ခင် သည်၊ သင့် စွမ်း အား ကို စီ မံ တော် မူ ပါ ပြီ။ အို ဘု ရား သ ခင်၊ အ ကျွန်ုပ် တို့ အ ဖို့ စီ ရင် တော် မူ ခဲ့ သော အ မှု ကို အ တည် ပြု တော် မူ ပါ။
29
ယေ ရု ရှ လင် မြို့ ရှိ ဗိ မာန် တော် ကြောင့်၊ ဘု ရင် မင်း တို့ သည်၊ ကိုယ် တော့် ထံ အ ခွန် တော် များ ကို ဆက် သ ရ ကြ ပါ လိမ့် မည်။
30
ကျူ တော နေ သား ရဲ ကိုလည်း ကောင်း၊ နွား လား ဥဿ ဘ အ စု အ အုပ် နှင့် နွား ပျို များ ဖြစ် သော လူ မျိုး တို့ ကို လည်း ကောင်း၊ ငွေ ခွန် ဆောင် လျက် ဦး ညွှတ် ရ ကြ သည့် တိုင် အောင် ဆုံး မ၍၊ စစ် မက် နှစ် သက် သော လူ မျိုး တို့ ကို ကွဲ လွင့် စေ တော် မူ ပါ။
31
အိ ဂျစ် မှူး မတ် တို့ တိုး ဝင် လျက်၊ ကု ရှ ပြည် သည်၊ ဘု ရား သ ခင့် ထံ လက် အုပ် ချီ ရ လိမ့် မည်။
32
မြေ ကြီး ပေါ် ရှိ တိုင်း နိုင် ငံ တို့၊ ဘု ရား သ ခင် အား သီ ဆို ခြင်း၊ ရှေး မ ဆွ က တည် သော ကောင်း ကင် ဘ ဝဂ် ပေါ် တွင် စီး ကြွ၍၊ ကျယ် စွာ အောင် သံ လွှင့် တော် မူ သော အ ရှင် ဘု ရား အား၊ ကျူး ဧ ခြင်း ပြု ကြ လော့။
33
34
ဣ သ ရေ လ လူ မျိုး အ ထက် အာ နု ဘော် နှင့် လည်း ကောင်း၊ အာ ကာ သ တွင် တန် ခိုး တော် နှင့် လည်း ကောင်း၊ စံ တော် မူ သော ဘုရား သ ခင် သည်၊ တန် ခိုး ကြီး တော် မူ ကြောင်း ဝန် ခံ ကြ လော့။
35
အို ဘု ရား သ ခင်၊ ကိုယ် တော် သည်၊ သန့် ရှင်း ရာ ဌာ န တော် တွင် ခန့် ညား ဖွယ် ဖြစ် တော် မူ၏။ ဣ သ ရေ လ လူ မျိုး ၏ ဘု ရား သခင် သည်၊ လူ မျိုး တော် အား၊ တန် ခိုး အာ ဏာ ကို သ နား တော် မူ ၏။ ဘု ရား သ ခင် သည် မင်္ဂ လာ ရှိ တော် မူ ပါ စေ သော။