1
အ ရှင် ထာ ဝ ရ ဘု ရား သ ခင် သည်၊ ဗျာ ဒိတ် တော် ပေး လျက်၊ နေ ထွက် ရာ အ ရပ် မှ နေ ဝင် ရာ အ ရပ် တိုင် အောင် မြေ ကြီး ကို ခေါ် တော် မူ ၏။
2
တင့် တယ် ခြင်း နှင့် ပြည့် စုံ သော ဇိ အုန် မြို့ တော် မှ၊ ဘု ရား သ ခင် သည် ရောင် ခြည် လွှတ် တော် မူ ပြီ။
3
ငါ တို့ ဘု ရား သ ခင် ကြွ လာ ၍၊ ဆိတ် ဆိတ် နေ တော် မူ မည် မ ဟုတ်။ ရှေ့ တော် ၌၊ မီး ကျွမ်း လောင် လျက်၊ ပတ် လည် တော် ၌၊ မိုး သက် မုန် တိုင်း သည်း ထန် လျက် ရှိ လိမ့် မည်။
4
လူ မျိုး တော် ကို စီ ရင် ဆုံး ဖြတ် ခြင်း အ လို့ ငှာ၊ အ ထက် ကောင်း ကင် သို့ လည်း ကောင်း၊ မြေ ကြီး သို့ လည်း ကောင်း၊ ခေါ် လျက်၊
5
မိ သ ဟာ ယ သ က္ကာ ဖြင့် ငါ နှင့် ပ ဋိ ညာဉ် ပြု၍၊ ကြည် ညို သူ တို့ ကို အ ထံ တော် သို့ စု ဝေး ကြ စေ ဟု မိန့် တော် မူ သည့် အ တိုင်း၊
6
ဘု ရား သ ခင့် ကိုယ် တော် တိုင်၊ တ ရား မင်း ဖြစ် ၍၊ ဖြောင့် မတ် တော် မူ ခြင်း အ ကြောင်း ကို၊ ကောင်း ကင် ကြော် ငြာ လိမ့် မည်။
7
အို ဣ သ ရေ လ လူ မျိုး တော်၊ နား ထောင် ကြ။ သင် တို့ ဘု ရား ဖြစ် သော ငါ ဘု ရား သ ခင် သည်၊ မိန့် ဆို ၍ သ တိ ပေး မည်။
8
သင် တို့ ၏ မိတ် သ ဟာ ယ သ က္ကာ၊ ငါ ရှေ့၌ အ စဉ် ရှိ သော မီး ရှို့ ရာ သ က္ကာ များ အ တွက်၊ သင့် ကို အ ပြစ် တင် မည် မ ဟုတ်။
9
သင် တို့ တင်း ကုပ် ရှိ နွား ပေါက် ကို လည်း ကောင်း၊ သင့် ခြံ ရှိ ဆိတ် ထီး ကိုလည်း ကောင်း၊ ငါ ခံ ယူ မည် မ ဟုတ်။
10
တော သား ရဲ ရှိ သ မျှ နှင့်၊ တောင် အ ထောင် အ သောင်း များ ပေါ် နေ တိ ရ စ္ဆာန် များ သည်၊ ငါ ပိုင် ဖြစ်၏။
11
တောင် ပေါ် ရှိ ငှက် အ သီး သီး ကို ငါ သိ လျက်၊ လွင် ပြင် တွင် သွား လာ သ မျှ ကို မျက် မှောက် ပြု၏။
12
အ ကယ်၍ ငါ ဆာ မွတ် ခဲ့ မူ၊ သင့် အား ငါ ပြော မည် မ ဟုတ်။ ဤ လော က နှင့် ကြွယ် ဝ ပြည့် စုံ သ မျှ သည်၊ ငါ ပိုင် ဖြစ်၏။
13
နွား ထီး အ သား၊ ဆိတ် ထီး အ သွေး ကို၊ ငါ သုံး ဆောင် ရ မည် လော။
14
ငါ့ ဘု ရား သ ခင့် ထံ၊ ကျေး ဇူး တော် ချီး မွမ်း ခြင်း ကို ပူ ဇော် လျက်၊ မြင့် မြတ် သော ဘု ရား ရှေ့ သ စ္စာ ဝတ် များ ကို ဖြေ လော့။
15
ဒု က္ခ ရောက် သည့် ကာ လ ငါ့ ကို ပ ဌ နာ ပြု လျှင်၊ ငါ ကယ် လွှတ် သ ဖြင့်၊ ဘုန်း တော် ကို ချီး မြှောက် ခွင့် ရ လိမ့် မည်။
16
လူ ဆိုး တို့ အား လည်း၊ သင် သည် ငါ့ ထုံး ဖွဲ့ ချက် များ ကို ကြား ပြော ခြင်း၊ ငါ့ ပ ဋိ ညာဉ် တ ရား တော် ကို နှုတ် မြွက် ခြင်း နှင့် မည် သို့ ဆိုင် သ နည်း။
17
ဆုံး မ ပဲ့ ပြင် ခြင်း ကို ရွံ ရှာ ၍၊ မိန့် ဆို တော် မူ ချက် ကို ကျော ခိုင်း ပြီ တ ကား။
18
သင် သည် သူ ခိုး ကို မြင် သော်၊ သက် ဝင် လျက်၊ သူ့ သား အိမ် ရာ ကို ပြစ် မှား သူ တို့ နှင့် ဆက် ဆံ တတ် ၏။
19
နှုတ် ကို ဒု စ ရိုက်၌ သွင်း၍၊ လျှာ ဖြင့် လိမ် လည် ခြင်း ကို စီ မံ တတ် ၏။
20
ထိုင် ပြီး လျှင်၊ ကိုယ့် ညီ အစ် ကို ကို စွဲ ဆို လျက်၊ ကိုယ့် အ မိ ၏ သား ကို အ ပြစ် တင် တတ် ၏။
21
ထို သို့ ပြု ရာ၊ ငါ ဆိတ် ဆိတ် နေ သ ဖြင့်၊ သင် နှင့် ထပ် တူ ဖြစ် ကြောင်း ထင် မှတ် သော် လည်း၊ သင့် အ ပြစ် ကို ငါ ဖော် ပြ ၍၊ မျက် မှောက် တွင် ပင်၊ စီ စဉ် ထား မည် ဟု ငါ ဘု ရား မိန့် ဆို လေ ၏။
22
ဘု ရား သ ခင် မေ့ လျော့ သူ တို့၊ ကယ် လွှတ် သူ မ ရှိ ဘဲ လျက်၊ ငါ ဆွဲ ဖြတ် ဒဏ် ကို မ ခတ် စေ ခြင်း ငှာ၊ ဤ အ ချက် ဆင် ခြင် ကြ လော့။
23
ကျေး ဇူး တော် ချီး မွမ်း ခြင်း ကို ပူ ဇော် သော သူ သည်၊ ငါ့ ဘုန်း ကို ချီး မြှောက် လျက်၊ ငါ ဘု ရား သ ခင့် ကယ် တင် ခွင့် ထင် ရှား ရာ လမ်း ကို ပြင် ဆင် ရာ ရောက် ၏။