ဆာ​လံ-51

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 အို ဘု ရား သ ခင်၊ မေ တ္တာ ကျေး ဇူး တော် အ လျောက်၊ အ ကျွန်ုပ် အ ပေါ် ၌၊ က ရု ဏာ သက် ၍၊ က ရု ဏာ တော် များ ပြား သည် နှင့် လျော် စွာ၊ ကျူး လွန် မှု များ ကို ဖြေ ဖျောက် တော် မူ ပါ။
  • 2 ဒု စ ရိုက် နှင့် စင် ကြယ် အောင် အ ကျွန်ုပ် ကို ဆေး ကြော၍၊ အ ပြစ် မှ သန့် စင် စေ တော် မူ ပါ။
  • 3 အ ကျွန်ုပ် ကျူး လွန် ခြင်း များ ကို၊ သိ မြင် လျက်၊ ပြစ် မှု ကို မျက် မှောက် ပြု လျက် နေ ပါ ၏။
  • 4 ကိုယ် တော် ကို သာ ပြစ် မှား၍၊ မျက် မှောက် တော်၌ မ ကောင်း မှု ကို ပြု မိ ပါ ပြီ။ သို့ ဖြစ်၍ မိန့် တော် မူ ရာ၌ ဖြောင့် မှန် တော် မူ ကြောင်း၊ စီ ရင် ဆုံး ဖြတ် တော် မူ ရာ၌၊ သန့် ရှင်း တော် မူ ကြောင်း ထင် ရှား လျက် ရှိ ၏။
  • 5 အ ကျွန်ုပ် သည်၊ ဖွား စ က ပင် ဒု စ ရိုက် ပါ လျက်၊ သ န္ဓေ တည် သော နေ့ က ပင် အ ပြစ် ပါ လျက် ရှိ ပါ လေ စွ။
  • 6 ကိုယ် တော် သည် အ တွင်း နှ လုံး၌၊ သ စ္စာ စောင့် ခြင်း ကို နှစ် သက်၍၊ ကွယ် ဝှက် ရာ များ၌၊ ဉာဏ် ပ ညာ ကို သိ စေ တော် မူ လိမ့် မည်။
  • 7 ဟုဿုပ် ညွန့် နှင့် အ ကျွန်ုပ် ကို သုတ် သင် တော် မူ ပါ။ စင် ကြယ် ပါ လိမ့် မည်။ ဆေး ကြော တော် မူ ပါ။ မိုး ပွင့် ထက် ဖြူ စင် ပါ လိမ့် မည်။
  • 8 ချိုး တော် မူ သော အ ရိုး များ၌ ခြင် ဆီ စိမ့် ရ ခြင်း ငှာ၊ အား ရ ရွှင် လန်း ဖွယ် ရာ ကို ကြား စေ တော် မူ ပါ။
  • 9 အ ကျွန်ုပ် အ ပြစ် များ မှ မျက် နှာ တော် လွှဲ၍၊ ဒု စ ရိုက် ရှိ သ မျှ ကို ဖြေ ဖျောက် တော် မူ ပါ။
  • 10 အို ဘု ရား သ ခင်၊ အ ကျွန်ုပ်၌ စင် ကြယ် သော စိတ် နှ လုံး ကို ဖန် ဆင်း၍၊ တည် ကြည် သော သ ဘော ကို ပြု ပြင် တော် မူ ပါ။
  • 11 အ ထံ တော် မှ အ ကျွန်ုပ် ကို နှင် ထုတ် ခြင်း၊ သန့် ရှင်း သော ဝိ ညာဉ် တော် ကို ရုပ် သိမ်း ခြင်း ပြု တော် မ မူ ပါ နှင့်။
  • 12 ကယ် တင် တော် မူ ရာ သု ခ ကို ရ ပြန် စေ လျက်၊ စေ တ နာ စိတ် အ လျောက် ထောက် မ တော် မူ ပါ။
  • 13 အ ကျွန်ုပ် လည်း ကျူး လွန် သူ တို့ အား၊ နည်း လမ်း တော် များ ကို သွန် သင် သ ဖြင့်၊ ကိုယ် တော့် ထံ အ ပြစ် သား တို့ ပြန် လာ ကြ ပါ လိမ့် မည်။
  • 14 အို ဘု ရား သ ခင်၊ အ ကျွန်ုပ် ကို ကယ် တင် သော ဘု ရား၊ လူ သတ် ပြစ် နှင့် ကင်း လွတ် စေ တော် မူ ပါ။ ဖြောင့် မတ် တော် မူ ခြင်း အ ကြောင်း၊ လျှာ ဖြင့် ကြွေး ကြော် ပါ မည်။
  • 15 အို အ ရှင် ဘု ရား၊ အ ကျွန်ုပ်၏ နှုတ် ခမ်း များ ကို ဖွင့် တော် မူ ပါ။ နှုတ် ဖြင့် ဂုဏ် တော် ကို ချီး မွမ်း ပါ မည်။
  • 16 ပူ ဇော် သ က္ကာ ကို နှစ် မြို့ တော် မ မူ၊ မူ လျှင်၊ ပူ ဇော် ခဲ့ လေ ပြီ။ မီး ရှို့ ရာ သ က္ကာ ကို လည်း နှစ် သက် တော် မ မူ။
  • 17 ဘု ရား သ ခင် နှစ် သက် တော် မူ သော ပူ ဇော် သ က္ကာ မူ ကား၊ ကျိုး ပဲ့ သော စိတ် ဖြစ်၏။ အို ဘု ရား သ ခင်၊ ကျိုး ပဲ့ ကြေ မွ သော စိတ် နှ လုံး ကို၊ မ ထီ မဲ့ မြင် ပြု တော် မူ မည် မ ဟုတ် ပါ။
  • 18 စိတ် စေ တ နာ တော် နှင့် ဇိ အုန် မြို့ ကို ကျေး ဇူး ပြု လျက်၊ ယေ ရု ရှ လင် မြို့ ရိုး များ ကို တည် တော် မူ ပါ။
  • 19 ထို ကာ လ၊ ဖြောင့် မတ် ခြင်း သ က္ကာ၊ မီး ရှို့ ရာ သ က္ကာ၊ ကောင် လုံး မီး ရှို့ ရာ သ က္ကာ များ ကို နှစ် သက် တော် မူ ပါ လိမ့် မည်။ ပူ ဇော် ရာ ပ လ္လင် တော် ပေါ် တွင်၊ နွား ပေါက် များ ကို ဆက် ကပ် ကြ ပါ လိမ့် မည်။
回到本卷目录 回到本版本目录 回到首页