1
လူ မျိုး ရှိ သ မျှ တို့၊ လက် ခုပ် တီး ကြ လော့။ ဘု ရား သ ခင့် အ ထံ တော် သို့၊ အောင် သံ လွှင့် ၍ ကြွေး ကြော် ကြ လော့။
2
မြင့် မြတ် သော ထာ ဝ ရ ဘု ရား သည် ခန့် ညား ဖွယ် ဘု ရား၊ မြေ တစ် ပြင် လုံး ကို အ စိုး ရ သော မ ဟာ မင်း မြတ် ဖြစ် တော် မူ ၏။
3
လူ မျိုး တို့ ကို ငါ တို့ အောက် ၌ လည်း ကောင်း၊ လူ မျိုး ခြား တို့ ကို ငါ တို့ ခြေ အောက်၌ လည်း ကောင်း၊ နှိပ် နင်း တော် မူ ပြီ။
4
ချစ် တော် မူ သော ယာ ကုပ် ၏ ဘုန်း ကြက် သ ရေ ဖြစ် သော၊ ငါ တို့ ပိုင် ပြည် ကို ရွေး ချယ် တော် မူ ပြီ။
5
ဘု ရား သ ခင် သည်၊ ကြွေး ကြော် သံ နှင့် လည်း ကောင်း၊ ထာ ဝ ရ ဘု ရား သည် တံ ပိုး မှုတ် သံ နှင့် လည်း ကောင်း၊ တက် ကြွ တော် မူ ပြီ။
6
ဘု ရား သ ခင် အား ကျူး ဧ ဖွဲ့ ဆို လျက်၊ ငါ တို့ ဘု ရင် မင်း မြတ် အား ကျူး ဧ ဖွဲ့ ဆို ကြ လော့။
7
ဘု ရား သ ခင် သည်၊ မြေ တစ် ပြင် လုံး ၏ ဘု ရင် မင်း မြတ် ဖြစ် တော် မူ သည့် အ တိုင်း၊ လိ မ္မာ စွာ ကျူး ဧ ကြ လော့။
8
ဘု ရား သ ခင် သည် လူ မျိုး ခြား တို့ အ ပေါ် ၌ စိုး စံ တော် မူ ၏။ ဘု ရား သ ခင် သည်၊ သန့် ရှင်း သော ရာ ဇ ပ လ္လင် တော့် ထက် စံ တော် မူ ၏။
9
လူ မျိုး တို့ ၏ မှူး မတ် များ သည်၊ အာ ဗြ ဟံ ၏ ဘု ရား သ ခင့် လူ မျိုး တော် အ ဖြစ် စု ရုံး ကြ ၏။ ဤ လော က ၏ ဒိုင်း လွှား သ ဖွယ် ဖြစ် သူ တို့ ကို၊ မြင့် မြတ် လှ သော ဘု ရား သ ခင် ပိုင် တော် မူ သ တည်း။