ဆာ​လံ-40

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ထာ ဝ ရ ဘု ရား ကို ငါ စောင့် နေ မျှော် လင့် ရာ ကိုယ် တော် သည် ငါ့ ဘက် သို့ ငဲ့၍၊ အော် ဟစ် သံ ကို ကြား လျက်၊
  • 2 ရွှံ့ နွံ နှင့် ကြောက် မက် ဖွယ် ဗွက် ထဲ မှ ဆယ် ယူ ပြီး လျှင်၊ ကျောက် တောင် ပေါ်၌ ရပ် စေ၍၊ ခြေ ရာ များ ကို မြဲ စေ တော် မူ၏။
  • 3 ငါ၏ နှုတ် တွင်း သို့ လည်း၊ ငါ တို့ ဘု ရား သ ခင်၏ ဂုဏ် တော် ချီး မွမ်း ရာ သီ ချင်း သစ် ကို သွင်း တော် မူ၏။ အ များ သိ မြင် ခန့် ညား၍၊ ထာ ဝ ရ ဘု ရား၌ ကိုး စား ကြ လိမ့် မည်။
  • 4 မာ န ကြီး သော သူ နှင့် မု သာ သုံး သော သူ တို့ ဘက် သို့ မ လိုက် ဘဲ၊ ထာ ဝ ရ ဘု ရား၌ ကိုး စား သော သူ သည် မင်္ဂ လာ ရှိ၏။
  • 5 အ ကျွန်ုပ် ဘု ရား သ ခင်၊ အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် ပြု တော် မူ ရာ အံ့ ဖွယ် မှု များ နှင့်၊ အ ကျွန်ုပ် တို့ အ တွက် ကြံ စည် တော် မူ ချက် များ သည် များ ပြား လှ၍၊ ရှေ့ တော်၌ စီ စဉ် မ ထား နိုင် ပါ။ ဖော် ပြ ပြော ဆို လို လျှင်၊ ရေ တွက်၍ မ ကုန် နိုင် ပါ။
  • 6 ပူ ဇော် သ က္ကာ နှင့် ဘော ဇဉ် သ က္ကာ များ ကို နှစ် သက် တော် မ မူ ပါ။ အ ကျွန်ုပ်၏ နား များ ကို ဖွင့် တော် မူ ပါ ပြီ။ မီး ရှို့ ရာ သ က္ကာ နှင့် အ ပြစ် ဖြေ ရာ သ က္ကာ များ ကို လည်း အ လို တော် မ ရှိ ပါ။
  • 7 ထို အ ခါ၊ အို အ ကျွန်ုပ် ဘု ရား သ ခင်၊ ကျမ်း ဂန်၌ အ ကျွန်ုပ် နှင့် စပ်၍ ရေး ထား သည့် အ တိုင်း အ ကျွန်ုပ် ရောက် လာ ပါ ပြီ။
  • 8 အ လို တော် ကို ဆောင် ရွက် ရန် နှစ် သက် ပါ၏။ တ ရား တော် လည်း၊ အ ကျွန်ုပ် စိတ် နှ လုံး ထဲ၌ ရှိ သည် ဟု အ ကျွန်ုပ် ဝန် ခံ ပါ၏။ အို ထာ ဝ ရ ဘု ရား၊ သိ တော် မူ သည့် အ တိုင်း အ ကျွန်ုပ် သည် နှုတ် ကို မ ချုပ် တည်း ဘဲ၊ ပ ရိ သတ် ကြီး၌ ဖြောင့် မတ် တော် မူ ခြင်း သ တင်း ကို ကြော် ငြာ ပါ ပြီ။
  • 9
  • 10 ဖြောင့် မတ် တော် မူ ခြင်း ကို၊ စိတ် နှ လုံး အ တွင်း ကွယ် ဝှက် ခြင်း၊ မေ တ္တာ ကျေး ဇူး တော် နှင့် သ စ္စာ တော် ကို၊ ပ ရိ သတ် တော် ကြီး ထံ မှ ထိမ် ချန် ခြင်း မ ပြု ဘဲ၊ သ စ္စာ တော် နှင့် ကယ် တင် တော် မူ ခြင်း အ ကြောင်း ကို ဖော် ပြ ခဲ့ ပါ ပြီ။
  • 11 အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် လည်း၊ က ရု ဏာ တော် များ ကို၊ အ ကျွန်ုပ် ထံ မှ ချုပ် ချယ်၍ ထား တော် မူ မည် မ ဟုတ် ပါ။ မေ တ္တာ ကျေး ဇူး တော် နှင့် သ စ္စာ တော် သည်၊ အ စဉ် ထိမ်း သိမ်း ပါ လိမ့် မည်။
  • 12 မ ရေ မ တွက် နိုင် သော ဘေး ဥ ပဒ် များ သည်၊ အ ကျွန်ုပ် ကို ဝန်း ရံ လျက်၊ အ ကျွန်ုပ်၏ ဒု စ ရိုက် များ သည်၊ ကိုယ် ကို အုပ် မိ သ ဖြင့် မျှော် ၍ မျှ မ ကြည့် နိုင် ပါ။ အ ကျွန်ုပ် ဆံ ပင် ထက် များ ပြား၍၊ စိတ် ပျက် လျက် ရှိ နေ ပါ၏။
  • 13 အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် ကို သ နား၍ ကယ် လွှတ် တော် မူ ပါ။ အို ထာ ဝ ရ ဘု ရား၊ အ မြန် ကြွ၍ မ စ တော် မူ ပါ။
  • 14 အ ကျွန်ုပ် အ သက် ကို ဖျက် ဆီး ရန် ရှာ ကြံ သူ တို့ သည်၊ တစ် လုံး တည်း အ ရှက် ကွဲ၍၊ ကျိုး ယုတ် ကြ ပါ စေ သော။ ဘေး အ န္တ ရာယ် ကို ရှာ ကြံ သူ တို့ လန်၍၊ အ သ ရေ ပျက် ကြ ပါ စေ သော။
  • 15 ဟေ့ ဟေ့ ဟု ဆို တတ် သူ တို့ သည်၊ အ ရှက် ကွဲ၍ ထိတ် လန့် ကြ ပါ စေ သော။
  • 16 ကိုယ် တော် ကို လိုက် ရှာ သူ ရှိ သ မျှ တို့ မှာ၊ ကိုယ် တော်၌ ရွှင် လန်း ဝမ်း မြောက် လျက်၊ ကယ် တင် ရာ အ ကြောင်း ကို နှစ် သက် သ မျှ သူ တို့ လည်း၊ ထာ ဝ ရ ဘု ရား သည် ကြီး မြတ် တော် မူ စေ သ တည်း ဟု၊ အ စဉ် မ ပြတ် မြွက် ဆို ကြ ပါ စေ သော။
  • 17 အ ကျွန်ုပ် မူ ကား၊ ဆင်း ရဲ နွမ်း ပါး လျက် ရှိ နေ ရ သော် လည်း၊ အ ရှင် ဘု ရား သ တိ ရ တော် မူ၏။ ကိုယ် တော် သည်၊ အ ကျွန်ုပ် ကို ထောက် မ ကယ် လွှတ် သော အ ရှင် ဖြစ် တော် မူ ပါ၏။ အို အ ကျွန်ုပ်၏ ဘု ရား သ ခင်၊ ဆိုင်း လင့် တော် မ မူ ပါ နှင့်။
回到本卷目录 回到本版本目录 回到首页