1
အို ဘု ရား သ ခင်၊ ချောင်း မြောင်း ရေ ကို သ မင် ဒ ရယ် တောင့် တ သ ကဲ့ သို့၊ အ ကျွန်ုပ် စိတ် ဝိ ညာဉ် သည်၊ ကိုယ် တော် ကို တောင့် တ ပါ၏။
2
ငါ့ စိတ် ဝိ ညာဉ် သည်၊ အ သက် ရှင် တော် မူ သော ဘု ရား သ ခင် ကို ငတ် လှ၏။ မည် သည့် အ ခါ မှ ရှေ့ တော် သို့ ရောက်၍၊ ဖူး မျှော် ရ ပါ မည် နည်း။
3
သင့် ဘု ရား ကား၊ အ ဘယ် မှာ နည်း ဟု နေ့ ရှိ သ မျှ လှောင် ပြောင် ကြ စဉ်၊ ငါ့ မျက် ရည် သည် နေ့ ညဉ့် မ ပြတ် စား သောက် ဖွယ် ဖြစ် ရ လေ စွ။
4
ဘု ရား သ ခင့် ဗိ မာန် တော် သို့ သွား ရာ ကြွေး ကြော် ခြင်း၊ ထော မ နာ ပြု ခြင်း အ သံ မြွက် ဆို လျက်၊ ဘု ရား ဖူး သူ လူ ပ ရိ သတ် ကို ငါ ဦး ဆောင် ခဲ့ ရ ကြောင်း သ တိ ရ၍၊ ငါ့ စိတ် ဝိ ညာဉ် ကြေ ကွဲ လျက် ရှိ၏။
5
အို ငါ့ စိတ် ဝိ ညာဉ်၊ အ ဘယ့် ကြောင့် ညှိုး ငယ် ရ သ နည်း။ အ တွင်း၌ အ ဘယ့် ကြောင့် မ ငြိမ် မ ဝပ် ရှိ ရ သ နည်း။ ဘု ရား သ ခင် ကို မျှော် လင့် လော့။ ငါ့ အား မျက် နှာ သာ ပေး တော် မူ သော အ ရှင် ကို၊ ငါ ချီး မွမ်း ခွင့် ရ ဦး မည်။
6
အို အ ကျွန်ုပ် ဘု ရား သ ခင်၊ စိတ် ဝိ ညာဉ် သည်၊ အ တွင်း၌ ညှိုး ငယ် လျက် ရှိ ပါ၏။ သို့ ဖြစ်၍ ယော် ဒန် မြစ် ဖြာ ရာ၊ ဟေ ရ မုန် တောင် တန်း နှင့် မိ ဇ ရ ကုန်း မှ၊ ကိုယ် တော် ကို အ ကျွန်ုပ် သ တိ ရ ပါ၏။
7
ရေ ကျ တော် များ ဟုန်း သံ ဖြင့်၊ ချောက် အ ချင်း ချင်း ခေါ် တုံ့ ခေါ် ရာ၊ လှိုင်း တံ ပိုး တော် ရှိ သ မျှ သည်၊ အ ကျွန်ုပ် ကို လွှမ်း မိုး ပါ ပြီ။
8
နေ့ အ ခါ တွင်၊ မေ တ္တာ ကျေး ဇူး တော် ကို ထာ ဝ ရ ဘု ရား သ နား တော် မူ သည့် အ လျောက်၊ ညဉ့် အ ခါ တွင်၊ ကိုယ့် အ သက် သ ခင့် ထံ ပ ဌ နာ ပြု လျက်၊ ဂုဏ် တော် သီ ဆို ခွင့် ကို ရ ဦး မည်။
9
အ ကျွန်ုပ် ကို အ ဘယ့် ကြောင့် မေ့ တော် မူ ပါ သ နည်း။ ရန် သူ နှိပ် စက် ခံ ရ၍၊ မှိုင် ကာ မှိုင် ကာ၊ အ ဘယ့် ကြောင့် သွား လာ ရ ပါ သ နည်း ဟု ငါ့ ကျောက် တောင် သ ဖွယ် ဖြစ် တော် မူ သော ဘု ရား သ ခင့် ထံ လျှောက် ထား မည်။
10
ငါ့ ရန် သူ တို့ က၊ သင့် ဘု ရား ကား၊ အ ဘယ် မှာ နည်း ဟု နေ့ ရှိ သ မျှ လှောင် ပြောင် လျက်၊ ငါ့ အ ရိုး ကို ချိုး ဘိ သ ကဲ့ သို့ ကဲ့ ရဲ့ တတ် ကြ၏။
11
အို ငါ့ စိတ် ဝိ ညာဉ်၊ အ ဘယ့် ကြောင့် ညှိုး ငယ် ရ သ နည်း။ အ တွင်း၌ အ ဘယ့် ကြောင့် မ ငြိမ် မ ဝပ် ရှိ ရ သ နည်း။ ဘု ရား သ ခင် ကို မျှော် လင့် လော့။ ငါ့ အား မျက် နှာ သာ ပေး တော် မူ သော ငါ့ ဘု ရား သ ခင် ကို ချီး မွမ်း ရ ဦး မည်။