1
အ ဆိုး ပြု ကျင့် သူ တို့ ကြောင့် စိတ် မျက် ခြင်း၊ မ တ ရား ပြု ကျင့် သူ တို့ ကြောင့် ငြူ စူ ခြင်း မ ရှိ လင့်။
2
မ ကြာ မီ သူ တို့ သည် မြက် ကဲ့ သို့ ညှိုး ရ၍၊ မြက် နု ကဲ့ သို့ နွမ်း ရ ကြ လိမ့် မည်။
3
ထာ ဝ ရ ဘု ရား၌ ကိုး စား လျက်၊ ကောင်း မှု ပြု လော့။ နေ ပြည်၌ နေ လျက်၊ သ စ္စာ တ ရား၌ ကျက် စား လော့။
4
ထာ ဝ ရ ဘု ရား၌ မွေ့ လျော် လျှင်၊ စိတ် လို ဖတ် ရှိ ရာ များ ကို သ နား တော် မူ လိမ့် မည်။
5
သင့် အ မှု ကို ထာ ဝ ရ ဘု ရား အား လွှဲ အပ်၍ ကိုး စား လျှင်၊ ကိုယ် တော် သည် စီ ရင် ရာ၊
6
သင်၏ ဖြောင့် မတ် ခြင်း ကို အ လင်း ရောင် ကဲ့ သို့လည်း ကောင်း၊ တ ရား သ ဖြင့် စောင့် ခြင်း ကို မွန်း တည့် ရောင် ခြည် ကဲ့ သို့လည်း ကောင်း၊ ထင် ပေါ် စေ တော် မူ လိမ့် မည်။
7
ထာ ဝ ရ ဘု ရား ရှေ့၊ ဆိတ် ဆိတ် နေ၍ စောင့် မျှော် လော့။ မ ကောင်း သော အ ကြံ အောင်၍ အ မှု ထ မြောက် ရ သူ ကြောင့် စိတ် မျက် ခြင်း မ ရှိ လင့်။
8
အ မျက် မ ထွက် ဘဲ၊ ဒေါ သ မီး ကို ငြိမ်း စေ လော့။ အ ဆိုး ကို ဖြစ် ပွား စေ သော စိတ် မျက် ခြင်း မ ရှိ လင့်။
9
အ ဆိုး ပြု ကျင့် သူ တို့ သည်၊ ပယ် ရှား ရာ ခံ ကြ ရ လိမ့် မည်။ ထာ ဝ ရ ဘု ရား ကို စောင့် မျှော် သူ တို့ မူ ကား၊ နေ ပြည် ကို အ ပိုင် ရ ကြ လ တ္တံ့။
10
တစ် ခ ဏ မျှ ကြာ လျှင်၊ လူ ဆိုး ရှိ နေ ရ မည် မ ဟုတ်။ သူ့ နေ ထိုင် ရာ ကို၊ စီ စစ် လျက် ပင် မ တွေ့ ချေ။
11
စိတ် နှိမ့် ချ သူ တို့ မူ ကား၊ နေ ပြည် ကို အ ပိုင် ရ လျက်၊ မ ဟာ စည်း စိမ် ချမ်း သာ ကို ဝင် စား ရ ကြ လ တ္တံ့။
12
လူ ဆိုး သည်၊ တ ရား သူ့ ကို မ ကောင်း ကြံ စည်၍၊ အံ ခဲ လျက် နေ ရာ၊
13
ထို သူ၏ နေ့ ရက် ရောက် လာ ဆဲ ရှိ သည် ကို၊ သိ မြင် သော အ ရှင် ဘု ရား ပြုံး ရယ် တော် မူ၏။
14
လူ ဆိုး တို့ သည်၊ ဆင်း ရဲ နွမ်း ပါး သူ တို့ ကို ဖြို လှဲ ရန်လည်း ကောင်း၊ အ ကျင့် အ ကြံ ဖြောင့် မှန် သူ တို့ ကို သတ် ဖြတ် ရန် လည်း ကောင်း၊ ဓား ထုတ် လျက်၊ လေး တင် လျက် ရှိ နေ ကြ ရာ၊
15
ကိုယ့် ဓား ဖြင့် နှ လုံး ကို ထိုး ဖောက် ခြင်း၊ ကိုယ့် လေး များ ကျိုး ပြတ် ခြင်း ခံ ရ ကြ လ တ္တံ့။
16
များ စွာ သော လူ ဆိုး တို့၏ ကြိမ်း မောင်း သံ ထက်၊ ဖြောင့် မတ် သူ၏ အား နည်း ခြင်း ကောင်း၏။
17
အ သို့ ဆို သော်၊ လူ ဆိုး တို့ လက် ရုံး ရည် ကျိုး ပြတ် ခံ ရ ရာ၊ ဖြောင့် မတ် သူ တို့ ကို ထာ ဝ ရ ဘု ရား ထောက် မ တော် မူ၏။
18
စုံ လင် သူ တို့၏ နေ့ ရက် ကာ လ ကို၊ ထာ ဝ ရ ဘု ရား သိ မြင် တော် မူ သည့် အ တိုင်း၊ သူ တို့ ပိုင် ရာ သည်၊ ကာ လ အ စဉ် တည် ရ လိမ့် မည်။
19
ဒု က္ခ ကာ လ၌ အ ရှက် မ ကွဲ ရ ဘဲ၊ အ စာ ခေါင်း ပါး ရာ ကာ လ ရောင့် ရဲ ကြ လိမ့် မည်။
20
လူ ဆိုး တို့ မူ ကား၊ ပျောက် ကွယ် လျက်၊ ထာ ဝ ရ ဘု ရား၏ ရန် သူ တို့ သည်၊ စား ကျက်၏ တင့် တယ် ခြင်း ကဲ့ သို့ ပြုန်း တီး၍၊ မီး ခိုး ကဲ့ သို့ ပျောက် ရ ကြ လ တ္တံ့။
21
ကောင်း ကြီး မင်္ဂ လာ တော် ခံ ရ သူ တို့ သည်၊ နေ ပြည် ကို ပိုင် ခွင့်၊ အ မင်္ဂ လာ ခံ ရ သူ တို့ သည်၊ ပယ် ရှား ခွင့် ခံ ရ ကြ သည့် အ လျောက်၊
22
ချေး ငှား ရ ပြီး လျှင် လူ ဆိုး မ ဆပ် နိုင်၊ ဖြောင့် မတ် သူ မူ ကား၊ သ နား ညှာ တာ ၍ ပေး ကမ်း ရ၏။
23
လူ့ ခြေ ရာ များ ကို၊ ထာ ဝ ရ ဘု ရား တည် စေ လျက်၊ လျှောက် လိုက် ရာ လမ်း ကို နှစ် သက် ရာ၊
24
သူ့ လက် ကို ထာ ဝ ရ ဘု ရား ကိုင် ဆွဲ တော် မူ သ ဖြင့်၊ ခ လုတ် တိုက် မိ သော် လည်း လဲ ကျ တော့ မည် မ ဟုတ်။
25
ဖြောင့် မတ် သူ သည် ကိုး ရာ မဲ့ လျက်၊ သူ့ သား မြေး တို့ လည်း တောင်း စား လျက် နေ ရ ကြ သည် ကို၊ ငယ် ရွယ် စဉ် မှ စ၍၊ ယ ခု အို မင်း သည့် ကာ လ တိုင် အောင်၊ ငါ မ မြင် ရ စ ဖူး။
26
သူ သည် နေ့ ရှိ သ မျှ သ နား လျက်၊ ချေး ငှား လျက်၊ သား မြေး တို့ လည်း ကောင်း ကြီး မင်္ဂ လာ ခံ ရ ကြ၏။
27
ဒု စ ရိုက် ကို ကြဉ်၍၊ သု စ ရိုက် ကို ယှဉ် လျက်၊ ကာ လ အ စဉ် နေ ထိုင် လော့။
28
ထာ ဝ ရ ဘု ရား သည်၊ တ ရား သ ဖြင့် စောင့် ခြင်း ကို၊ နှစ် သက်၍၊ ကြည် ညို သူ တို့ ကို စွန့် ထား တော် မ မူ။ ကာ လ အ စဉ် ထိန်း သိမ်း တော် မူ၏။ လူ ဆိုး၏ သား မြေး တို့ မူ ကား၊ ပယ် ရှား ခံ ရ ကြ လိမ့် မည်။
29
ဖြောင့် မတ် သူ တို့ သည် နေ ပြည် ကို အ ပိုင် ရ လျက်၊ ကာ လ အ စဉ် နေ ထိုင် ရ ကြ လ တ္တံ့။
30
ဖြောင့် မတ် သူ သည်၊ နှုတ် ဖြင့် ဉာဏ် ပ ညာ အ ကြောင်း မြွက် ဆို လျက်၊ လျှာ ဖြင့် မျှ တ ခြင်း အ ကြောင်း ပြော ဆို တတ်၏။
31
စိတ် နှ လုံး ထဲ၌ ကိုယ့် ဘု ရား သ ခင့် တ ရား တော် တည် ရှိ၍၊ ခြေ တစ် လှမ်း မျှ မ ချော် ရ။
32
လူ ဆိုး သည် ဖြောင့် မတ် သူ့ ကို ချောင်း မြောင်း၍၊ အ သက် အ န္တ ရာယ် ရှာ ကြံ သော် လည်း၊
33
သူ့ လက် တွင် အပ် နှင်း ခြင်း၊ ဆုံး ဖြတ် ချိန် တွင် ပြစ် ဒဏ် စီ ရင် ခြင်း ကို၊ ထာ ဝ ရ ဘု ရား ပြု တော် မူ မည် မ ဟုတ်။
34
ထာ ဝ ရ ဘု ရား ကို စောင့် မျှော် ၍၊ နည်း လမ်း တော် ကို စောင့် ရှောက် လော့။ နေ ပြည် ကို အ ပိုင် ရ စေ ခြင်း ငှာ၊ သင့် ကို ချီး မြှောက် တော် မူ လိမ့် မည်။ လူ ဆိုး တို့ ပယ် ရှား ရာ ခံ ရ သည် ကို သင် သိ မြင် ရ လ တ္တံ့။
35
အ စိုး တ ရ ပြု လျက်၊ ပေါက် ရင်း အ ရပ် တွင် စိမ်း လန်း သော သစ် ပင် ကဲ့ သို့ ကြီး ပွား လျက် လူ ဆိုး နေ သည် ကို၊ ငါ မြင် ရ ပြီး နောက်၊
36
တစ် ဖန်၊ သူ့ နေ ထိုင် ရာ သို့ သီ သွား၍ ကြည့် လျှင်၊ သူ မ ရှိ။ ရှာ သော် လည်း မ တွေ့ ရ။
37
စုံ လင် သူ့ ကို မှတ် လျက်၊ ဖြောင့် မတ် သူ့ ကို ရှု ကြည့် လော့။ ရန် ငြိမ်း သော ထို သူ ၌ အ မျိုး အ နွယ် ရှိ ၏။
38
ကျူး လွန် သူ တို့ မူ ကား၊ တစ် စု တည်း ပျက် စီး လျက်၊ အ မျိုး အ နွယ် ပါ ပယ် ရှား ခံ ရ ကြ လ တ္တံ့။
39
ဖြောင့် မတ် သူ တို့ ၏ ကယ် တင် ရာ ကယ် တင် ကြောင်း သည်၊ ထာ ဝ ရ ဘု ရား ထံ မှ ဖြစ်၏။ ဒု က္ခ ရောက် ရာ ကာ လ၌၊ ကိုယ် တော် သည်၊ သူ တို့ ခို လှုံ ရာ ဖြစ် တော် မူ ၏။
40
ထာ ဝ ရ ဘု ရား သည်၊ သူ တို့ ကို မ စ ကယ် နုတ်၍၊ ကိုယ် တော်၌ ခို လှုံ ကြ သော ကြောင့်၊ လူ ဆိုး တို့ လက် မှ ကယ် နုတ် လွတ် မြောက် စေ တော် မူ ၏။