1
အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် အား ပြိုင် ဆိုင် သူ တို့ နှင့် ပြိုင် ဆိုင်၍၊ တိုက် ခိုက် သူ တို့ နှင့် တိုက် ခိုက် တော် မူ ပါ။
2
လွှား တော်၊ ဒိုင်း တော် ကို စွဲ ကိုင်၍၊ စစ် ကူ ရန် ထ တော် မူ ပါ။
3
လှံ တော် ထုတ်၍၊ လိုက် လံ သူ တို့ ကို ဆီး ဆို့ လျက်၊ သင့် ကယ် တင် ရာ ကယ် တင် ကြောင်း ငါ ဖြစ် သည် ဟု၊ အ ကျွန်ုပ် အ သက် အား မိန့် ဆို တော် မူ ပါ။
4
အ ကျွန်ုပ် အ သက် အ န္တ ရာယ် ရှာ ကြံ သူ တို့ သည် အ ရှက် ကွဲ လျက် အ သ ရေ ပျက် ကြ ပါ စေ သော။ ဘေး အ န္တ ရာယ် ရှာ ကြံ သူ တို့ လန်၍၊ ကျိုး ယုတ် ကြ ပါ စေ သော။
5
ထာ ဝ ရ ဘု ရား၏ စေ တ မန် တော် မောင်း နှင် သ ဖြင့်၊ လေ လွင့် သော ဖွဲ ကဲ့ သို့ ဖြစ် ကြ ပါ စေ သော။
6
ထာ ဝ ရ ဘု ရား၏ စေ တ မန် တော် လိုက် လံ ရာ၊ ရှောင် ပြေး ရ သော လမ်း မှောင်၍ ချော် ပါ စေ သော။
7
သူ တို့ သည် အ ကြောင်း မဲ့ ပိုက် ချ လျက်၊ အ ကြောင်း မဲ့ တွင်း တူး လျက်၊ အ ကျွန်ုပ် အ သက် အ န္တ ရာယ် ကို ရှာ ကြံ ကြ လေ ပြီ။
8
ပျက် စီး ခြင်း သည် သူ့ အ ပေါ် သို့ အ မှတ် မဲ့ သင့် လျက်၊ ကိုယ် ချ သော ပိုက်၌ မိ သ ဖြင့်၊ ကိုယ့် ပျက် စီး ရာ သို့ ကျ ရောက် ပါ စေ သော။
9
သို့ မှ ငါ့ အ သက် ဝိ ညာဉ် သည်၊ ထာ ဝ ရ ဘု ရား ၌ ဝမ်း မြောက်၍၊ ကယ် တင် တော် မူ ခြင်း၌ ရွှင် လန်း ရာ၊
10
အို ထာ ဝ ရ ဘု ရား၊ ခွန် အား မ မျှ သူ့ လက် မှ၊ ဆင်း ရဲ သူ့ ကိုလည်း ကောင်း၊ လု ယက် ဖျက် ဆီး သူ့ လက် မှ၊ ဆင်း ရဲ နွမ်း ပါး သူ့ ကို လည်း ကောင်း၊ ကယ် လွှတ် တော် မူ သော ကိုယ် တော် နှင့် မည် သူ တူ ပါ သ နည်း ဟု၊ ငါ့ အ ရိုး ရှိ သ မျှ တွန် ဆို လိမ့် မည်။
11
မ ဖြောင့် မ မှန် သော သက် သေ တို့ သည် ထ လျက်၊ ငါ မ သိ သော အ ကြောင်း များ နှင့် စပ်၍ စစ် မေး လျက်၊
12
အ ကောင်း အ စား အ ဆိုး ကို ဆပ် ပေး ကြ သ ဖြင့်၊ ငါ စိတ် လျော့ ရ ပါ ၏။
13
ငါ သည်၊ သူ တို့ မ ကျန်း မ မာ ကြ သော်၊ လျှော် တေ ဝတ် လျက်၊ အ စာ ရှောင် လျက်၊ စိတ် ဒု က္ခ ရောက် ရ ၏။ ငါ ပို့ သော မေ တ္တာ သည်၊ ငါ့ အ တွင်း သို့ ပြန် ရောက် ၏။
14
ငါ့ မိတ် ဆွေ၊ ငါ့ ညီ အစ် ကို ဖြစ် ဘိ သ ကဲ့ သို့ ကျင့် ကြံ လျက်၊ အ မိ ကို လွမ်း ဆွတ် မြည် တမ်း သူ ကဲ့ သို့ ငုံ့ ၍ မှိုင် နေ ၏။
15
သူ တို့ မူ ကား၊ ငါ ခ လုတ် တိုက် မိ ရာ၊ ရွှင် လန်း စု ရုံး ကြ သည့် ပြင်၊ ငါ မ သိ သော လူ ယုတ် တို့ ပင် စု ရုံး ၍၊ မ ရပ် မ စဲ ငါ့ ကို ဆွဲ ဖြတ် လျက်၊
16
လူ ပျက် လူ သ ရော် တို့ ကဲ့ သို့ စိုက် ကြည့် လျက်၊ အံ ခဲ ကြ ၏။
17
အို အ ရှင် ဘု ရား၊ မည် မျှ ကြာ အောင် ကြည့်၍ နေ တော် မူ မည် နည်း။ အ ကျွန်ုပ် အ သက် ကို သူ တို့ ဖျက် ဆီး ရာ ဘေး မှ လည်း ကောင်း၊ အ ကျွန်ုပ် အ တ္တ ဘော ကို ခြင်္သေ့ တို့ ဘေး မှ လည်း ကောင်း၊ ကယ် နုတ် တော် မူ ပါ။
18
ပ ရိ သတ် တော် ကြီး တွင် ကျေး ဇူး တော် ကို လည်း ကောင်း၊ ပြည် သူ တို့ ဘောင် တွင် ဂုဏ် တော် ကို လည်း ကောင်း၊ ချီး မွမ်း ပါ မည်။
19
မ တ ရား သ ဖြင့် ရန် ပြု သူ တို့ ကို၊ အ ကျွန်ုပ် အ ပေါ်၌ ရွှင် လန်း ခွင့်၊ အ ကြောင်း မဲ့ မုန်း ထား သူ တို့ ကို၊ မျက် ရိပ် ပြ ခွင့် မ ရ ပါ စေ နှင့်။
20
သူ တို့ သည် ရန် ငြိမ်း ခြင်း အ ကြောင်း မ တိုင် ပင် ဘဲ၊ ပြည် တော် တွင် ငြိမ် ဝပ် စွာ နေ ထိုင် သူ တို့ တစ် ဘက်၊ လိမ် လည် သော စွဲ ဆို ချက် များ ကို ကြံ စည် ၍၊
21
အ ကျွန်ုပ် တစ် ဘက် ၌ ပါး စပ် ဟ လျက်၊ ဟေ့ ဟေ့။ ကိုယ့် မျက် စိ ဖြင့် မြင် ခဲ့ ပြီ ဟု ဆို ကြ ပါ ၏။
22
အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် ရှု မြင် တော် မူ ပြီ။ အ ကျွန်ုပ် နှင့် ဝေး ကွာ စွာ ဆိတ် ဆိတ် နေ တော် မ မူ ပါ လင့်။ အို အ ရှင် ဘု ရား။
23
အ ကျွန်ုပ် အ မှု လဲ လျှောက် ၍ ဆုံး ဖြတ် ရန်၊ နိုး ကြား ကြွ ရောက် တော် မူ ပါ။ အ ကျွန်ုပ် အ ရှင်၊ အ ကျွန်ပ် ဘု ရား သ ခင်၊
24
အ ကျွန်ုပ် ၏ ဘု ရား သ ခင်၊ အို ထာ ဝ ရ ဘု ရား၊ ဖြောင့် မတ် တော် မူ ခြင်း အ တိုင်း အ ကျွန်ုပ် ကို တ ရား ဆုံး ဖြတ် တော် မူ လျက်၊ ထို သူ တို့ ကို အ ကျွန်ုပ် အ ပေါ် ၌ ရွှင် လန်း ခွင့် မ ရှိ ပါ စေ နှင့်။
25
ဟေ့၊ ငါ တို့ စိတ် တိုင်း ကျ ဖြစ် ရ ပြီ ဟူ ၍ လည်း ကောင်း၊ သူ့ ကို စား မျို ရ ပြီ ဟူ၍ လည်း ကောင်း၊ စိတ် တွင် အောက် မေ့ ခြင်း မ ရှိ ပါ စေ နှင့်။
26
အ ကျွန်ုပ် ဒု က္ခ ကြောင့် အား ရ သော သူ တို့ သည်၊ တစ် လုံး တည်း ကျိုး ယုတ် အ ရှက် ရ လျက်၊ အ ကျွန်ုပ် တစ် ဘက် ၌ ထောင် လွှား သူ တို့ သည်၊ အ ရှက် ကွဲ ခြင်း၊ အ သ ရေ ပျက် ခြင်း နှင့် လွှမ်း ခြုံ ရ ကြ ပါ စေ သော၊
27
အ ကျွန်ုပ် ဖြောင့် မတ် ခြင်း ကို နှစ် သက် သူ တို့ မူ ကား၊ ဝမ်း မြောက် ကြွေး ကြော် လျက်၊ ကိုယ် တော့် ကျွန်၏ ကောင်း စား ခြင်း ၌ နှစ် သက် တော် မူ သော ထာ ဝ ရ ဘု ရား သည်၊ ကြီး မြတ် တော် မူ စေ သ တည်း ဟု၊ အ စဉ် မ ပြတ် မြွက် ဆို ကြ ပါ စေ သော။
28
အ ကျွန်ုပ် က လည်း၊ နေ့ ရှိ သ မျှ ကိုယ် တော်၏ ဖြောင့် မတ် တော် မူ ခြင်း အ ကြောင်း ကို မြွက် ဆို လျက်၊ ဂုဏ် တော် ကို ချီး မွမ်း ပါ မည်။