1
အ လေ့ အ လာ၌ စုံ လင် လျက်၊ ထာ ဝ ရ ဘု ရား၏ တ ရား တော် ကို လျှောက် လိုက် သူ တို့ သည် မင်္ဂ လာ ရှိ ကြ ၏။2
သက် သေ ခံ တော် မူ ချက် များ ကို စောင့် ထိန်း လျက်၊ ကိုယ် တော် ကို စိတ် နှ လုံး အ ကြွင်း မဲ့ ရှာ ဖွေ သူ တို့ သည် မင်္ဂ လာ ရှိ ကြ၏။3
ထို သူ တို့ သည် မ တ ရား မှု ကို မ ပြု ဘဲ၊ နည်း လမ်း တော် များ အ တိုင်း၊ မု ချ လျှောက် လိုက် ကြ ၏။4
အ ကျွန်ုပ် တို့ သည် စောင့် ရှောက် မြဲ စောင့် ရှောက် ကြ စေ ရန်၊ ဥ ပ ဒေ သ တော် များ ကို ထုတ် ဆင့် တော် မူ ပါ ၏။5
အ ထုံး အ ဖွဲ့ တော် များ ကို စောင့် ရှောက် ရ စေ ခြင်း ငှာ၊ အ ကျွန်ုပ် အ လေ့ အ လာ များ ၌ တည် ကြည် ပါ စေ သော။6
ပ ညတ် တော် ရှိ သ မျှ ကို ထောက် ထား သော အ ခါ၊ အ ရှက် မ ကွဲ ရ ဘဲ ရှိ နေ ပါ လိမ့် မည်။7
ဖြောင့် မတ် စွာ ဆုံး ဖြတ် တော် မူ ချက် များ ကို သင် ကြား ရာ တွင်၊ ကျေး ဇူး တော် ကို ဖြောင့် မှန် သော သ ဘော နှင့် ချီး မွမ်း ပါ မည်။8
အ ထုံး အ ဖွဲ့ တော် များ ကို စောင့် ရှောက် မည့် အ ကျွန်ုပ် ကို၊ စွန့် ပယ် တော် မ မူ ပါ နှင့်။9
လူ ပျို သည် ကိုယ့် အ လေ့ အ လာ ကို မည် သည့် နည်း နာ ဖြင့် သန့် စင် စေ နိုင် မည် နည်း ဟူ မူ ကား၊ နှုတ် က ပတ် တော် အ တိုင်း စောင့် ရှောက် ခြင်း ပေ တည်း။10
အ ကျွန်ုပ် သည် ကိုယ် တော် ကို စိတ် နှ လုံး အ ကြွင်း မဲ့ လိုက် ရှာ ခဲ့ ပါ ပြီ။ ပ ညတ် တော် များ မှ လွှဲ သွား စေ တော် မ မူ ပါ နှင့်။11
ကိုယ် တော် ကို မ ပြစ် မှား မိ စေ ရန်၊ ဗျာ ဒိတ် တော် ကို နှ လုံး တွင် သို ထား ပါ ပြီ။12
အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သည် မင်္ဂ လာ ရှိ ပါ၏။ အ ထုံး အ ဖွဲ့ တော် များ ကို အ ကျွန်ုပ် အား သွန် သင် တော် မူ ပါ။13
နှုတ် မြွက် တော် မူ သော ဆုံး ဖြတ် ချက် ရှိ သ မျှ ကို၊ ကိုယ့် နှုတ် ခမ်း ဖြင့် ကြော် ငြာ ပါ ပြီ။14
ဥ စ္စာ ဓ န ရှိ လေ သ မျှ ရွှင် လန်း သည် နှင့် အ မျှ၊ သက် သေ ခံ တော် မူ ရာ နည်း လမ်း ၌ ရွှင် လန်း ပါ ပြီ။15
ဥ ပ ဒေ သ တော် များ ကို ဆင် ခြင် လျက်၊ နည်း လမ်း တော် များ ကို ထောက် ထား ပါ မည်။16
အ ထုံး အ ဖွဲ့ တော် များ ၌ မွေ့ လျော် ပါ မည်။ နှုတ် က ပတ် တော် ကို မေ့ လျော့ ၍ မ နေ ပါ။17
ကျွန် တော် မျိုး သည် အ သက် ရှင်၍ နှုတ် က ပတ် တော် ကို စောင့် ရှောက် ရ စေ ရန်၊ ကြွယ် ဝ စွာ သ နား တော် မူ ပါ။18
တ ရား တော်၌ အံ့ ဖွယ် ရာ များ ကို သိ မြင် ရ စေ ရန်၊ အ ကျွန်ုပ် မျက် စိ များ ကို ပွင့် လင်း စေ တော် မူ ပါ။19
အ ကျွန်ုပ် သည် မြေ ကြီး ပေါ် တွင် ဝင် နေ သူ ဖြစ် ပါ၍၊ ပ ညတ် တော် များ ကို ထိမ် ချန် တော် မ မူ ပါ နှင့်။20
ဆုံး ဖြတ် တော် မူ ချက် များ ကို အ ခါ ခပ် သိမ်း တောင့် တ လျက် နေ ရ သော ကြောင့်၊ စိတ် ကြေ ကွဲ လျက် ရှိ ပါ ၏။21
ပ ညတ် တော် များ မှ လွှဲ သွား ၍၊ အ မင်္ဂ လာ ခံ ကြ ရာ၊ မာ န ကြီး သူ တို့ ကို၊ ကိုယ် တော် ဆုံး မ တော် မူ ပါ ပြီ။22
သက် သေ ခံ တော် မူ ချက် များ ကို စောင့် ထိန်း သည် ဖြစ်၍၊ အ ကျွန်ုပ် ခံ ရ သော ကဲ့ ရဲ့ ခြင်း နှင့် မ ထီ မဲ့ မြင် ပြု ခြင်း ကို ပယ် ရှား တော် မူ ပါ။23
မှူး မတ် တို့ သည် ထိုင် ၍ အ ကျွန်ုပ် တစ် ဖက်၌ ပြော ဆို ကြ သော် လည်း၊ အ ထုံး အ ဖွဲ့ တော် များ ကို ကျွန် တော် မျိုး ဆင် ခြင် လျက် နေ ပါ ၏။24
သက် သေ ခံ တော် မူ ချက် များ လည်း၊ အ ကျွန်ုပ် မွေ့ လျော် ရာ၊ အ ကြံ ပေး ရာ များ ဖြစ် ပါ ၏။25
အ ကျွန်ုပ် စိတ် သည် မြေ မှုန့်၌ ကပ် လျက် ရှိ သ ဖြင့်၊ နှုတ် က ပတ် တော် အ တိုင်း အ သက် ရှင် စေ တော် မူ ပါ။26
ကိုယ့် အ လေ့ အ လာ များ ကို ဖော် ပြ ရာ၊ ကိုယ် တော် တုံ့ ပြန် တော် မူ ခဲ့ ပါ ပြီ။ အ ထုံး အ ဖွဲ့ တော် များ ကို သွန် သင် တော် မူ ပါ။27
အံ့ ဖွယ် ရာ အ မှု တော် များ အ ကြောင်း ကို ဆင် ခြင် ရ စေ ရန်၊ ဥ ပ ဒေ သ တော့် နည်း လမ်း များ ကို နား လည် စေ တော် မူ ပါ။28
စိတ် ပူ ဆွေး ၍ ယို ကျ မ တတ် ရှိ သော အ ကျွန်ုပ် ကို၊ နှုတ် က ပတ် တော် အ တိုင်း တည် မြဲ စေ တော် မူ ပါ။29
မု သာ လမ်း ကို အ ကျွန်ုပ် မှ လွှဲ ဖယ် ၍၊ တ ရား တော် ကို ပေး သ နား တော် မူ ပါ။30
သ စ္စာ လမ်း ကို အ ကျွန်ုပ် ရွေး ချယ်၍၊ ဆုံး ဖြတ် တော် မူ ချက် များ ကို မျက် မှောက် ပြု ပါ ပြီ။31
အို ထာ ဝ ရ ဘု ရား၊ သက် သေ ခံ တော် မူ ချက် များ ၌ စွဲ လမ်း သော အ ကျွန်ုပ် ကို၊ အ ရှက် ကွဲ စေ တော် မ မူ ပါ နှင့်။32
အ ကျွန်ုပ်၏ စိတ် စေ တ နာ ကို ကျယ် ဝန်း စေ တော် မူ သ ဖြင့်၊ ပ ညတ် တော် များ လမ်း အ တိုင်း အ မြန် လိုက် ပါ မည်။33
အို ထာ ဝ ရ ဘု ရား၊ အ ဆုံး တိုင် အောင် စောင့် ထိန်း ရ စေ ရန်၊ ထုံး ဖွဲ့ တော် မူ သော နည်း လမ်း ကို သွန် သင် တော် မူ ပါ။34
တ ရား တော် ကို စောင့် ထိန်း၍၊ စိတ် နှ လုံး အ ကြွင်း မဲ့ စောင့် ရှောက် ပါ မည် အ ကြောင်း၊ နား လည် ခြင်း ကို သ နား တော် မူ ပါ။35
အ ကျွန်ုပ် ကို သ ဘော ကျ သည့် အ လျောက်၊ ပ ညတ် တော် များ လမ်း ၌ လျှောက် သွား စေ တော် မူ ပါ။36
တပ် မက် ခြင်း သို့ မ ဟုတ်၊ သက် သေ ခံ တော် မူ ချက် များ ဘက် သို့၊ အ ကျွန်ုပ် စိတ် နှ လုံး ကို ညွှတ် စေ တော် မူ ပါ။37
အ ချည်း အ နှီး ဖြစ် သော အ ရာ များ ကို မျက် မှောက် မ ပြု စေ ဘဲ၊ နည်း လမ်း တော် များ ၌ အ သက် ရှင် စေ တော် မူ ပါ။38
ကိုယ် တော် အား ခန့် ညား စေ သော ဗျာ ဒိတ် တော် ကို၊ ကျွန် တော် မျိုး ၌ အ တည် ပြု တော် မူ ပါ။39
ဆုံး ဖြတ် တော် မူ ချက် များ သည် သင့် မြတ် သည့် အ လျောက်၊ အ ကျွန်ုပ် ကြောက် ရွံ့ သော ကဲ့ ရဲ့ ခြင်း ကို လွှဲ ဖယ် တော် မူ ပါ။40
ဥ ပ ဒေ သ တော် များ ကို တောင့် တ သော အ ကျွန်ုပ် ကို၊ ဖြောင့် မတ် တော် မူ ခြင်း ၌ အ သက် ရှင် စေ တော် မူ ပါ။41
အို ထာ ဝ ရ ဘု ရား၊ ဗျာ ဒိတ် တော် အ တိုင်း၊ ကယ် တင် တော် မူ ခြင်း တည်း ဟူ သော က ရု ဏာ တော် သည်၊ သက် ရောက် ပါ စေ သော။42
အ ကျွန်ုပ် သည် နှုတ် က ပတ် တော်၌ ကိုး စား သည့် အ တိုင်း၊ ကဲ့ ရဲ့ သော သူ့ ကို ချေ ပ ရ ပါ လိမ့် မည်။43
ဆုံး ဖြတ် တော် မူ ချက် များ ကို စောင့် မျှော် ခဲ့ သော ကြောင့်၊ သ စ္စာ ဝန် ခံ ချက် ကို အကျွန်ုပ် နှုတ် ထဲ မှ နုတ် ယူ တော် မ မူ ပါ နှင့်။44
ထို အ တိုင်း၊ တ ရား တော် ကို ကာ လ အ စဉ် မ ပြတ် စောင့် ရှောက် ပါ လိမ့် မည်။45
ဥ ပ ဒေ သ တော် များ ကို ရှာ ဖွေ သည့် အ လျောက်၊ လွတ် လွတ် သွား လာ ပါ မည်။46
သက် သေ ခံ တော် မူ ချက် များ ကို ဘု ရင် မင်း တို့ ရှေ့၊ ရှက် ကြောက် ခြင်း မ ရှိ ဘဲ ကြား ပြော ပါ မည်။47
အ ကျွန်ုပ် နှစ် သက် ခဲ့ သော ပ ညတ် တော် များ၌ မွေ့ လျော် ပါ မည်။48
နှစ် သက် ခဲ့ သော ပ ညတ် တော် များ အား၊ လက် အုပ် ချီ၍ အ ထုံး အ ဖွဲ့ တော် များ ကို ဆင် ခြင် ပါ မည်။49
စောင့် မျှော် ရန် အ ကြောင်း ဖြစ် သော ကျွန် တော် မျိုး အား ပေး တော် မူ သော က တိ တော် ကို သ တိ ရ တော် မူ ပါ။50
ဒု က္ခ ရောက် သည့် ကာ လ၊ ချမ်း သာ ရ ရန် အ ကြောင်း မှာ၊ ဗျာ ဒိတ် တော် ကြောင့် အ သက် ရှင် ခွင့် ရ ခြင်း တည်း။51
မာ န ကြီး သူ တို့ သည် မ ထီ လေး စား ပြု လှ ကြ သော် လည်း၊ တ ရား တော် မှ အ ကျွန်ုပ် မ လွှဲ မ တိမ်း ပါ။52
အို ထာ ဝ ရ ဘု ရား၊ ရှေး ကာ လ က ဆုံး ဖြတ် တော် မူ ချက် များ ကို၊ အ ကျွန်ုပ် သ တိ ရ၍ နှစ် သိမ့် ရ ပါ၏။53
တ ရား တော် ကို စွန့် ပယ် သော လူ ဆိုး တို့ ကြောင့်၊ ဒေါ သ မီး လောင် လျက် ရှိ ပါ၏။54
အ ကျွန်ုပ် တည်း ခို ရာ အိမ် တွင်၊ အ ထုံး အ ဖွဲ့ တော် များ သည်၊ အ ကျွန်ုပ် ကျူး ဧ ရာ ဖြစ် ပါ ၏။55
အို ထာ ဝ ရ ဘု ရား၊ ညဉ့် အ ခါ၌ နာ မ တော် ကို အ ကျွန်ုပ် သ တိ ရ၍၊ တ ရား တော် ကို စောင့် ရှောက် ပါ ပြီ။56
ဥ ပ ဒေ သ တော် များ ကို စောင့် ထိန်း ခြင်း ကား၊ အ ကျွန်ပ် ပိုင် ထိုက် ခွင့် ပေ တည်း။57
ထာ ဝ ရ ဘု ရား သည်၊ အ ကျွန်ုပ် ဝေ ပုံ ဖြစ် တော် မူ သည့် အ လျောက်၊ နှုတ် က ပတ် တော် ကို စောင့် ရှောက် မည် ဟု က တိ ထား ပါ ပြီ။58
စိတ် နှ လုံး အ ကြွင်း မဲ့ အ ကျွန်ုပ် တောင်း လျှောက် ခဲ့ ပြီး ဖြစ်၍၊ ဗျာ ဒိတ် တော် အ တိုင်း သ နား တော် မူ ပါ။59
ကိုယ့် အ လေ့ အ လာ များ ကို ဆင် ခြင်၍၊ သက် သေ ခံ တော် မူ ချက် များ ဘက် သို့ ခြေ ဦး လှည့် ပြီး လျှင်၊60
ပ ညတ် တော် များ ကို စောင့် ရှောက် ရန်၊ မ နှောင့် မ နှေး ဘဲ ကြိုး စား ပါ၏။61
လူ ဆိုး တို့ နှောင် ကြိုး များ ပတ် ရစ် သော် လည်း၊ တ ရား တော် ကို အ ကျွန်ုပ် မေ့ လျော့၍ မ နေ ခဲ့ ပါ။62
ဖြောင့် မတ် စွာ ဆုံး ဖြတ် တော် မူ ချက် များ ကြောင့်၊ သန်း ခေါင် ယံ၌ ပင်၊ အ ကျွန်ုပ် ထ၍ ကျေး ဇူး တော် ကို ချီး မွမ်း ပါ မည်။63
ကိုယ် တော် ကို ခန့် ညား သူ၊ ဥ ပ ဒေ သ တော် များ ကို စောင့် ရှောက် သူ ရှိ သ မျှ တို့ ၏ အ ပေါင်း အ ဖော် ဖြစ် ပါ၏။64
အို ထာ ဝ ရ ဘု ရား၊ က ရု ဏာ တော် နှင့် မြေ ပ ထ ဝီ ပြည့် ဝ သည့် အ လျောက်၊ အ ထုံး အ ဖွဲ့ တော် များ ကို အ ကျွန်ုပ် အား သွန် သင် တော် မူ ပါ။65
အို ထာ ဝ ရ ဘု ရား၊ က တိ တော် အ တိုင်း၊ ကျွန် တော် မျိုး ကို အ ကောင်း ပြု တော် မူ ခဲ့ ပါ ပြီ။66
ပ ညတ် တော် များ ကို အ ကျွန်ုပ် ယုံ ကြည် သည် ဖြစ်၍၊ အ သိ ဉာဏ် နှင့် အ သိ ပ ညာ ကို သွန် သင် တော် မူ ပါ။67
ဒု က္ခ မ ရောက် မီ က မှောက် မှား ခဲ့ သော် လည်း၊ ဗျာ ဒိတ် တော် ကို ယ ခု စောင့် ရှောက် ပါ၏။68
ကိုယ် တော် သည် ကောင်း မြတ်၍၊ အ ကောင်း ပြု တော် မူ သည့် အ လျောက်၊ အ ထုံး အ ဖွဲ့ တော် များ ကို သွန် သင် တော် မူ ပါ။69
မာ န ကြီး သူ တို့ သည် အ ကျွန်ုပ် အ ပေါ်၌ မု သာ မွမ်း မံ ကြ သော် လည်း၊ ဥ ပ ဒေ သ တော် များ ကို စိတ် နှ လုံး အ ကြွင်း မဲ့ စောင့် ထိန်း ပါ မည်။70
သူ တို့ နှ လုံး သည် ဆီ ဥ ကဲ့ သို့ ဆူ ဖြိုး သော် လည်း၊ အ ကျွန်ုပ် မူ ကား၊ တ ရား တော်၌ မွေ့ လျော် ပါ ၏။71
အ ထုံး အ ဖွဲ့ တော် များ ကို သင် ကြား ရ စေ ရန်၊ ဒု က္ခ ရောက် ရ ခြင်း သည် အ ကျွန်ုပ် အ ဖို့ ကောင်း ပါ ၏။72
နှုတ် မြွက် တော် မူ သော တ ရား သည်၊ ရွှေ၊ ငွေ အ ထောင် အ သောင်း ထက်၊ အ ကျွန်ုပ် အ ဖို့ ကောင်း ပါ၏။73
လက် တော် ဖြင့် အ ကျွန်ုပ် ကို ဖန် ဆင်း ပြု ပြင် သည့် အ လျောက်၊ ပ ညတ် တော် များ ကို သင် ကြား ရ စေ ရန် ဉာဏ် ကို သ နား တော် မူ ပါ။74
နှုတ် က ပတ် တော် ၌ အ ကျွန်ုပ် စောင့် မျှော် ခဲ့ သော ကြောင့်၊ ခန့် ညား သူ တို့ သည် အ ကျွန်ုပ် ကို မြင်၍ ရွှင် လန်း ကြ ရ ပါ စေ သော။75
အို ထာ ဝ ရ ဘု ရား၊ ဆုံး ဖြတ် တော် မူ ချက် များ သည် ဖြောင့် မတ် ကြောင်း ကို လည်း ကောင်း၊ သ စ္စာ တော် အ တိုင်း အ ကျွန်ုပ် ကို ဒု က္ခ ရောက် စေ တော် မူ ကြောင်း ကို လည်း ကောင်း၊ အ ကျွန်ုပ် သိ ပါ၏။76
ကျွန် တော် မျိုး အား က တိ ထား တော် မူ သည့် အ တိုင်း၊ မေ တ္တာ ကျေး ဇူး တော် ကြောင့် ချမ်း သာ ရ စေ တော် မူ ပါ။77
တ ရား တော် သည် အ ကျွန်ုပ် မွေ့ လျော် ရာ ဖြစ်၍၊ အ သက် ရှင် ရ စေ ရန် က ရု ဏာ တော် ကို သက် ရောက် စေ တော် မူ ပါ။78
အ ကျွန်ုပ်၌ ကောက် ကျစ် စွာ ပြု ကျင့် သော မာ န ကြီး သူ တို့ ကို အ ရှက် ကွဲ စေ တော် မူ ပါ။ ဥ ပ ဒ သ တော် များ ကို အ ကျွန်ုပ် ဆင် ခြင် လျက် နေ ပါ မည်။79
ကိုယ် တော် ကို ခန့် ညား သူ တို့ နှင့် သက် သေ ခံ တော် မူ ချက် များ ကို သိ ကျွမ်း သူ တို့ သည်၊ အ ကျွန်ုပ် ထံ ခို ဝင် ကြ ပါ စေ သော။80
အ ရှက် မ ကွဲ ရ စေ ခြင်း ငှာ၊ အ ကျွန်ုပ် နှ လုံး သည် အ ထုံး အ ဖွဲ့ တော် များ ၌ စုံ လင် ပါ စေ သော။81
ကယ် တင် တော် မူ ခြင်း ကို မူး မော် စွာ တ သ သော အ ကျွန်ုပ် သည်၊ နှုတ် က ပတ် တော် ကို စောင့် မျှော် ပါ ၏။82
မည် သည့် ကာ လ မှ နှစ် သိမ့် စေ တော် မူ ပါ မည် နည်း ဟူ၍၊ ဗျာ ဒိတ် တော် ကို မျှော် လျက်၊ အ ကျွန်ုပ် မျက် စိ အား ကုန် ပါ ၏။83
မီး ခိုး ထဲ၌ ရှိ သော သား ရေ ဘူး ကဲ့ သို့ အ ကျွန်ပ် ဖြစ် နေ သော် လည်း၊ အ ထုံး အ ဖွဲ့ တော် များ ကို မေ့ လျော့ ၍ မ နေ ပါ။84
ကျွန် တော် မျိုး၏ အ သက် တာ တို ပါ သည် တ ကား။ လိုက် လံ သူ တို့ ကို မည် သည့် ကာ လ မှ ဒဏ် စီ ရင် တော် မူ မည် နည်း။85
တ ရား တော် ကို မ လိုက် မ နာ သော မာ န ကြီး သူ တို့ သည်၊ ကျွန်ုပ် အ ဖို့ တွင်း များ ကိုတူး ကြ ပါ ပြီ။86
ပ ညတ် တော် ရှိ သ မျှ သည် သ စ္စာ နှင့် ပြည် စုံ ပါ၏။ သူ တို့ သည် မ တ ရား သ ဖြင့် အ ကျွန်ုပ် ကို လိုက် လံ ကြ သည် ဖြစ်၍၊ မ စ တော် မူ ပါ။87
အ ကျွန်ုပ် ကို မြေ ကြီး ပေါ် က ပယ် ရှား လု မ တတ် ပြု ခဲ့ ကြ သော် လည်း၊ ဥ ပ ဒေ သ တော် များ ကို အ ကျွန်ုပ် မ စွန့် ပါ။88
နှုတ် မြွက် တော် မူ သော သက် သေ ခံ ချက် ကို စောင့် ရှောက် ရ စေ ရန်၊ မေ တ္တာ ကျေး ဇူး တော် အ လျောက် အ သက် ရှင် စေ တော် မူ ပါ။89
အို ထာ ဝ ရ ဘု ရား၊ နှုတ် က ပတ် တော် သည် မိုး ကောင်း ကင်၌ ကာ လ အ စဉ် တည် မြဲ ပါ၏။90
မြေ ပ ထ ဝီ ကို မြဲ မြံ စေ တော် မူ၍၊ တည် နေ သည့် အ တိုင်း၊ သ စ္စာ တော် လည်း လူ မျိုး အ ဆက် ဆက် တည် မြဲ ပါ ၏။91
အ ရာ ခပ် သိမ်း သည် ကိုယ် တော်၏ အ သုံး တော် ခံ ဖြစ်၍၊ ဆုံး ဖြတ် တော် မူ ချက် များ လည်း၊ ယ နေ့ တိုင် တည် မြဲ ပါ ၏။92
တ ရား တော် သည် အ ကျွန်ုပ် မွေ့ လျော် ရာ မ ဟုတ် ခဲ့ လျှင်၊ ဒု က္ခ ရောက် စဉ် က ပင် ပျက် စီး လေ ပြီ။93
ဥ ပ ဒေ သ တော် များ ဖြင့် အ ကျွန်ုပ် ကို အ သက် ရှင် စေ ပြီး ဖြစ်၍၊ မေ့ လျော့ တော့ မည် မ ဟုတ် ပါ။94
အ ကျွန်ုပ် သည် ဥ ပ ဒေ သ တော် များ ကို၊ ရှာ ဖွေ သူ ကိုယ် တော် ပိုင် ဖြစ် ပါ၍၊ ကယ် တော် မူ ပါ။95
အ ကျွန်ုပ် ကို ဖျက် ဆီး ရန် လူ ဆိုး တို့ စောင့် လျက် နေ ကြ ရာ၊ သက် သေ ခံ တော် မူ ချက် များ ကို၊ အ ကျွန်ုပ် ဆင် ခြင် လျက် နေ ပါ၏။96
စုံ လင် ခြင်း ဟူ သ မျှ ၏ အ ဆုံး ကို အ ကျွန်ုပ် သိ မြင် ခဲ့ ပါ ပြီ။ ပ ညတ် တော် မူ ကား၊ အ လွန် ကျယ် ဝန်း လှ ပါ ၏။97
တ ရား တော် ကို အ ကျွန်ုပ် အ လွန် နှစ် သက် လှ၍၊ နေ့ ရှိ သ မျှ ဆင် ခြင် ရာ ဖြစ် ပါ၏။98
ကာ လ အ စဉ် အ ကျွန်ုပ် ပိုင် ရာ ဖြစ် သော ပ ညတ် တော် များ ကြောင့်၊ ရန် သူ တို့ ထက် ပ ညာ ကြီး ပါ ၏။99
အ ကျွန်ုပ် ဆင် ခြင် ရာ အ ကြောင်း ဖြစ် သော သက် သေ ခံ တော် မူ ချက် များ ကြောင့်၊ အ ကျွန်ုပ် ဆ ရာ ရှိ သ မျှ ထက် လိ မ္မာ ပါ ၏။100
ဥ ပ ဒေ သ တော် များ ကို စောင့် ထိန်း ခဲ့ သော ကြောင့်၊ အ သက် ကြီး သူ တို့ ထက် နား လည် ရ ပါ ၏။101
နှုတ် က ပတ် တော် ကို စောင့် ရှောက် ရ ခြင်း ငှာ၊ ဆိုး သွမ်း သော အ လေ့ အ လာ ရှိ သ မျှ ကို လွှဲ ရှောင် ခဲ့ ပါ ပြီ။102
ကိုယ် တော် သွန် သင် တော် မူ သော ဆုံး ဖြတ် တော် မူ ချက် များ မှ၊ လွှဲ ဖယ်၍ မ သွား ခဲ့ ပါ။103
ဗျာ ဒိတ် တော် သည် အ ကျွန်ုပ် ခံ တွင်း ၌ အ လွန် ချို ဧ၍၊ ပျား ရည် ထက် နှုတ် ထဲ မှာ ချို ဧ ပါ ၏။104
ဥ ပ ဒေ သ တော် များ ကြောင့် နား လည် ခြင်း ရ ရှိ၍၊ အ မှား လမ်း ရှိ သ မျှ ကို ရွံ ရှာ ပါ၏။105
နှုတ် က ပတ် တော် သည်၊ အ ကျွန်ုပ် ခြေ ဦး မှာ မီး ခွက် သ ဖွယ်၊ အ ကျွန်ုပ် လမ်း မှာ အ လင်း သ ဖွယ် ဖြစ် ပါ ၏။106
ဖြောင့် မတ် စွာ ဆုံး ဖြတ် တော် မူ ချက် များ ကို စောင့် ရှောက် ပါ မည် ဟု၊ သ စ္စာ ဆို သည့် အ တိုင်း၊ အ တည် ပြု ပါ မည်။107
အို ထာ ဝ ရ ဘု ရား၊ အ လွန် ဒု က္ခ ရောက် ရ သော အ ကျွန်ုပ် ကို၊ နှုတ် က ပတ် တော် အ တိုင်း အ သက် ရှင် စေ တော် မူ ပါ။108
အို ထာ ဝ ရ ဘု ရား၊ စေ တ နာ အ လျောက် က တိ ထား သော အ လှူ များ ကို လက် ခံ၍၊ ဆုံး ဖြတ် တော် မူ ချက် များ ကို သွန် သင် တော် မူ ပါ။109
အ သက် ကို အ စဉ် မ ပြတ် ဆောင် ကိုင် ရ သော် လည်း၊ တ ရား တော် ကို မေ့ လျော့၍ မ နေ ပါ။110
အ ကျွန်ုပ် ရှေ့ ညွှတ် ကွင်း ကို လူ ဆိုး တို့ ထောင် ထား ကြ သော် လည်း၊ ဥ ပ ဒေ သ တော် များ မှ လမ်း လွှဲ၍ မ သွား ပါ။111
အ ကျွန်ုပ် စိတ် ရွှင် လန်း ရာ အ ကြောင်း ဖြစ် သော သက် သေ ခံ တော် မူ ချက် များ ကို၊ ကာ လ အ စဉ် ပိုင် ရာ အ ဖြစ် ခံ ယူ ပါ ပြီ။112
အ ထုံး အ ဖွဲ့ တော် များ ကို အ ဆုံး တိုင် အောင် အ မြဲ ဆောင် ရွက် ရန်၊ စိတ် နှ လုံး ကို ညွှတ် စေ ပါ၏။113
ဒွိ ဟ သ ဘော ရှိ သူ တို့ ကို မုန်း ထား၍၊ တ ရား တော် ကို နှစ် သက် ပါ၏။114
ကိုယ် တော် သည် အ ကျွန်ုပ် ကွယ် ကာ ရန်၊ အ ကျွန်ုပ် ဒိုင်း လွှား သ ဖွယ် ဖြစ် တော် မူ သည့် အ လျောက်၊ နှုတ် က ပတ် တော် ကို စောင့် မျှော် လျက် နေ ပါ၏။115
ဒု စ ရိုက် ကို ပြု သော သူ တို့၊ ဘု ရား သ ခင့် ပ ညတ် တော် များ ကို စောင့် ထိန်း ခွင့် ရ ရှိ စေ ရန်၊ ငါ့ ထံ မှ ထွက် သွား ကြ လော့။116
ဗျာ ဒိတ် တော် အ တိုင်း အ သက် ရှင် ရ စေ ရန်၊ အ ကျွန်ုပ် ကို ထောက် မ တော် မူ၍၊ စောင့် မျှော် ရာ ကြောင့် အ ရှက် မ ကွဲ ရ ပါ စေ နှင့်။117
ဘေး ကင်း ရန် အ ကျွန်ုပ် ကို ထူ ပင့် တော် မူ ပါ။ အ ထုံး အ ဖွဲ့ တော် များ ကို မ ပြတ် ကြည် ညို ပါ မည်။118
အ ထုံး အ ဖွဲ့ တော် များ မှ လွဲ သွား သ မျှ သော သူ တို့ ကို အ ချည်း နှီး ဖြစ် စေ တော် မူ ပါ ပြီ။ သူ တို့ လှည့် စား ခြင်း လည်း အ ချည်း နှီး ဖြစ် ပါ၏။119
မြေ ကြီး ပေါ် ရှိ လူ ဆိုး အ ပေါင်း တို့ ကို ချော် ကဲ့ သို့ စွန့် ပစ် တော် မူ သည့် အ လျောက်၊ သက် သေ ခံ တော် မူ ချက် များ ကို အ ကျွန်ုပ် နှစ် သက် ပါ ၏။120
ကိုယ် တော် ကို ထိတ် လန့် သ ဖြင့်၊ ကြက် သီး မွေး ညှင်း ထ၍၊ ဆုံး ဖြတ် တော် မူ ချက် ကို ကြောက် ရွံ့ ပါ ၏။121
အ ကျွန်ုပ် သည် တ ရား သ ဖြင့် စီ ရင် ခြင်း ကို ဆုံး ဖြတ် ခဲ့ ပါ ပြီ။ ညှဉ်း ပန်း သူ တို့ လက်၌ စွန့် ထား တော် မ မူ ပါ နှင့်။122
ကောင်း စား ရ စေ ရန် ကျွန် တော် မျိုး တို့ အ ဖို့ အာ မ ခံ တော် မူ ပါ။ မာ န ကြီး သူ တို့ မ ညှဉ်း ပန်း ကြ ပါ စေ နှင့်။123
ကယ် တင် တော် မူ ခြင်း ကျေး ဇူး နှင့် ဖြောင့် မတ် သော ဗျာ ဒိတ် တော် ကို၊ စောင့် မျှော်၍ မျက် စိ အား ကုန် ပါ ပြီ။124
က ရု ဏာ တော် အ လျောက်၊ ကျွန် တော် မျိုး၌ စီ ရင်၍၊ အ ထုံး အ ဖွဲ့ တော် များ ကိုသွန် သင် တော် မူ ပါ။125
အ ကျွန်ုပ် သည် ကိုယ် တော်၏ ကျွန် ဖြစ် သည့် အ လျောက်၊ သက် သေ ခံ တော် မူ ချက် များ ကို သိ မြင် နား လည် စေ တော် မူ ပါ။126
တ ရား တော် ကို ဖောက် ကျော် သော ကြောင့်၊ ထာ ဝ ရ ဘု ရား စီ ရင် ချိန် ရောက် ပါ ပြီ။127
အ ကျွန်ုပ် မူ ကား၊ ပ ညတ် တော် များ ကို၊ ရွှေ ထက် မ က၊ ရွှေ စင် ထက် နှစ် သက် ၍၊128
ဥ ပ ဒေ သ တော် ရှိ သ မျှ ကို သ ဘော ကျ လျက်၊ အ မှား လမ်း ရှိ သ မျှ ကို ရွံ ရှာ ပါ ၏။129
သက် သေ ခံ တော် မူ ချက် များ သည်၊ အံ့ ဩ ဖွယ် ဖြစ် သော ကြောင့်၊ စိတ် ပါ ကိုယ် ရောက် စောင့် ထိန်း ပါ၏။130
နှုတ် က ပတ် တော် ဖွင့် ပြ ခြင်း ကြောင့် အ လင်း ရ၍၊ ရိုး သား သူ တို့ နား လည် ခွင့် ရ ကြ ပါ၏။131
ပ ညတ် တော် များ ကို အ ကျွန်ုပ် တောင့် တ၍၊ နှုတ် ဟ လျက်၊ မော ဟိုက် ပါ ၏။132
နာ မ တော် ကို ချစ် သူ တို့ အား အ လေ့ တော် အ တိုင်း၊ အ ကျွန်ုပ် ဘက် သို့ လှည့်၍ က ရု ဏာ သက် တော် မူ ပါ။133
ဗျာ ဒိတ် တော် လမ်း၌၊ အ ကျွန်ုပ် ခြေ ရာ များ ကို စီ စဉ် တော် မူ၍၊ ဒု စ ရိုက် အုပ် စိုး ခြင်း ကို အ လျှင်း မ ခံ ရ ပါ စေ နှင့်။134
ဥ ပ ဒေ သ တော် များ ကို စောင့် ရှောက် ရ စေ ရန်၊ လူ တို့ ညှဉ်း ပန်း ရာ မှ ရွေး နုတ် တော် မူ ပါ။135
မျက် နှာ တော် ရောင် ခြည် ကို ကျွန် တော် မျိုး အ ပေါ် သို့ လွှတ် လျက်၊ အ ထုံး အ ဖွဲ့ တော် များ ကို သွန် သင် တော် မူ ပါ။136
တ ရား တော် ကို မ စောင့် ရှောက် ကြ သော ကြောင့်၊ အ ကျွန်ုပ် မျက် စိ များ မှ မျက် ရည် ချောင်း စီး ပါ၏။137
အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သည် ဖြောင့် မတ် တော် မူ၍၊ ဆုံး ဖြတ် တော် မူ ချက် များ လည်း၊ ဖြောင့် မှန် ပါ၏။138
ဖြောင့် မတ် ခြင်း နှင့် သ စ္စာ ထူး ကို ဆောင် လျက်၊ သက် သေ ခံ တော် မူ ချက် များ ကို၊ ထုတ် ဆင့် တော် မူ ပါ ပြီ။139
နှုတ် က ပတ် တော် ကို အ ကျွန်ုပ် ရန် သူ တို့ သ တိ လစ် ကြ သည့် အ တွက်၊ ထက် သန် ခြင်း စေ တ နာ သည် အ ကျွန်ုပ် ကို ကျွမ်း လောင် ပါ ၏။140
ဗျာ ဒိတ် တော် သည်၊ စစ် ဆေး ပြီး ဖြစ်၍၊ ကျွန် တော် မျိုး နှစ် သက် ပါ ၏။141
အ ကျွန်ုပ် သည် သိမ် ငယ် သ ဖြင့် အ ရှက် ကွဲ ခြင်း ခံ ရ သော် လည်း၊ ဥ ပ ဒေ သ တော် များ ကို မေ့ လျော့၍ မ နေ ပါ။142
ဖြောင့် မတ် တော် မူ ခြင်း သည် ထာ ဝ ရ ဖြောင့် မတ် ခြင်း ဖြစ်၍၊ တ ရား တော် လည်း သ စ္စာ နှင့် ပြည့် စုံ ပါ၏။143
ဒု က္ခ ဝေ ဒ နာ နှင့် တွေ့ ကြုံ ရ သော် လည်း၊ ပ ညတ် တော် များ၌ မွေ့ လျော် လျက် နေ ပါ ၏။144
သက် သေ ခံ တော် မူ ချက် များ သည်၊ ကာ လ အ စဉ် ဖြောင့် မတ် သ ဖြင့်၊ အ သက် ရှင် ရ ရန် နား လည် စေ တော် မူ ပါ။145
အို ထာ ဝ ရ ဘု ရား၊ စိတ် နှ လုံး အ ကြွင်း မဲ့ ပ ဌ နာ ပြု ခဲ့ သည့် အ လျောက် ထူး တော် မူ ပါ။ အ ထုံး အ ဖွဲ့ တော် များ ကို စောင့် ထိန်း ပါ မည်။146
ပ ဌ နာ ပြု ခဲ့ သည့် အ လျောက်၊ ကယ် တော် မူ ပါ။ သက် သေ ခံ တော် မူ ချက် များ ကို စောင့် ရှောက် ပါ မည်။147
နှုတ် က ပတ် တော် ကို စောင့် မျှော်၍၊ အ ရုဏ် မ တက် မီ အ ကျွန်ုပ် ဟစ် ခေါ် ပါ၏။148
ဗျာ ဒိတ် တော် ကို စဉ်း စား ရ အံ့ သော ငှာ၊ ညဉ့် ယံ မ လွန် မီ အ ကျွန်ုပ် နိုး ထ ပါ၏။149
အို ထာ ဝ ရ ဘု ရား၊ မေ တ္တာ ကျေး ဇူး တော် အ လျောက်၊ ဟစ် ခေါ် သံ ကို နား ညောင်း၍၊ ဆုံး ဖြတ် တော် မူ ချက် များ အ လျောက်၊ အ သက် ရှင် စေ တော် မူ ပါ။150
တ ရား တော် နှင့် ဝေး ကွာ၍ ဒု စ ရိုက် ကို လိုက် စား သူ တို့ သည်၊ ချဉ်း လာ ကြ ပါ တ ကား။151
အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သည် အ နီး အ ပါး၌ ရှိ နေ တော် မူ၍၊ ပ ညတ် တော် ရှိ သ မျှ လည်း သ စ္စာ နှင့် ပြည့် စုံ ပါ၏။152
သက် သေ ခံ တော် မူ ချက် များ ကို အ မြဲ တည် စေ တော် မူ ကြောင်း၊ ရှေး က ပင် အ ကျွန်ုပ် သိ ခဲ့ ပါ၏။153
တ ရား တော် ကို မေ့ လျော့ ၍ မ နေ သော၊ အ ကျွန်ုပ် ဒု က္ခ ကို ရှု ကြည့် လျက် ကယ် လွှတ် တော် မူ ပါ။154
အ ကျွန်ုပ် အ မှု ကို လဲ လျှောက်၍ ရွေး နုတ် ပြီး လျှင် ဗျာ ဒိတ် တော် အ တိုင်း အသက် ရှင် စေ တော် မူ ပါ။155
ကယ် တင် ခြင်း ကျေး ဇူး သည်၊ အ ထုံး အ ဖွဲ့ တော် များ ကို မ လိုက် မ ရှာ ကြ သော လူ ဆိုး နှင့် ကင်း ဝေး လေ စွ။156
အို ထာ ဝ ရ ဘု ရား၊ က ရု ဏာ တော် သည် ကြီး မြတ် လှ ပါ၏။ ဆုံး ဖြတ် တော် မူ ချက် များ နှင့် အညီ၊ အ ကျွန်ုပ် ကို အ သက် ရှင် စေ တော် မူ ပါ။157
ညှဉ်း ပန်း သူ နှင့် ရန် ဘက် ပြု သူ တို့ များ လှ သော် လည်း၊ သက် သေ ခံ တော် မူ ချက် များ မှ ကျွန်ုပ် မ လွှဲ မ တိမ်း ပါ။158
ဗျာ ဒိတ် တော် ကို မ စောင့် မ ရှောက် ဘဲ၊ သ စ္စာ ဖျက် သူ တို့ ကို အ ကျွန်ုပ် ရှု မြင်၍ ရွံ ရှာ ပါ၏။159
အို ထာ ဝ ရ ဘု ရား၊ ဥ ပ ဒေ သ တော် များ ကို နှစ် သက် လှ ကြောင်း ထောက် ရှု၍၊ က ရု ဏာ တော် အ လျောက် အ ကျွန်ုပ် ကို အ သက် ရှင် စေ တော် မူ ပါ။160
နှုတ် က ပတ် တော်၏ အ ချုပ် အ ချာ ကား၊ သ စ္စာ ပေ တည်း။ ဖြောင့် မတ် သော ဆုံး ဖြတ် တော် မူ ချက် ရှိ သ မျှ လည်း၊ ကာ လ အ စဉ် တည် ပါ ၏။161
မှူး မတ် တို့ သည် အ ကြောင်း မဲ့ ညှဉ်း ပန်း ကြ သော် လည်း၊ နှုတ် က ပတ် တော် ကြောင့် သာ အ ကျွန်ုပ် စိတ် ချောက် ခြား လျက် နေ ပါ၏။162
လက် ရ ဥ စ္စာ များ ကို တွေ့ သူ ကဲ့ သို့၊ ဗျာ ဒိတ် တော် ကြောင့် ရွှင် လန်း ပါ၏။163
မု သာ ကို စက် ဆုပ် ရွံ ရှာ၍၊ တ ရား တော် ကို နှစ် သက် ပါ၏။164
ဖြောင့် မတ် သော ဆုံး ဖြတ် တော် မူ ချက် များ ကြောင့်၊ တစ် ရက် လျှင် ခု နစ် ကြိမ် ကိုယ် တော် ကို ချီး မွမ်း ပါ၏။165
တ ရား တော် ကို နှစ် သက် သူ တို့ သည်၊ ခ လုတ် မ တိုက် ရ ဘဲ၊ ကြီး စွာ သော ငြိမ် သက် ခြင်း ရှိ၏။166
အို ထာ ဝ ရ ဘု ရား၊ ကယ် တင် တော် မူ ခြင်း ကျေး ဇူး ကို အ ကျွန်ုပ် စောင့် မျှော် လျက်၊ ပ ညတ် တော် များ ကို ဆောင် ရွက် ပါ ပြီ။167
သက် သေ ခံ တော် မူ ချက် များ ကို စိတ် ပါ ကိုယ် ရောက် စောင့် ရှောက်၍၊ အ လွန် နှစ် သက် ပါ၏။168
ကိုယ့် အ လေ့ အ လာ ရှိ သ မျှ ကို မျက် နှာ ပြု သည့် အ တိုင်း၊ ဥ ပ ဒေ သ တော် များ နှင့် သက် သေ ခံ တော် မူ ချက် များ ကို စောင့် ရှောက် ပါ ပြီ။169
အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် အော် ဟစ် သံ ကို ရှေ့ တော် သို့ ရောက် စေ လျက်၊ နှုတ် က ပတ် တော် အ တိုင်း နား လည် စေ တော် မူ ပါ။170
အ သ နား တော် ခံ ချက် ကို လည်း ရှေ့ တော် သို့ ရောက် စေ လျက်၊ ဗျာ ဒိတ် တော် အ တိုင်း ကယ် လွှတ် တော် မူ ပါ။171
အ ထုံး အ ဖွဲ့ တော် များ ကို သွန် သင် တော် မူ သော ကြောင့်၊ နှုတ် ဖြင့် ထော မ နာ ပြု ရ ပါ စေ သော။172
ပ ညတ် တော် ရှိ သ မျှ သည် ဖြောင့် မတ် သော ကြောင့်၊ နှုတ် က ပတ် တော် အ ကြောင်း၊ လျှာ ဖြင့် ကြွေး ကြော် ရ ပါ စေ သော။173
ဥ ပ ဒေ သ တော် များ ကို အ ကျွန်ုပ် ရွေး ချယ် သော ကြောင့်၊ မ စ ရန် လက် ရုံး တော် ကို အ သင့် ရှိ ပါ စေ သော။174
အို ထာ ဝ ရ ဘု ရား၊ ကယ် တင် တော် မူ ခြင်း ကျေး ဇူး ကို အ ကျွန်ုပ် တ သ၍၊ တ ရား တော်၌ လည်း၊ မွေ့ လျော် ပါ ၏။175
ကိုယ် တော် ကို ချီး မွမ်း ရ အံ့ သော ငှာ အ ကျွန်ုပ် ကို အ သက် ရှင် စေ လျက်၊ ဆုံး ဖြတ် တော် မူ ချက် များ ဖြင့် မ စ တော် မူ ပါ။176
ပျောက် သော သိုး ကဲ့ သို့ အ ကျွန်ုပ် လမ်း လွဲ ခဲ့ သော် လည်း၊ ပ ညတ် တော် ကို မေ့ လျော့ ၍ မ နေ သော ကျွန် တော် မျိုး ကို လိုက် ရှာ တော် မူ ပါ။