ဆာ​လံ-118

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ထာ ဝ ရ ဘု ရား သည်၊ ကောင်း မြတ် တော် မူ၍၊ က ရု ဏာ တော် လည်း ကာ လ အ စဉ် တည် သော ကြောင့်၊ ကျေး ဇူး တော် ကို ချီး မွမ်း ကြ လော့။
  • 2 က ရု ဏာ တော် သည် ကာ လ အ စဉ် တည် သည် ဟု၊ ဣ သ ရေ လ လူ မျိုး တို့ မြွက် ဆို ကြ ပါ စေ။
  • 3 က ရု ဏာ တော် သည် ကာ လ အ စဉ် တည် သည် ဟု၊ အာ ရုန့် အ နွယ် သား တို့ မြွက် ဆို ကြ ပါ စေ။
  • 4 က ရု ဏာ တော် သည် ကာ လ အ စဉ် တည် သည် ဟု၊ ထာ ဝ ရ ဘု ရား ကို ခန့် ညား သူ တို့ မြွက် ဆို ကြ ပါ စေ။
  • 5 ငါ သည် ကျဉ်း ကျပ် ရာ ထဲ က ထာ ဝ ရ ဘု ရား အား ပ ဌ နာ ပြု ရာ၊ ထာ ဝ ရ ဘု ရား သည် ကျယ် ဝန်း သော အ ရပ် ၌ နေ ရာ ချ တော် မူ ၏။
  • 6 ထာ ဝ ရ ဘု ရား သည်၊ ငါ့ ဘက်၌ ရှိ နေ တော် မူ သည့် အ လျောက်၊ ငါ မ ကြောက် မ ရွံ့၊ လူ သည် ငါ့ ကို မည် သို့ ပြု နိုင် အံ့ နည်း။
  • 7 ထာ ဝ ရ ဘု ရား သည်၊ ထောက် မ သော အ ရှင် ဖြစ် တော် မူ သည့် အ လျောက်၊ မုန်း ထား သူ တို့ ကို ငါ စီး ကြည့် ၍ အား ရ လိမ့် မည်။
  • 8 လူ ကို အား ကိုး ခြင်း ထက်၊ ထာ ဝ ရ ဘု ရား ၌ ခို လှုံ ခြင်း သည်၊ သာ ၍ ကောင်း ၏။
  • 9 မင်း ကို အား ကိုး ခြင်း ထက်၊ ထာ ဝ ရ ဘု ရား၌ ခို လှုံ ခြင်း သည်၊ သာ ၍ ကောင်း ၏။
  • 10 လူ မျိုး ခြား ရှိ သ မျှ တို့ သည် ငါ့ ကို ဝန်း ဝိုင်း ကြ သော် လည်း၊ ထာ ဝ ရ ဘု ရား ၏ နာ မ တော် ဖြင့် ငါ ပယ် ရှား မည်။
  • 11 ပတ် ရစ် ဝန်း ဝိုင်း ကြ သော် လည်း၊ ထာ ဝ ရ ဘု ရား၏ နာ မ တော် ဖြင့် ငါ ပယ် ရှား မည်။
  • 12 ပျား အုံ ကဲ့ သို့ ဝန်း ဝိုင်း ကြ သော် လည်း၊ ဆူး ထင်း မီး သ ဖွယ် ငြိမ်း၍၊ ထာ ဝ ရ ဘု ရား၏ နာ မ တော် ဖြင့် ငါ ပယ် ရှား မည်။
  • 13 ငါ့ ကို လှဲ ချ ရန် သင် တွန်း လှန် သော် လည်း၊ ထာ ဝ ရ ဘု ရား သည် ထောက် မ တော် မူ ၏။
  • 14 ထာ ဝ ရ ဘု ရား သည် ငါ့ ကို အား ပေး ရာ၊ ငါ့ ကျူး ဧ ဖွယ် ရာ၊ ငါ့ ကို ကယ် တင် ရာ အ ကြောင်း ဖြစ် တော် မူ ၏။
  • 15 ထာ ဝ ရ ဘု ရား၏ ညာ လက် ရုံး တော် သည်၊ ရဲ ရင့် စွာ ပြု သ ဖြင့်၊ သူ တော် ကောင်း တို့ တဲ များ ၌ ရွှင် လန်း ရာ အောင် သံ ရှိ ၏။
  • 16 ထာ ဝ ရ ဘု ရား၏ ညာ လက် ရုံး တော် သည် မြင့် မြတ်၍၊ ထာ ဝ ရ ဘု ရား၏ ညာ လက် ရုံး တော် သည် ရဲ ရင့် စွာ ပြု လေ ၏။
  • 17 ငါ သည် မ သေ သေး ဘဲ အ သက် ရှင် လျက်၊ ထာ ဝ ရ ဘု ရား၏ အ မှု တော် များ ကို ကြော် ငြာ မည်။
  • 18 ထာ ဝ ရ ဘု ရား သည်၊ ငါ့ ကို ဆုံး မ ပဲ့ ပြင် တော် မူ သော် လည်း၊ သေ မင်း လက် သို့ အပ် တော် မ မူ။
  • 19 ဖြောင့် မတ် ခြင်း ဝင်း တံ ခါး များ ကို ဖွင့် ပေး ကြ၊ ငါ ဝင် လျက် ထာ ဝ ရ ဘု ရား ၏ ကျေး ဇူး တော် ကို ချီး မွမ်း ပါ မည်။
  • 20 ထာ ဝ ရ ဘု ရား၏ တံ ခါး တော် ဖြစ် သည့် အ လျောက်၊ သူ တော် ကောင်း တို့ ဝင် ရ ကြ ၏။
  • 21 ထူး တော် မူ၍၊ အ ကျွန်ုပ်၏ ကယ် တင် ရာ ကယ် တင် ကြောင်း ဖြစ် သော၊ ကိုယ် တော်၏ ကျေး ဇူး တော် ကို ချီး မွမ် ပါ မည်။
  • 22 တိုက် တည် ဆောက် သူ တို့ ပယ် ထား သော ကျောက် သည်၊ ထောင့် စွန်း ကျောက် ဖြစ် လာ ၏။
  • 23 ထို အ မှု အ ရာ သည် ထာ ဝ ရ ဘု ရား ထံ တော် မှ ဖြစ်၍၊ ငါ တို့ မျက် မှောက် တွင် အံ့ ဩ ဖွယ် ဖြစ် ၏။
  • 24 ထာ ဝ ရ ဘု ရား စီ ရင် တော် မူ သော ဤ နေ့ ရက် တွင် ဝမ်း မြောက် ရွှင် လန်း ကြ မည်။
  • 25 အို ထာ ဝ ရ ဘု ရား၊ ကယ် တော် မူ ပါ။ အို ထာ ဝ ရ ဘု ရား၊ ချမ်း သာ စေ တော် မူ ပါ။
  • 26 ထာ ဝ ရ ဘု ရား နာ မ တော် နှင့် ကြွ လာ သော အ ရှင် ၌ မင်္ဂ လာ ရှိ ပါ စေ သော၊ ထာ ဝ ရ ဘု ရား ဗိ မာန် တော် က၊ ငါ တို့ သည် သင် တို့ ကို ကောင်း ကြီး ပေး ကြ ပါ ၏။
  • 27 ယေ ဟော ဝါ သည် ဘု ရား ဖြစ် ၍၊ ငါ တို့ အား အ လင်း ကို သ နား တော် မူ ပြီ။ ယဇ် ကောင် ကို ပူ ဇော် ရာ ပ လ္လင် တော် စိန် တောင် ၌ ကြိုး များ နှင့် ချည် ထား ကြ လော့။
  • 28 ကိုယ် တော် သည် အ ကျွန်ုပ် ၏ ဘု ရား ဖြစ် တော် မူ၍၊ ကျေး ဇူး တော် ကို ချီး မွမ်း ပါ မည်။ အ ကျွန်ုပ်၏ ဘု ရား သ ခင် ဖြစ် တော် မူ၍၊ ဂုဏ် တော် ကို ကို ချီး မြှောက် ပါ မည်။
  • 29 ထာ ဝ ရ ဘု ရား သည် ကောင်း မြတ် တော် မူ၍၊ က ရု ဏာ တော် လည်း ကာ လ အ စဉ် တည် သော ကြောင့်၊ ကျေး ဇူး တော် ကို ချီး မွမ်း ကြ လော့။
回到本卷目录 回到本版本目录 回到首页