1
အို ယေ ရု ရှ လင် မြို့၊ ထာ ဝ ရ ဘု ရား၏ ဗိ မာန် တော် သို့ သွား ကြ ကုန် အံ့ ဟု တိုက် တွန်း ကြ သည် နှင့်၊
2
သင့် တံ ခါး များ အ တွင်း ငါ တို့ ရပ် နေ ကြ ရာ ငါ ရွှင် လန်း ပါ၏။ အို ယေ ရု ရှ လင် မြို့၊
3
အို ယေ ရု ရှ လင် မြို့၊ သင် ကား ဣ သ ရေ လ လူ မျိုး အ ဖို့ သက် သေ အ ဖြစ် ထာ ဝ ရ ဘု ရား၏ နာ မ တော် ကို ချီး မွမ်း ခြင်း ငှာ၊ အ နွယ် တို့ တည်း ဟူ သော ထာ ဝ ရ ဘု ရား၏ အ နွယ် တော် တို့ တက် ဝင် ကြ ရာ၊ သိပ် သည်း စွာ ပြု ပြင် ပြီး မြို့ ပေ တည်း။
4
5
ထို မြို့၌ တ ရား ပ လ္လင်၊ ဒါ ဝိဒ် မင်း မျိုး၏ ရာ ဇ ပ လ္လင် များ တည် ထား လျက် ရှိ နေ၏။
6
ယေ ရု ရှ လင် မြို့၌ ရန် ငြိမ်း ခြင်း၊ သင့် ကို စုံ မက် သော သူ တို့၌ ချမ်း သာ ခြင်း၊ သင့် မြို့ ရိုး အ တွင်း ရန် ငြိမ်း ခြင်း၊ သင့် ဘုံ ဗိ မာန် များ ၌ ချမ်း သာ ခြင်း ရှိ ပါ စေ သော ဟု တောင်း လျှောက် ကြ လော့။
7
8
သင်၌ ရန် ငြိမ်း ခြင်း ရှိ ပါ စေ သော ဟု၊ ညီ အစ် ကို တို့ နှင့် အ ပေါင်း အ ဖော် တို့ အ တွက်၊ ငါ မေ တ္တာ ပို့ လျက်၊
9
ငါ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ၏ ဗိ မာန် တော် အ တွက်၊ သင့် ကောင်း ကျိုး ကို ရှာ ကြံ ပါ မည်။