ဧ​သ​တာ-8

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ထို နေ့ ချင်း တွင် အာ ရွှေ ရု မင်း သည်၊ ယု ဒ လူ မျိုး၏ ရန် သူ ဟာ မန့် အိမ် ကို၊ မိ ဖု ရား ဧ သ တာ သို့ ပေး၏။ မော် ဒ ကဲ နှင့် မည် သို့ တော် စပ် သည် ကို ဧ သ တာ တင် လျှောက် သည့် အ တိုင်း၊
  • 2 ဘု ရင် မင်း ထံ မော် ဒ ကဲ ဝင် ရ၍၊ ဘု ရင် မင်း သည်၊ ဟာ မန် မှ ပြန် သိမ်း သော တံ ဆိပ် လက် စွပ် တော် ကို မော် ဒ ကဲ သို့ ချွတ် အပ်၏။ ဧ သ တာ လည်း၊ ဟာ မန့် အိမ် ကို မော် ဒ ကဲ အုပ် ထိန်း စေ ၏။
  • 3 တစ် ဖန် ဧ သ တာ သည်၊ ဘု ရင် မင်း ခြေ တော် ရင်း၌ ပျပ် ဝပ် လျက်၊ ယု ဒ လူ မျိုး တစ် ဘက် ဟာ မန် ကြံ စည် ခဲ့ သော ဘေး ကို ပယ် ပ တော် မူ ပါ မည့် အ ကြောင်း၊ အ ထံ တော် တွင် မျက် ရည် နှင့် တောင်း ပန် သော်၊
  • 4 ရာ ဇ ရွှေ လှံ တံ ကို ဧ သ တာ သို့ ဘု ရင် မင်း ကမ်း လှမ်း သ ဖြင့်၊ ရှေ့ တော် မှာ ထ ရပ် ပြီး မှ၊
  • 5 ဧ သ တာ က၊ ကျွန် မ ကို မျက် နှာ သာ ပေး၍ စိတ် တော် နှင့် တွေ့ ပါ လျှင် လည်း ကောင်း၊ အ မှု ကို လည်း၊ အ လို တော် ကျ၍ သ ဘော တော် မြတ် ပါ လျှင် လည်း ကောင်း၊ ပြည် ထောင် တ ကာ ရှိ ယု ဒ လူ မျိုး တို့ ကို ကွပ် မျက် ရန် အာ ဂတ် အ မျိုး ဟ မ္မေ ဒါ သ သား ဟာ မန် ကြံ စည် ခဲ့ သော အ မိန့် တော် စာ များ ကို ဖျက် ပယ် ပြီ ဟူ၍ ထပ် မံ ထုတ် ဆင့် တော် မူ ပါ။
  • 6 ကျွန် မ၏ ဆွေ မျိုး သား ချင်း တို့၌ သင့် လ တ္တံ့ သော ဘေး ကို လည်း ကောင်း၊ ဆွေ မျိုး ညာ တ ကာ တို့ ပျက် စီး အံ့ သော အ မှု ကိုလည်း ကောင်း၊ မည် သို့ ရှု စိတ် နိုင် အံ့ နည်း ဟု တင် လျှောက် ရာ၊
  • 7 မိ ဖု ရား ဧ သ တာ နှင့် ယု ဒ လူ မျိုး မော် ဒ ကဲ တို့ အား ဘု ရင် အာ ရွှေ ရု မင်း က၊ ယု ဒ လူ မျိုး တို့ ကို လက် ရောက် ပြု လို သော ဟာ မန် ကို၊ လည် ဆွဲ တိုင်၌ ကွပ် မျက် စေ ခဲ့ ပြီ။ ချင့် အိမ် ကို လည်း ဧ သ တာ အား ငါ ပေး ပြီ။
  • 8 ဘု ရင့် အ မည် ဖြင့် ရေး၍၊ လက် စွပ် တော် တံ ဆိပ် ခတ် နှိပ် ပြီး သော အ မိန့် တော် စာ ကို ကား၊ မည် သူ မျှ မ ဖျက် မ ပယ် နိုင်။ ယု ဒ လူ မျိုး တို့ အ ကြောင်း သင် တို့ အ လို ရှိ ရာ ကို၊ ငါ့ ဘု ရင့် အ မည် ဖြင့် စာ ရေး၍ လက် စွပ် တော် တံ ဆိပ် ခတ် နှိပ် ကြ လော့ ဟု မိန့် ဆို သည့် အ တိုင်း၊
  • 9 သိ ဝန် ခေါ် တ တိ ယ လ၊ နှစ် ဆယ့် သုံး ရက် နေ့ တွင်၊ သံ တော် ဆင့် များ ကို ခေါ်၍၊ မော် ဒ ကဲ မိန့် မှာ သ မျှ ကို၊ အိ န္ဒိ ယ ပြည် မှ ကု ရှ ပြည် တိုင် အောင်၊ တစ် ရာ့ နှစ် ဆယ့် ခု နှစ် ပြည် ထောင် ရှိ ယု ဒ လူ မျိုး တို့ ထံ ကိုယ့် ဘာ သာ အ က္ခ ရာ အ လိုက် လည်း ကောင်း၊ ဘု ရင် ခံ ချုပ်၊ ဘု ရုင် ခံ၊ မှူး တော် မတ် တော် တို့ ထံ၊ ပြည် ထောင် တ ကာ ရှိ လူ အ မျိုး မျိုး တို့ ဘာ သာ အ က္ခ ရာ အ လိုက် လည်း ကောင်း၊
  • 10 အာ ရွှေ ရု မင်း အ မည် တော် ဖြင့် ရေး လျက်၊ လက် စွပ် တော် တံ ဆိပ် ခတ် နှိပ် ပြီး လျှင်၊ အာ ရွှေ ရု မင်း ပိုင် ပြည် ထောင် တ ကာ အ တွင်း မြို့ ရွာ တိုင်း ရှိ ယု ဒ လူ မျိုး အ ပေါင်း တို့ သည်၊ အာ ဒါ ခေါ် ဒွါ ဒ သ မ လ ဆယ့် သုံး ရက် တွင်၊ ကိုယ့် အ သက် အ ဖို့ စု ရုံး ခု ခံ သည့် ပြင်၊ လက် ရောက် ပြု လို သော သူ ရဲ ရှိ သ မျှ ကို၊ မိန်း မ များ၊ သူ ငယ် များ ပါ၊ နေ ချင်း ဖျက် ဆီး သတ် ဖြတ် ကွပ် မျက် လု ယူ ရန် အ ခွင့် တော် ရှိ စေ ဟူ သော အ မိန့် တော် စာ ကို၊ ဇောင်း တော် ပေါက် လျင် သည့် မြင်း ပေါ် တွင် စီး သူ မြင်း သည် တော် တို့ လက် ဖြင့် ပို့ လိုက်၍၊
  • 11
  • 12
  • 13 ရန် သူ တို့ အား တုန့် ပြန် ရန်၊ ထို နေ့ မ တိုင် မီ၊ ယု ဒ လူ မျိုး တို့ အ ရံ သင့် ရှိ နေ ကြ ရ မည့် ရာ ဇ သတ် စာ တန်း ကို၊ ပြည် ထောင် တ ကာ ရှိ လူ အ မျိုး မျိုး တို့ အား ကြော် ငြာ လေ၏။
  • 14 ထို သို့ ရှု ရှန် နန်း တော် တွင် ထုတ် ဆင့် သော ရာ ဇ သတ် တော် ကို၊ အ မိန့် တော် အ တိုင်း၊ လျင် သော မြင်း တော် ပေါ် တွင် စီး သူ မြင်း သည် တော် တို့ ရုတ် ခြည်း စိုင်း နှင် ထွက် သွား ပြီး နောက်၊
  • 15 မော် ဒ ကဲ သည် မင်း မြောက် တန် ဆာ၊ ဖွဲ့ ဖြူ၊ ဖွဲ့ ပြာ ကို ဆင် ယင် လျက်၊ ကြီး မြင့် သော ရွှေ မ ကိုဋ် ကို ဆောင်း လျက်၊ လျှော် ထည်၊ အ မောင်း ထည် ဝတ် လုံ ကို ခြုံ လျက်၊ ဘု ရင် မင်း ထံ မှ ထွက် သွား ရာ၊ ရှု ရှန် တစ် မြို့ တော် လုံး ရွှင် လန်း စွာ ကြွေး ကြော် ကြ ကုန်၏။
  • 16 ယု ဒ လူ မျိုး တို့ လည်း၊ ထွန်း ကား ခြင်း၊ အား ရ ဝမ်း မြောက် ခြင်း၊ အ သ ရေ မြင့် ခြင်း များ ကို ခံ ရ ကြ၏။
  • 17 ဘု ရင် မင်း ၏ ရာ ဇ သတ် အ မိန့် တော် ရောက် သ မျှ ပြည် ထောင် တ ကာ ရှိ မြို့ ရွာ တိုင်း၌၊ ယု ဒ လူ မျိုး တို့ သည်၊ အား ရ ဝမ်း မြောက် စွာ မင်္ဂ လာ နေ့၊ ပွဲ နေ့ ကို ကျင်း ပ ကြ၏။ ပြည် သူ ပြည် သား အ များ တို့ လည်း၊ ယု ဒ လူ မျိုး တို့ ကို ကြောက် ရွံ့ သော ကြောင့်၊ ယု ဒ ဘာ သာ သို့ ဝင် ကြ ၏။
回到本卷目录 回到本版本目录 回到首页