1
ထို နောက်၊ အာ ရွှေ ရု မင်း စိတ် ပြေ သော အ ခါ၊ ဝါ ရှ တိ နှင့် သူ ပြု သော အ မှု ကို လည်း ကောင်း၊ စီ ရင် ချက် ကို လည်း ကောင်း၊ သ တိ ရ သော်၊
2
အ ထံ တော်၌ ခ စား သော ကျေး ကျွန် သင်း ပင်း တို့ က၊ အ ဆင်း လှ သော သ မီး က ညာ တို့ ကို၊ ဘု ရင် မင်း အ ဖို့ ရှာ ကြ ပါ စေ။
3
တွေ့ ခဲ့ သ မျှ အ ဆင်း လှ သော ထို သ မီး က ညာ တို့ ကို၊ ရှု ရှန် မှန် နန်း တော် တွင်၊ ဘု ရင် မင်း မိန်း မ စိုး ဖြစ် သူ ဟေ ဂဲ လက် သို့ အပ် စေ ခြင်း ငှာ၊ နိုင် ငံ တော် ပြည် ထောင် တ ကာ တွင် ကြီး ကြပ် သူ တို့ ကို ခန့် ထား တော် မူ ပါ။ ကိုယ် ကို လိမ်း ကျံ ရန် နံ့ သာ အ မျိုး မျိုး အပ် ပေး စေ ၍၊
4
ဘု ရင် မင်း မြတ် နိုး တော် မူ သော က ညာ ကို၊ ဝါ ရှ တိ အ ရာ၌ မိ ဖု ရား မြှောက် တော် မူ ပါ ဟု တင် လျှောက် သည့် စ ကား အ တိုင်း၊ ဘု ရင် မင်း နှစ် သက်၍ စီ ရင် လေ ၏။
5
ထို အ ခါ၊ ဗာ ဗု လုန် ဘု ရင် နေ ဗု ခဒ် နေ ဇာ မင်း သိမ်း သွား ရာ ပါ၊ ယု ဒ ဘု ရင် ယေ ခေါ နိ မင်း နှင့် တ ကွ၊ ယေ ရု ရှ လင် မြို့ မှ သုံ့ ပန်း ခံ ရ သူ တို့ အ နက်၊ ယု ဒ လူ မျိုး၊ ဗင်္ယာ မိန့် အ နွယ်၊ ကိ ရှ မြစ်၊ ရှိ မိ မြေး၊ ယာ ဣ ရ သား၊ မော် ဒ ကဲ အ မည် ရှိ သူ တစ် ယောက် သည်၊ ရှု ရှန် နန်း မြို့ တော်၌ နေ ထိုင် လျက် ရှိ ၏။
6
7
ထို မော် ဒ ကဲ သည်၊ မိ သက် ဆိုး၊ ဘ သက် ဆိုး ဖြစ် သူ၊ အ ဆင်း သ ဏ္ဌာန် လှ၍ ရှု ချင် ဖွယ် ကောင်း သော၊ ဘ ထွေး သ မီး၊ ဟ ဒ သာ ခေါ် ဧ သ တာ ကို၊ မိ ဘ တို့ သေ က တည်း က၊ သ မီး ရင်း သ ဖွယ် ထား လျက် မွေး စား လေ၏။
8
ဘု ရင် မင်း ထုတ် ဆင့် သော အ မိန့် တော် ကို ကြော် ငြာ သည့် အ တိုင်း၊ ရှု ရှန် မှန် နန်း တော် အုပ် ဟေ ဂ လက် သို့ ရောက် သော သ မီး က ညာ အ မြောက် အ မြား နှင့် ဧ သ တာ လည်း ရောက်၏။
9
ဧ သ တာ သည်၊ ဟေ ဂဲ စိတ် နှင့် တွေ့၍ မျက် နှာ ရ သ ဖြင့်၊ လိမ်း ကျံ ရန် နံ့ သာ အ မျိုး မျိုး မှ စ သော အ ဝတ် အ စား များ နှင့်၊ နန်း တော် ရှိ လက် ရွေး အ ပျို တော် ခု နစ် ယောက် ကို အ ဆော တ လျင် အပ် ပေး ပြီး လျှင်၊ အ ပျို တော် များ ပါ၊ မှန် နန်း ဆောင် အ မြတ် ဆုံး နေ ရာ တွင် ထား၏။
10
မော် ဒ ကဲ မှာ ထား သည့် အ တိုင်း၊ ဧ သ တာ သည် အ မျိုး အ နွယ် ကို မ ဖော် မ ပြ သေး။
11
မော် ဒ ကဲ လည်း၊ ဧ သ တာ၌ မည် သို့ ရှိ နေ သည်၊ မည် သို့ ဖြစ် ပျက် မည် ကို သိ ခြင်း ငှာ၊ မှန် နန်း တံ တိုင်း ပြင် မှာ၊ နေ့ စဉ် လျှောက် သွား လေ့ ရှိ၏။
12
အ ပျို တော် တို့ ထုံး နည်း အ တိုင်း၊ မု ရန် ဆီ ခြောက် လ၊ နံ့ သာ မျိုး နှင့် အ ခြား လိမ်း ကျံ ရန် ဆီ ခြောက် လ၊ ဆယ့် နှစ် လ ပတ် လုံး လိမ်း ကျံ ရန် ကာ လ စေ့ ပြီး မှ၊ အာ ရွှေ ရု မင်း ထံ အ လှည့် ကျ ဝင် ရ ကြ သော အ ခါ၊
13
အ ဆောင် တော် သို့ ဝင် ရ သော အ ပျို တော် သည်၊ မှန် နန်း တော် မှ အ လို ရှိ သ မျှ ယူ သွား ရာ၊
14
ညဉ့် ဦး အ ချိန် ဝင်၍ နံ နက် အ ချိန် ရောက် သော်၊ ဒု တိ ယ မှန် နန်း ဆောင် တွင်၊ မောင်း မ ကိုယ် လုပ် တော် များ ကို ကြည့် ရှု သူ မိန်း မ စိုး ရှာ ရှ ဂါ ဇ ထံ သို့ ပြန် ရ လေ၏။ ဘု ရင် မင်း အ မြတ် တ နိုး အ မည် ဖြင့် မ ခေါ် လျှင်၊ နောက် တစ် ဖန် အ ထံ တော် သို့ မ ဝင် ရ။
15
သ မီး ရင်း သ ဖွယ် မော် ဒ ကဲ မွေး စား သော၊ ဘ ထွေး အ ဘိ ဟဲ လ သ မီး ဧ သ တာ သည်၊ အ လှည့် ကျ၍ ဘု ရင် မင်း ထံ ဝင် ရ သော အ ခါ၊ မှန် နန်း တော် အုပ် မိန်း မ စိုး ဟေ ဂဲ စီ ရင် ရာ မှ တ ပါး၊ မည် သည် ကို မျှ မ ယူ ဘဲ။ တွေ့ သ မျှ တို့ ရှေ့ မျက် နှာ ရ သ တည်း။
16
အာ ရွှေ ရု မင်း နန်း စံ ခု နစ် နှစ်၊ တေ ဗက် ခေါ် ဒ သ မ လ တွင်၊ ဧ သ တာ ကို အ ဆောင် တော် သို့ သွင်း ဆက် သော အ ခါ၊
17
ဘု ရင် မင်း သည် မိ ဖု ရား တ ကာ တို့ ထက် မြတ် နိုး၍၊ အ ပျို က ညာ အပေါင်း တို့ ထက် လည်း မျက် နှာ သာ ရ ပေး သ ဖြင့် မာ လိက တန် ဆာ ကို ဆင် ယင် စေ လျက် ဝါ ရှ တိ အ ရာ ၌ မိ ဖု ရား မြှောက် ပြီး လျှင်၊
18
ဧ သ တာ့ ပွဲ ဟူ၍ ခမ်း နား သော စား သောက် ပွဲ သ ဘင် ကို၊ မှူး တော် မတ် တော်၊ ကျေး ကျွန် သင်း ပင်း တို့ အ ဖို့ ယင် လျက်၊ ပြည် ထောင် တ ကာ တွင် အ ငြိမ်း ပေး သည့် ပြင်၊ ရက် ရော စွာ လှူ ဒါန်း လေ ၏။
19
ဒု တိ ယ အ ကြိမ် သ မီး က ညာ တို့ ရောက် ပြန် သော အ ခါ၊ မော ဒ ကဲ သည် နန်း တော် တံ ခါး အ တွင်း နေ ထိုင် ရ၏။
20
ဧ သ တာ လည်း မော် ဒ ကဲ မွေး စား သည် က ကဲ့ သို့၊ အ မိန့် ကို နား ထောင် လျက် ရှိ သည် ဖြစ်၍၊ မှာ ထား သည့် အ တိုင်း အ မျိုး အ နွယ် ကို မ ဖော် မ ပြ သေး။
21
ထို သို့ နန်း တော် တံ ခါး အ တွင်း၊ မော် ဒ ကဲ နေ ထိုင် လျက် ရှိ စဉ် အ ခါ၊ အ ဝင် အ ထွက် စောင့် ကြည့် ရ သော မိန်း မ စိုး ဗိ ဂ သံ၊ တေ ရက် နှစ် ယောက် တို့ သည်၊ အာ ရွှေ ရု မင်း ကို စိတ် နာ၍ လက် ရောက် ပြု ရန် ကြံ စည် ကြ ရာ၊
22
မော် ဒ ကဲ ရိပ် မိ သ ဖြင့်၊ မိ ဖု ရား ဧ သ တာ အား ဖော် ပြ လေ၏။ ဧ သ တာ လည်း မော် ဒ ကဲ ဖော် ပြ ကြောင်း ဘု ရင် မင်း ထံ တင် လျှောက် သည့် အ တိုင်း၊ စစ် ကြော၍ အ မှန် ထင် ရှား သော်၊
23
ထို သူ နှစ် ယောက် တို့ ကို လည် ဆွဲ တိုင်၌ ဆွဲ ထား၍၊ နေ့ စဉ် မှတ် စာ တန်း တွင်၊ ဘု ရင် မင်း ရှေ့ တင် သွင်း ကြ သ တည်း။