ဧ​သ​တာ-4

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ထို အ မှု ခပ် သိမ်း ကို မော် ဒ ကဲ သိ သော်၊ အ ဝတ် ဆုတ် ခြင်း၊ လျှော် တေ ဝတ် ခြင်း၊ ပြာ တင် ခြင်း များ ကို ပြု လျက်၊ မြို့ တွင်း သို့ သွား ပြီး လျှင်၊ အ လွန် နစ် နာ သ ဖြင့် ပြင်း ထန် စွာ အော် ဟစ်၍၊
  • 2 နန်း တော် တံ ခါး အ တွင်း၊ လျှော် တေ ဝတ် သူ မ ဝင် ရ သော ကြောင့်၊ တံ ခါး ပြင် တွင် ရပ် နေ လေ ၏။
  • 3 ဘု ရင် မင်း၏ ရာ ဇ သတ် အ မိန့် တော် ရောက် သ မျှ ပြည် ထောင် တ ကာ၌၊ ယု ဒ လူ မျိုး တို့ သည်၊ အ စာ ရှောင် ခြင်း၊ ငို ကြွေး မြည် တမ်း ခြင်း ကို ပြု ရာ အ များ တို့ လည်း ပြာ နှင့် လျှော် တေ ခင်း လျက် လျောင်း ကြ၏။
  • 4 မော် ဒ ကဲ အ ကြောင်း ကို၊ မိ ဖု ရား ဧ သ တာ၏ အ ပျို တော် တို့ နှင့် မိန်း မ စိုး တို့ ကြား ပြော ကြ သော အ ခါ၊ အ လွန် ဝမ်း နည်း သ ဖြင့်၊ လျှော် တေ ကို လဲ စေ ရန် အ ဝတ် ကို ပေး လိုက် သော် လည်း၊ မော် ဒ ကဲ မ ယူ ဘဲ နေ သော ကြောင့်၊
  • 5 ဧ သ တာ့ ရှေ့ ခ စား ရန် ဘု ရင် မင်း စီ မံ ခဲ့ သော မိန်း မ စိုး ဟာ တက် ကို ခေါ်၍၊ မည် သည့် အ မှု၊ မည် သည့် အ ကြောင်း ကြောင့် နည်း ဟု မေး ရန်၊ မော် ဒ ကဲ ထံ စေ လွှတ် သည့် အ တိုင်း၊
  • 6 မော် ဒ ကဲ ရှိ ရာ နန်း တော် တံ ခါး ရှေ့၊ မြို့ တော် ကျယ် ဝန်း ရာ အ ရပ် သို့၊ ဟာ တက် သွား ရောက် ရာ၊
  • 7 မော် ဒ ကဲ သည် ကိုယ် ၌ ဖြစ် ပျက် သ မျှ ကို လည်း ကောင်း၊ ယု ဒ လူ မျိုး တို့ ကို ကွပ် မျက် လို၍ ဘ ဏ္ဍာ တော် ထဲ သို့ သွင်း ရန် ဟာ မန် က တိ ထား သော ငွေ ချိန် ကို လည်း ကောင်း၊ ဖော် ပြ ပြီး လျှင်၊
  • 8 ဧ သ တာ့ ထံ ဖော် ပြ စေ ခြင်း ငှာ၊ ယု ဒ လူ မျိုး တို့ ကို ကွပ် မျက် စေ ဟူ သော၊ ရှု ရှန် နန်း တော် မှ ထုတ် ဆင့် ပြီး ရာ ဇ သတ် စာ တန်း ကို အပ် လျက်၊ ဘု ရင် မင်း ထံ ကိုယ့် လူ မျိုး အ တွက် ဝင် ရောက် တောင်း လျောက် အ သ နား တော် ခံ ရန် မှာ ထား လိုက် သည့် အ တိုင်း၊
  • 9 ဟာ တက် ပြန် သွား၍၊ မော် ဒ ကဲ စ ကား ကို၊ ဧ သ တာ့ ထံ ပြန် ကြား လေ ၏။
  • 10 ဧ သ တာ သည်၊ မော် ဒ ကဲ သိ စေ ရန်၊ ဟာ တက် အား မှာ လိုက် ပြန် သည် ကား၊
  • 11 ယောက်ျား မိန်း မ မ ဆို၊ ဘု ရင် မင်း ခေါ် တော် မ မူ ဘဲ အ တွင်း နန်း မြို့ ရိုး အ ထံ တော် သို့ ဝင် မိ သော သူ၌၊ အ သက် ချမ်း သာ စေ ရန် ရာ ဇ ရွှေ လှံ တံ ကမ်း တော် မ မူ လျှင်၊ သေ ဒဏ် ခံ ရ သော တစ် ချက် လွှတ် ရာ ဇ သတ် ရှိ ကြောင်း၊ ကျေး ကျွန် သင်း ပင်း မှ စ၍၊ ပြည် သူ ပြည် သား အ ပေါင်း တို့ သိ ကြ ပါ၏။ ကျွန် မ ကို ကား၊ ရက် ပေါင်း သုံး ဆယ် အ တွင်း၊ ဘု ရင် မင်း ခေါ် တော် မ မူ ဟူ သော စ ကား ကို၊
  • 12 မော် ဒ ကဲ အား ပြန် ကြား သော အ ခါ၊
  • 13 မော် ဒ ကဲ က နန်း တော်၌ စံ နေ ရ သော် လည်း၊ ယု ဒ လူ မျိုး တ ကာ တို့ နှင့် ကင်း လျက် တစ် ယောက် တည်း ဘေး လွတ် မည် မ ထင် ပါ လင့်။
  • 14 သင် သည် ယ ခု ကာ လ ဆိတ် ဆိတ် နေ ခဲ့ မူ၊ ယု ဒ လူ မျိုး တို့ ဘေး လွတ် ခြင်း ချမ်း သာ တစ် နည်း နည်း ပေါ် ပါ လိမ့် မည်။ သင် ကား၊ ဆွေ မျိုး ညာ တိ တို့ နှင့် တ ကွ ပျက် စီး ရ လိမ့် မည်။ သင် မိ ဖု ရား ဖြစ် ရ သည် မှာ၊ ယ ခု အ မှု ဆောင် ရွက် ရန် ဖြစ် သည် မ ဖြစ် သည် ကို၊ မည် သူ သိ နိုင် အံ့ နည်း ဟု ပြန် ကြား လိုက် သည့် အ တိုင်း၊
  • 15 ဧ သ တာ က၊ ရှု ရှန် မြို့ တော် ရှိ ယု ဒ လူ မျိုး တို့ ကို သွား၍၊ စု ရုံး စေ ပြီး လျှင်၊ ကျွန် မ အ တွက် သုံး ရက် တိုင် တိုင်၊ နေ့ ညဉ့် မ ဟူ၊ မ စား မ သောက် ဘဲ နေ ကြ ပါ စေ သော။ ကျွန် မ နှင့် အ ပျို တော် တို့ ပါ၊ ထို နည်း တူ အ စာ ရှောင် ကြ ပါ မည်။ ထို နောက် ရာ ဇ သတ် ကို ကျူး လွန်၍ သေ ဒဏ် ခံ ရ သော် လည်း၊ အ ထံ တော် သို့ တိုး ဝင် ပါ မည် ဟု၊
  • 16
  • 17 မော် ဒ ကဲ အား ပြန် ကြား သည် နှင့် အ ညီ၊ မော် ဒ ကဲ သွား၍ ပြု လေ၏။
回到本卷目录 回到本版本目录 回到首页