1
သုံး ရက် မြောက် သော နေ့၌ ဧ သ တာ သည်၊ မာ လိ က တန် ဆာ ကို ဆင် ယင် ပြီး လျှင်၊ နန်း တော် အ တွင်း မြို့ ရိုး၊ နန်း ဦး ရင် ဆိုင် ရပ် နေ ရာ၊ နန်း ဦး မုတ် ဝ တူ ရူ ရာ ဇ ပ လ္လင် ထက် စံ နေ သော ဘု ရင် မင်း သည်၊
2
မြို့ ရိုး တော် အ တွင်း ရပ် နေ သော မိ ဖု ရား ဧ သ တာ ကို မြင် လျှင်၊ မျက် နှာ သာ ပေး၍၊ လက် သုံး တော် ရာ ဇ ရွှေ လှံ တံ ကို ကမ်း လှမ်း သော်၊ ဧ သ တာ ချဉ်း ကပ် လျက် လှံ တံ တော် ဖျား ကို ထိ လေ၏။
3
ဘု ရင် မင်း က၊ မိ ဖု ရား ဧ သ တာ၊ ဘယ် အ ကြောင်း နည်း။ မည် သည် ကို လို သ နည်း။ နိုင် ငံ တော် တစ် ဝက် တိုင် အောင် ငါ ပေး မည် ဟု မိန့် ဆို လျှင်၊
4
ဧ သ တာ က၊ ဘု ရင် မင်း သ ဘော တော် မြတ် ပါ မူ၊ ဘု ရင် မင်း အ ဖို့ ကျွန် မ ယင် သော စား သောက် ပွဲ သို့၊ ဟာ မန် နှင့် တ ကွ၊ ယ နေ့ ကြွ တော် မူ ပါ ဟု လျှောက် သော်၊
5
မိ ဖု ရား တင် လျှောက် သည့် အ တိုင်း ဝင် ရန်၊ အ လျင် အ မြန် ဟာ မန် လာ စေ ဟု ဘု ရင် မင်း မိန့် ဆို ပြီး မှ၊ မိ ဖု ရား ယင် သော စား သောက် ပွဲ သို့၊ ဟာ မန် နှင့် အ တူ ကြွ ဝင် လေ၏။
6
စ ပျစ် ရည် ပွဲ တော် သုံး စဉ် ဘု ရင် မင်း က၊ မည် သို့ တောင်း လျှောက် လို သ နည်း။ ငါ ပေး မည်။ မည် သည် ကို လို သ နည်း။ နိုင် ငံ တော် တစ် ဝက် တိုင် အောင် ငါ ပေး မည် ဟု၊ ဧ သ တာ အား မိန့် ဆို လျှင်၊
7
ကျွန် မ တောင်း လျှောက် လို သည် ကား၊
8
အ ထံ တော်၌ မျက် နှာ သာ ရ၍၊ ကျွန် မ တောင်း လျှောက် မည့် အ လို ဆ န္ဒ ကို သ ဘော တော် မြတ် ပါ မူ၊ နက် ဖြန် ကျွန် မ ယင် မည့် စား သောက် ပွဲ သို့၊ ဟာ မန် နှင့် အ တူ ကြွ တော် မူ ပါ ဦး။ အ မိန့် တော် မြတ် ရင်း အ တိုင်း၊ ကျွန် မ အ သ နား တော် ခံ ပါ မည် ဟု တင် လျှောက် လေ ၏။
9
ဟာ မန် သည်၊ ထို နေ့ ဝမ်း မြောက် ရွှင် လန်း စွာ ထွက် သွား ရာ၊ နန်း တော် တံ ခါး ဝ တွင်၊ တုန် လှုပ် ခြင်း ကင်း လျက်၊ မ ထ ဘဲ နေ မြဲ နေ သော မော် ဒ ကဲ ကို မြင် သ ဖြင့်၊
10
ဒေါ သ ထွက် သော် လည်း၊ ချုပ် တည်း လျက် အိမ် သို့ သွား၍ မ ယား ဇေ ရက် နှင့် အ ဆွေ ခင် ပွန်း တို့ ကို ခေါ် ပြီး လျှင်၊ ကိုယ့် စည်း စိမ် ကြီး မြတ် ကြောင်း ကို လည်း ကောင်း၊
11
သား သ မီး များ ပြား ကြောင်း ကိုလည်း ကောင်း၊ ဘု ရင် မင်း သူ ကောင်း ပြု တော် မူ ကြောင်း နှင့်၊ မှူး တော် မတ် တော် ကျေး ကျွန် သင်း ပင်း တို့ ထက် နေ ရာ ထူး ပေး တော် မူ ကြောင်း ကို လည်း ကောင်း ဖော် ပြ ပြီး နောက်၊
12
မိ ဖု ရား ဧ သ တာ လည်း၊ ယင် တော် မူ သော စား သောက် ပွဲ သို့၊ ငါ မှ တစ် ပါး မည် သူ့ ကို မျှ ဘု ရင် မင်း နှင့် အ တူ ဝင် ခွင့် မ ပေး။ နက် ဖြန် နေ့ ပင် ဘု ရင် မင်း နှင့် အ တူ ငါ့ ကို ခေါ် ဖိတ် တော် မူ သေး ၏။
13
သို့ ရာ တွင်၊ နန်း တော် တံ ခါး ဝ၌၊ ယု ဒ လူ မျိုး မော် ဒ ကဲ နေ ထိုင် ခွင့် ရ သ မျှ ကာ လ ပတ် လုံး၊ ဖော် ပြ ခဲ့ သည့် အ ရာ မ လောက် သေး ပါ ဟု ဆို ရာ၊
14
မ ယား ဇေ ရက် နှင့် အ ဆွေ ခင် ပွန်း အ ပေါင်း တို့ က၊ တောင် ရေ ငါး ဆယ် မြင့် သော လည် ဆွဲ တိုင် စိုက် ပါ စေ။ ထို တိုင်၌ မော် ဒ ကဲ ကို ဆွဲ ထား စေ ရန် နက် ဖြန် သံ တော် ဦး တင် လော့။ ထို့ နောက်၊ ဘု ရင် မင်း နှင့် အ တူ၊ စား သောက် ပွဲ သို့၊ ရွှင် လန်း စွာ ဝင် ခွင့် ရ လိမ့် မည် ဟူ သော အ ကြံ ကို၊ ဟာ မန် နှစ် သက် သ ဖြင့်၊ လည် ဆွဲ တိုင် စိုက် စေ၏။