နေ​ဟ​မိ-9

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ထို လ နှစ် ဆယ့် လေး ရက် တွင်၊ ဣ သ ရေ လ အ မျိုး သား တို့ သည် လျှော် တေ ဝတ် လျက်၊ မြေ မုန့် တင် လျက်၊ အ စာ ရှောင် လျက် စည်း ဝေး ကြ သည့် ကာ လ၊
  • 2 ဣ သ ရေ လ အ မျိုး ဖြစ် သူ တို့ သည်၊ လူ မျိုး ခြား တို့ နှင့် ခွာ၍၊ ဘိုး ဘေး တို့ အ ပြစ် နှင့် ကိုယ့် အ ပြစ် များ ကို ထ ရပ် ဝန် ချ ပြီး လျှင်၊
  • 3 ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၏ ပ ည တ္တိ ကျမ်း ကို၊ နေ့ အ ချိန် လေး ပိုင်း တစ် ပိုင်း ဖတ် ရွတ် ခြင်း၊ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အား၊ အ ချိန် လေး ပိုင်း တစ် ပိုင်း ရှိ ခိုး ဝန် ချ ခြင်း များ ကို၊ မတ် တတ် ရပ် လျက် ပင် ပြု ကြ ၏။
  • 4 ထို အ ခါ ယော ရှု၊ ဗာ နိ၊ ကပ် မြေ လ၊ ရှေ ဗ နိ၊ ဗု န္နိ၊ ရှေ ရ ဘိ၊ ဗာ နိ၊ ခေ န နိ တို့ သည်၊ လေ ဝိ ဂိုဏ်း သား တို့ ပ လ္လင် ပေါ် တွင် ရပ်၍၊ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ထံ ကျယ် စွာ အော် ဟစ် ပြီး မှ၊
  • 5 လေ ဝိ ဂိုဏ်း သား ယော ရှု၊ ကပ် မြေ လ၊ ဗာ နိ၊ ဟာ ရှ ဗ နိ၊ ရှေ ရ ဘိ၊ ဟော ဒိ ယ၊ ရှေ ဗ နိ၊ ပေ သ ဟိ တို့ ဆို သည် မှာ၊ ကမ္ဘာ အ ဆက် ဆက် တည် တော် မူ သော သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အား ရပ် လျက် ဩ ဘာ ဆက် ကြ လော့။ ချီး မွမ်း ခြင်း၊ ဩ ဘာ ဆက် ခြင်း မ ကုန် နိုင် အောင် မြင့် မြတ် လျက်၊ ဘုန်း တော် နှင့် ပြည့် စုံ သော နာ မ တော် သည်၊ မင်္ဂ လာ ရှိ စေ သ တည်း။
  • 6 ကိုယ် တော် သာ လျှင် ထာ ဝ ရ ဘု ရား ဖြစ် တော် မူ လျက်၊ ကောင်း ကင် ဘ ဝဂ် နှင့် တ ကွ၊ မိုး၊ မြေ၊ ရေ မှ စ သော ရှိ ရှိ သ မျှ ကို ဖန် ဆင်း စောင့် ရှောက် တော် မူ ပါ၏။ ကောင်း ကင် ဗိုလ် ခြေ တို့ လည်း၊ ကိုယ် တော် ကို ရှိ ခိုး ကြ ပါ ၏။
  • 7 အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သည်၊ ခါ လ ဒဲ ပြည်၊ ဥ ရ မြို့ မှ အာ ဗြံ ကို ရွေး ချယ် ခေါ် ယူ ပြီး လျှင်၊ အာ ဗြ ဟံ အ မည် သစ် ကို ပေး လျက်၊
  • 8 ယုံ ကြည် သော စိတ် ရှိ သည် ကို တွေ့ တော် မူ သ ဖြင့်၊ ခါ န နိ၊ ဟိ တ္တိ၊ အာ မော ရိ၊ ဖေ ရ ဇိ၊ ယေ ဗု သိ၊ ဂိ ရ ဂါ ရှိ လူ မျိုး တို့ ပြည် ကို၊ သူ နှင့် အ ဆက် အ နွယ် တို့ အား ပေး မည် ဟူ သော ပ ဋိ ညာဉ် ကို၊ ဖြောင့် မတ် တော် မူ သည် နှင့် အ ညီ၊ အ တည် ပြု တော် မူ သော ဘု ရား ဖြစ် တော် မူ ပါ ၏။
  • 9 ကိုယ် တော် သည်၊ အိ ဂျစ် ပြည်၌ အ ကျွန်ုပ် တို့ ဘိုး ဘေး များ ခံ ရ သော ညှဉ်း ပန်း ခြင်း ကို သိ မြင်၍၊ ပင် လယ် နီ အ နီး သူ တို့ ဟစ် သံ ကို ကြား တော် မူ သ ဖြင့်၊
  • 10 ဖာ ရော မင်း နှင့် တ ကွ၊ ကျေး ကျွန် သင်း ပင်း၊ ပြည် သူ ပြည် သား တို့ ထောင် လွှား ဖိ စီး ကြ သည် ကို သိ မြင် တော် မူ သည့် အ တိုင်း၊ ထို သူ တို့ အ ပေါ်၌ သက် သေ နိ မိတ် လ က္ခ ဏာ များ ကို ပြ လျက်၊ ယ ခု ရှိ သော ဘွဲ့ နာ မ ကို ထင် ပေါ် စေ တော် မူ ပါ၏။
  • 11 ဘိုး ဘေး တို့ ရှေ့၊ ရေ ချင်း ခွဲ လျက်၊ ပင် လယ် ထဲ၌ ကြည်း ကြောင်း သွား စေ တော် မူ သည့် ပြင်၊ လိုက် လံ သူ တို့ ကို ကား၊ အား ကြီး သော ရေ ထဲ တွင် ကျောက် ကို ချ သ ကဲ့ သို့၊ နက် ရှိုင်း ရာ သို့ ချ တော် မူ ပါ ၏။
  • 12 သွား ရ သော လမ်း လင်း စေ ရန်၊ ညဉ့်၌ မီး တိုင် အား ဖြင့် လည်း ကောင်း၊ နေ့၌ တိမ် တိုင် အား ဖြင့် လည်း ကောင်း၊ ဦး တည်၍၊
  • 13 သိ နာ တောင် ပေါ် သို့၊ ဆင်း သက် တော် မူ ပြီး လျှင်၊ မှန် ကန် သော ဆုံး ဖြတ် ချက်၊ ဥ ပ ဒေ ချက် များ ကို လည်း ကောင်း၊ မွန် မြတ် သော ထုံး ဖွဲ့ ချက်၊ မိန့် မှာ ချက် များ ကို လည်း ကောင်း၊ ကောင်း ကင် မှ မိန့် မြွက် တော် မူ သည့် ပြင်၊
  • 14 ကျွန် တော် ရင်း မော ရှေ အား ဖြင့်၊ သန့် ရှင်း ရာ ဥ ပုသ် နေ့ တော်၊ ပ ညတ် တ ရား တော် နှင့်၊ မိန့် မှာ ထုံး ဖွဲ့ ချက် များ ကို ဖော် ပြ တော် မူ ပါ၏။
  • 15 မွတ် သိပ် သော အ ခါ၊ မိုး ကောင်း ကင် မှ အ စာ ကို လည်း ကောင်း၊ ငတ် သော အ ခါ၊ ကျောက် တောင် မှ ရေ ကို လည်း ကောင်း၊ ထုတ် ပေး တော် မူ၍၊ သ နား မည် ဟု လက် ရုံး မြှောက် ကာ သ စ္စာ ဆို တော် မူ ခဲ့ သော ပြည် သို့ ဝင် ရောက် ပိုင် ယူ ရန် မိန့် တော် မူ ရာ၊
  • 16 ဘိုး ဘေး တို့ ထောင် လွှား၍၊ စိတ် ခဲ ယဉ်း လျက်၊ အ မိန့် ပ ညတ် တော် များ ကို မ နာ မ ယူ။
  • 17 သူ တို့ ရှေ့ ပြု တော် မူ ခဲ့ သော အံ့ ဖွယ် ရာ များ ကို သ တိ မ ရ ဘဲ၊ ခဲ ယဉ်း သော စိတ် နှင့် ပုန် ကန် လျက်၊ ကျွန် အ ဖြစ် သို့ ပြန် ရောက် စိမ့် သော ငှာ၊ ဗိုလ် မှူး ကို တင် မြှောက် ကြ၏။ ကိုယ် တော် မူ ကား၊ ကျေး ဇူး ပြု သော သ ဘော၊ သ နား သော သ ဘော၊ စိတ် ရှည် သော သ ဘော၊ က ရု ဏာ ကြွယ် ၀ သော သ ဘော ရှိ၍၊ ချမ်း သာ စေ သော ဘု ရား ဖြစ် သည် နှင့် အ ညီ စွန့် တော် မ မူ ချေ။
  • 18 နွား ရုပ် ကို သွန်း လုပ်၍၊ ဤ ရုပ် တု သည်၊ သင် တို့ ကို အိဂျစ် ပြည် မှ ထုတ် ဆောင် ခဲ့ သော၊ သင် တို့ ဘု ရား ဖြစ် သည် ဟု၊ များ စွာ တော် လှန် ပြစ် မှား ကြ သော် လည်း၊
  • 19 ကိုယ် တော် သည်၊ များ လှ သော က ရု ဏာ တော် ကြောင့်၊ သဲ က န္တာ ရ တွင် စွန့် တော် မ မူ ဘဲ၊ နေ့၌ ဦး တည် ရန် တိမ် တိုက် ကိုလည်း ကောင်း၊ ညဉ့်၌ သွား ရ သော လမ်း လင်း စေ ရန် မီး တိုင် ကိုလည်း ကောင်း ရုပ် သိမ်း တော် မ မူ။
  • 20 သူ တို့ ကျွမ်း ကျင် လိမ် မာ စေ ရန် မွန် မြတ် သော ဝိ ညာဉ် တော် ကို ပေး တော် မူ သည့် ပြင်၊ မ န္န မုန့် တော် ကို သူ တို့ ခံ တွင်း မှ မ ရုပ် သိမ်း ဘဲ၊ အ ငတ် ဖြေ ရန် ရေ ကို လည်း သ နား တော် မူ လျက်၊
  • 21 သဲ က န္တာ ရ တွင်၊ နှစ် ပေါင်း လေး ဆယ် ပတ် လုံး၊ မ တောင့် မ တ ရ အောင် စား နပ် ရိ က္ခာ ကို ထောက် မ တော် မူ၍၊ အ ဝတ် နွမ်း ရိ ခြင်း၊ ခြေ ပေါက် ကွဲ ခြင်း များ မ ရှိ ရ ချေ။
  • 22 လူ မျိုး ခြား တို့၏ တိုင်း နိုင် ငံ များ ကို ပေး၍၊ တစ် ဘက် စွန်း မှ တစ် ဘက် စွန်း တိုင် အောင် ချ ထား တော် မူ သ ဖြင့်၊ ရှိ ဟုန် မင်း ပိုင် ဟေ ရှ ဘုန် ပြည် နှင့်၊ ဩ ဃ မင်း ပိုင် ဗာ ရှန် ပြည် များ ကို အ ပိုင် ပေး တော် မူ ပြီး လျှင်၊
  • 23 သား မြေး တို့ ကို ကောင်း ကင် ကြယ် လုံး နှင့် အ မျှ များ ပြား စေ လျက်၊ ဝင် ရောက် ပိုင် ယူ မည် ဟု၊ ဘိုး ဘေး တို့ အား က တိ ထား တော် မူ သော ပြည် သို့ ပို့ ဆောင် တော် မူ သည် နှင့်၊
  • 24 သား မြေး တို့ ဝင် ရောက် ပိုင် ယူ ကြ ရာ၊ ခါ န နိ လူ မျိုး မှ စ သော တိုင်း ရင်း သား တို့ ကို၊ ဘု ရင် မင်း များ ပါ၊ သူ တို့ ရှေ့ ရှုံး နိမ့် လျက်၊ အ လို ရှိ ရာ ပြု နိုင် ကြ စေ ရန် လက် တွင်း သို့ အပ် နှင်း တော် မူ သည့် အ တိုင်း၊
  • 25 သူ တို့ သည် ပြန့် ပြော သော ပြည်၊ ခံ တပ် မြို့ များ ကို သိမ်း ယူ၍။ ဘ ဏ္ဍာ အ မျိုး မျိုး ပြည့် သော တိုက် အိမ်၊ ဖော် ပြီး ရေ ကန်၊ စ ပျစ်၊ သံ လွင် ခြံ၊ အ သီး သီး သော အ ပင် ပါ၊ အ မြောက် အ မြား ကို ပိုင် ရ သ ဖြင့်၊ မ ဟာ ကျေး ဇူး တော် ကြောင့် စား သောက် ဝ ဖြိုး ရွှင် မြူး ကြ ကုန်၏။
  • 26 သို့ ရာ တွင် ကိုယ် တော် ကို ပုန် ကန် ခြင်း၊ တ ရား တော် ကို ဖီ ဆန် ကျော ခိုင်း ခြင်း၊ အ ထံ တော် သို့ ပြန် လှည့် ရန် နှိုး ဆော် သော ပ ရော ဖက် တော် တို့ ကို ကွပ် မျက် ခြင်း များ နှင့် ပြစ် မှား တော် လှန် ကြ သည့် အ တွက်၊
  • 27 နှိပ် စက် သော ရန် သူ တို့ လက် သို့ အပ် လိုက် တော် မူ ရာ၌၊ နှိပ် စက် ခံ ရ၍ ကိုယ် တော် ထံ အော် ဟစ် ကြ သော အ ခါ၊ ကောင်း ကင် ဘုံ မှ နား ညောင်း လျက်၊ များ လှ သော က ရု ဏာ တော် အ လျောက်၊ ရန် သူ တို့ လက် တွင်း မှ ကယ် ဆယ် မည့် သူ တို့ ကို ပေါ် ထွန်း စေ တော် မူ ပါ ၏။
  • 28 တစ် ဖန် ငြိမ်း ချမ်း ခွင့် ရ၍၊ မျက် မှောက် တော် တွင် ဆိုး သွမ်း မှု ကို ပြု ကျင့် ကြ သည့် ကာ လ၊ ကိုယ် တော် သည် နှိပ် နင်း သော ရန် သူ တို့ လက် တွင်း သို့ အပ် ပြန် သည် နှင့်၊ ကိုယ် တော့် ထံ ပြန် လှည့် အော် ဟစ် ကြ ပြန် ရာ၊ ကောင်း ကင် ဘုံ မှ နား ညောင်း တော် မူ လျက်၊ များ လှ သော က ရု ဏာ တော် အ လျောက်၊ အ ဖန် ဖန် ကယ် ဆယ် တော် မူ ပြီး လျှင်၊
  • 29 တ ရား တော် သို့ ပြန် လှည့် စေ ခြင်း ငှာ တိုက် တွန်း နှိုး ဆော် တော် မူ ပါ၏။ သို့ ရာ တွင် ထောင် လွှား သော စိတ် နှင့်၊ ပ ညတ် တော် များ ကို မ နာ ခံ ဘဲ၊ ပြု ကျင့် သူ တိုင်း အ သက် တည် ရာ တည် ကြောင်း ဖြစ် သော ဆုံး ဖြတ် တော် မူ ချက် များ ကို လွန် ကျူး၍၊ စိတ် ခဲ ယဉ်း သ ဖြင့် တွန့် ဆုတ် လျက် မ နာ မ ယူ ကြ ချေ။
  • 30 နှစ် ကာ လ များ စွာ သည်း ခံ၍၊ ဝိ ညာဉ် တော် ထောက် ခံ သူ ပ ရော ဖက် တော် တို့ အား ဖြင့်၊ နှိုး ဆော် တော် မူ သော် လည်း၊ နား မ ထောင် ကြ သ ဖြင့်၊ ဤ နိုင် ငံ သား တို့ လက် တွင်း သို့ အပ် နှင်း တော် မူ ရာ၊
  • 31 ကျေး ဇူး က ရု ဏာ နှင့် ပြည့် စုံ သော ဘု ရား ဖြစ်၍၊ များ လှ သော က ရု ဏာ တော် အ လျောက်၊ အ ကုန် အ စင် ဖျက် ဆီး စွန့် ပစ် တော် မ မူ ပါ။
  • 32 ထို ကြောင့်၊ ပ ဋိ ညာဉ် နှင့် က ရု ဏာ တော် ကို စောင့် လျက်၊ တန် ခိုး ကြီး၍ ကြောက် မက် ဖွယ် ရာ မ ဟာ ဘု ရား၊ အို အ ကျွန်ုပ် တို့ ဘုရား သ ခင်၊ အာ ရှု ရိ ဘု ရင် တို့ လက် ထက် မှ ယ ခု တိုင် အောင်၊ အ ကျွန်ုပ် တို့ ဘု ရင် များ၊ မှူး မတ် များ၊ ပ ရော ဟိတ် များ၊ ပ ရော ဖက် များ၊ ဘိုး ဘေး များ နှင့် လူ မျိုး တော် အ ပေါင်း တို့ အ ပေါ် တွင်၊ သင့် ရောက် သော ဒု က္ခ ကို အ ရေး မ ယူ သင့် ဟု မှတ် တော် မ မူ ပါ လင့်။
  • 33 ကိုယ် တော် သည်၊ အ ကျွန်ုပ် တို့ အ ပေါ် သို့ သင့် ရောက် သ မျှ အ ရာ ရာ၌၊ ဖြောင့် မတ် တော် မူ ပါ၏။ အ ကျွန်ုပ် တို့ ပြစ် မှား သော် လည်း၊ ကိုယ် တော် သ စ္စာ စောင့် တော် မူ၏။
  • 34 အ ကျွန်ုပ် တို့ ဘု ရင်၊ မှူး မတ်၊ ပ ရော ဟိတ်၊ ဘိုး ဘေး များ တို့ လည်း။ တ ရား တော် ကို မ စောင့် မ ရှောက်။ တိုက် တွန်း နှိုး ဆော် တော် မူ ချက် နှင့်၊ ပ ညတ် တော် များ ကို မ နာ မ ယူ ကြ။
  • 35 ထို သူ တို့ သည်၊ ကိုယ့် နိုင် ငံ၌ လည်း ကောင်း၊ ပေး သ နား တော် မူ သော မ ဟာ ကျေး ဇူး တော် နှင့် အ ညီ ပြန့် ပြော ကျယ် ဝန်း ရာ ပြည် ၌ လည်း ကောင်း၊ အ မှု တော် ကို မ ဆောင်၊ ဒု စ ရိုက် ကို လည်း မ ကြဉ် မ ရှောင် ကြ ချေ။
  • 36 အ ကျွန်ုပ် တို့ သည် ယ ခု ကာ လ ကျွန် သက် သက် ဖြစ် ကြ ပါ၏။ အ သီး အ နှံ စား သောက် ရန်၊ ဘိုး ဘေး တို့ အား ပေး တော် မူ ခဲ့ သော ဤ ပြည် တွင် ပင်၊ ကျွန် ဖြစ် ကြ ပါ၏။
  • 37 အ ပြစ် များ ကြောင့် အ ကျွန်ုပ် တို့ အ ပေါ် တွင် ခန့် ထား တော် မူ သော ဘု ရင် တို့ သည်၊ ဤ ပြည် ကျိုး ကို များ စွာ ခံ စား ရ သည့် ပြင်၊ အ ကျွန်ုပ် တို့ အ သက် ဦး ဆံ နှင့် တိ ရ စ္ဆာန် များ ပါ၊ အ လို ရှိ ရာ စိုး ပိုင် ကြ ပါ၏။ အ ကျွန်ုပ် တို့ မှာ မူ၊ ကြီး စွာ သော နှိပ် စက် ခြင်း ကို ခံ ရ ကြ ပါ၏။
  • 38 သို့ ဖြစ် လျက် ပင် အ ကျွန်ုပ် တို့ သည်၊ တည် မြဲ သော ပ ဋိ ညာဉ် စာ ချုပ် ကို ရေး ထား ၍၊ မှူး မတ်၊ လေ ဝိ ဂိုဏ်း သား၊ ပ ရော ဟိတ် တို့ တံ ဆိပ် ခတ် ကြ ပြီ ဟု မြွက် ဆို ကြ ၏။
回到本卷目录 回到本版本目录 回到首页