နေ​ဟ​မိ-8

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ရေ တံ ခါး ရှေ့ ကျယ် ဝန်း သော အ ရပ် သို့ တစ် ဦး တည်း ကဲ့ သို့ လာ ရောက် စု ရုံး လျက်၊ ဣ သ ရေ လ လူ မျိုး အား ထာ ဝ ရ ဘု ရား ထား တော် မူ ခဲ့ သော၊ မော ရှေ၏ ပ ည တ္တိ ကျမ်း ကို ထုတ် ယူ ပါ မည့် အ ကြောင်း၊ ကျမ်း တတ် ဆ ရာ ဧ ဇ ရ ကို တောင်း ပန် ကြ သည် နှင့် အ ညီ၊
  • 2 ထို သ တ္တ မ လ တစ် ရက်၌၊ နား ထောင် နာ ယူ ရန်၊ လုံ လောက် သော ယောက်ျား မိန်း မ ပ ရိ သတ် ရှေ့၊ ပ ည တ္တိ ကျမ်း ကို ပ ရော ဟိတ် ဧဇရ ထုတ် ယူ ပြီး လျှင်၊
  • 3 ၎င်း အ ရပ်၊ ထို သူ တို့ ရှေ့၊ နံ နက် မှ စ၍ မွန်း တည့် တိုင် အောင်၊ ပ ည တ္တိ ကျမ်း ကို ဖတ် ရွတ် ရာ၊ စေ့ စေ့ နား ထောင် ကြ၏။
  • 4 မ တ္တိ သိ၊ ရှေ မ၊ အ နာ ယ၊ ဥ ရိ ယ၊ ဟိ လ ခိ၊ မာ သေ ယ တို့ သည်၊ ယာ ဘက်၌ လည်း ကောင်း၊ ပေ ဒါ ယ၊ မိ ရှေ လ၊ မာ လ ခိ ယ၊ ဟာ ရှုံ၊ ဟာ ရှ ဗ ဒါ န၊ ဇာ ခ ရိ၊ မေ ရှု လံ တို့ သည်၊ ဝဲ ဘက်၌ လည်း ကောင်း ရပ် နေ လျက်၊ လူ ပ ရိ သတ် အ ထက်၊ သစ် သား ဖြင့် လုပ် ပြီး တ ရား ပလ္လင် ပေါ် တွင်၊ ရပ် နေ သော ကျမ်း တတ် ဆ ရာ ဧ ဇ ရ သည်၊
  • 5 ပ ရိ သတ် ရှေ့ ကျမ်း စာ ကို ဖွင့် သော အ ခါ၊ ပ ရိတ် သတ် ဥဿုံ ထ ရပ် ကြ ၏။
  • 6 ဧ ဇ ရ သည်၊ မ ဟာ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အား ဩ ဘာ ဆက် ရာ၊ လက် အုပ် ချီ သော ပ ရိ သတ် သည်၊ အာ မင်၊ အာ မင် ဟု ဝန် ခံ လျက်၊ ထာ ဝ ရ ဘု ရား ကို ဦး ညွှတ် ပျပ် ဝပ် ရှိ ခိုး ပြီး လျှင်၊ နေ ရာ မှ ထ ရပ် ကြ ရာ၊
  • 7 လေ ဝိ ဂိုဏ်း သား ယော ရှု၊ ဗာ နိ၊ ရှေ ရ ဘိ၊ ယာ မိန်၊ အ က္ကုပ်၊ ရှ ဗ္ဗေ သဲ၊ ဟော ဒိ ယ၊ မာ သေ ယ၊ ကေ လိ တ၊ အာ ဇ ရိ၊ ယော ဇ ဗဒ်၊ ဟာ နန်၊ ဝေ လာ ယ တို့ သည်၊ ဘု ရား သ ခင်၏ ပ ညတ် တ္တိ ကျမ်း ကို ရှင်း လင်း စွာ ဖတ် ရွတ်၍၊ လူ ပ ရိ သတ် နား လည် စေ ရန် အ နက် ကို ဖော် ပြ သွန် သင် ကြ ၏။
  • 8
  • 9 ပ ည တ္တိ ကျမ်း ချက် ကို ကြား နာ သော ပ ရိ သတ် တို့ ငို ကြွေး ကြ သည် ဖြစ်၍၊ ဘု ရင် ခံ နေ ဟ မိ၊ ကျမ်း တတ် ပ ရော ဟိတ် ဧ ဇ ရ တို့ နှင့်၊ ပ ရိ သတ် အား သွန် သင် သင် သူ လေ ဝိ ဂိုဏ်း သား တို့ က၊ ဤ နေ့ ကား၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အ ဖို့ သီး သန့် သော နေ့ ဖြစ် သော ကြောင့်၊ ငို ကြွေး မြည် တမ်း ခြင်း ကို မ ပြု ရ ဟု နှိုး ဆော် ကြ သည့် ပြင်၊
  • 10 ငါ တို့ အ ရှင် ဘု ရား အ ဖို့ သီး သန့် သော နေ့ ဖြစ် သည် နှင့် အ ညီ၊ ချို မြိန် ရာ ကို သွား၍ စား သောက် လျက်၊ ပြင် ဆင် ရန် မဲ့ သူ တို့ အား လည်း ဝေ ငှ ကြ လော့။ ထာ ဝ ရ ဘု ရား ကြောင့် ရွှင် လန်း ခွင့် သည် သင် တို့၏ ခံ တပ် သ ဖွယ် ဖြစ်၍ ဝမ်း မ နည်း ကြ နှင့် ဟု မိန့် ဆို သည့် အ လျောက်၊ သီး သန့် သော နေ့ ဖြစ် သည့် အ တွက်၊
  • 11 ဝမ်း မ နည်း ဘဲ ဆိတ် ဆိတ် နေ ကြ လော့ ဟု၊ ပ ရိ သတ် ငြိမ် သက် စေ ရန်၊ လေ ဝိ ဂိုဏ်း သား တို့ ထပ် ပြော ကြ ၏။
  • 12 လူ ပ ရိ သတ် တို့ လည်း၊ ဟော ပြော ချက် ကို နား လည် သော ကြောင့်၊ အား ရ ဝမ်း မြောက် စွာ စား သောက် ခြင်း၊ ဝေ ငှ ခြင်း များ ကို ပြု ရန် သွား ကြ ကုန် ၏။
  • 13 ဒု တိ ယ နေ့ ရက် တွင်၊ တစ် မျိုး လုံး ဆိုင် ရာ အိမ် ထောင် အ အုပ် အ ချုပ် များ၊ ပ ရော ဟိတ် များ၊ လေ ဝိ ဂိုဏ်း သား များ တို့ သည်၊ ပညတ္တိ ကျမ်း ချက် ကို ကျွမ်း ကျင် လိမ္မာ ရန်၊ ကျမ်း တတ် ဆ ရာ ဧ ဇ ရ ထံ စု ရုံး ကြ ရာ၊
  • 14 ပ ဌ မ လ ပူ ဇော် ပွဲ တွင်၊ ဣ သ ရေ လ အ မျိုး သား တို့ သည်၊ တဲ၌ တည်း ခို ကြ ရ မည့် အ ကြောင်း နှင့်၊ တောင် ပေါ် သို့ တက်၍၊ သံ လွင် အ ယဉ် အ ရိုင်း၊ ကျောက် ပန်း၊ စွန် ပ လွံ မှ စ သော အ ရွက် ဖြာ သည့် အ ခက် အ လက် များ ကို၊ ကျမ်း ဆို ချက် အ တိုင်း ယူ ဆောင် တဲ ထိုး ကြ လော့ ဟု၊ ယေ ရု ရှ လင် မြို့ နှင့် တ ကွ မြို့ ရွာ တိုင်း ကြော် ငြာ ကြ ရ မည့် အ ကြောင်း၊ မော ရှေ အား ဖြင့် ထာ ဝ ရ ဘု ရား မိန့် တော် မူ ခဲ့ သည် ကို ပ ည တ္တိ ကျမ်း၌ တွေ့ ကြ သည် နှင့် အ ညီ၊ မြို့ သား တို့ ထွက် သွား ဆောင် ယူ လျက်၊
  • 15
  • 16 ကိုယ့် တိုက် မိုး ပေါ်၊ ကိုယ့် ဝင်း အ တွင်း၊ ဗိ မာန် တော် တံ တိုင်း တွင်၊ ရေ တံ ခါး နှင့် ဧ ဖ ရိမ် တံ ခါး အ နီး၊ ကျယ် ဝန်း ရာ များ တွင် တဲ ထိုး ကြ ၏။
  • 17 သိမ်း သွား ရာ မှ ပြန် လာ ရ သော ပ ရိ သတ် ဥဿုံ လည်း၊ တဲ ထိုး၍ ဝမ်း မြောက် စွာ ထိုင် နေ ကြ သည် မှာ၊ နုန့် သား ယော ရှု လက် ထက် မှ ထို နေ့ တိုင် အောင်၊ ဣ သ ရေ လ အ မျိုး သား တို့ ဤ မျှ လောက် မ ကျင်း ပ ကြ ချေ။
  • 18 ခု နစ် ရက် ပတ် လုံး ပွဲ ကို ကျင်း ပ ကြ စဉ်၊ ပ ဌ မ နေ့ မှ နောက် ဆုံး နေ့ တိုင် အောင်၊ ဘုရား သခင်၏ ပ ည တ္တိ ကျမ်း ကို နေ့ စဉ် ဖတ် ရွတ် လျက်၊ ရှစ် ရက် မြောက် သော နေ့၌ ဆုံး ဖြတ် ချက် အ ရ၊ အ စု အ ရုံး ကြီး ကို ပြု ကြ ကုန်၏။
回到本卷目录 回到本版本目录 回到首页