1
အာ တ ဇေ ရဇ် မင်း နန်း စံ နှစ် ဆယ်၊ နိ သန် လ တွင်၊ ရှေ့ တော် သို့ စ ပျစ် ရည် သွင်း စဉ်၊ ငါ ယူ၍ ဆက် လေ ၏။ ယ မန် ရှေ့ တော် တွင် ငါ့ မျက် နှာ တစ် ခါ မျှ ညှိုး ဖူး သည် မ ဟုတ်။
2
ဘု ရင် မင်း က၊ ကျန်း ခန့် လျက် အ ဘယ့် ကြောင့် မျက် နှာ ညှိုး ရ သ တည်း။ မု ချ စိတ် ပူ လိမ့် တ ကား ဟု မိန့် တော် မူ လျှင်၊ ငါ သည် အ လွန် ကြောက် လျက်၊
3
ကာ လ အ စဉ် ဘု ရင် မင်း မြတ် သက် တော် ရှည် ပါ စေ သော၊ ကျွန် တော့် ဘိုး ဘေး သင်္ချိုင်း ရှိ ရာ မြို့ သည်၊ ဖုန်း ဆိုး ကုန်း ဖြစ် လျက်၊ တံ ခါး လည်း မီး ကျွမ်း လောင် သော ကြောင့်၊ မျက် နှာ မ ညှိုး ဘဲ မည် သို့ နေ နိုင် ပါ အံ့ နည်း ဟု တင် လျှောက် သော်၊
4
ဘု ရင် မင်း က၊ မည် သည့် အ ရာ ကို တောင်း လို သ နည်း ဟု မေး တော် မူ ရာ၊ ငါ သည် မိုး ကောင်း ကင့် ရှင် ဘု ရား သ ခင် ကို အာ ရုံ ပြု၍၊
5
ဘု ရင် မင်း အား၊ ရှေ့ တော် တွင် ကျွန် တော် မျိုး မျက် နှာ သာ ရ လျက် သ ဘော တော် မြတ် ပါ က၊ ဘိုး ဘေး သင်္ချိုင်း ရှိ ရာ မြို့ ကို ပြု စု ရန်၊ ယု ဒ ပြည် သို့ ကျွန် တော် မျိုး သွား ခွင့် ပြု တော် မူ ပါ ဟု တင် လျှောက် လေ ၏။
6
ထို အ ခါ၊ မြောက် သား တော် နှင့် နှစ် ပါး စံ နေ ခိုက်၊ သွား မည့် ကာ လ နှင့် ပြန် မည့် ကာ လ ကို မေး တော် မူ သည့် အ တိုင်း၊ အ ချိန် ကို ငါ တင် လျှောက် ပြီး မှ၊ ဘု ရင် မင်း သ ဘော တော် မြတ် သ ဖြင့်၊ ငါ့ ကို ခွင့် ပြု တော် မူ လိုက် ရာ၊
7
ငါ က သ ဘော တော် မြတ် ပါ လျှင်၊ မြစ် ကြီး အ နောက် ဘက် ဘု ရင် ခံ တို့ ထံ၊ ယု ဒ ပြည် သို့ ကျွန် တော် အား သွား ခွင့် ပြု စေ ရန် အ မှာ တော် စာ ကို လည်း ကောင်း၊
8
သစ် တော ဝန် အာ သပ် အား လည်း၊ ဗိ မာန် တော် ရဲ တိုက်၊ မြို့ ရိုး၊ တည်း အိမ်၊ တံ ခါး ထုပ် များ အ ဖြစ် သစ် ပေး စေ ရန် အ မှာ တော် စာ ကိုလည်း ကောင်း၊ သ နား တော် မူ ပါ ဟု တောင်း လျှောက် သည် နှင့် အ ညီ၊ ငါ့ အ ပေါ် တွင်၊ ကိုယ့် ဘု ရား သ ခင့် မြင့် မြတ် သော လက် တော် တည် ရှိ သော ကြောင့်၊ ဘု ရင် မင်း ပေး တော် မူ ၏။
9
ထို နောက်၊ ဘု ရင် မင်း ထည့် လိုက် သော ဗိုလ် မှူး နှင့် မြင်း စီး သူ ရဲ တို့ ပါ၊ မြစ် ကြီး အ နောက် ဘက် ဘု ရင် ခံ တို့ ထံ ရောက်၍ အ မှာ တော် စာ ကို ငါ တင် ပြ ရာ၊
10
ဣ သ ရေ လ အ မျိုး သား တို့ အား အ ကျိုး ပြု စု ရန် လူ တစ် ယောက် လာ ကြောင်း ကို၊ ဟော ရုန် မြို့ သား သ မ္ဘာ လတ် နှင့် ကျွန် ဖြစ် သူ၊ အ မ္မုန် အ မျိုး တော ဘိ ယ တို့ ကြား လျှင်၊ အ လွန် တစ် ရာ ဝန် တို ကြ သ တည်း။
11
ငါ သည် ယေ ရု ရှ လင် မြို့ သို့ ရောက်၍ သုံး ရက် နေ ပြီး မှ၊
12
ယေ ရု ရှ လင် မြို့ အ ဖို့ ငါ့ ဘု ရား သ ခင် ပေး တော် မူ သော အ ကြံ အ စည် ကို မည် သူ့ အား မျှ မ ဖော် ပြ ဘဲ၊ ညဉ့် အ ခါ ထ ပြီး လျှင်၊ ငါ သာ လား စီး လျက်၊ နောက် ပါ သူ အ ချို့ နှင့် တ ကွ၊ ချိုင့် တံ ခါး ဖြင့် ထွက် ၍၊
13
န ဂါး ခေါ် ရေ တွင်း တူ ရူ၊ အာ လ ဝီ တံ ခါး ရောက် သွား လျက်၊ ပြို ပျက် သော မြို့ ရိုး နှင့် မီး ကျွမ်း လောင် သော တံ ခါး များ ကို ကြည့် ရှု ဆင် ခြင် ပြီး လျှင်၊
14
စမ်း တွင်း တံ ခါး နှင့် ရေ ကန် တော် တိုင် အောင် ဆက် သွား ရာ၊ လား လမ်း မ ရှိ သော ကြောင့်၊
15
ညဉ့် ချင်း ပင် ချောင်း လမ်း ဖြင့် စီး သွား၍၊ မြို့ ရိုး ကို ကြည့် ရှု ဆင် ခြင် ပြီး နောက်၊ ချိုင့် တံ ခါး မှ ပြန် ဝင် လေ ၏။
16
မည် သို့ သွား သည်၊ မည် သို့ ကြံ စည် သည် ကို အ ရာ ရှိ တို့ မ သိ။ ယု ဒ အ သည် သား၊ ပ ရော ဟိတ်၊ မှူး မတ်၊ အ ရာ ရှိ မှ စ၍၊ လုပ် ဆောင် အံ့ သူ တစ် စုံ တစ် ယောက် အား မျှ၊ ကိုယ့် အ ကြံ ကို မ ဖော် မ ပြ သေး။
17
ထို နောက် ငါ က၊ ယေ ရု ရှ လင် မြို့ ဖုန်း ဆိုး ကုန်း ဖြစ် ခြင်း၊ တံ ခါး လည်း မီး လောင် ခြင်း၊ ငါ တို့ ခံ ရ သော ဒု က္ခ များ ကို သင် တို့ သိ မြင် ကြ၏။ ယေ ရု ရှ လင် မြို့ ရိုး ကို တည်၍ ကဲ့ ရဲ့ ခြင်း ကင်း အံ့ သော ငှာ၊ သွား ကြ ကုန် အံ့ ဟု ဆို လျက်၊
18
ငါ့ အ ပေါ် တွင် ကိုယ့် ဘု ရား သ ခင်၏ မြင့် မြတ် သော လက် တော် တည် ရှိ ကြောင်း ကို လည်း ကောင်း၊ ဘု ရင် မင်း အ မိန့် တော် ကို လည်း ကောင်း၊ ကြား ပြော လျှင်၊ သူ တို့ က၊ ထ၍ တည် လုပ် ကြ ကုန် အံ့ ဟု ဆို လျက်၊ ထို ကောင်း သော အ မှု ကို ပြု ရန် အ ချင်း ချင်း အား ပေး ကြ ၏။
19
ထို သ တင်း ကို ဟော ရုန် မြို့ သား သ မ္ဘာ လတ်၊ ကျွန် ဖြစ် သော အ မ္မုန် အ မျိုး တော ဘိ ယ၊ အာ ရပ် အ မျိုး ဂေ ရှင် တို့ ကြား သိ လျှင်၊ သင့် အ ကြံ အ စည် ကား အ သို့ နည်း။ ဘု ရင် မင်း ကို ပုန် ကန် မည် လော ဟု၊ ကဲ့ ရဲ့ ပြက် ရယ် မေး မြန်း ကြ ရာ၊
20
ငါ က၊ မိုး ကောင်း ကင့် ရှင် ဘု ရား သ ခင် သည်၊ ငါ တို့ အ ကြံ ထ မြောက် စေ တော် မူ မည် ဖြစ် ၍၊ ကိုယ် တော့် ကျွန် ဖြစ် သော ငါ တို့ တည် လုပ် ကြ ပါ လိမ့် မည်။ သင် တို့ မူ ကား၊ ယေ ရု ရှ လင် မြို့ နှင့် ဘာ မျှ မ ဆိုင် မ ပိုင်၊ အ မှတ် အ သား မ ရှိ ဟု ပြန် ပြော လေ ၏။