1
ထို အ ခါ ဆင်း ရဲ သား ယောက်ျား၊ မိန်း မ တို့ သည်၊ ယု ဒ လူ မျိုး ချင်း တို့ ကို ဟစ်၍ မြည် တွန် ကြ သည် မှာ။
2
အ ချို့ က၊ ငါ တို့ နှင့် သား သ မီး ပါ များ လှ၏။ စ ပါး ဆန် ကို လု ယူ၍ စား သောက် အ သက် မွေး ကြ ကုန် အံ့ ဟူ ၍ လည်း ကောင်း၊ အ ချို့ က၊ ငါ တို့ သည်၊
3
လယ် ယာ၊ စ ပျစ် ခြံ၊ အိမ် များ ကို ပေါင် နှံ ရ တော့ မည်။ မွတ် သိပ် သည့် အ တွက် ဆန် စ ပါး ကို လု ယူ ကြ ကုန် အံ့ ဟူ၍ လည်း ကောင်း၊
4
အ ချို့ က၊ ငါ တို့ သည်၊ လယ် ယာ၊ စ ပျစ် ခြံ များ ကို ပေါင်၍ အ ခွန် တော် အ တွက် ငွေ ချေ ရ၏။
5
ငါ တို့ ကိုယ် ခ န္ဓာ သည်၊ သား ချင်း တို့ ကိုယ် ခ န္ဓာ၊ သား သ မီး လည်း၊ ချင်း တို့ သား သ မီး နှင့် တူ လျက် ပင်၊ သား သ မီး တို့ ကို ကျွန် အ ဖြစ် သို့ ရောက် စေ ရ တော့ မည်။ ရောက် ပြီး သ မီး တို့ အ ဖို့ လည်း၊ ပိုင် ရင်း၊ လယ် ယာ၊ စ ပျစ် ခြံ များ ကို သူ တစ် ပါး ရ ပြီ ဖြစ် သော ကြောင့်၊ လက် ရုံး ရည် မ ရှိ စွ တ ကား ဟူ၍ လည်း ကောင်း ဆို ကြ ၏။
6
ထို သို့ မြည် တွန် သော စ ကား ကို ငါ ကြား ရ သော အ ခါ၊ အ လွန် အ မျက် ထွက်၍။
7
အ လို အ လျောက် ဆင် ခြင် ပြီး မှ၊ မှူး မတ် အ ရာ ရှိ တို့ ကို အ ပြစ် တင် သည် မှာ၊ သင် တို့ သည် အ မျိုး သား ချင်း တို့၌ အ တိုး စား ကြ သည် တ ကား ဟု ငါ ဆို ပြီး လျှင်၊ သူ တို့ ရှိ ရာ ပ ရိ သတ် ကြီး ကို စု ရုံး စေ လျက်၊
8
လူ မျိုး ခြား တို့ ထံ ရောင်း ချ ခဲ့ ပြီး သော ယု ဒ အ မျိုး သား ချင်း တို့ ကို၊ တတ် နိုင် သ မျှ ငါ တို့ ရွေး နုတ် ကြ ပြီ။ သင် တို့ ကား၊ ကိုယ့် အမျိုး သား ချင်း တို့ ကို ရောင်း ချ၍၊ ငါ တို့ ရွေး နုတ် ရ မည် လော ဟု ဆို လျှင်၊ သူ တို့ သည် မ ပြော ဝံ့ ဘဲ ဆိတ် ဆိတ် နေ ကြ၏။
9
ငါ က လည်း၊ သင် တို့ ပြု သော အ မှု မ ကောင်း လေ စွ။ ရန် သူ လူ မျိုး ခြား တို့ ကဲ့ ရဲ့ မည် ဟု စိုး ရိမ် လျက်၊ ငါ တို့ ဘု ရား သ ခင် ကို ခန့် ညား သော စိတ် နှင့် ကျင့် ကြံ သင့် သည် မ ဟုတ် လော။
10
ငါ နှင့် တ ကွ ညီ အစ် ကို များ၊ ငယ် သား များ တို့ လည်း၊ ငွေ၊ ဆန် စ ပါး များ ကို၊ အ တိုး စား၍ ချေး ငှား တတ် ကြ၏။ အ တိုး စား သော ဓလေ့ ကို စွန့် ပယ် ကြ ကုန် အံ့။
11
ယ နေ့ တွင် ပင်၊ သူ တို့ လယ် ယာ၊ စ ပျစ်၊ သံ လွင် ခြံ၊ အိမ် များ ကိုလည်း ကောင်း၊ တစ် ရာ လျှင် တစ် ခိုင် ကျ ခွဲ ယူ သော၊ ငွေ၊ ဆန် စ ပါး၊ စပျစ် ရည်၊ ဆီ များ ကိုလည်း ကောင်း၊ ပြန် ပေး ကြ ကုန် အံ့ ဟု ငါ ဆို သော်၊ သူ တို့ က အ မိန့် အ တိုင်း ပြန် ပေး ပါ မည်။
12
မည် သည် ကို မျှ မ တောင်း မ ယူ ပါ ဟု၊ ဝန် ခံ ကြ သည့် အ တိုင်း၊ ပ ရော ဟိတ် တို့ ကို ငါ ခေါ်၍၊ က တိ နှင့် အ ညီ ပြန် ပေး ပါ မည် ဟု သ စ္စာ ဆို စေ ပြီး လျှင်၊
13
ကိုယ့် ခါး ပိုက် ကို ခါ လျက်၊ က တိ ဖျက် သူ တို့ ကို၊ နေ အိမ် နှင့် ချွေး နှဲ စာ မှ၊ ဘု ရား သ ခင် ခါ ပစ် တော် မူ ပါ စေ သော။ သူ တို့ လည်း၊ လွင့် စဉ် သည့် တိုင် အောင်၊ ထို သို့ ခံ ရ ကြ ပါ စေ သော ဟု ဆို သော်၊ တစ် ပ ရိ သတ် လုံး သည် အာ မင် ဟု ဝန် ခံ လျက်၊ ထာ ဝ ရ ဘု ရား ကို ချီး မွမ်း၍ က တိ အ တိုင်း ပြု ကြ၏။
14
ထို မှ တစ် ပါး၊ အာ တ ဇေ ရဇ် မင်း နန်း စံ နှစ် ဆယ် တွင်၊ ယု ဒ ဘု ရင် ခံ ရာ ထူး ကို ငါ ခံ ရ သည့် ကာ လ မှ စ၍၊ သုံး ဆယ့် နှစ် နှစ် တိုင် အောင်၊ ဆယ့် နှစ် နှစ် ပတ် လုံး၊ ငါ နှင့် ညီ အစ် ကို များ ပါ ရိ က္ခာ တော် ကို မ စား၊
15
လွန် ခဲ့ သော ဘု ရင် ခံ တို့ ကို ကား၊ ပြည် က ကျွေး ရ ကြ သည် မှာ၊ တစ် နေ့ လျှင် မုန့်၊ စ ပျစ် ရည် ပြင်၊ ငွေ လေး ဆယ် ကျ ပေး ရ ကြ၏။ ငယ် သား တို့ လည်း၊ ပြည် သူ ပြည် သား တို့ အ ပေါ် တွင် အ နိုင့် အ ထက် မင်း မူ ကြ၏။ ငါ မူ ကား၊ ဘု ရား သ ခင် ကို ခန့် ညား သော ကြောင့်၊ ထို သို့ မ ပြု။
16
လယ် ယာ ကို လည်း မ ဝယ် ဘဲ၊ ကိုယ် တိုင် မြို့ ရိုး မှု ကို လုပ် မြဲ လုပ် လျက်၊ ငယ် သား ရှိ သ မျှ တို့ ကို ဝိုင်း ညီ စေ သေး၏။
17
၎င်း ပြင်၊ ပတ် ဝန်း ကျင် ရှိ လူ မျိုး ခြား တို့ အ ရပ် မှ ရောက် လာ သူ တို့ ကို မ ဆို ဘဲ၊ အ ခြား ယု ဒ လူ မျိုး တို့ နှင့် အ ရာ ရှိ တစ် ရာ့ ငါး ဆယ် တို့ သည် ငါ့ စား ပွဲ၌ အ မြဲ စား သောက် ကြ သည် နှင့် အ ညီ၊
18
ငါ့ စား ပွဲ အ ဖို့၊ နေ့ စဉ် နွား တစ် ကောင်၊ လက် ရွေး သိုး ခြောက် ကောင်၊ ကြက် အ များ ကို စီ ရင် ရ၏။ ဆယ် ရက် တစ် ကြိမ်၊ စ ပျစ် ရည် အ မျိုး မျိုး များ စွာ ကို လည်း တင် ရ၏။ ဤ မျှ လောက် ကုန် သော် လည်း၊ လေး လံ သော တာ ဝန် ကို ပြည် သူ ပြည် သား တို့ ထမ်း ဆောင် ရ သော ကြောင့်၊ ဘု ရင် ခံ ရိ က္ခာ တော် ကို ငါ မ တောင်း၊
19
အို အ ကျွန်ုပ် ဘု ရား သ ခင်၊ ဤ လူ မျိုး အ ဖို့၊ အ ကျွန်ုပ် ပြု သ မျှ ကို သ တိ ရ၍၊ အ ကျွန်ုပ် အား ကျေး ဇူး ပြု တော် မူ ပါ။