1
ထို ကာ လ ပ ရော ဟိတ် မင်း ဧ လျာ ရှိပ် သည်၊ ဆွေ မျိုး သား ချင်း ပ ရော ဟိတ် တို့ နှင့် တ ကွ ထ၍၊ သိုး တံ ခါး ကို တည် ဆောက် လျက်၊ သီး သန့် ထား ပြီး လျှင် တံ ခါး ရွက် တပ် ထား ကြ ၏။ မေ အာ ပြ အိုး မှ ဟာ န နေ လ ပြ အိုး တိုင် အောင် သီး သန့် ထား ကြ သ တည်း။
2
သူ တို့ အ စပ်၊ ယေ ရိ ခေါ မြို့ သား များ။ ၎င်း အ စပ်၊ ဣ မ ရိ သား ဇ က္ကု ရ တို့ တည် ဆောက် ၏။
3
ဟဿေ နာ့ သား တို့ သည်၊ ငါး တံ ခါး ကို တည် ဆောက်၍၊ တံ ခါး ထုပ်၊ တံ ခါး ရွက်၊ တံ ခါး ကျင်၊ မင်း ထုပ် များ ကို တပ် ထား ကြ၏။
4
၎င်း အ စပ်၊ ဟ က္ကုတ် မြေး၊ ဥ ရိ ယ သား မေ ရ မုတ်။ ၎င်း အ စပ်၊ မေ ရှ ဇ ဗေ လ မြေး၊ ဗေ ရခိ သား မေ ရှု လံ။ ၎င်း အ စပ်၊ ဗာ နာ့ သား ဇာဒုတ် တို့ ပြင် ဆင် ကြ ၏။
5
၎င်း အ စပ်၊ တေ ကော မြို့ သား တို့ ပြင် ဆင် ကြ သော် လည်း၊ ဆိုင် ရာ အ ကြီး အ ကဲ တို့ သည်၊ ကိုယ့် အ ရှင့် တာ ဝန် ကို မ ထမ်း မ ဆောင် ကြ။
6
ပါ သာ့ သား ယော ယ ဒ နှင့်၊ ဗေ သော ဒေ ယ သား မေ ရှု လံ တို့ သည်၊ မြို့ ဟောင်း တံ ခါး ကို ပြင် ဆင်၍၊ တံ ခါး ထုပ်၊ တံ ခါး ရွက် တံ ခါး ကျင်၊ မင်း ထုပ် များ ကို တပ် ထား ကြ ၏။
7
၎င်း အ စပ်၊ ဂိ ဗောင် မြို့ နေ မေ လ တိ၊ မေ ရော နုတ် မြို့ နေ ယာ ဒုန် တို့ သည်၊ ဂိ ဗောင်၊ မိ ဇ ပါ မြို့ သား တို့ နှင့် တ ကွ၊ မြစ် ကြီး အ နောက် ဘက် ဘု ရင် ခံ့ ပ လ္လင် တိုင် အောင် ပြင် ဆင် ကြ ၏။
8
၎င်း အ စပ်၊ ပန်း တိမ် သ မား ဟာ ဟာ ယ သား ဩ ဇေ လ။ ၎င်း အ စပ်၊ အ မွှေး ပ ညာ သည် ဟာ န နိ တို့ သည်၊ မြို့ ရိုး ကျယ် အ ထိ ပြင် ဆင် ကြ ၏။
9
၎င်း အ စပ်၊ ဟု ရ သား၊ ယေ ရု ရှ လင် တစ် ပိုင်း နယ် ပိုင် ရေ ဖာ ယ။
10
၎င်း အ စပ်၊ ကိုယ့် အိမ် မျက် နှာ စာ တွင်၊ ဟာ ရု မပ် သား ယေ ဒါ ယ။ ၎င်း အ စပ်၊ ဟာ ရှ ဗ နိ သား ဟ တ္တုတ် တို့ ပြင် ဆင် ကြ၏။
11
မြို့ ရိုး တစ် ပိုင်း နှင့် တ န္နု ရိမ် ပြ အိုး ကို၊ ဟာ ရိမ့် သား မာ လ ခိ ယ၊ ပါ ဟတ် မော ဘ သား ဟာ ရှုတ် တို့ ပြင် ဆင် ကြ၏။
12
၎င်း အ စပ်၊ ဟာ လော ဟက် သား၊ ယေ ရု ရှ လင် တစ် ပိုင်း၊ နယ် ပိုင် ရှ လ္လုံ နှင့် သ မီး တို့ ပြင် ဆင် ကြ ၏။
13
ဟာ နုန် သည်၊ ဇာ နော မြို့ သား တို့ နှင့် တ ကွ၊ ချိုင့် တံ ခါး ကို တည် ဆောက်၍၊ တံ ခါး ရွက်၊ တံ ခါး ကျင်၊ မင်း တုပ် များ ကို တပ် ထား ပြီး လျှင်၊ အာ လ ဝီ တံ ခါး ထိ၊ မြို့ ရိုး တောင် ရေ တစ် ထောင် ကို ပြင် ဆင် ကြ ၏။
14
ရေ ခပ် သား၊ ဗေ သ က္က ရင် နယ် ပိုင် မာ လ ခိ ယ သည်၊ တံ ခါး ကို တည် ဆောက်၍၊ တံ ခါး ရွက်၊ တံ ခါး ကျင်၊ မင်း တုပ် များ ကို တပ် ထား၏။
15
ကော လ ဟော ဇ သား၊ မိ ဇ ပါ နယ် ပိုင် ရှ လ္လုံ သည်၊ စမ်း တွင်း တံ ခါး ကို တည် ဆောက်၍၊ တံ ခါး မိုး၊ တံ ခါး ရွက်၊ တံ ခါး ကျင်၊ မင်း ထုပ် များ ကို တပ် ထား လျက်၊ ဥ ယျာဉ် တော် အ နီး၊ ရှိ လောင် ရေ ကန် မြို့ ရိုး ကို၊ ဒါ ဝိဒ် မြို့ တော် အ ထက် စောင်း တန်း တိုင် အောင် ပြင် ဆင် ၏။
16
၎င်း အ စပ်၊ အာ ဇ ဗုတ် သား၊ ဗက် ဇု ရ တစ် ပိုင်း၊ နယ် ပိုင် နေ ဟ မိ သည်၊ ဒါ ဝိဒ် မင်း သင်္ချိုင်း တော် တူ ရူ၊ လုပ် ခဲ့ သော ကန် တော်၊ ရဲ ဗိုလ် တို့ အိမ် ရာ တိုင် အောင် ပြင် ဆင် ၏။
17
၎င်း အ စပ်၊ လေ ဝိ အ နွယ်၊ ဗာ နိ သား ရေ ဟု ပြင် ဆင် ၏။ ၎င်း အ စပ်၊ ကိ လ တစ်ပိုင်း၊ နယ် ပိုင် ဟာ ရှ ဘိ သည်၊ နယ် တာ ဝန် ကို ပြင် ဆင်၏။
18
၎င်း အ စပ်၊ ဟေ န ဒဒ် သား၊ ဟာ ရှ ဘိ ညီ၊ ကိ လ တစ် ပိုင်း၊ နယ် ပိုင် ဗာ ဝဲ ပြင် ဆင်၏။
19
၎င်း အ စပ်၊ ယော ရှု သား၊ မိ ဇ ပါ မြို့ အုပ် ဧ ဇာ သည်၊ လက် နက် တိုက် သို့ တက် ရာ မြို့ ရိုး ထောင့် ထိ ပြင် ဆင် ၏။
20
၎င်း အ စပ်၊ ဇ ဗ္ဗဲ သား ဗာ ရုတ် သည်၊ မြို့ ထောင့် မှ၊ ပ ရော ဟိတ် မင်း ဧ လျာ ရှိပ် ဝင်း တံ ခါး အ ထိ တစ် ပိုင်း ကို၊ စိတ် အား ကြီး စွာ ပြင် ဆင် ၏။
21
၎င်း အ စပ်၊ ဟ က္ကုတ် မြေး၊ ဥ ရိ ယ သား မေ ရ မုတ် သည်၊ ဧ လျာ ရှိပ် ဝင်း တံ ခါး မှ၊ ဝင်း ထောင့် အ ထိ တစ် ပိုင်း ကို၊ ပြင် ဆင် ၏။
22
၎င်း အ စပ်၊ မြစ် ကမ်း ပြင် နေ ပ ရော ဟိတ် တို့ ပြင် ဆင် ကြ ၏။
23
၎င်း အ စပ်၊ ကိုယ့် အိမ် မျက် နှာ စာ တွင်၊ ဗင်္ယာ မိန်၊ ဟာ ရှုပ် တို့၊ ၎င်း အ စပ်၊ ကိုယ့် အိမ် ရှေ့ တွင် အာ န နိ မြေး မာ သေ ယ သား အာ ဇ ရိ တို့ ပြင် ဆင် ကြ ၏။
24
၎င်း အ စပ်၊ ဟေ န ဒဒ် သား ဗိ နွိ သည်၊ အာ ဇ ရိ အိမ် မှ မြို့ ရိုး ကွေ့ ထောင့် အ ထိ တစ် ပိုင်း ကို၊ ပြင် ဆင်၏။
25
မြို့ ရိုး ထောင့် နှင့် တ ကွ၊ ထောင့် ဝင်း အ နီး၊ နန်း မြင့် ရှေ့၊ အ ငူ ပြ အိုး ကို၊ ဥ ဇဲ သား ပါ လ လ၊ ၎င်း အ စပ်၊ ပါ ရုတ် သား ပေ ဒါ ယ တို့ ပြင် ဆင်၏။
26
အ ငူ ပြ အိုး နှင့် အ ရှေ့ မျက် နှာ ရေ တံ ခါး အ နီး၊ ဩ ဖေ လ အ ရပ် တွင်၊ ကျွန် သီး တော် တို့ နေ ရ ကြ သ တည်း။
27
၎င်း အ စပ်၊ တေ ကော မြို့ သား တို့ သည်၊ အ ငူ ပြ အိုး ကြီး မှ ဩ ဖေ လ အ ရပ် မြို့ ရိုး အ ထိ၊ တစ် ပိုင်း ကို ပြင် ဆင် ကြ၏။
28
ပ ရော ဟိတ် တို့ သည် မြင်း တံ ခါး အ ထက်၊ ကိုယ့် အိမ် မျက် နှာ စာ တွင်၊ အ သီး အ သီး ပြင် ဆင် ကြ၏။
29
၎င်း အ စပ်၊ ဣ မေ ရ သား ဇာ ဒုတ် သည်၊ ကိုယ့် အိမ် မျက် နှာ စာ တွင် ပြင် ဆင်၏။ ၎င်း အ စပ်၊ ရှေ ကနိ သား၊ ရှေ့ တံ ခါး မှူး ရှေ မာ ယ ပြင် ဆင် ၏။
30
၎င်း အ စပ်၊ ရှေ လ မိ သား ဟာ န နိ နှင့်၊ ဇာ လပ်၏ ဆ ဋ္ဌ မ သား ဟာ နုန် တို့ သည်၊ တစ် ပိုင်း ကို ပြင် ဆင် ကြ၏။ ၎င်း အ စပ်၊ ဗေ ရ ခိ သား မေ ရှု လံ သည် ကိုယ့် အ ဆောင် မျက် နှာ စာ တွင် ပြင် ဆင်၏။
31
၎င်း အ စပ်၊ ပန်း ထိမ် သ မား မာ လ ခိ ယ သည်၊ ဥ ပ စာ တံ ခါး တူ ရူ၊ မြို့ ရိုး ကွေ့ ရှိ တန် ဆောင်း အ ထိ၊ ကျွန် သီး တော် နှင့် ကုန် သည် တို့ နေ ရပ် အ ရောက် ပြင် ဆင် ၏။
32
မြို့ ရိုး ကွေ့ ရှိ တန် ဆောင်း နှင့် သိုး တံ ခါး ကြား တွင်၊ ပန်း ထိမ် သ မား နှင့် ကုန် သည် တို့ ပြင် ဆင် ကြ၏။