ဧ​ဇ​ရ-8

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 အာ တ ဇေ ရဇ် မင်း လက် ထက်၊ ငါ နှင့် အ တူ ဗာ ဗု လုန် မြို့ မှ ပြန် သွား သူ၊ ဘေး စဉ် ဘိုး ဆက် စာ ရင်း အ တိုင်း၊ အိမ် ထောင် အ အုပ် အ ချုပ် တို့ အ မည် များ ကား။
  • 2 ဖိ န ဟတ် အ ဆက် ဂေ ရ ရှုံ၊ ဣ သ မာ့ အ ဆက် ဒံ ယေ လ။
  • 3 ဒါ ဝိဒ် အ ဆက် ဟ တ္တုတ်၊ ရှေ က နိ အ နွယ်၊ ပါ ရုတ် အ ဆက် ဇာ ခ ရိ နှင့် စာ ရင်း ဝင် ယောက်ျား တစ် ရာ့ ငါး ဆယ်။
  • 4 ပါ ဟတ် မော ဘ အ ဆက် ဇေ ရ ဟိ သား ဧ လျော နဲ နှင့် ယောက်ျား နှစ် ရာ။
  • 5 ရှေ က နိ အ ဆက် ယ ဟာ ဇေ လ သား နှင့် ယောက်ျား သုံး ရာ။
  • 6 အာ ဒိန့် အ ဆက်၊ ယော န သန့် သား ဧ ဗက် နှင့် ယောက်ျား ငါး ဆယ်။
  • 7 ဧ လံ့ အ ဆက်၊ အာ သ လိ သား ယေ ရှာ ယ နှင့် ယောက်ျား ခု နစ် ဆယ်။
  • 8 ရှေ ဖ တိ အ ဆက် မိ က္ခေ လ သား ဇေ ဗ ဒိ နှင့် ယောက်ျား ရှစ် ဆယ်။
  • 9 ယွာ ဘ အ ဆက် ယေ ဟေ လ သား ဩ ဗ ဒိ နှင့် ယောက်ျား နှစ် ရာ့ တစ် ဆယ့် ရှစ်။
  • 10 ရှေ လော မိတ် အ ဆက် ယော သိ ဖိ သား နှင့် ယောက်ျား တစ် ရာ့ ခြောက် ဆယ်။
  • 11 ဗေ ဗဲ အ ဆက် ဗေ ဗဲ သား ဇာ ခ ရိ နှင့် ယောက်ျား နှစ် ဆယ့် ရှစ်။
  • 12 အာ ဇ ဂဒ် အ ဆက် ဟ က္က တန့် သား ယော ဟ နန် နှင့် ယောက်ျား တစ် ရာ့ တစ် ဆယ်။
  • 13 အ ဒေါ နိ ကံ့ သား နှောင်း တို့ အ ဆက် ဖြစ် သူ ဧ လိ ဖ လက်၊ ယွေ လ၊ ရှေ မာ ယ တို့ နှင့် ယောက်ျား ခြောက် ဆယ်။
  • 14 ဗိ ဂ ဝဲ အ ဆက် ဥ သဲ၊ ဇ ဗ္ဗုဒ် တို့ နှင့်၊ ယောက်ျား ခု နစ် ဆယ် တို့ တည်း။
  • 15 ထို သူ တို့ ကို၊ အ ဟာ ဝ မြို့ သို့ စီး သော မြစ် နား တွင် စု ဝေး စေ လျက်၊ သုံး ရက် ပတ် လုံး တဲ၌ နေ ကြ စဉ်၊ အ သည် သား နှင့် ပ ရော ဟိတ် တို့ ကို ငါ စစ် ဆေး ရာ၊ လေ ဝိ ဂိုဏ်း သား တစ် ယောက် ကို မျှ မ တွေ့ သ ဖြင့်၊
  • 16 အ ကြီး အ ကဲ ဧ လျေ ဇာ၊ အ ရေ လ၊ ရှေ မာ ယ၊ ဧ လ နာ သန်၊ ယာ ရိပ်၊ ဧ လ နာ သန်၊ နာ သန်၊ ဇာ ခ ရိ၊ မေ ရှု လံ တို့ နှင့် ဆ ရာ တော် ယော ယာ ရိပ်၊ ဧ လ နာ သန် တို့ ကို ခေါ် ပြီး လျှင်၊
  • 17 က သိ ဖိ မြို့၌ နေ ရစ် သော အ အုပ် အ ချုပ် ဣ ဒ္ဒေါ့ ထံ စေ လွှတ် လျက်၊ ငါ တို့ ဘု ရား သ ခင် ဗိ မာန့် တော် အ မှု ဆောင် တို့ ကို ခေါ် စေ ရန်၊ ထို မြို့ ရှိ ဣ ဒ္ဒေါ မှ စ၍ ဆွေ မျိုး သား ချင်း တို့ နှင့်၊ ကျွန် သီး တော် များ အား ဆင့် ဆို မှာ လိုက် လေ ၏။
  • 18 ငါ တို့ အ ပေါ် တွင်၊ ကိုယ့် ဘု ရား သ ခင်၏ မြင့် မြတ် သော လက် တော် တည် ရှိ သော ကြောင့်၊ ထို သူ တို့ သည်၊ ဣ သ ရေ လ သား လေ ဝိ အ နွယ်၊ မ ဟာ လိ အ ဆက်၊ ဣ ရှ ကေ လ၊ ရှေ ရ ဘိ တို့ နှင့်၊ ဆွေ မျိုး သား ချင်း တစ် ဆယ့် ရှစ်။
  • 19 မေ ရာ ရိ အ ဆက်၊ ဟာ ရှ ဘိ၊ ယေ ရှာ ယ တို့ နှင့် ဆွေ မျိုး သား ချင်း နှစ် ဆယ်။
  • 20 လေ ဝိ ဂိုဏ်း သား တို့ အား ထောက် ခံ ရန်၊ ဒါ ဝိဒ် မင်း နှင့် မှူး တော် မတ် တော် တို့ စီ မံ ခဲ့ သော ကျွန် သီး တော် တို့ အ နက်၊ စာ ရင်း ဝင် သူ နှစ် ရာ့ နှစ် ဆယ် တို့ ကို ခေါ် ခဲ့ ကြ ၏။
  • 21 ထို နောက်၊ ဥ စ္စာ ခမ်း နား၊ သား သ မီး များ နှင့် တ ကွ၊ ငါ တို့ သွား ရာ လမ်း ဖြောင့် ကို ငါ တို့ ဘု ရား သ ခင့် ထံ ရှာ ရန်၊ မျက် မှောက် တော် တွင် နှိမ့် ချ စွာ အ စာ ရှောင် အံ့ သော နေ့ ကို၊ အ ဟာ ဝ မြစ် နား မှာ၊ ငါ ကြော် ငြာ၏။
  • 22 အ ဘယ့် ကြောင့် ရှာ ရ မည် ဆို သော်၊ ငါ တို့ ဘု ရား သ ခင့် လက် တော် သည်၊ ကိုယ် တော် ကို ရှာ ဖွေ သူ တို့ အ ပေါ် တွင်၊ ကာ ကွယ် ရန် တည် ရှိ တော် မူ ပါ၏။ စွန့် ခွာ သူ တို့ အ ပေါ် တွင် မူ ကား၊ အ မျက် တော်၊ တန် ခိုး တော် သင့် ရောက် ပါ သည် ဟု၊ ဘု ရင် မင်း ထံ ငါ တို့ တင် လျှောက် ခဲ့ သည့် အ တွက်၊ လမ်း ခ ရီး၌ ရန် သူ တို့ ကို တိုက် လှန် စေ ခြင်း ငှာ၊ စစ် သူ ရဲ၊ မြင်း စီး သူ ရဲ တို့ ကို တောင်း ရန် ငါ ရှက် လှ ၏။
  • 23 ထို့ ကြောင့်၊ ငါ တို့ ဘု ရား သ ခင့် ထံ တောင်း လျှောက် လျက်၊ အ စာ ရှောင် လျက် နေ ကြ စဉ်၊ ဘု ရား သ ခင် နား ညောင်း တော် မူ ၏။
  • 24 ထို အ ခါ၊ ရှေ ရ ဘိ၊ ဟာ ရှ ဘိ တို့ မှ စ၍ ဆွေ မျိုး သား ချင်း တစ် ဆယ်၊ ပ ရော ဟိတ် အ ကြီး အ ကဲ ဆယ့် နှစ် ပါး ကို ငါ ရွေး ကောက် ပြီး လျှင်၊
  • 25 ဘု ရား သ ခင့် ဗိ မာန် တော် အ ဖို့၊ ဘု ရင် မင်း၊ မင်း တိုင် ပင်၊ မှူး တော် မတ် တော် တို့ နှင့် တွေ့ သ မျှ ဣ သ ရေ လ လူ မျိုး ကို မြှောက် ဆက် ကြ သော ရွှေ၊ ငွေ၊ အ သုံး အ ဆောင် များ ကို ချိန် တွယ် ပေး အပ် သည် မှာ၊
  • 26 ငွေ ချိန် ခွက် တစ် သောင်း ကိုး ထောင့် ငါး ရာ၊ ငွေ အ သုံး အ ဆောင် အ ချိန် ခွက် သုံး ထောင်၊
  • 27 ရွှေ ချိန် ခွက် သုံး ထောင်၊ ရွှေ ဒင်္ဂါး တစ် ထောင် စီး ရွှေ ဖ လား နှစ် ဆယ်၊ ရွှေ နှင့် အ မျှ ထိုက် တန် သော ကြေး စင် အ သုံး အ ဆောင် တစ် စုံ များ ကို၊ လက် ရောက် အပ် ပေး သော အ ခါ၊
  • 28 ငါ က၊ သင် တို့ သည် ထာ ဝ ရ ဘု ရား အ ဖို့ သီး သန့် သူ ဖြစ် ကြ၏။ အ သုံး အ ဆောင် များ ပါ သီး သန့် လေ ပြီ။ ရွှေ ငွေ များ လည်း၊ ဘိုး ဘေး တို့၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အား လှူ ဒါန်း ခဲ့ သော ဝ တ္ထု ဖြစ် ၏။
  • 29 ယေ ရု ရှ လင် မြို့ ရှိ ဗိ မာန် တော် အ ခန်း များ တွင်၊ ပ ရော ဟိတ် နှင့် လေ ဝိ ဂိုဏ်း သား တို့ အ ကြီး အ ကဲ၊ အိမ် ထောင် အ ကြီး အ ကဲ တို့ ရှေ့ မ ချိန် မ ချင်း၊ ထိန်း သိမ်း စောင့် ရှောက် ကြ လော့ ဟု ဆို သည် နှင့် အ ညီ၊
  • 30 ပ ရော ဟိတ် နှင့် လေ ဝိ ဂိုဏ်း သား တို့ သည်၊ ချိန် ခဲ့ သော ရွှေ၊ ငွေ၊ အ သုံး အ ဆောင် များ ကို၊ ယေ ရု ရှ လင် မြို့၊ ငါ တို့ ဘု ရား သ ခင့် ဗိမာန် တော် သို့ ပို့ ဆောင် ခြင်း ငှာ ခံ ယူ ကြ၏။
  • 31 ငါ တို့ လည်း၊ ယေ ရု ရှ လင် မြို့ သို့ သွား လို သည့် အ တိုင်း၊ ပ ဌ မ လ တစ် ဆယ့် နှစ် ရက်၊ အ ဟာ ဝ မြစ် မှ ထွက် သွား ကြ ရာ၊ ငါ တို့ အ ပေါ် တွင်၊ ကိုယ့် ဘု ရား သ ခင့် လက် တော် တည် ရှိ သည် နှင့် အ ညီ၊ ခ ရီး အ ကြား တပ် ပုန်း ချ နေ သော ရန် သူ တို့ လက် မှ လွတ် စေ တော် မူ၏။
  • 32 ယေ ရု ရှ လင် မြို့ သို့ ရောက်၍ သုံး ရက် ဆိုင်း နေ ပြီး မှ၊
  • 33 စ တု တ္ထ နေ့၌ ငါ တို့ ဘု ရား သ ခင့် ဗိ မာန် တော် တွင်၊ ဥ ရိ ယ သား ပ ရော ဟိတ် မေ ရ မုတ်၊ ဖိ န ဟတ် သား ဧ လာ ဇာ၊ ယော ရှု သား လေ ဝိ ဂိုဏ်း ဝင် ယော ဇ ဗဒ်၊ ဗိ နွိ သား နော ဒိ တို့ လက် ရောက်။ ရွှေ၊ ငွေ၊ အ သုံး အ ဆောင် ဟူ သ မျှ ကို၊ ရေ တွက် ချိန် တွယ် ပေး အပ် သော အ ခါ၊ စာ ရင်း မှတ် ယူ ကြ၏။
  • 34
  • 35 သုံ့ ဘန်း သိမ်း သွား ရာ မှ ပြန် လာ ရ သူ တို့ သည်၊ ဣ သ ရေ လ တစ် မျိုး လုံး အ တွက် နွား ဆယ့် နှစ် ကောင်၊ သိုး ထီး ကိုး ဆယ့် ခြောက် ကောင်၊ သိုး သား ငယ် ခု နစ် ဆယ့် ခု နစ် ကောင် များ ကို၊ ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အား၊ မီး ရှို့ ရာ သ က္ကာ အ ဖြစ် ပူ ဇော် လျက်၊ အ ပြစ် ဖြေ ရာ သ က္ကာ အ ဖြစ် လည်း၊ ဆိတ် ထီး ဆယ့် နှစ် ကောင် ကို ပူ ဇော် ကြ၏။
  • 36 မြစ် ကြီး အ နောက် ဘက် ရှိ ဘု ရင် ခံ ချုပ် နှင့် ဘု ရင် ခံ တို့ ထံ၊ ဘု ရင် မင်း အ မိန့် တော် ကို တင် ကြ ရာ၊ သူ တို့ သည်၊ လူ မျိုး တော့် အ စေ နှင့် ဘု ရား သ ခင့် ဗိ မာန် တော် ဝတ် ကို ဆောင် ရွက် ပြု စု ကြ ကုန်၏။
回到本卷目录 回到本版本目录 回到首页