1
သ တ္တ မ လ တိုင် ရောက် သော်၊ မြို့ ရွာ များ၌ အ ခြေ ကျ သော ဣ သ ရေ လ အ မျိုး သား တို့ သည်၊ ယေ ရု ရှ လင် မြို့ သို့၊ တစ် ဦး တည်း ကဲ့ သို့ လာ ရောက် စု ရုံး ကြ ရာ၊
2
ယော ဇ ဒက် သား ယော ရှု နှင့် ဆွေ မျိုး သား ချင်း ပ ရော ဟိတ် များ၊ ရှာ လ သေ လ သား ဇေ ရု ဗ ဗေ လ နှင့် ဆွေ မျိုး သား ချင်း တို့ ရပ်၍၊ ဘု ရား သ ခင့် လူ ယုံ တော် မော ရှေ၏ ပ ည တ္တိ ကျမ်း အ ရ၊ မီး ရှို့ ရာ သ က္ကာ များ ကို ပူ ဇော် အံ့ သော ငှာ၊ ဣ သ ရေ လ လူ မျိုး ဘု ရား သ ခင် အား၊ ပူ ဇော် ရာ ပ လ္လင် တော် ကို တည် လုပ် လျက်၊
3
ထို ပြည် နေ သူ တို့ ကို ကြောက် ရွံ့ သ ဖြင့်၊ နေ ရာ ရင်း တွင် တည် ပြီး လျှင်၊ ညဉ့် နံ နက် မ ပြတ် ထာ ဝ ရ ဘု ရား အား၊ မီး ရှို့ ရာ သ က္ကာ များ ကို ပူ ဇော် ကြ လေ ၏။
4
ပ ညတ် တ ရား တော် နှင့် အ ညီ၊ တဲ နေ ပွဲ ကို ကျင်း ပ လျက်၊ ဆုံး ဖြတ် ချက် အ ရ၊ ကောင် ရေ အ လိုက်၊ မီး ရှို့ ရာ သ က္ကာ များ ကို နေ့ စဉ် ပူ ဇော် ပြီး မှ၊ ဆက် မြဲ မီး ရှို့ ရာ သ က္ကာ၊
5
လ ဆန်း နေ့ မှ စ၍၊ ထာ ဝ ရ ဘု ရား အ ဖို့ သီး သန့် ထား သော ပြု မြဲ ပွဲ နေ့ များ ဆိုင် ရာ သ က္ကာ၊ စေ တ နာ အ လျောက် ထာ ဝ ရ ဘု ရား ထံ၊ လှူ ဒါန်း သူ ရှိ သ မျှ တို့၏ သ က္ကာ များ ကို ဆက် ကပ် ကြ ၏။
6
ဗိ မာန် တော် တိုက် မြစ် ကို မ ချ ရ သေး သော် လည်း၊ သ တ္တ မ လ တစ် ရက် က အ စ ပြု၍ ထာ ဝ ရ ဘု ရား အား မီး ရှို့ ရာ သ က္ကာ များ ကို ပူ ဇော် ကြ ၏။
7
ကျောက် ဆစ် သ မား နှင့် ဗိသု ကာ တို့ အား ငွေ ပေး လျက်၊ ပေ ရ သိ ဘု ရင် ကု ရု မင်း အ ခွင့် ပြု သည့် အ တိုင်း၊ သစ် က တိုး သစ် များ ကို လေ ဗ နုန် တော မှ ယု ပ္ပေ ဆိပ် ရောက် စုံ မျော စေ ခြင်း ငှာ၊ ဇိ ဒုန်၊ တု ရု မြို့ သား တို့ အား လည်း။ စား နပ် ရိ က္ခာ နှင့် ဆီ များ ကို ပေး ကြ၏။
8
ယေ ရု ရှ လင် မြို့ ဗိ မာန် တော် ရာ သို့ ရောက် ပြီး နောက်၊ ဒု တိ ယ နှစ်၊ ဒု တိ ယ လ တွင်၊ ရှာ လ သေ လ သား ဇေ ရု ဗ ဗေ လ၊ ယော ဇ ဒက် သား ယော ရှု တို့ မှ စ၍၊ ဆွေ မျိုး သား ချင်း ပ ရော ဟိတ်၊ လေ ဝိ ဂိုဏ်း သား များ နှင့်၊ သုံ့ ဘမ်း ရာ မှ ယေ ရု ရှ လင် မြို့ သို့ ပြန် လာ သူ အ ပေါင်း တို့ သည်၊ လေ ဝိ ဂိုဏ်း သား များ အ နက် အ သက် နှစ် ဆယ် ကျော် သူ တို့ ကို၊ ဗိ မာန် တော် တည် ဆောက် မှု၌ ကြည့် ကြပ် ရန် ခန့် ထား ကြ၏။
9
ထို အ ခါ၊ လေ ဝိ ဂိုဏ်း သား ဖြစ် သူ၊ ယု ဒ အ ဆက် ယော ရှု နှင့် သား ညီ များ၊ ကပ် မျေ လ နှင့် သား များ၊ ဟေ န ဒဒ် အ ဆက် နှင့် သား ညီ များ တို့ သည်၊ ဘု ရား သ ခင် ဗိ မာန့် တော် တည် ဆောက် သူ တို့ ကို ကြည့် ကြပ် အံ့ သော ငှာ၊ တစ် ဦး တည်း ကဲ့ သို့ ရပ် တန့် သည့် အ လျောက်၊
10
ဗိ မာန် တော် တိုက် မြစ် ကို တည် ဆောက် သူ တို့ ချ သည့် ကာ လ၊ ဣ သ ရေ လ ဘု ရင် ဒါ ဝိဒ် မင်း ဩ ဝါ ဒ ပေး ခဲ့ သည့် အ လိုက်၊ ထာ ဝ ရ ဘု ရား၏ ဂုဏ် တော် ကို ချီး မွမ်း ရန်၊ သင်္ကန်း ရုံ ၍ တံ ပိုး ကိုင် သော ပ ရော ဟိတ် တို့ နှင့်၊ ခွက် ခွင်း ကိုင် သော လေ ဝိ အ နွယ် အာ သပ် ဂိုဏ်း သား တို့ ရပ် တန့် လျက်၊ ထာ ဝ ရ ဘု ရား ကောင်း မြတ် တော် မူ၍၊
11
ဣ သ ရေ လ လူ မျိုး ပေါ် တွင် ကာ လ အ စဉ် က ရု ဏာ တော် တည် သည် ဟု၊ အ တိုင် အ ဖောက် ကျေး ဇူး တော်၊ ဂုဏ် တော် ကို ချီး မွမ်း သီ ဆို ကြ ရာ၊ လူ ပ ရိ သတ် အ ပေါင်း တို့ သည်၊ ဗိ မာန် တော် တိုက် မြစ် အ ချ ပြီး မြောက် သည် ဖြစ်၍၊ ထာ ဝ ရ ဘု ရား ဂုဏ် တော် ကို ဟစ် အော် ချီး မွမ်း ကြ လေ ၏။
12
ဗိ မာန် တော် သစ် တိုက် မြစ် ချ သည် ကို မြင် သော်၊ ဗိ မာန် တော် ဟောင်း ကို မြင် ဖူး သော အို မင်း သူ ပ ရော ဟိတ်၊ လေ ဝိ ဂိုဏ်း သား၊ အိမ် ထောင် အ အုပ် အ ချုပ် အ များ တို့ သည်၊ အော် ဟစ် ငို ကြွေး ခြင်း၊ အ များ တို့ လည်း၊ ဟစ် အော် ရွှင် လန်း ခြင်း ပြု ကြ သ ဖြင့်၊
13
ပ ရိ သတ် တို့ ငို ကြွေး သံ၊ ရွှင် လန်း သံ များ ကို မ ပိုင်း ခြား နိုင်၊ ကျယ် စွာ အော် ဟစ် ကြ သော ကြောင့်၊ အ ဝေး က ပင် ကြား ရ လေ ၏။