ဧ​ဇ​ရ-5

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ထို ကာ လ၊ ပ ရော ဖက် ဟ ဂ္ဂဲ၊ ဣ ဒေါ့ သား ပ ရော ဖက် ဇာ ခ ရိ တို့ သည်၊ ယု ဒ ပြည်၊ ယေ ရု ရှ လင် မြို့ များ ၌ နေ ထိုင် သော ယု ဒ လူ မျိုး တို့ အား၊ ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင့် နာ မ တော် ကို အ မှီ ပြု ၍ နှိုး ဆော် ဟော ပြော ကြ သည့် အ တွက်၊
  • 2 ရှာ လ သေ လ သား ဇေ ရု ဗ ဗေ လ၊ ယော ဇ ဒက် သား ယော ရှု တို့ ထ သွား လျက်၊ အား ပေး သူ ဘု ရား သ ခင့် ပ ရော ဖက် တို့ နှင့် အ တူ၊ ယေ ရု ရှ လင် မြို့ ဗိ မာန် တော် ကို တည် စ ပြု ပြန် ကြ၏။
  • 3 ထို အ ခါ၊ မြစ် ကြီး အ နောက် ဘက် ဘု ရင် ခံ ချုပ် တာ တ နဲ၊ ရှေ သာ ဗော ဇ နဲ တို့ မှ စ သော ဘက် ပါ သူ တို့ လာ ရောက်၍၊ ဤ ဗိ မာန် တည် ဆောက် ခြင်း၊ တံ တိုင်း ပြီး စီး ခြင်း များ ကို၊ မည် သူ့ အ မိန့် တော် နှင့် ပြု ကြ သ နည်း ဟူ၍ လည်း ကောင်း၊
  • 4 ဤ ဗိ မာန် တည် ဆောက် သော ဒါ ယ ကာ တို့၏ အ မည် ကား၊ အ သို့ နည်း ဟူ ၍ လည်း ကောင်း၊ မေး မြန်း ကြ သော် လည်း၊
  • 5 ယု ဒ အ ကြီး အ ကဲ တို့ အ ပေါ် တွင်၊ သူ တို့ ဘု ရား သ ခင် မျက် မှောက် ပြု တော် မူ သည့် အ တွက်၊ ဒါ ရိ မင်း ထံ တင် သွင်း ချက် အ ရ၊ အ မိန့် တော် မ ပြန် မ ချင်း မ ကန့် ကွက် ကြ ချေ။
  • 6 ဒါ ရိ မင်း ထံ၊ မြစ် ကြီး အ နောက် ဘက် ဘု ရင် ခံ ချုပ် တာ တ နဲ၊ ရှေ သာ ဗော ဇ နဲ တို့ မှ စ၍၊ ဘက် ပါ အ နောက် ဘက် သား အ ဖာ သ သက် လူ မျိုး တို့ တင် သွင်း ချက် ဟူ မူ ကား၊ ဒါ ရိ မင်း မြတ်၌၊ စည်း စိမ် ချမ်း သာ အ မျိုး မျိုး ရှိ ပါ စေ သော။
  • 7
  • 8 ကျွန် တော် တို့ သည်၊ ယု ဒ ပြည် ရှိ မြင့် မြတ် သော ဘု ရား သ ခင့် ဗိ မာန် တော် သို့ သွား ရောက် ရာ၊ ကြီး မား သော ကျောက် များ နှင့် တည် လုပ်၍၊ နံ ရံ တွင် ယက် မ ကပ် လျက်၊ လက် မှု ဖြင့် လုံ့ လ ထုတ် သော ကြောင့် ပြီး မြောက် မည့် အ ကြောင်း၊
  • 9 ထို အ ကြီး အ ကဲ တို့ အား၊ ဤ ဗိ မာန် တည် ဆောက် ခြင်း၊ တံ တိုင်း ပြီး စီး ခြင်း များ ကို၊ မည် သူ့ အ မိန့် တော် နှင့် ပြု ကြ သ နည်း ဟု မေး ပြီး မှ၊
  • 10 ဘု ရင် မင်း ထံ တင် သွင်း ထောက် ခံ ရန်၊ ဦး စီး ဦး ခိုင် တို့ အ မည် များ ကို လည်း မေး ကြ ရာ၊
  • 11 သူ တို့ က၊ ကျွန် တော် တို့ သည်၊ မိုး မြေ့ ရှင် ဘု ရား သ ခင်၏ ကျွန် များ ဖြစ် လျက်၊ ရှေး ကာ လ ဘုန်း ကြီး သူ ဣ သ ရေ လ ဘု ရင် တည် ဆောက် ခဲ့ သော ဗိ မာန် တော် ကို ပြု ပြင် ကြ ပါ၏။
  • 12 ဘိုး ဘေး တို့ သည်၊ မိုး ကောင်း ကင့် ရှင် ဘု ရား သ ခင် ကို အ မျက် တော် တိုက် ပြု ကြ သည့် အ တွက် ဤ ဗိ မာန် ကို ဖျက် ဆီး လျက်၊ မြို့ သူ မြို့ သား တို့ ကို လည်း၊ ဗာ ဗု လုန် မြို့ သို့ သိမ်း သွား သော၊ ခါ လ ဒဲ အ မျိုး ဗာ ဗု လုန် ဘု ရင် နေ ဗု ခဒ် နေ ဇာ မင်း လက် တွင်း သို့ အပ် နှင်း တော် မူ ခဲ့ ပါ၏။
  • 13 ဗာ ဗု လုန် ဘု ရင် ကု ရု မင်း နန်း စံ တစ် နှစ် တွင်၊ ဤ ဗိ မာန် ကို တည် ဆောက် စေ ဟူ သော အ မိန့် တော် ကို ထုတ် ဆင့် ပြီး လျှင်၊
  • 14 ယေ ရု ရှ လင် မြို့ ရှိ အ ထက် ဗိ မာန် တော် မှ နေ ဗု ခဒ် နေ ဇာ မင်း ထုတ် ယူ လျက်၊ ဗာ ဗု လုန် မြို့ ဗိ မာန် အ တွင်း သွင်း ထား ခဲ့ သော ရွှေ၊ ငွေ အ သုံး အ ဆောင် တော် များ ကို၊ ကု ရု မင်း ပြန် ထုတ်၍၊ ဘု ရင် ခံ ရာ ထူး ဖြင့် ခန့် ထား ခံ ရ သူ ရှေ ရှ ဗာ ဇာ့ ထံ အပ် လျက်၊
  • 15 ဤ အ သုံး အ ဆောင် တော် များ ကို၊ ယေ ရု ရှ လင် မြို့ ဗိ မာန် တော် တွင် ယူ ဆောင် သွင်း ထား လော့။ ဘု ရား သ ခင့် ဗိ မာန် တော် ကို လည်း၊ နေ ရာ ရင်း တွင် တည် ဆောက် ကြ စေ ဟူ သော အ မိန့် တော် အ တိုင်း၊
  • 16 ထို ရှေ ရှ ဗာ ဇာ သည် ယေ ရု ရှ လင် မြို့ သို့ ရောက်၍၊ ဗိ မာန် တော် အ ခြေ အ မြစ် ကို ချ လေ ၏။ ထို ကာ လ က စ၍ ယ ခု တိုင် အောင် တည် ဆောက် မှု မ ပြီး မြောက် သေး ပါ ဟု ပြန် လျှောက် သော အ ကြောင်း များ ကို သိ မှတ် တော် မူ ပါ။
  • 17 သို့ ဖြစ်၍၊ အ လို တော် ရှိ ပါ က၊ ယေ ရု ရှ လင် မြို့ ဗိ မာန် တော် ကို တည် ဆောက် ရန်၊ ကု ရု မင်း အ မိန့် တော် ရှိ မ ရှိ၊ ဗာ ဗု လုန် မြို့ ဘဏ္ဍာ သို ထား ရာ တိုက် တွင် ရှာ ဖွေ ကြည့် ရှု တော် မူ ပြီး လျှင်၊ သ ဘော တော် မြတ် ရာ အ မိန့် ပေး တော် မူ ပါ ဟု တင် သွင်း ကြ ၏။
回到本卷目录 回到本版本目录 回到首页