1
မ နာ ရှေ မင်း သည်၊ အိမ် နိမ့် ဆယ့် နှစ် နှစ် ရှိ သော်၊ နန်း တက်၍၊ ယေ ရု ရှ လင် မြို့၌၊ ငါး ဆယ့် ငါး နှစ် စိုး စံ လေ ၏။
2
ထို မင်း သည်၊ ဣ သ ရေ လ အ မျိုး သား တို့ ရှေ့၊ ထာ ဝ ရ ဘု ရား နှင် ထုတ် တော် မူ ခဲ့ သော လူ မျိုး ခြား တို့ ရွံ ရှာ ဖွယ် ဓ လေ့ အ လိုက်၊ မျက် မှောက် တော် တွင် ဆိုး သွမ်း မှု ကို ပြု ကျင့် လျက်၊
3
ခ မည်း တော် ဟေ ဇ ကိ မင်း ဖြို ဖျက် ခဲ့ သော မြင့် ရာ ဌာ န များ ကို တည် ပြန် ခြင်း၊ ဗာ လ နတ် တို့ အ ဖို့ ယဇ် ပလ္လင် များ ကို တည် လုပ် ခြင်း၊ တံ ခွန် တိုင် စိုက် ထူ ခြင်း များ ကို ပြု လျက်၊ က မ္ဘာ့ တန် ဆာ ရှိ သ မျှ အား ရှိ ခိုး ဝတ် ပြု လေ ၏။
4
ယေ ရု ရှ လင် မြို့၌ ငါ့ နာ မ တည် မြဲ မည် ဟု၊ ထာ ဝ ရ ဘု ရား မိန့် မြွက် တော် မူ ရာ ဗိ မာန် တော် အ တွင်း၊ ပူ ဇော် ရန် ပ လ္လင် များ ကို တည် လုပ် သည့် ပြင်၊
5
တံ တိုင်း တော် နှစ် ထပ် တွင် လည်း၊ က မ္ဘာ့ တန် ဆာ ရှိ သ မျှ အား ပူ ဇော် ရန် ပလ္လင် များ ကို တည် လုပ် လေ၏။
6
သား တော် သ မီး တော် တို့ ကို ဟိ န္နုံ ချိုင့် တွင် မီး ဖြင့် ဆက် ကပ်၍၊ ဗေ ဒင်၊ ဇော် ဂ နီ နှင့် ပ ရော ဂ အ တတ် ကို လေ့ လာ လျက်၊ က ဝေ နှင့် မှော် ဝင် တို့ ကို ချီး မြှင့် လျက်၊ ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင်၊ အ မျက် တော် တိုက် ဆိုး သွမ်း မှု ကို များ စွာ ပြု လေ ၏။
7
ဘု ရား သ ခင် ဗိ မာန် တော် တွင် လည်း၊ ရုပ် တု ကို ထု လုပ် တင် ထား လေ ၏။ ထို ဗိ မာန် ကို ရည်၍၊ ဒါ ဝိဒ် မင်း နှင့် သား တော် ရှော လ မုန် မင်း တို့ အား၊ ဘု ရား သ ခင် မိန့် တော် မူ ခဲ့ သည် မှာ၊ ဣ သ ရေ လ အ နွယ် အ ပေါင်း တို့ နေ ရာ မြို့ ရွာ များ အ နက်၊ ငါ ရွေး ချယ် သော ယေ ရု ရှ လင် မြို့ ရှိ ဤ ဗိ မာန် တော်၌၊ ငါ့ နာ မ အ စဉ် တည် ၍၊
8
မော ရှေ အား ဖြင့် ငါ မှာ ထား ခဲ့ သည့် ဥ ပ ဒေ ချက်၊ ထုံး ဖွဲ့ ချက်၊ ဆုံး ဖြတ် ချက် များ အ ရ၊ ဣ သ ရေ လ လူ မျိုး စောင့် ရှောက် ကျင့် ကြံ လျှင်၊ ဘိုး ဘေး တို့ အား ငါ ချ ထား ခဲ့ သော ပြည် မှ ခြေ ကြွ စေ မည် မ ဟုတ် ဟု မိန့် တော် မူ လျက် ပင်၊
9
မ နာ ရှေ မင်း သည်၊ ဣ သ ရေ လ အ မျိုး သား တို့ ရှေ့ ထာ ဝ ရ ဘု ရား ပယ် ရှား တော် မူ ခဲ့ သော၊ လူ မျိုး ခြား တို့ ထက် သာ ၍ ပြစ် မှား စေ ရန်၊ ယု ဒ ပြည် သူ ယေ ရု ရှ လင် မြို့ သား တို့ ကို မှား ယွင်း စေ ၏။
10
ထာ ဝ ရ ဘု ရား သည် မ နာ ရှေ မင်း နှင့် လူ မျိုး တော် တို့ အား ဗျာ ဒိတ် ပေး လျက် ပင်၊ မ နာ မ ယူ ကြ သော ကြောင့်၊
11
အာ ရှု ရိ ဘု ရင် ရဲ ဗိုလ် တို့ ကို နှိုး ဆော် တော် မူ သည့် အ တိုင်း၊ သူ တို့ သည် ချီ တက်၍ မ နာ ရှေ မင်း ကို ဖမ်း ဆီး ချည် နှောင် ပြီး လျှင်၊ ဗာ ဗု လုန် မြို့ သို့ နှာ ကွင်း တပ် လျက် ပို့ ကြ လေ ၏။
12
မ နာ ရှေ မင်း သည် ကျဉ်း မြောင်း သော အ ခါ၊ ဘိုး ဘေး တို့ ဘု ရား သ ခင် ရှေ့၊ အ ထူး နှိမ့် ချ လျက်၊ ကိုယ့် ဘု ရား သခင် ထာ ဝ ရ ဘု ရား ထံ၊ ခ ညောင်း တောင်း လျှောက် လျှင်၊
13
ဘု ရား သ ခင် သည်၊ အ သ နား တော် ခံ ချက် ကို နား ညောင်း ၍၊ နိုင် ငံ တော် ယေ ရု ရှ လင် မြို့ သို့ ပြန် သွား ခွင့် ပြု တော် မူ ၏။ ထို ကြောင့်၊ ယေ ဟော ဝါ သည် ဘုရား သ ခင် မှန် ကြောင်း ကို၊ မ နာ ရှေ မင်း သိ လေ ၏။
14
ထို နောက် မ နာ ရှေ မင်း သည်၊ ဂိ ဟုန် စမ်း အ နောက် ဘက်၊ ငါး တံ ခါး တိုင် အောင်၊ ချိုင့် တစ် လျှောက်၊ ဒါ ဝိဒ် မြို့ တော် ပြင် မြို့ ရိုး ကို လည်း ကောင်း၊ ဩ ဖေ လ အ ငူ ပတ် လည် ၌၊ အ လွန် မြင့် သော မြို့ ရိုး ကို လည်း ကောင်း၊ တည် ဆောက် ပြီး မှ၊ ယု ဒ ပြည်၌ ရှိ သ မျှ သော ခံ တပ် မြို့ များ တွင်၊ ရဲ ဗိုလ် တို့ ကို ခန့် ထား လေ ၏။
15
လူ မျိုး ခြား တို့ ဘု ရား များ ကို လည်း ကောင်း၊ ဗိ မာန် တော် တွင် တင် ထား ခဲ့ သော ရုပ် တု ကို လည်း ကောင်း၊ ဗိ မာန် တော် တည် ရာ တောင် ပေါ် မှ စ၍ ယေ ရု ရှ လင် မြို့ အ ရပ် ရပ်၌ တည် လုပ် ခဲ့ သော ယဇ် ပ လ္လင် များ ကို လည်း ကောင်း၊ မြို့ ပြင် သို့ ထုတ် ပစ် ပြီး လျှင်၊
16
ထာ ဝ ရ ဘု ရား၏ ပူ ဇော် ရာ ပ လ္လင် တော် ကို ပြု ပြင် လျက်၊ မိတ် သ ဟာ ယ ပူ ဇော် ရာ သ က္ကာ နှင့် ချီး မွမ်း ရာ သ က္ကာ များ ကို ပူ ဇော် ၍၊ ယု ဒ အ မျိုး ကို၊ ဣ သ ရေ လ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အား ဝတ် ပြု ကြ ရန် မိန့် ဆို လေ ၏။
17
လူ ပ ရိ သတ် တို့ သည်၊ မြင့် ရာ ဌာ န များ တွင် ပူ ဇော် လေ့ ရှိ သေး သော် လည်း၊ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘုရား ကို သာ ပူ ဇော် ကြ လေ ၏။
18
မ နာ ရှေ မင်း စီ ရင် သော အ ကြွင်း အ ကျန် နှင့်၊ ကိုယ့် ဘု ရား သ ခင် အား ပ ဌ နာ ပြု ချက်၊ ဣ သ ရေ လ လူ မျိုး ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား နာ မ တော် ဖြင့်၊ အ မြော် အ မြင် ဆ ရာ တို့ ဆုံး မ ချက် များ ပါ၊ ဣ သ ရေ လ ရာဇ ဝင်၌ ရေး ထား လျက် ရှိ ၏။
19
ဆို ခဲ့ သော ပ ဌ နာ ပြု ချက်၊ နား ညောင်း တော် မူ ချက် များ ပြင်၊ စိတ် မ နှိမ့် ချ မီ သ စ္စာ တော် ကို ဖောက် ကျော်၍ ပြစ် မှား ချက် များ၊ မြင့် ရာ ဌာ န မှ စ သော တံ ခွန် တိုင် နှင့် ရုပ် တု များ ကို တည် လုပ် ခဲ့ သော အ ရပ် များ သည်၊ ဆ ရာ တော် တို့ အ တ္ထု ပ္ပ တ္တိ တွင် တင် သွင်း လျက် ရှိ ၏။
20
မ နာ ရှေ မင်း သည်၊ ဘေး တော် ဘိုး တော် တို့ နှင့် အ တူ ကျိန်း စက် လျက်၊ နန်း မြို့ တော် အ တွင်း စျာ ပ န ပြု ခြင်း ကို ခံ ရ လျှင်၊ သား တော် အာ မုန် သည်၊ အ ရိုက် အ ရာ၌ နန်း စံ လေ ၏။
21
အာ မုန် မင်း သည်၊ အိမ် နိမ့် နှစ် ဆယ့် နှစ် နှစ် ရှိ သော်၊ နန်း တက်၍၊ ယေ ရု ရှ လင် မြို့၌၊ နှစ် နှစ် သာ စိုး စံ ရ ၏။
22
ခ မည်း တော် မ နာ ရှေ မင်း အ လိုက်၊ ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် ဆိုး သွမ်း မှု ကို ပြု ကျင့် လျက်၊ ခမည်း တော် ထု လုပ် ခဲ့ သော ရုပ် ပွား များ ကို ဝတ် ပြု ပူ ဇော်၍၊
23
ထာ ဝ ရ ဘု ရား ရှေ့၊ ခ မည်း တော် မ နာ ရှေ မင်း စိတ် နှိမ့် ချ ပြန် သည့် နည်း တူ မ ချ ဘဲ၊ အား ကြီး စွာ မှား ယွင်း လေ ၏။
24
ကျေး ကျွန် တို့ သည်၊ အ တွင်း မီး ထ လျက်၊ နန်း တော် တွင် အာ မုန် မင်း ကို လုပ် ကြံ ကြ ရာ၊
25
ပြည် သူ ပြည် သား တို့ သည်၊ အ တွင်း မီး ထ သူ တို့ ကို ကွပ် မျက် ပြီး လျှင်၊ သား တော် ယော ရှိ ကို အ ရိုက် အ ရာ၌ မင်း မြှောက် ကြ ၏။