၂ ရာ​ချုပ်-31

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ထို အ မှု ပြီး စီး ပြီး နောက်၊ စည်း ဝေး သော ဣ သ ရေ လ လူ အ ပေါင်း တို့ သည်၊ ယု ဒ မြို့ ရွာ များ သို့ ထွက် သွား၍၊ ယုဒ၊ ဗင်္ယာ မိန်၊ ဧ ဖ ရိမ်၊ မ နာ ရှေ နယ် များ ရှိ ကျောက် တိုင်၊ တံ ခွန် တိုင် များ ကို ခုတ် လှဲ ချိုး ဖဲ့ လျက်၊ မြင့် ရာ ဌာ န နှင့် ယဇ် ပ လ္လင် များ ကို ဖြို ဖျက် လျက်၊ မ ကြွင်း မ ကျန် ဖျက် ဆီး ပြီး မှ၊ နေ ရင်း မြို့ ရွာ ပိုင် ဆိုင် ရာ အိမ် သို့၊ အ သီး အ သီး ပြန် သွား ကြ၏။
  • 2 ဟေ ဇ ကိ မင်း သည်၊ ပ ရော ဟိတ် နှင့် လေ ဝိ ဂိုဏ်း သား တို့ အား၊ မီး ရှို့ ရာ သ က္ကာ၊ မိတ် သ ဟာ ယ သ က္ကာ ပူ ဇော် ခြင်း၊ အ မှု တော် ဆောင် ရွက် ခြင်း၊ ထာ ဝ ရ ဘု ရား စံ ရာ တပ် တော် တံ ခါး အ တွင်း ကျေး ဇူး တော် ဂုဏ် တော် ချီး မွမ်း ခြင်း တည်း ဟူ သော၊ အ သီး အ သီး ဆိုင် ရာ တာ ဝန် များ ကို၊ အ လှည့် ကျ အ လိုက် ချ ထား လေ၏။
  • 3 ထာ ဝ ရ ဘု ရား၏ ပ ည တ္တိ ကျမ်း အ ရ၊ ညဉ့် နံ နက် ဥ ပုသ် နေ့၊ လ ဆန်း နေ့၊ ပြု မြဲ ပွဲ နေ့ များ တွင် မီး ရှို့ ရာ သ က္ကာ များ အ ဖို့၊ ဝ တ္တ ရား အ တိုင်း၊ ပိုင် တော် မူ ရာ အ နက် လှူ ဒါန်း သည့် ပြင်၊
  • 4 ထာ ဝ ရ ဘု ရား တ ရား တော် ဘက် သို့ ပ ရော ဟိတ် နှင့် လေ ဝိ ဂိုဏ်း သား တို့ လုံး လုံး လိုက် နိုင် ကြ စေ ရန်၊ ယေ ရု ရှ လင် မြို့ သူ မြို့ သား တို့ က၊ ဝ တ္တ ရား အ တိုင်း လှူ ဒါန်း ကြ ရ မည့် အ ကြောင်း မိန့် ဆို၏။
  • 5 ထို အ မိန့် တော် ကို ကြား လျှင် ကြား ချင်း၊ ဣ သ ရေ လ အ မျိုး သား တို့ သည်၊ ဆန်၊ စ ပါး၊ စ ပျစ် ရည်၊ ဆီ၊ ပျား ရည် မှ စ သော မြေ အ သီး အ နှံ လက် ဦး လက် ဖျား ကို လည်း ကောင်း၊ အ ခြား ဥ စ္စာ အ နက် ဆယ် ဖို့ တစ် ဖို့ ကို လည်း ကောင်း၊ အ မြောက် အ မြား ဆောင် ယူ လှူ ဒါန်း ကြ သည့် ပြင်၊
  • 6 ယု ဒ မြို့ ရွာ နေ ဣ သ ရေ လ၊ ယု ဒ အ မျိုး သား တို့ သည်၊ နွား၊ သိုး၊ ဆိတ် နှင့် တ ကွ၊ သူ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အ ဖို့ သီး သန့် ထား၍ လှူ အပ် သော ဆယ် ဖို့ တစ် ဖို့ ကို ဆောင် ယူ လျက်၊ အ ပုံ ပုံ စု ထား ကြ သည် မှာ၊
  • 7 တ တိ ယ လ အ စ ပြု၍၊ သ တ္တ မ လ တိုင် သော် ပြီး စီး ကြ သ တည်း။
  • 8 ဟေ ဇ ကိ မင်း နှင့် မှူး တော် မတ် တော် တို့ သည်၊ အ ပုံ ပုံ စု ထား ကြ သည် ကို လာ ရောက် ရှု မြင် ကြ သော အ ခါ၊ ထာ ဝ ရ ဘု ရား အား ဩ ဘာ ဆက် လျက်၊ ဣ သ ရေ လ လူ မျိုး တော် တို့ ကို ကောင်း ကြီး ပေး ကြ ပြီး လျှင်၊
  • 9 ဟေ ဇ ကိ မင်း သည်၊ ပ ရော ဟိတ် နှင့် လေ ဝိ ဂိုဏ်း သား တို့ ကို စု ပုံ ထား သည့် အ ကြောင်း မေး မြန်း ရာ၊
  • 10 ဇာ ဒုတ် အ ဆက် ပ ရော ဟိတ် မင်း အာ ဇ ရိ က၊ လူ မျိုး တော် ကို ထာ ဝ ရ ဘု ရား ကောင်း ကြီး ပေး တော် မူ သည် နှင့် အ ညီ၊ မြှောက် ဆက် ရာ အ လှူ ကို ဗိ မာန် တော် သို့ ဆောင် သွင်း ကြ သည် က စ၍၊ အ ကျွန်ုပ် တို့ သည် လုံ လောက် စွာ စား သောက် ရ သည့် ပြင်၊ အ များ အ ပြား ကြွင်း ကျန် ပါ၏။ ဤ တွင် ထား သ မျှ မှာ၊ အ ကြွင်း အ ကျန် တည်း ဟု လျှောက် သော်၊
  • 11 ဟေ ဇ ကိ မင်း အ မိန့် တော် အ တိုင်း၊ ဗိ မာန် တော် တွင် ဘ ဏ္ဍာ ခန်း များ ကို လုပ် ပြီး လျှင်၊
  • 12 မြှောက် ဆက် ရာ အ လှူ၊ ဆယ် ဖို့ တစ် ဖို့ အ လှူ၊ သီး သန့် ရာ အ လှူ များ ကို၊ သစ္စာ စောင့် လျက် သွင်း ထား ကြ၏။ ဟေ ဇ ကိ မင်း နှင့် ဗိ မာန် တော် မှူး အာ ဇ ရိ စီ မံ သည့် အ လျောက်၊ လေ ဝိ အ နွယ် ကော န နိ ကို ဘ ဏ္ဍာ တိုက် စိုး၊ ညီ ရှိ မိ ကို ဘ ဏ္ဍာ တိုက် ကြပ်၊ ၎င်း တို့ လက် အောက် တွင် ယေ ဟေ လ၊ အာ ဇ ဇိ၊ နာ ဟတ်၊ အာ သ ဟေ လ၊ ယေ ရိ မုတ်၊ ယော ဇ ဗဒ်၊ ဧ လျေ လ၊ ဣ သ မ ခိ၊ မာ ဟတ်၊ မေ နာ ယ တို့ ကို ဘ ဏ္ဍာ ထိန်း များ အ ဖြစ်၊ ခန့် ထား ၏။
  • 13
  • 14 အ ရှေ့ တံ ခါး တော် စောင့်၊ လေ ဝိ ဂိုဏ်း ဝင်၊ ယိ မ န သား ကော ရ ကို၊ ထာ ဝ ရ ဘု ရား အ ဖို့ မြှောက် ဆက် ရာ အ လှူ နှင့် အ ထူး သီး သန့် ရာ အ လှူ များ ကို ဝေ ငှ ရန်၊ ဘု ရား သ ခင် အား စေ တ နာ အ လျောက် လှူ သော ဝ တ္ထု များ တွင် အ အုပ် အ ချုပ် ခန့် ထား ၏။
  • 15 ကော ရေ၏ လက် အောက်၊ ဧ ဒင်၊ မိ ညာ မိန်၊ ယော ရှု၊ ရှေ မာ ယ၊ အာ မ ရိ၊ ရှေ က နိ တို့ သည်၊ ဘေး စဉ် ဘိုး ဆက် စာ ရင်း ဝင် သော၊ အ သက် သုံး နှစ် လည် သူ တို့ မှ စ၍၊ အ လှည့် ကျ တာ ဝန် ရှိ သည့် အ လျောက်၊ ဗိ မာန် တော် သို့ နေ့ စဉ် ဆွမ်း ခံ ဝင် သူ တို့ အ ပြင်၊ ပ ရော ဟိတ် တို့ ဝ တ္ထု ကံ မြို့ များ တွင်၊ အ လှည့် ကျ ခွဲ ထား သော ဆွေ မျိုး သား ချင်း အ ကြီး အ ငယ် တို့ အား ဝေ ငှ ရန် ဝတ် မှ တစ် ပါး၊
  • 16
  • 17 ပ ရော ဟိတ် တို့ ကို၊ အိမ် ထောင် များ အ လိုက်၊ လေ ဝိ ဂိုဏ်း သား တို့ ကို၊ အ သက် နှစ် ဆယ် ကျော် လျက် အ လှည့် ကျ ခွဲ ထား သည့် တာ ဝန် အ လိုက်၊ စာ ရင်း သွင်း ၍၊
  • 18 တ ဘောင် လုံး ဆိုင် ရာ မ ယား၊ သား၊ သ မီး တို့ ကို၊ စာ ရင်း သွင်း ရန် ဝတ် ကို၊ သီး သန့် ထား သူ ဖြစ် သည့် အ လျောက် ပြု ရ ကြ၏။
  • 19 ထို မြို့ များ တွင် လည်း၊ နိ ဂုံး ကျေး လက် နေ သော အာ ရုန့် အ နွယ် သား ပ ရော ဟိတ် အ ပေါင်း တို့ နှင့်၊ စာ ရင်း ဝင် သ မျှ သော လေ ဝိ ဂိုဏ်း သား တို့ အား ဝေ ငှ ရ သော သူ တို့ သည်၊ အ မည် စာ ရင်း နှင့် တ ကွ ရှိ သေး သ တည်း။
  • 20 ထို သို့ ဟေ ဇ ကိ မင်း သည် ယု ဒ ပြည် လုံး နှံ့ စီ မံ လျက်၊ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင်၊ သ စ္စာ တ ရား နှင့် အ ညီ ဖြောင့် မှန် သင့် လျော် စွာ ပြု ကျင့်၍၊
  • 21 ကိုယ့် ဘု ရား သ ခင် ကို ရှာ ဖွေ မည့် အ ကြံ နှင့်၊ ပ ညတ် တ ရား နှင့် မိန့် မှာ တော် မူ သ မျှ အ တိုင်း ဗိ မာန် တော် ဝတ် ကို ဆောင် ရွက် ရာ၊ စိတ် ပါ ကိုယ် ရောက် ပြု သည့် အ တွက်၊ ကြံ တိုင်း ထ မြောက် လေ ၏။
回到本卷目录 回到本版本目录 回到首页