1
ဆို ခဲ့ သည့် အ တိုင်း သ စ္စာ နှင့် ဆောင် ရွက် ပြီး နောက်၊ အာ ရှု ရိ ဘု ရင် သ နာ ခ ရိပ် မင်း သည် ယု ဒ ပြည် သို့ ချီ တက်၍၊ ခံ တပ် မြို့ များ ကို ဖောက် ဖျက် သိမ်း ယူ ရန် စွဲ ရပ် ရာ၊
2
ချီ တက် သ ဖြင့် ယေ ရု ရှ လင် မြို့ သို့ စစ် မျက် နှာ မူ သည် ကို ဟေ ဇ ကိ မင်း သိ လျှင်၊
3
မြို့ ပြင် ရှိ စမ်း ရေ ပေါက် များ ကို ပိတ် သွင်း ရန်၊ မှူး တော် မတ် တော်၊ ရဲ ဗိုလ် တို့ နှင့် တိုင် ပင် သည့် အ တိုင်း၊
4
ကူ ညီ နှိုး ဆော် ကြ သ ဖြင့်၊ စု ရုံး သော လူ အ မြောက် အ မြား တို့ က၊ အာ ရှု ရိ ဘု ရင် ရောက် လာ သော်၊ ရေ များ စွာ အ ဘယ့် ကြောင့် တွေ့ ရ အံ့ နည်း ဟု ဆို လျက်၊ စမ်း ရေ ပေါက် ရှိ သ မျှ နှင့်၊ မြို့ ပြင် တွင် စီး သော ချောင်း ကို ပိတ် သွင်း ကြ ကုန် ၏။
5
ဟေ ဇ ကိ မင်း လည်း၊ အား ယူ ၍၊ ပြို ပျက် သော မြို့ ရိုး နှင့် ပြင် မြို့ ရိုး ကို ပြု ပြင် လျက်၊ ပြ အိုး များ ကို လည်း တည် ဆောက် သည့် ပြင်၊ ဒါ ဝိဒ် မြို့ ရှိ မိ လ္လော ပြ အိုး ကို ခိုင် ခံ့ စေ ပြီး မှ၊ စစ် လက် နက်၊ ဒိုင်း လွှား များ စွာ ကို လုပ် လေ ၏။
6
စစ် ဗိုလ် များ ကို လည်း ခန့် ထား၍၊ မြို့ တံ ခါး အ နီး ကျယ် ဝန်း ရာ တွင် စု ဝေး စေ ပြီး လျှင်၊
7
အာ ရှု ရိ ဘု ရင် နှင့် ဘက် ပါ အ လုံး အ ရင်း ကြောင့်၊ ကြောက် ရွံ့ တုန် လှုပ် ခြင်း မ ရှိ ဘဲ၊ အား ယူ၍ ရဲ ရင့် ကြ လော့။ ငါ တို့ ဘက်၌ သာ၍ ခွန် အား ကြီး ကျယ် ၏။
8
ထို မင်း ဘက် မှာ၊ လူ့ လက် ရုံး ရည် မျှ သာ ရှိ၏။ ငါ တို့ ဘက် မှာ မူ၊ စစ် ရေး ကို ကူ ညီ သော ငါ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ရှိ တော် မူ သည် ဟု၊ အား ပေး မြွက် ဆို သော အ ခါ၊ မြို့ သား တို့ သည်၊ ယု ဒ ဘု ရင် ဟေ ဇ ကိ မင်း မိန့် ဆို ချက် ကို ကိုး စား ကြ ကုန် ၏။
9
ထို နောက်၊ မင်း ခမ်း မင်း နား အ စုံ နှင့်၊ လာ ခိ ရှ မြို့ ရှေ့ တွင် စွဲ ရပ် သော အာ ရှု ရိ ဘု ရင် သ နာ ခ ရိပ် မင်း သည်၊ ယု ဒ ဘု ရင် ဟေ ဇ ကိ မင်း နှင့် ယေ ရု ရှ လင် မြို့ ရှိ ယု ဒ လူ မျိုး အ ပေါင်း တို့ ထံ၊
10
ရာ ဇ သံ စေ လွှတ် ထုတ် ပြန် စေ သော၊ အာ ရှု ရိ ဘု ရင် သ နာ ခ ရိပ် မင်း ၏ အ မှာ တော် ကား၊ ဝိုင်း ထား ခြင်း ကို ခံ ရ သော ယေ ရု ရှ လင် မြို့ သား တို့၊ မည် သည့် အ ရာ ၌ ကိုး စား ကြ သ နည်း။
11
ဟေ ဇ ကိ မင်း က၊ ငါ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည်၊ အာ ရှု ရိ ဘု ရင့် လက် တွင်း မှ လွတ် မြောက် စေ မည် ဟူ သော သွေး ဆောင် ခြင်း စ ကား ဖြင့်၊ မွတ် သိပ် လျက်၊ ရေ ငတ် လျက်၊ သေ ရ ကြ မည် မ ဟုတ် လော။
12
ထို ဘု ရား၏ မြင့် ရာ ဌာ န နှင့် ပူ ဇော် ရာ ပ လ္လင် များ ကို၊ ဟေ ဇ ကိ မင်း ကိုယ် တိုင် ပယ် ရှား ပြီး လျှင်၊ ပူ ဇော် ရာ ပလ္လင် တစ် ခု တည်း ရှေ့ တွင် ရှိ ခိုး လျက်၊ မီး ဖြင့် ပူ ဇော် ကြ ရ မည် ဟု၊ ယု ဒ ပြည် သူ၊ ယေ ရု ရှ လင် မြို့ သား တို့ အား၊ မိန့် ဆို ပြီ မ ဟုတ် လော။
13
တိုင်း နိုင် ငံ တ ကာ ကို၊ ဘေး တော် ဘိုး တော် တို့ မှ စ၍၊ ငါ လက် ထက် တိုင်၊ မည် သို့ စီ ရင် ခဲ့ ကြောင်း မ သိ ကြ လော။ တိုင်း နိုင် ငံ သား တို့ ဘု ရား များ သည် ကိုယ့် ပြည် ကို ငါ့ လက် မှ လွတ် မြောက် စေ ဘူး သ လော။
14
သင် တို့ ကို ငါ့ လက် တွင်း မှ ထာ ဝ ရ ဘု ရား လွတ် မြောက် နိုင် စေ ရန်၊ ဘေး တော် ဘိုး တော် တို့ မြေ လှန် ခဲ့ သော လူ မျိုး ခြား တို့ ဘု ရား များ အ နက်၊ ကိုယ့် လူ မျိုး ကို မည် သည့် ဘု ရား လွတ် မြောက် စေ ဘူး သ နည်း။
15
ယ ခု မှာ၊ ဟေ ဇ ကိ မင်း ထို သို့ သွေး ဆောင် လှည့် ဖြား သည် ကို နား မ ရောင် ကြ နှင့်။ ဘေး တော် ဘိုး တော် တို့ လက် တွင်း မှ လည်း ကောင်း၊ ငါ့ လက် တွင်း မှလည်း ကောင်း၊ မည် သည့် လူ မျိုး၊ မည် သည့် နိုင် ငံ ရှင် ဘု ရား မျှ၊ ကိုယ့် လူ မျိုး ကို မ လွတ် မြောက် စေ နိုင် သည် မှန် လျှင်၊ သင် တို့ ဘု ရား သည်၊ သင် တို့ ကို မည် သို့ လွတ် မြောက် စေ နိုင် မည် နည်း ဟု ပြန် ဆို ပြီး သော်၊
16
ထာ ဝ ရ ဘု ရား သ ခင် နှင့် ကျွန် တော် ရင်း ဟေ ဇ ကိ မင်း ကို၊ ရာ ဇ သံ တို့ ဆက် လက် ကဲ့ ရဲ့ ကြ သေး ၏။
17
အာ ရှု ရိ ဘု ရင် က လည်း၊ တိုင်း နိုင် ငံ သား တို့ ဘု ရား များ သည်၊ ကိုယ့် လူ မျိုး ကို ငါ့ လက် တွင်း မှ မ လွတ် မြောက် စေ နိုင် သည့် နည်း တူ ပင်၊ ဟေ ဇ ကိ မင်း ၏ ဘုရား ကား။ ကိုယ့် လူ မျိုး ကို လွတ် မြောက် စေ နိုင် မည် မ ဟုတ် ဟူ ၍၊ ဣသ ရေ လ လူ မျိုး ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို၊ ကဲ့ ရဲ့ ဆဲ ဆို သော အ မှာ တော် စာ ကို လည်း ရေး ပို့ လိုက် ၏။
18
ရာ ဇ သံ တို့ သည်၊ ယေ ရု ရှ လင် မြို့ ရိုး ပေါ် ရှိ လူ တို့ ကြောက် ရွံ့ တုန် လှုပ် စေ၍၊ မြို့ ကို သိမ်း ယူ ခြင်း ငှာ၊ ယုဒ ဘာ သာ စ ကား ဖြင့်၊ ကျယ် စွာ ကြွေး ကြော် လျက်၊
19
လူ့ လက် ဖြစ် နိုင် ငံ ခြား ဘု ရား များ ကို ကဲ့ ရဲ့ သည့် နည်း တူ၊ ယေ ရု ရှ လင် မြို့ ဘု ရား သ ခင် ကို ကဲ့ ရဲ့ ကြ ၏။
20
ထို အ ကြောင်း ကြောင့်၊ ဟေ ဇ ကိ မင်း နှင့် အာ မုတ် သား ပ ရော ဖက် ဟေ ရှာ ယ တို့ သည်၊ ကောင်း ကင် သို့ ဟစ် လျက် ပ ဌ နာ ပြု ကြ သည့် အ တွက်၊
21
အာ ရှု ရိ ဘု ရင့် တပ် တော်၌၊ မှူး တော် မတ် တော်၊ ဗိုလ် မှူး မှ စ၍၊ စစ် ခေါင်း မာ သူ ဟူ သ မျှ တို့ ကို၊ လွှတ် သော စေ တ မန် တော့် လက် ဖြင့်၊ ထာ ဝ ရ ဘု ရား ဖျက် ဆီး တော် မူ သည် နှင့်၊ အာ ရှု ရိ ဘု ရင် သည် မျက် နှာ ပျက် လျက်၊ ကိုယ့် ပြည် သို့ ဆုတ် ပြန်၍၊ ကိုယ့် ဘု ရား ကျောင်း သို့ ဝင် ရောက် ရာ၊ သား တော် ရင်း တို့ သည် ဓား ဖြင့် လုပ် ကြံ ကြ လေ ၏။
22
ထို သို့ ထာ ဝ ရ ဘု ရား သည်၊ ဟေ ဇ ကိ မင်း နှင့် ယေ ရု ရှ လင် မြို့ သား တို့ ကို၊ အာ ရှု ရိ ဘု ရင် သ နာ ခ ရိပ် မင်း လက် မှ လည်း ကောင်း၊ ရန် သူ အ ပေါင်း တို့ လက် မှ လည်း ကောင်း၊ လွတ် မြောက် စေ ပြီး လျှင်၊ ပတ် ဝန်း ကျင် အ ရပ် ရပ် ငြိမ်း ချမ်း ခွင့် ပေး တော် မူ ၏။
23
ယေ ရု ရှ လင် မြို့ သို့၊ ထာ ဝ ရ ဘု ရား အ ဖို့ အ လှူ ဒါ န များ နှင့်၊ ယု ဒ ဘု ရင် ဟေ ဇ ကိ မင်း ထံ လက် ဆောင် တော် များ ကို၊ လူ အ များ တို့ ဆက် သွင်း ကြ သ ဖြင့်၊ ဟေ ဇ ကိ မင်း သည်၊ ဤ သ မ ယ မှ စ၍၊ လူ ခပ် သိမ်း တို့ ရှေ့ ဂုဏ် အ သ ရေ ကြီး မြင့် လေ ၏။
24
ထို ကာ လ၊ ဟေ ဇ ကိ မင်း၌ သေ အံ့ သော ဝေ ဒ နာ စွဲ ကပ် ရာ၊ ထာ ဝ ရ ဘု ရား ထံ ပ ဌ နာ ပြု သော ကြောင့်၊ နိ မိတ် ဗျာ ဒိတ် တော် ကို ခံ ရ သော် လည်း၊
25
ခံ စား ခဲ့ ရ သော ကျေး ဇူး တော် ကို မ တုံ့ ပြန် ဘဲ၊ စိတ် နေ မြင့် သည့် အ တွက်၊ ဘု ရင် မင်း နှင့် ယု ဒ ပြည် သူ ယေရု ရှ လင် မြို့ သား တို့ အ ပေါ်၌ အ မျက် တော် တည် သော်၊
26
ဟေ ဇ ကိ မင်း စိတ် နေ မြင့် မိ ရာ မှ၊ ယေ ရု ရှ လင် မြို့ သူ မြို့ သား တို့ ပါ၊ နှိမ့် ချ ကြ သည် ဖြစ်၍၊ အ မျက် တော် ကို ဟေ ဇ ကိ မင်း လက် ထက်၊ ထာ ဝ ရ ဘု ရား ရုပ် သိမ်း တော် မူ ၏။
27
ဟေ ဇ ကိ မင်း သည်၊ အ တိုင်း ထက် အ လွန် ဂုဏ် အ သ ရေ စည်း စိမ် ချမ်း သာ ရ သ ဖြင့်၊ ရွှေ၊ ငွေ၊ ကျောက် မျက်၊ နံ့ သာ ပေါင်း၊ ဒိုင်း လွှား မှ စ သော အ ဖိုး ထိုက် တန် ဆာ အ မျိုး မျိုး အ ဖို့၊ ရွှေ တိုက် များ ကို လည်း ကောင်း၊
28
ဆန်၊ စ ပျစ် ရည်၊ ဆီ သို ထား ရန် တိုက် များ ကို လည်း ကောင်း၊ တိ ရ စ္ဆာန် အ မျိုး မျိုး ထား ရန် တင်း ကုပ် နှင့် သိုး ခြံ များ ကို လည်း ကောင်း၊ စီ မံ လေ ၏။
29
ဥ စ္စာ ပ စ္စည်း များ စွာ ကို ဘု ရား သ ခင် ပေး သ နား တော် မူ သည် နှင့် အ ညီ၊ နွား၊ သိုး၊ ဆိတ် များ ပြား သည့် အ တွက်၊ မြို့ ရွာ များ ကို တည် ထောင် လေ ၏။
30
ဟေ ဇ ကိ မင်း သည်၊ ဂိ ဟုန် အ ထက် စမ်း ရေ ကို ပိတ် သွင်း လျက်၊ အ နောက် ဘက် ရှိ ဒါ ဝိဒ် မြို့ တော် သို့ တည့် တည့် စီး ဝင် စေ၏။ ဟေ ဇ ကိ မင်း သည် ကြံ တိုင်း ထ မြောက် သ တည်း။
31
ပြည် တော် တွင် ဖြစ် ပွား သော အံ့ ဖွယ် မှု ကို မေး လျှောက် ရန်၊ ဗာ ဗု လုန် ဘု ရင် တို့ စေ လွှတ် လိုက် သော ရာ ဇ သံ အ ရေး မှာ သာ၊ ဟေ ဇ ကိ မင်း အ ကြံ အ စည် ကို စုံ စမ်း၍ သိ ခြင်း ငှာ ဘု ရား သ ခင် လွှတ် ထား တော် မူ၏။
32
ဟေ ဇ ကိ မင်း စီ ရင် သော အ ကြွင်း အ ကျန် နှင့် ကောင်း မှု များ သည်၊ ယု ဒ၊ ဣ သ ရေ လ ရာ ဇ ဝင် ပါ၊ အာ မုတ် သား ပ ရော ဖက် ဟေ ရှာ ယ ဗျာ ဒိတ် ကျမ်း တွင် ရေး ထား လျက် ရှိ ၏။
33
ဟေ ဇ ကိ မင်း သည်၊ ဘေး တော် ဘိုး တော် တို့ နှင့် အ တူ ကျိန်း စက် လျက်၊ ဒါ ဝိဒ် မင်း သား တော် အ စဉ် မြေး တော် အ ဆက် တို့ သင်္ချိုင်း တော် အ ထက် ပိုင်း တွင်၊ စျာ ပ န ပြု ခြင်း ကို ခံ ရ လျှင်၊ ယု ဒ ပြည် သူ ယေ ရု ရှ လင် မြို့ သား အ ပေါင်း တို့ အ လေး အ မြတ် ပြု ကြ၏။ သား တော် မ နာ ရှေ သည်၊ အ ရိုက် အ ရာ၌ နန်း စံ လေ ၏။