1
ရော ဗောင် မင်း သည် စွမ်း အား ကြီး၍ အာ ဏာ တော် တည် သော အ ခါ ထာ ဝ ရ ဘု ရား တ ရား တော် ကို ယု ဒ လူ မျိုး ပါ စွန့် ၍
2
သ စ္စာ တော် ကို ဖောက် ကျော် ကြ သော ကြောင့် ရော ဗောင် မင်း နန်း စံ ငါး နှစ် တွင် အိ ဂျစ် ဘု ရင် ရှိ ရှက် မင်း သည် စစ် ရ ထား တစ် ထောင့် နှစ် ရာ၊ မြင်း စီး သူ ရဲ ခြောက် သောင်း မှ စ၍ မ ရေ တွက် နိုင် သော လိ ဗု၊ သု ကိ၊ ကု ရှ ရဲ မက် တို့ နှင့် တ ကွ အိ ဂျစ် ပြည် မှ ချီ ထွက် လျက်
3
4
ယု ဒ ပိုင် ခံ တပ် မြို့ များ ကို သိမ်း ယူ ပြီး လျှင် ယေ ရု ရှ လင် မြို့ ရောက် ချီ လာ လေ ၏။
5
ထို အ ခါ ရှိ ရှက် မင်း အ ရေး ကြောင့် ယေ ရု ရှ လင် မြို့ သို့ စု ရုံး ကြ သော ယု ဒ မှူး မတ် များ နှင့် ရော ဗောင် မင်း ထံ ပ ရော ဖက် ရှေ မာ ယ ဝင် လာ၍ ဆင့် ဆို သည် မှာ ထာ ဝ ရ ဘု ရား က သင် တို့ သည် ငါ့ ကို စွန့် ကြ သည့် အ လျောက် ငါ လည်း သင် တို့ ကို ရှိ ရှက် လက် တွင်း သို့ အပ် နှင်း ပြီ ဟူ သော ဗျာ ဒိတ် တော် ကို ဆင့် ဆို လျှင်
6
ထာ ဝ ရ ဘု ရား ဖြောင့် မတ် တော် မူ သည် ဟု ဘု ရင် မင်း နှင့် ယု ဒ မှူး မတ် တို့ နှိမ့် ချ စွာ ဝန် ခံ ကြ လေ ၏။
7
ထို သို့ နှိမ့် ချ သည် ကို ထာ ဝ ရ ဘု ရား သိ မြင် တော် မူ သော် သူ တို့ သည် နှိမ့် ချ ကြ လေ ပြီ။ ငါ ဖျက် ဆီး မည် မ ဟုတ်။ ရှိ ရှက် လက် ဖြင့် ယေ ရု ရှ လင် မြို့ ပေါ် သို့ အ မျက် တော် ကို မ သွန်း ဘဲ မ ကြာ မီ ချမ်း သာ စေ မည်။
8
သို့ ရာ တွင် ထို မင်း အောက် ကျွန် တော် မျိုး ခံ ရ လျက် ငါ့ အ မှု အ ရေး နှင့် နိုင် ငံ ရှင် တို့၏ အ မှု အ ရေး ဆောင် ရွက် ခြင်း ကို သိ ရ ကြ လိမ့် မည် ဟူ သော ဗျာ ဒိတ် တော် သည် ရှေ မာ ယ သို့ ရောက် ပြန် လေ ၏။
9
သို့ နှင့် အ ညီ အိ ဂျစ် ဘု ရင် ရှိ ရှက် မင်း သည် ယေ ရု ရှ လင် မြို့ သို့ ချီ တက်၍ ဗိ မာန် တော်၊ နန်း တော် ဘ ဏ္ဍာ ရှိ သ မျှ နှင့် ရှော လ မုန် မင်း လုပ် ထား ခဲ့ သော ရွှေ ဒိုင်း လွှား များ ပါ သိမ်း သွား လေ ၏။
10
ရော ဗောင် မင်း သည် ရွှေ ဒိုင်း လွှား များ အ စား၊ ကြေး ဒိုင်း လွှား များ ကို လုပ် ပြီး လျှင် နန်း တော် တံ ခါး ဗိုလ် ဖြစ် သော ရှေ့ တော် ပြေး မှူး တို့ ထံ အပ် ထား လျက်
11
ဗိ မာန် တော် သို့ ဘု ရင် မင်း ကြွ ချီ တိုင်း၊ ရှေ့ တော် ပြေး တို့ သည် ဒိုင်း လွှား များ ကို လိုက် ပါ ဆောင် ကိုင် ပြီး နောက် ကိုယ့် အ ဆောင် တွင် ပြန် ထား ရ ကြ ၏။
12
ဘု ရင် မင်း နှိမ့် ချ သော အ ခါ ထာ ဝ ရ ဘု ရား သည် လုံး လုံး မ ဖျက် ဆီး ဘဲ အ မျက် တော် ကို သိမ်း တော် မူ၏။ ယုဒ ပြည်၌ လည်း သူ တော် ကောင်း များ ရှိ သေး သော ကြောင့် တည်း။
13
ထို သို့ အ မ္မုန် အ မျိုး သ မီး နေ မ၏ သား ရော ဗောင် မင်း သည် အိမ် နိမ့် လေး ဆယ့် တစ် နှစ် ရှိ သော်၊ နန်း တက် လျက် ဣ သ ရေ လ အ နွယ် အ ပေါင်း တို့ နေ ရာ မြို့ ရွာ များ အ နက် နာ မ တော် တည် ရန် ထာ ဝ ရ ဘု ရား ရွေး ချယ် တော် မူ သော ယေ ရု ရှ လင် မြို့၌ ဆယ့် ခု နစ် နှစ် နန်း စံ၍ အာ ဏာ တော် ခိုင် ခံ့ အုပ် စိုး ရာ
14
ထာ ဝ ရ ဘု ရား ကို ရှာ ဖွေ ရန် စိတ် မ စွဲ လမ်း သော ကြောင့် ဆိုး သွမ်း မှု ကို ပြု မိ လေ ၏။
15
ရော ဗောင် မင်း အ စ အ ဆုံး ပြု မူ သ မျှ သည် ပ ရော ဖက် ရှေ မာ ယ နှင့် အ မြော် အ မြင် ဆ ရာ ဣ ဒ္ဒေါ တို့ အ တ္ထု ပ္ပ တ္တိ တွင် စာ ရင်း ပါ ဝင် လျက် ရှိ၏။ ရော ဗောင် မင်း နှင့် ယေ ရော ဗောင် မင်း တို့ သည် အ စဉ် စစ် ဖြစ် ကြ ၏။
16
ရော ဗောင် မင်း သည် ဘေး တော် ဘိုး တော် တို့ နှင့် အ တူ ကျိန်း စက် လျက် ဒါ ဝိဒ် မြို့ တော် တွင် စျာ ပ န ပြု ခြင်း ကို ခံ ရ လျှင် သား တော် အ ဘိ ယ သည် အ ရိုက် အ ရာ၌ နန်း စံ လေ ၏။