1
ဣ သ ရေ လ တစ် မျိုး လုံး သည် ရော ဗောင် ကို ဘု ရင် တင် မြှောက် ရန်၊ ရှေ ခင် မြို့ သို့ သွား ကြ ရာ သူ လည်း သွား လေ၏။
2
ရှော လ မုန် မင်း ထံ မှ အိ ဂျစ် ပြည် သို့ ပြေး ဝင် ခို နေ သော၊ နေ ဗတ် သား ယေ ရော ဗောင် သည် ထို သ တင်း ကို ကြား လျှင် ကြား ချင်း ပြန် လာ၍
3
ခေါ် စေ သူ ဣ သ ရေ လ လူ အ ပေါင်း တို့ နှင့် အ တူ ရော ဗောင် မင်း ထံ သို့ ဝင် လျက်
4
ခ မည်း တော် သည် ကျွန် တော် တို့ အ ပေါ် တွင် ခဲ ယဉ်း သော ထမ်း ပိုး ကို တင် တော် မူ ပါ ပြီ။ လက် ထက် တော် မှာ ခမည်း တော် တင် ခဲ့ သည့် လေး လံ သော ထမ်း ပိုး နှင့် ခဲ ယဉ်း သော တာ ဝန် ကို ပေါ့ စေ တော် မူ လျှင် ကျွန် တော် တို့ သည် ကိုယ် တော့် ထံ ဖ ဝါး ကျွန် ဖြစ် ကြ ပါ မည် ဟု တင် လျှောက် ကြ သော်၊
5
ရော ဗောင် မင်း က၊ သုံး ရက် မြောက် မှ လာ ကြ ပါ ဦး ဟု မိန့် ဆို သည့် အ တိုင်း ပြန် သွား ကြ ၏။
6
ထို အ ခါ ရော ဗောင် မင်း သည် ခ မည်း တော် ရှော လ မုန် မင်း လက် ထက် အ ပါး တော် မြဲ သူ၊ လူ ကြီး တို့ နှင့် တိုင် ပင် ရာ ဤ ပ ရိ သတ် အား ငါ ပြန် ပြော ရန် မည် သို့ အ ကြံ ပေး ကြ မည် နည်း ဟု မေး သော်၊
7
လူ ကြီး တို့ က၊ ဘု ရင် မင်း သည် ဤ ပ ရိ သတ် အား ကျေး ဇူး ပြု လျက် နှစ် သိမ့် စေ သော စ ကား ကောင်း ဖြင့် ပြန် ဆို တော် မူ လျှင် ဘုရင် မင်း အောက် အ စဉ် ကျွန် ခံ ပါ လိမ့် မည် ဟု တင် လျှောက် ကြ သော် လည်း
8
ရော ဗောင် မင်း သည် လူ ကြီး တို့ ပေး သော အ ကြံ ကို မ လိုက်၊ အ ပါး တော် မြဲ၊ ဖွား ဘက် တော် လူ ပျို တော် တို့ နှင့် တိုင် ပင် လျက်
9
ခ မည်း တော် တင် တော် မူ ခဲ့ သော ထမ်း ပိုး ကို ပေါ့ စေ တော် မူ ပါ ဟူ၍ လျှောက် တောင်း သော ဤ ပ ရိ သတ် အား ငါ ပြန် ပြော ရန် မည်သို့ အ ကြံ ပေး ကြ မည် ဟု မေး သော်
10
ဖွား ဘက် လူ ပျို တော် တို့ က ခ မည်း တော် သည် ကျွန် တော် တို့ အ ပေါ် တွင် လေး စွာ တင် သော ထမ်း ပိုး ကို ပေါ့ စေ တော် မူ ပါ ဟူ၍ တင် လျှောက် သော ပ ရိ သတ် အား ငါ့ လက် သန်း သည် ခ မည်း တော့် ခါး ထက် တုတ် ၏။
11
ခ မည်း တော် သည် သင် တို့ အ ပေါ် တွင် လေး လံ သော ထမ်း ပိုး ဝန် ကို တင် ခဲ့ သည် မှန်၏။ ငါ ကား ထပ် ၍ တင် ဦး မည်။ ခ မည်း တော် သည် သင် တို့ ကို နှင် တံ ဖြင့် ဆုံး မ ခဲ့ သည် မှန် ၏။ ငါ ကား၊ ကင်း မြီး ကောက် နှင့် ဆုံး မ ဦး မည် ဟူ၍ ပြန် ဆို တော် မူ ပါ ဟု အ ကြံ ပေး ကြ လေ ၏။
12
သုံး ရက် မြောက် မှ လာ ကြ ပါ ဦး ဟူ သော အ မိန့် တော် အ တိုင်း သုံး ရက် စေ့ ၍ ယေ ရော ဗောင် နှင့် တစ် ပ ရိ သတ် လုံး ပါ ရော ဗောင် မင်း ထံ ဝင် ကြ ရာ
13
ရေ ဗောင် မင်း သည် လူ ကြီး တို့ အ ကြံ ကို စွန့် ၍ လူ ပျို တော် တို့ အ ကြံ ကို လိုက် လျက် သင် တို့ အ ပေါ် တွင် လေး လံ သော ထမ်း ပိုး ကို ခ မည်း တော် တင် ခဲ့ သည် မှန်၏။ ငါ ကား၊ ထပ်၍ တင် ဦး မည်။ ခ မည်း တော် သည် သင် တို့ ကို နှင် တံ ဖြင့် ဆုံး မ ခဲ့ သည် မှန်၏။ ငါ ကား ကင်း မြီး ကောက် နှင့် ဆုံး မ ဦး မည် ဟု ခက် ထန် စွာ ပြန် ဆို၏။
14
15
ဘု ရင် မင်း သည် ပ ရိ သတ် တင် စ ကား ကို နား မ ဝင် ရ ခြင်း အ ကြောင်း မှာ ရှိ လော မြို့ နေ အ ဟိ ယ ဖြင့် နေ ဗတ် သား ယေ ရော ဗောင် အား ပေး တော် မူ ခဲ့ သော ဗျာ ဒိတ် တော် ပြည့် စုံ စေ ရန် ထာ ဝ ရ ဘု ရား သ ခင် မှ ဖြစ် ပွား လာ သော အ ကြောင်း တည်း။
16
ဣ သ ရေ လ တစ် မျိုး လုံး သည် ဘု ရင် မင်း နား မ ဝင် ကြောင်း သိ မြင် လျှင် အို ဣ သ ရေ လ လူ မျိုး တို့၊ အ သီး အ သီး နေ အိမ် သို့ ပြန် သွား ကြ လော့။ ဒါ ဝိဒ် မင်း သည် ငါ တို့ ဝေ ပုံ လော။ ယေ ရှဲ သား သည် ငါ တို့ ပိုင် စု မ ဟုတ် ချေ။ အို ဒါ ဝိဒ်၊ ကိုယ့် အိမ် ထောင် ကို မြင် လှည့် ဦး လော့ ဟု ဘု ရင် မင်း ရှေ့ ပြန် ပြော လျက် ဣ သ ရေ လ တစ် မျိုး လုံး နေ အိမ် များ သို့ ပြန် သွား ကြ ကုန် ၏။
17
ယု ဒ နယ် မြို့ ရွာ များ တွင် နေ ထိုင် သော ဣ သ ရေ လ အ မျိုး သား တို့ ကို ကား ရော ဗောင် မင်း အုပ် စိုး ရ လေ ၏။
18
လ မိုင်း ဝန် ဟ ဒေါ ရံ ကို စေ လွှတ် ရာ ဣ သ ရေ လ အ မျိုး သား တို့ ခဲ နှင့် ပစ် သတ် ကြ သည့် အ တွက် ရော ဗောင် မင်း သည် ရ ထား ပေါ် သို့ အ မြန် တက် ၍ ယေ ရု ရှ လင် မြို့ ရောက် ပြန် ပြေး ရ လေ ၏။
19
ထို သို့ ပင် ဣ သ ရေ လ အ မျိုး သည် ဒါ ဝိဒ် မင်း ရိုး ကို ယ နေ့ တိုင် အောင် ပုန် ကန် ကြ သ တည်း။