၂ ရာ​ချုပ်-9

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ရှေ ဘ ပြည့် ရှင် ဘု ရင် မ သည် ရှော လ မုန် မင်း ၏ ကျော် စော ကိ တ္တိ သ တင်း ကို ကြား လျှင် နံ့ သာ မျိုး၊ ကျောက် မျက်၊ ရွှေ အ မြောက် အ မြား ကို တင် ဆောင် သော ကု လား အုပ် တို့ နှင့် တ ကွ များ စွာ သော အ ခြံ အ ရံ တို့ ပါ ယေ ရု ရှ လင် မြို့ သို့၊ စ ကား ဝှက် များ ဖြင့် စုံ စမ်း ရန် ရောက် ၍ ရှော လ မုန် မင်း ထံ ဝင် ပြီး လျှင် စိတ်၌ ကြံ စည် သ မျှ ကို စော ဒ နာ တင် သည့် ကာ လ
  • 2 မ ဖြေ နိုင် အောင် နက် နဲ သော စော ဒ နာ မ ရှိ သည် နှင့် အ ညီ ရှော လ မုန် မင်း သည် အ ကြွင်း မဲ့ ဖြေ ဆို လေ ၏။
  • 3 ရှေ ဘ ဘု ရင် မ သည် ရှော လ မုန် မင်း၏ ဉာဏ် ပ ညာ၊ တည် ဆောက် ပြီး နန်း တော်၊
  • 4 ပွဲ တော် စာ ကျေး ကျွန် သင်း ပင်း တို့ နေ ထိုင် ပုံ၊ နန်း တော် သား တို့ ဆင် ယင် ခ စား ပုံ၊ ရေ ကြည် တော် အ ရာ ရှိ တို့ ဆင် ယင် ပုံ နှင့် ထာ ဝ ရ ဘု ရား ဗိ မာန် တော် ၌ မီး ရှို့ ပူ ဇော် နည်း များ ကို သိ မြင် သော အ ခါ စိတ် အား လျော့ ၍
  • 5 အ ကြည် တော်၏ အ ပြု အ မူ နှင့် ဉာဏ် ပ ညာ အ ကြောင်း ကိုယ့် ပြည် မှ ကြား ရ သော သ တင်း မှန် ပေ ၏။
  • 6 သို့ ရာ တွင် ကိုယ် တိုင် ရောက်၍ မ မြင် မီ၊ ကျွန်ုပ် မ ယုံ သေး ပါ။ ယ ခု မှာ အ ကြည် တော် ပ ညာ ကြီး သည် ဟူ သော ယ ခင် သ တင်း သည် ထက် ဝက် မျှ မ မှီ ချေ။ ကျွန်ုပ် ကြား ရ သော သ တင်း ထက် အ ကြည် တော် လွန် ကဲ ပေ ၏။
  • 7 အ ပါး တော် တွင် အ မြဲ ခ စား လျက် ပ ညာ တော် ကို နာ ယူ ရ သော အ ကြည် တော်၏ အ မှု ထမ်း၊ ကျေး ကျွန် သင်း ပင်း တို့ သည် သာ ယာ ကြ လေ စွ။
  • 8 အ ကြည် တော် ကို နှစ် သက်၍ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၏ ကိုယ် စား အ ဖြစ် ရာ ဇ ပ လ္လင် တော် ထက် တင် တော် မူ သော အကြည် တော်၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် မင်္ဂ လာ ရှိ တော် မူ ပါ စေ သော။ ဣ သ ရေ လ လူ မျိုး အား မြတ် နိုး ၍ အ စဉ် တည် မြဲ စေ တော် မူ လို သော ကြောင့် တ ရား သ ဖြင့် စီ ရင် ဆုံး ဖြတ် စေ ရန် အ ကြည် တော် ကို ဘု ရင် အ ဖြစ် ကိုယ့် ဘု ရား သ ခင် ခန့် ထား တော် မူ ပြီ ဟု သြ ဘာ ပြု ပြီး လျှင်
  • 9 ရွှေ ချိန် ခွက် သုံး ထောင် ခြောက် ရာ၊ ကျောက် မျက် နှင့် နံ့ သာ မျိုး အ မြောက် အ မြား ကို ဆက် သွင်း လေ ၏။ ရှော လ မုန် မင်း ထံ ရှေဘ ဘုရင် မ ဆက် သွင်း သော နံ့ သာ မျိုး ကဲ့ သို့ နောက် တစ် ဖန် မ ရောက် ချေ။
  • 10 သြ ဖိ ရ ပြည် မှ ရွှေ တင် ယူ သော ဟု ရံ မင်း၏ သင်္ဘော သား များ နှင့် ရှော လ မုန် မင်း၏ သင်္ဘော သား တို့ ဖြင့် နံ့ သာ သား၊ ကျောက် မျက် များ ကို လည်း တင် ဆောင် ခဲ့ သည် နှင့် အ ညီ
  • 11 ဗိ မာန် တော် နှင့် နန်း တော် လက် ရန်း များ ကိုလည်း ကောင်း၊ အ ငြိမ့် တော် တို့ တီး ရန် စောင်း၊ တ ယော များ ကို လည်း ကောင်း၊ ဘု ရင် မင်း လုပ် လေ ၏။ ဤ မျှ လောက် ကောင်း သော နံ့ သာ သား သည် ယု ဒ ပြည် သို့ ထို ကာ လ မ ပေါ် မ ရောက် သေး။
  • 12 ရှေ ဘ ဘု ရင် မ ဆက် သ သော လက် ဆောင် တော် ပြင်၊ ရှော လ မုန် မင်း သည် ဘု ရင် မ လို သ မျှ တောင်း တိုင်း ပြန် ပေး လိုက် ပြီး မှ ဘု ရင် မ သည် ကျေး ကျွန် သင်း ပင်း နှင့် တ ကွ ကိုယ့် ပြည် သို့ ပြန် သွား လေ ၏။
  • 13 ကူး သန်း ရောင်း ဝယ် သော ကုန် သည် တို့ အပ် ပေး ရ သော ကြေး ငွေ ပြင်၊ ရှော လ မုန် မင်း ထံ နှစ် စဉ် ဆက် သွင်း ရ သော ရွှေ ချိန် ကား၊ ခွက် နှစ် သောင်း ခန့် တည်း။ အာ ရပ် စော် ဘွား တို့ နှင့် ဝန် မင်း ရှိ သ မျှ တို့ သည် ရှော လ မုန် မင်း ထံ ရွှေ ငွေ များ ကို ဆက် သွင်း ရ ကြ ၏။
  • 14
  • 15 ရှော လ မုန် မင်း သည် ရွှေ ချိန် ခြောက် ပိဿာ စီ စီး သော ဒိုင်း လွှား ရှည် နှစ် ရာ၊
  • 16 သုံး ပိဿာ စီ စီး သော ဒိုင်း လွှား ဝိုင်း သုံး ရာ များ ကို ထု လုပ် စေ ပြီး လျှင် လေဗ နုန် တော ခေါ် နန်း တော် တွင် ဆွဲ ထား လေ ၏။
  • 17 ဆင် စွယ် ဖြင့် ပြီး သော ရွှေ စင် မွမ်း မ ဟာ ရာ ဇ ပ လ္လင် တော် ကို တည် လုပ် သည် မှာ
  • 18 လှေ ခါး သ ဖွယ် အောက် ခြေ ခြောက် ဆင့် နှင့် ခြေ တော် တင် ရွှေ ခုံ ကို ရာ ဇ ပ လ္လင် နှင့် ယှဉ် ထား လျက် စံ ရာ တော် ဝဲ ယာ၊ လက် ရုံး တန်း အ နီး၊ ရပ် ဟန် ခြင်္သေ့ နှစ် စီး ပြင်၊
  • 19 အ ခြေ ခြောက် ဆင့် ဝဲ ယာ အ စွန်း ပေါ် တွင် လည်း ရပ် ဟန် ခြင်္သေ့ ဆယ့် နှစ် စီး ကို တင်၏။ ထို သို့ သော ရာ ဇ ပလ္လင် သည် အ ဘယ် တိုင်း နိုင် ငံ၌ မျှ မ ရှိ။
  • 20 ရှော လ မုန် မင်း သောက် တော် ဖ လား များ သည် ရွှေ ဖြင့် ပြီး၏။ လေ ဗ နုန် တော ခေါ် နန်း တော် ရှိ အ သုံး အ ဆောင် ဟူ သ မျှ လည်း ရွှေ စင် ဖြင့် ပြီး၏။ ရှော လ မုန် မင်း လက် ထက် ငွေ ကို အ ရေး မ ယူ ချေ။
  • 21 ဟု ရံ မင်း၏ သင်္ဘော သား များ နှင့် အ တူ တာ ရှု မြို့ သို့ သုံး နှစ် တစ် ကြိမ် ခေါက် ပြန် သွား သော ဘု ရင် မင်း၏ သင်္ဘော များ ဖြင့် ရွှေ၊ ငွေ၊ ဆင် စွယ်၊ မျောက် များ၊ ဒေါင်း များ ကို တင် ဆောင် ခဲ့ ကြ ၏။
  • 22 ထို သို့ ရှော လ မုန် မင်း သည် မြေ ပေါ် ရှိ ဘု ရင် တ ကာ တို့ ထက် ဉာဏ် ပ ညာ၊ စည်း စိမ် ချမ်း သာ လွန် ကဲ ၍
  • 23 နှ လုံး တွင် ဘု ရား သ ခင် သွင်း ပေး တော် မူ သော ဉာဏ် ပ ညာ ကို နာ ယူ ရန် မြေ တစ် ပြင် လုံး ရှိ ဘု ရင် မင်း အ ပေါင်း တို့ အ ဖူး အ မြော် လင့် ကြ ရာ
  • 24 အ သီး အ သီး တို့ သည် ရွှေ ထည်၊ ငွေ ထည်၊ အ ဝတ် ထည်၊ နံ့ သာ မျိုး၊ လက် နက်၊ မြင်း၊ လား များ ကို ပ ဏ္ဏာ အ ဖြစ် နှစ် စဉ် ဆက် သ ကြ ၏။
  • 25 ရှော လ မုန် မင်း ပိုင် စစ် ရ ထား က သော မြင်း လေး ထောင်၊ မြင်း စီး သူ ရဲ တစ် သောင်း နှစ် ထောင် တို့ ကို ရ ထား ထိန်း မြို့ များ၌ လည်း ကောင်း၊ ယေ ရု ရှ လင် မြို့၊ အ ပါး တော် ၌ လည်း ကောင်း၊ ထား လေ ၏။
  • 26 မြစ် ကြီး မှ စ ၍ ဖိ လိ တ္တိ ပြည်၊ အိ ဂျစ် ပြည် နယ် စပ် တိုင် အောင် အ ရပ် ရပ် ရှိ ဘု ရင် တ ကာ တို့ အ ပေါ် တွင် အုပ် စိုး ရ လေ ၏။
  • 27 ဘု ရင် မင်း သည် ယေ ရု ရှ လင် မြို့ တွင် ငွေ ကို၊ ကျောက် ခဲ များ နှင့် အ မျှ လည်း ကောင်း၊ သစ် က တိုး ပင် များ ကို ရှဖေ လာ ခ ရိုင် တွင် အ လေ့ ပေါက် ပိုး စာ ပင် များ နှင့် အ မျှ လည်း ကောင်း၊ ပွား များ စေ ၏။
  • 28 အိ ဂျစ် ပြည် နှင့် အ တိုင်း တိုင်း အ ပြည် ပြည် မှ မြင်း များ ကို ရှော လ မုန် မင်း ထံ ဆောင် ခဲ့ ကြ ၏။
  • 29 ရှော လ မုန် မင်း အ စ အ ဆုံး ပြု မူ သော အ ကြွင်း အ ကျန် သည် ပ ရော ဖက် နာ သန့် အ တ္ထု ပ္ပ တ္တိ၊ ရှိ လော မြို့ သား အ ဟိ ယ ပ ရော ဖက် ကျမ်း၊ နေ ဗတ် သား ယေ ရော ဗောင် မင်း ကို ရည် သော အ မြော် အ မြင် ဆ ရာ ဣ ဒ္ဒေါ၏ ဗျာ ဒိတ် ကျမ်း များ တွင် ရေး ထား လျက် ရှိ ၏။
  • 30 ရှော လ မုန် မင်း သည် ယေ ရု ရှ လင် မြို့ များ၌ ဣ သ ရေ လ နိုင် ငံ လုံး ကို နှစ် ပေါင်း လေး ဆယ် စိုး စံ ပြီး မှ
  • 31 ဘေး တော် ဘိုး တော် တို့ နှင့် အ တူ ကျိန်း စက် လျက် ခ မည်း တော် ဒါ ဝိဒ် မြို့ တော် တွင် စျာ ပ န ပြု ခြင်း ကို ခံ ရ လျှင် သား တော် ရော ဗောင် သည် အ ရိုက် အ ရာ၌ နန်း စံ လေ ၏။
回到本卷目录 回到本版本目录 回到首页