၁ ရာ​ချုပ်-20

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ဘု ရင် မင်း တို့ စစ် ချီ လေ့ ရှိ သော နှစ် ဦး သ မ ယ တိုင် ရောက် သော အ ခါ ယေ ရု ရှ လင် မြို့ တွင် ဒါ ဝိဒ် မင်း စံ နေ ရစ် ရာ ယွာ ဘ သည် ဗိုလ် ထု အ လုံး အ ရင်း ကို ခေါ် ဆောင် လျက် အ မ္မုန် ပြည် ကို တိုက် ဖျက် ပြီး မှ ရ ဗ္ဗာ မြို့ ကို ချဉ်း ကပ် ဝိုင်း ဝန်း၍ လုပ် ကြံ ဖြို လှဲ လေ ၏။
  • 2 ဒါ ဝိဒ် မင်း သည် ရွှေ ချိန် ခွက် သုံး ဆယ် စီး မ ကိုဋ် ကို မိ လ ကုံ ဘု ရား ရုပ် ဦး ခေါင်း မှ ချွတ် ယူ၍ ချယ် လယ် သော ကျောက် မျက် ကို ကိုယ့် ဦး ခေါင်း တော် မှာ ဆင် ယင် လျက် အ လွန် များ ပြား သော ဥ စ္စာ ပ စ္စည်း ကို လည်း လု ယူ ပြီး လျှင်၊
  • 3 မြို့ သား တို့ ကို ခေါ် ထုတ်၍ လွှ၊ သံ ထွန်၊ ပု ဆိန် များ ဖြင့် ကွပ် မျက် လေ၏။ အ မ္မုန် အ မျိုး သား တို့ မြို့ ရွာ ရှိ သ မျှ ၌ ထို သို့ စီ ရင် ပြီး မှ ဒါ ဝိဒ် မင်း သည် ဗိုလ် ထု အ လုံး အ ရင်း နှင့် တ ကွ ယေ ရု ရှ လင် မြို့ သို့ ပြန် ချီ လေ ၏။
  • 4 ထို နောက် ဂေ ဇာ မြို့ တွင် ဖိ လိ တ္တိ လူ မျိုး ကို စစ် တိုက် ကြ ရာ ဟု ရှ မြို့ သား သိ ဗေ ခဲ သည် ရေ ဖိမ့် အ နွယ် သိ ပ္ပဲ ကို သတ် ၍ ဖိ လိ တ္တိ ဗိုလ် ထု ကို နှိမ် နှင်း လေ ၏။
  • 5 တစ် ဖန် ဖိ လိ တ္တိ လူ မျိုး ကို စစ် တိုက် ကြ ပြန် သော် ယာ ဣ ရ သား ဧ လ ဟာ နန် သည် ရက် ကန်း လက် လိပ် နှင့် အ မျှ လှံ ရိုး ကို ကိုင် သော ဂါ သ မြို့ သား ဂေါ လျတ်၏ ညီ၊ လာ ခ မိ ကို သတ် လေ ၏။
  • 6 ဂါ သ မြို့ တွင် တစ် ဖန် စစ် တိုက် ပြန် ရာ အ ရပ် အ မောင်း ကြီး မြင့်၍ လက် ခြေ ခြောက် ချောင်း စီ၊ နှစ် ရပ် ပေါင်း နှစ် ဆယ့် လေး ချောင်း ရှိ သော ရေ ဖိမ့် အ နွယ် တစ် ယောက် က၊
  • 7 ဣ သ ရေ လ ဗိုလ် ထု ကို မ ထီ လေး စား ပြု သော အ ခါ ဒါ ဝိဒ် မင်း နောင် တော် ရှိ မာ၏ သား ယော န သန် သည် ထို သူ့ ကို သတ် လေ ၏။
  • 8 ဒါ ဝိဒ် မင်း နှင့် နောက် ပါ တို့ လက် ရုံး ရည် ဖြင့် ကျ ဆုံး သော ထို သူ တို့ ကား ဂါ သ မြို့ နေ ရေ ဖိမ်၏ အ နွယ် ဖြစ် ကြ သ တည်း။
回到本卷目录 回到本版本目录 回到首页