1
ထို နောက် ဒါ ဝိဒ် မင်း သည် ဖိ လိ တ္တိ လူ မျိုး ကို လုပ် ကြံ နှိမ် နင်း ၍ ၎င်း တို့ လက် မှ ဂါ သ မြို့ နှင့် နိ ဂုံး များ ကို သိမ်း ယူ လေ ၏။
2
မော ဘ ပြည် ကို လည်း လုပ် ကြံ ရာ ပြည် သူ ပြည် သား တို့ သည် ဒါ ဝိဒ် မင်း လက် အောက် ခံ ဖြစ် ကြ သည့် အ တိုင်း အ ခွန် အ တုတ် ဆက် ရ ကြ ၏။
3
ဥဖ ရတ် မြစ် တစ် လျှောက် အာ ဏာ တော် တည် စေ ရန် ထွက် ချီ သော ဇော ဘ ဘု ရင် ဟာ ဒ ဒေ ဇာ မင်း ကို လည်း ဟာ မတ် မြို့ ရောက် ဒါဝိဒ် မင်း လုပ် ကြံ ရာ၊
4
စစ် ရ ထား တစ် ထောင်၊ မြင်း စီး သူ ရဲ ခု နစ် ထောင်၊ ခြေ သည် သူ ရဲ နှစ် သောင်း တို့ ကို ဖမ်း ဆီး ပြီး မှ စစ် ရ ထား မြင်း တစ် ရာ ကို သာ သိမ်း၍ ကျန် သ မျှ မူ ကား သ ခေါက် ကြော ကို ဖြတ် လေ ၏။
5
ဇော ဘ ဘု ရင် ဟာ ဒ ဒေဇာ မင်း ကို စစ် ကူ ရန် ဒ မာ သက် မြို့ မှ ချီ လာ သော ရှု ရိ ရဲ မက် တို့ အ နက် နှစ် သောင်း နှစ် ထောင် တို့ ကို ဒါ ဝိဒ် မင်း လုပ် ကြံ ပြီး မှ ဒ မာ သက် နိုင် ငံ ဝင် ရှု ရိ ပြည် တွင်၊
6
မြို့ စောင့် တပ် များ ကို ထား၍ ရှု ရိ ပြည် သား တို့ သည် ဒါ ဝိဒ် မင်း လက် အောက် ခံ ဖြစ် သည့် အ တိုင်း အ ခွန် အ တုတ် ဆက် ရ ကြ၏။ ဒါဝိဒ် မင်း ချီ လေ ရာ ရာ ထာ ဝ ရ ဘု ရား အောင် မြင် စေ တော် မူ၏။
7
ဟာ ဒ ဒေ ဇာ မင်း၏ ဗိုလ် မှူး တို့ လက် မှ ရွှေ ဒိုင်း လွှား များ ကို ဒါ ဝိဒ် မင်း သိမ်း၍ ယေ ရု ရှ လင် မြို့ သို့ ဆောင် သွား ၏။
8
ဟာ ဒ ဒေ ဇာ မင်း ပိုင် တိ ဗ ဟတ် မြို့၊ ခုန် မြို့ များ မှ ဒါ ဝိဒ် မင်း သိမ်း ခဲ့ သော ကြေး များ စွာ ဖြင့် ရှော လ မုန် မင်း သည် ကြေး ရေ ကန်၊ တိုင်၊ အ သုံး အ ဆောင် များ ကို သွန်း လုပ် လေ ၏။
9
ဇော ဘ ဘု ရင်၊ ဟာ ဒ ဒေ ဇာ မင်း၏ အ လုံး အ ရင်း တို့ ကို ဒါ ဝိဒ် မင်း လုပ် ကြံ ကြောင်း ဟာ မတ် ဘု ရင် တော ဥ မင်း ကြား လျှင်၊
10
ကိုယ့် ရန် ဘက် ဟာ ဒ ဒေ ဇာ မင်း ကို ဒါ ဝိဒ် မင်း တိုက် ခိုက် လုပ် ကြံ သော ကြောင့် အောင် ဆု သြ ဘာ ဆက် ရန် သား တော် ဟ ဒေါ ရံ ကို ဒါ ဝိဒ် မင်း ထံ စေ လွှတ် ရာ လက် ဆောင် တော် ရွှေ၊ ငွေ၊ ကြေး၊ ဖ လား အ မျိုး မျိုး ပါ လာ သည် နှင့် အ ညီ၊
11
ဒါ ဝိဒ် မင်း သည် ထို ဖ လား များ ကို ဧ ဒုံ၊ မော ဘ၊ အ မ္မုန်၊ ဖိ လိ တ္တိ၊ အာ မ လက်၊ လူ အ မျိုး မျိုး တို့ မှ သိမ်း ယူ ခဲ့ သော ရွှေ ငွေ များ နှင့် တ ကွ ထာ ဝ ရ ဘု ရား အ ဖို့ သီး သန့် ထား လေ ၏။
12
ဇေ ရု ယာ့ သား အ ဘိ ရှဲ သည် ဆား ချိုင့် တွင် ဧ ဒုံ တပ် သား တစ် သောင်း ရှစ် ထောင် တို့ ကို လုပ် ကြံ သော အ ခါ ဧဒုံ ပြည် တွင် မြို့ စောင့် တပ် များ ကို ထား ၍၊
13
ထို ပြည် သား အ ပေါင်း တို့ သည် ဒါ ဝိဒ် မင်း လက် အောက် ခံ ဖြစ် ကြ၏။ ဒါ ဝိဒ် မင်း ချီ လေ ရာ ရာ ထာ ဝ ရ ဘု ရား အောင် မြင် စေ တော် မူ ၏။
14
ထို သို့ ဒါ ဝိဒ် မင်း သည် ဣ သ ရေ လ တစ် မျိုး လုံး အ ပေါ် တွင် မင်း ပြု ရာ ပြည် သူ ပြည် သား တို့ ကို တ ရား သ ဖြင့် စီ ရင် ဆုံး ဖြတ် လေ ၏။
15
ဇေ ရု ယာ့ သား ယွာ ဘ ကို ဗိုလ် ချုပ်၊ အ ဟိ လုပ် သား ယော ရှ ဖတ် ကို အ တွင်း ဝန်၊ ရှ ဝ ရှာ ကို သံ တော် ဆင့် ခန့်၍
16
အ ဟိ တုပ် သား ဇာ ဒုတ် နှင့် အ ဗျာ သာ့ သား အ ဘိ မ လက် တို့ သည် ပ ရော ဟိတ် ဖြစ် ကြ၏။
17
ယော ယ ဒ သား ဗေ နာ ယ ဘို၊ ခေ ရ သိ နှင့် ပေ လ သိ တပ် တော် တွင် အ ကြီး အ မှူး ခန့်၍ ဒါ ဝိဒ် မင်း သား တော် တို့ လည်း အ ပါး တော် တွင် ထူး မြတ် သော ရာ ထူး ကို ရ ကြ သ တည်း။