၁ ရာ​ချုပ်-28

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 တစ် ဖန် ဒါ ဝိဒ် မင်း သည် ဣ သ ရေ လ အ မျိုး အ နွယ် တို့ ဦး စီး ဦး ကိုင် အ လှည့် ကျ အ မှု တော် ထမ်း ဗိုလ် မှူး၊ ထောင် တပ် မှူး၊ ရာ တပ် မှူး၊ ဘု ရင် မင်း နှင့် သား တော် တို့ ပိုင် သက် ရှိ သက် မဲ့ ဘ ဏ္ဍာ တော် ဝန် တည်း ဟူ သော မှူး တော် မတ် တော် တို့ မှ စ၍ မိန်း မ စိုး များ နှင့် စစ် ခေါင်း မာ သူ အ ပေါင်း တို့ ကို ယေ ရု ရှ လင် မြို့ တွင် စု ဝေး စေ ပြီး လျှင်၊
  • 2 ရပ် လျက် မိန့် ဆို သည် မှာ ငါ့ ညီ အစ် ကို၊ ငါ့ လူ မျိုး တို့၊ နား ထောင် ကြ လော့။ ငါ တို့ ဘု ရား သ ခင် ခြေ တော် တင် ခုံ တည်း ဟူ သော ထာ ဝ ရ ဘု ရား၏ ပ ဋိ ညာဉ် သေ တ္တာ တည် မြဲ ရာ ဗိ မာန် တော် ကို ငါ ဆောက် မည် ကြံ ရွယ် လျက် ကိုယ် တိုင် ပြင် ဆင် ခဲ့ သော် လည်း၊
  • 3 ဘု ရား သ ခင် က သင် သည် စစ် တိုက်၍ လူ့ အ သွေး သွန်း သူ ဖြစ် သော ကြောင့် ငါ့ နာ မ အ ဖို့ ဗိ မာန် ကို မ တည် မ ဆောက် ထိုက် ဟု မိန့် တော် မူ ပြီ။
  • 4 သို့ ရာ တွင် ယု ဒ ကို လည်း ကောင်း၊ ယု ဒ အ နွယ် တွင် ငါ့ အ ဘ အိမ် ထောင် ကို လည်း ကောင်း၊ မင်း အ ဖြစ် ရွေး ကောက် တော် မူ သည် နှင့် အ ညီ ဆွေ မျိုး သား ချင်း ညီ အစ် ကို များ အ နက် ငါ့ ကို မြတ် နိုး၍ အ စဉ် ဣ သ ရေ လ တစ် မျိုး လုံး တွင် ဘု ရင် ဖြစ် စေ ရန် ရွေး ကောက် တော် မူ သော ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည်၊
  • 5 ပေး သ နား တော် မူ သော သား များ တို့ အ နက် ဣ သ ရေ လ လူ မျိုး အ ပေါ် တွင် ထာ ဝ ရ ဘု ရား၏ နိုင် ငံ ရာ ဇ ပလ္လင် ထက် ထိုင် ရန် သား တော် ရှော လ မုန် ကို ရွေး ချယ် လျက် ငါ့ အား မိန့် တော် မူ သည် မှာ၊
  • 6 ငါ နှင့် သား အ ဘ ဖြစ် အံ့ သော ငှါ ရွေး ကောက် သော သင့် သား ရှော လ မုန် သည် ငါ့ ဗိ မာန် တော်၊ တံ တိုင်း တော် များ ကို တည် ဆောက် ရ လိမ့် မည်။
  • 7 ငါ မိန့် မှာ ဆုံး ဖြတ် ချက် များ ကို ယ နေ့ ကဲ့ သို့ စိတ် ပါ ကိုယ် ရောက် သူ လိုက် နာ လျှင် အုပ် စိုး ခွင့် ကို ကာ လ အ စဉ် ငါ တည် စေ မည် ဟု မိန့် တော် မူ ပြီ။
  • 8 သို့ ဖြစ်၍ ဤ ပြည် ကို ပိုင် ရ လျက် သား စဉ် မြေး ဆက်၊ ဆက် ခံ ခွင့် ရှိ ကြ စေ ရန် ငါ တို့ ဘု ရား သ ခင့် မျက် မှောက် တော် တွင် လည်း ကောင်း၊ ထာ ဝ ရ ဘု ရား၏ ပ ရိ သတ် တော် တည်း ဟူ သော ဣ သ ရေ လ တစ် မျိုး လုံး ရှေ့ တွင် လည်း ကောင်း ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ ချက် များ ကို အ ကြွင်း မဲ့ စီ စစ် လိုက် လျှောက် ကြ လော့။
  • 9 သား တော် ရှော လ မုန်၊ ခ မည်း တော်၏ ဘု ရား သ ခင် ကို သိ ကျွမ်း၍ ကြည် ညို သော စိတ် နှ လုံး နှင့် စုံ လင် စွာ ဝတ် ပြု လော့။ ထာ ဝ ရ ဘုရား သည် ခပ် သိမ်း သော စိတ် နှ လုံး စီ စစ် လျက် အ ကြံ အ စည် ဟူ သ မျှ ကို သိ မြင် တော် မူ၏။ ကိုယ် တော် ကို ရှာ ဖွေ လျှင် အ တွေ့ ခံ တော် မူ လိမ့် မည်။ ခွာ လျှင် မူ ကား အ စဉ် စွန့် ပစ် တော် မူ လိမ့် မည်။
  • 10 သ တိ ပြု လော့။ သန့် ရှင်း ရာ ဌာ န ဆိုင် ရာ ဗိ မာန် တော် ကို တည် ဆောက် စေ ရန် သင့် ကို ထာ ဝ ရ ဘု ရား ရွေး ချယ် တော် မူ ပြီ။ အား ယူ ၍ တည် ဆောက် လော့ ဟု မိန့် ဆို လေ ၏။
  • 11 ထို အ ခါ ဒါ ဝိဒ် မင်း သည် သား တော် ရှော လ မုန် အား ထာ ဝ ရ ဘု ရား၏ ဗိ မာန် တော် မုတ် ဆောင်၊ ဘ ဏ္ဍာ တိုက်၊ အ ထက် ခန်း၊ အ တွင်း ခန်း၊ အ ပြစ် ဖြေ ရာ ပ လ္လင် တော် ခန်း များ မှ စ သော အ ဆောင် ဆောင် ၏ ပုံ စံ ကို လည်း ကောင်း၊
  • 12 တံ တိုင်း၊ ပတ် ဝန်း ကျင် ရှိ လှိုင် တန်း၊ ဘု ရား သ ခင့် ဗိ မာန် အ ဆောင် အ ရွက် တော် နှင့် အ လှူ တော် ဘ ဏ္ဍာ တိုက် များ ၏ ပုံ စံ ကို လည်း ကောင်း၊ ဝိ ညာဉ် တော် အား ဖြင့် ရ ရှိ သည့် အ တိုင်း ပေး လျက်၊
  • 13 ခွဲ ထား သော ပ ရော ဟိတ် များ၊ လေ ဝိ ဂိုဏ်း သား များ တို့ နေ ရာ နှင့် ထာ ဝ ရ ဘု ရား၏ ဗိ မာန် တော် လုပ် ကိုင် မှု မှ စ၍ ဆိုင် ရာ အ ဆောင် အ ရွက် တော် ရှိ သ မျှ ပုံ စံ များ နှင့် တ ကွ၊
  • 14 ရွှေ အ သုံး အ ဆောင် တော် အ မျိုး မျိုး အ ဖို့ ရွှေ ချိန် ကို လည်း ကောင်း၊ ငွေ အ သုံး အ ဆောင် တော် အ မျိုး မျိုး အ ဖို့ ငွေ ချိန် ကို လည်း ကောင်း၊
  • 15 ရွှေ မီး ခွက် ပါ မီး ခုံ တော် ဟူ သ မျှ အ ဖို့ ရွှေ ချိန် ကို လည်း ကောင်း အ သုံး ဝင် သည့် အ တိုင်း၊
  • 16 ငွေ မီး ခွက် ပါ မီး ခုံ တော် ဟူ သ မျှ အ ဖို့ ငွေ ချိန် ကို လည်း ကောင်း၊ ရှေ့ တော် မုန့် တင် စား ပွဲ ဟူ သ မျှ အ ဖို့ ရွှေ ချိန် နှင့် ငွေ စား ပွဲ တော် များ အ ဖို့ ငွေ ချိန် ကို လည်း ကောင်း၊
  • 17 ရွှေ စင် ဖြင့် ပြီး သော ခက် ရင်း၊ အင် တုံ၊ တ ကောင်း တော် မှ စ၍ ရွှေ ဖ လား တော် ဟူ သ မျှ အ ဖို့ ရွှေ ချိန် နှင့် ငွေ ဖ လား တော် ဟူ သ မျှ အ ဖို့ ငွေ ချိန် ကို လည်း ကောင်း၊
  • 18 နံ့ သာ ပေါင်း တင် ရှို့ ရာ ပ လ္လင် တော် အ ဖို့ ချွတ် ပြီး ရွှေ ချိန် ကို လည်း ကောင်း၊ ထာ ဝ ရ ဘု ရား ၏ ပ ဋိ ညာဉ် တော် သေ တ္တာ ကို အ တောင် ဖြင့် ဖုံး လွှမ်း သော စီး နင်း တော် မူ ရာ ခေ ရု ဗ အ ဖို့ ရွှေ ချိန် ကို လည်း ကောင်း အပ် ပေး ၏။
  • 19 ဆို ခဲ့ သော ပုံ စံ ရှိ သ မျှ ကို ထာ ဝ ရ ဘု ရား ပေး တော် မူ သော အ က္ခ ရာ အား ဖြင့် ငါ သိ ကျွမ်း ပြီ ဟု ဒါ ဝိဒ် မင်း ဝန် ခံ သ တည်း။
  • 20 သား တော် ရှော လ မုန် အား ဒါ ဝိဒ် မင်း မိန့် ပြန် သည် မှာ ကြောက် ရွံ့ တုန် လှုပ် ခြင်း ကင်း လျက် အား ယူ ၍ ရဲ ရင့် စွာ တည် ဆောက် လော့။ ထာ ဝ ရ ဘု ရား သ ခင် တည်း ဟူ သော ငါ့ ဘု ရား သ ခင် ပင် သင် နှင့် အ တူ ရှိ တော် မူ ပြီ။ ဗိမာန် တော် လုပ် ကိုင် မှု အ ဆုံး မ သတ် မ ချင်း စွန့် ခွာ တော် မူ မည် မ ဟုတ်။
  • 21 ဘု ရား သ ခင့် ဗိ မာန် တော် လုပ် ကိုင် မှု ကို ဆောင် ရွက် ရန် ခွဲ ထား သော ပ ရော ဟိတ် နှင့် လေ ဝိ ဂိုဏ်း သား တို့ ပြင် မည် သည့် အ လုပ် မျိုး မ ဆို စေ တ နာ ထက် သန် လျက် လက် မြောက် သူ ဟူ သ မျှ တို့ သည် သင်၌ ရှိ ကြ လေ ပြီ။ မှူး တော် မတ် တော် မှ စ၍ ပြည် သူ ပြည် သား တို့ လည်း အ မိန့် အ တိုင်း လိုက် နာ ဆောင် ရွက် ကြ လိမ့် မည် ဟု မိန့် ဆို လေ ၏။
回到本卷目录 回到本版本目录 回到首页