1
လူ ပ ရိ သတ် လုံး အား လည်း ဒါ ဝိဒ် မင်း က၊ ဘု ရား သ ခင် ရွေး ချယ် တော် မူ သော သား တော် ရှော လ မုန် သည် နု နယ် လျက် အ လုပ် ကြီး မြတ်၏။ ဘုံ ဗိ မာန် တော် သည် လူ့ အ ဖို့ မ ဟုတ်၊ ထာ ဝ ရ ဘု ရား သ ခင် စံ တော် မူ ရာ ဖြစ် လိမ့် မည်။
2
ငါ သည် ငါ့ ဘု ရား သ ခင့် ဗိ မာန် တော် တည် ဆောက် ရန် ရွှေ ထည် အ ဖို့ ရွှေ၊ ငွေ ထည် အ ဖို့ ငွေ၊ ကြေး ထည် အ ဖို့ ကြေး၊ သံ ထည် အ ဖို့ သံ၊ သစ် သား ထည် အ ဖို့ သစ် သား များ မှ စ၍ ခြယ် စီ ရန် မ ဟူ ရာ ကျောက်၊ ခ နောက် စိမ်း ကျောက်၊ ရောင် စုံ ကျောက်၊ ကျောက် မျက် အ မျိုး မျိုး နှင့် ကျောက် ဖြူ ပြား များ စွာ ပြင် ဆင် ခဲ့ ပြီ။
3
ထို မှ တစ် ပါး ငါ ဘု ရား သ ခင် ဗိ မာန် တော် ကို မြတ် နိုး သည် ဖြစ်၍ ထို သန့် ရှင်း သော ဗိ မာန် တော် အ ဖို့ ပြင် ဆင် ခဲ့ သော အ ရာ များ ပြင် ကိုယ် ပိုင် ရွှေ ငွေ များ အ နက် ရွှေ ထည် အ ဖို့ ရွှေ၊ ငွေ ထည် အ ဖို့ ငွေ၊ ပန်း ထိမ်၊ ပန်း တဉ်း လက် မှု အ မျိုး မျိုး မှ စ၍ ဗိ မာန် တော် နံ ရံ မွမ်း မံ စေ ရန် သြ ဖိ ရ ရွှေ ချိန် ခွက် ကိုး သောင်း၊ ချွတ် ပြီး ငွေ ချိန် ခွက် နှစ် သိန်း တစ် သောင်း ကို ငါ လှူ ဒါန်း ၏။ သို့ နှင့် အ ညီ စေ တ နာ ထက် သန် စွာ ထာ ဝ ရ ဘု ရား အား ယ နေ့ မည် သူ လှူ ဦး မည် နည်း ဟု မေး မြန်း လျှင်၊
4
5
6
ဣ သ ရေ လ အ မျိုး အ နွယ်၊ ဦး စီး ဦး ကိုင် အိမ် ထောင် အ ကြီး အ ကဲ များ မှ စ၍ ထောင် တပ် မှူး၊ ရာ တပ် မှူး များ နှင့် အ ရာ ထမ်း အ ကြီး အ ကဲ တို့ သည်၊
7
ဘု ရား သ ခင့် ဗိ မာန် တော် လုပ် ကိုင် မှု အ ဖို့ ရွှေ ချိန် ခွက် တစ် သိန်း ငါး သောင်း၊ ရွှေ ဒင်္ဂါး တစ် သောင်း၊ ငွေ ချိန် ခွက် သုံး သိန်း၊ ကြေး ချိန် ခွက် ငါး သိန်း လေး သောင်း၊ သံ ချိန် ခွက် သုံး သန်း များ ကို စေ တ နာ ထက် သန် စွာ လှူ ဒါန်း ကြ ၏။
8
ကျောက် မျက် ရှိ သူ တို့ လည်း ဂေ ရ ရှုံ အ နွယ် ယ ဟေ လ ကြည့် ကြပ် ရ သော ဘ ဏ္ဍာ တိုက် သို့ သွင်း လှူ ကြ၏။
9
ထို သို့ စုံ လင် သော စိတ် နှင့် စေ တ နာ ထက် သန် စွာ လှူ ဒါန်း ကြ သည် ဖြစ်၍ လူ ပ ရိ သတ် ရွှင် လန်း ကြ၏။ ဒါ ဝိဒ် မင်း လည်း အား ရ ဝမ်း မြောက် လေ ၏။
10
ထို အ ခါ ဒါ ဝိဒ် မင်း သည် လူ ပ ရိ သတ် လုံး ရှေ့၊ ထာ ဝ ရ ဘု ရား အား သြ ဘာ ဆက် သည် မှာ အ ကျွန်ုပ် တို့ အ ဘ၊ ဣ သ ရေ လ၏ ဘုရား သ ခင် ထာ ဝ ရ ဘု ရား သည် က မ္ဘာ အ ဆက် ဆက် မင်္ဂ လာ ရှိ တော် မူ ပါ စေ သော။
11
အို ထာ ဝ ရ ဘု ရား၊ ဘုန်း ကြက် သ ရေ အာ နု ဘော် တော် နှင့် မ ဟာ တန် ခိုး တော် သည် ကိုယ် တော့် မှာ သာ ရှိ ပါ ၏။ မိုး မြေ ၌ ရှိ သ မျှ သည် ကိုယ် တော် ပိုင် ဖြစ် ပါ ၏။ အို ထာ ဝ ရ ဘု ရား နိုင် ငံ တော် လည်း ပိုင် ရာ တော် ဖြစ် ၍ ကိုယ် တော် သည် အ ထွဋ် အ မြတ် ဆုံး ဖြစ် တော် မူ ပါ ၏။
12
အ ရာ ခပ် သိမ်း တို့ ကို အုပ် စိုး တော် မူ သည့် အ တိုင်း စည်း စိမ် ချမ်း သာ ဂုဏ် အ သ ရေ သည် အ ထံ တော် မှ ရောက် လာ ပါ၏။ လက် ရုံး တော် တွင် တန် ခိုး တော်၊ အ စွမ်း တော် ရှိ၍ လူ ခပ် သိမ်း တို့ အား ကြီး မြင့် ခြင်း၊ ခွန် အား ရှိ ခြင်း များ ကို ပေး တော် မူ နိုင် ပါ ၏။
13
သို့ ဖြစ်၍ အ ကျွန်ုပ် တို့ ဘု ရား သ ခင်၊ ဘုန်း ကြီး တော် မူ သော နာ မ တော် နှင့် ကျေး ဇူး တော် ကို ချီး မွမ်း ကြ ပါ ၏။
14
ယ ခု ကဲ့ သို့ စေ တ နာ ထက် သန် စွာ လှူ ဒါန်း နိုင် ခွင့် ရ ရှိ ရန် အ ကျွန်ုပ် နှင့် အ ကျွန်ုပ် လူ မျိုး သည် မည် သူ ပါ နည်း။ ရ ရာ သ မျှ ကို အ ထံ တော် က ရ ရှိ သည် ဖြစ် ပါ၍ ပိုင် ရာ တော် မှ လှူ ဒါန်း ရ ကြ ပါ ပြီ။
15
ဘိုး ဘေး တို့ နည်း တူ အ ကျွန်ုပ် တို့ လည်း ဧည့် သည် အာ ဂ န္တု များ ဖြစ် လျက် တည် မြဲ ခွင့် မ ရ။ အ သက် တာ သည် မြေ ပေါ် တွင် အ ရိပ် မျှ သာ ဖြစ် ပါ ၏။
16
အ ကျွန်ုပ် တို့၏ ဘု ရား သ ခင် အို ထာ ဝ ရ ဘု ရား၊ နာ မ တော် အ ဖို့ ဗိ မာန် တော် တည် ဆောက် ရန် စု ဆောင်း ထား သ မျှ ပင် လက် တော် မှ ရ ကြ သော ပိုင် ရာ တော် ဖြစ် ပါ ၏။
17
အ ကျွန်ုပ်၏ ဘု ရား သ ခင်၊ ကိုယ် တော် သည် စိတ် နှ လုံး ဟူ သ မျှ ကို စီ စစ် လျက် ဖြောင့် မှန် ခြင်း ကို သာ နှစ် သက် တော် မူ ကြောင်း အ ကျွန်ုပ် သိ ပါ ၏။ အ ကျွန်ုပ် မူ ကား၊ ဖြောင့် မှန် သော စိတ် နှ လုံး နှင့် ဤ အ ရာ ခပ် သိမ်း ကို စေ တ နာ ထက် သန် စွာ လှူ ဒါန်း သည့် ပြင်၊ လူ မျိုး တော် ဖြစ် သော ဤ ပ ရိ သတ် လည်း ထက် သန် စွာ လှူ ဒါန်း ကြောင်း ဝမ်း မြောက် ဝမ်း သာ သိ မြင် ရ ပါ ၏။
18
ဘိုး ဘေး ဖြစ် သော အာ ဗြ ဟံ၊ ဣ ဇာက်၊ ဣ သ ရေ လ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၊ လူ မျိုး တော်၏ စိတ် အ ကြံ အ စည် တွင် ဤ အ ရေး ကို အ စဉ် နှ လုံး သွင်း စေ လျက် ဘက် တော် သို့ စိတ် သ ဘော ညီ ညွတ် စေ တော် မူ ပါ။
19
အ ကျွန်ုပ် ၏ သား ရှော လ မုန် အား လည်း မိန့် မှာ တော် မူ ချက်၊ သက် သေ ခံ တော် မူ ချက်၊ ထုံး ဖွဲ့ တော် မူ ချက် အ လုံး စုံ ကို စောင့် ရှောက် လိုက် နာ စိမ့် သော ငှါ လည်း ကောင်း၊ အ ကျွန်ုပ် ပြင် ဆင် ထား သည့် အ တိုင်း ဘုံ ဗိ မာန် တော် တည် ဆောက် စိမ့် သော ငှါ လည်း ကောင်း၊ စုံ လင် သော စိတ် နှလုံး ကို ပေး သ နား တော် မူ ပါ ဟု တောင်း လျှောက် ပြီး မှ
20
လူ ပ ရိ သတ် လုံး အား၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို သြ ဘာ ဆက် ကြ လော့ ဟု မိန့် ဆို သည့် အ တိုင်း ဘိုး ဘေး တို့၏ ဘုရား သ ခင် ထာ ဝ ရ ဘု ရား ကို တစ် ပ ရိ သတ် လုံး သြ ဘာ ဆက်၍ ထာ ဝ ရ ဘု ရား ကို လည်း ကောင်း၊ ဘု ရင် မင်း ကို လည်း ကောင်း ရှိ ခိုး လျက် ဦး ညွတ် ကြ ကုန် ၏။
21
နောက် နေ့ ၌ နွား တစ် ထောင်၊ သိုး ထီး တစ် ထောင်၊ သိုး သား ငယ် တစ် ထောင် ကို ဆိုင် ရာ သွန်း လောင်း ရာ သ က္ကာ များ ပါ မီး ရှို့ ရာ သ က္ကာ အ ဖြစ် ပူ ဇော် သည့် ပြင် ဣ သ ရေ လ တစ် မျိုး လုံး အ ဖို့ မိတ် သ ဟာ ယ သ က္ကာ အ မြောက် အ မြား ဆက် ကပ် လျက်၊
22
ရှေ့ တော် တွင် အား ရ ဝမ်း မြောက် စွာ စား သောက် ပွဲ ပြု ကြ ကုန် ၏။ ဒါ ဝိဒ် မင်း သား တော် ရှော လ မုန် ကို လည်း ဒု တိ ယ အ ကြိမ် မင်း မြှောက်၍ ထာ ဝ ရ ဘု ရား ရှေ့ တော် တွင် မင်း အ ဖြစ်၊ ဇာ ဒုတ် ကို ပ ရော ဟိတ် အ ဖြစ် ဘိ သိက် ပေး ကြ သည် နှင့်၊
23
ရှော လ မုန် သည် ခ မည်း တော် ဒါ ဝိဒ် မင်း အ ရိုက် အ ရာ၌ ထာ ဝ ရ ဘု ရား၏ ရာ ဇ ပ လ္လင် ထက် စံ လျက် အာ ဏာ ကြီး မြင့်၍ တစ် မျိုး လုံး နာ ခံ ကြ လေ ၏။
24
မှူး တော် မတ် တော်၊ စွမ်း ရည် ကောင်း သော သူ တို့ နှင့် ဒါ ဝိဒ် မင်း သား တော် အ ပေါင်း တို့ သည် ရှော လ မုန် မင်း အုပ် စိုး ခြင်း ကို ဝန် ခံ ကြ ၏။
25
ထာ ဝ ရ ဘု ရား သည် ဣ သ ရေ လ တစ် မျိုး လုံး ရှေ့၊ ရှော လ မုန် မင်း ကို အ ထူး ချီး မြှောက် တော် မူ၍ ဣ သ ရေ လ ဘု ရင် တစ် ပါး မျှ မ ရ သော အာ ဏာ တန် ခိုး ကို ပေး သ နား တော် မူ ၏။
26
ယေ ရှဲ သား ဒါ ဝိဒ် မင်း သည် ဣ သ ရေ လ နိုင် ငံ လုံး ကို အုပ် စိုး ခွင့် ရ လျက်၊
27
ဟေ ဗြုန် မြို့ တွင် နန်း စံ ခု နစ် နှစ်၊ ယေ ရု ရှ လင် မြို့ တွင် သုံး ဆယ့် သုံး နှစ်၊ နှစ် ရပ် ပေါင်း လေး ဆယ်၊ ဣ သ ရေ လ လူ မျိုး ကို အုပ် စိုး သ တည်း။
28
စည်း စိမ် ချမ်း သာ၊ ဂုဏ် အ သ ရေ ကြွယ် ဝ လျက် အ သက် ကြီး ရင့် မှ ကွယ် လွန် ရာ သား တော် ရှော လ မုန် သည် အ ရိုက် အ ရာ၌ နန်း စံ လေ ၏။
29
ဒါ ဝိဒ် မင်း အ စ အ ဆုံး ပြု မူ သ မျှ နှင့် စိုး ပိုင် ခြင်း၊ အာ ဏာ ကြီး ခြင်း၊ လက် ထက် တော် တွင် ဣ သ ရေ လ နိုင် ငံ မှ စ၍ တိုင်း နိုင်ငံ အ လုံး စုံ၌ ဖြစ် ပျက် ခြင်း များ ပါ ပ ရော ဖက် နာ သန်၊ အ မျှော် အ မြင် ဆ ရာ ရှ မွေ လ နှင့် ဂဒ် တို့ အ တ္ထု ပ္ပ တ္တိ တွင် ရေး ထား လျက် ရှိ၏။
30