1
ရှော လ မုန် မင်း သည် အိ ဂျစ် ဘု ရင် ဖာ ရော မင်း၏ သ မီး တော် ကို ဆောင် ယူ၍ သ မက် တော် ဖြစ် ပြီး နောက် နန်း တော်၊ ဗိ မာန် တော် နှင့် ယေ ရု ရှ လင် မြို့ ရိုး တည် ဆောက် မှု မ ပြီး မီ အ တွင်း ဒါ ဝိဒ် မြို့ တော် တွင် စံ စား စေ ၏။
2
ထို ကာ လ မ တိုင် မ ချင်း၊ ထာ ဝ ရ ဘု ရား၏ နာ မ တော် အ ဖို့ ဗိ မာန် တော် မ တည် သေး သည် ဖြစ်၍ လူ မျိုး တော် သည် မြင့် ရာ ဌာ န များ တွင် ပူ ဇော် လေ့ ရှိ ကြ ၏။
3
ရှော လ မုန် မင်း လည်း ထာ ဝ ရ ဘု ရား ကို ချစ် ကြည် မြတ် နိုး သည် နှင့် အ ညီ ခ မည်း တော် ဒါ ဝိဒ် မင်း ထုံး ဖွဲ့ ချက် များ ကို စောင့် လျှောက် သော် လည်း မြင့် ရာ ဌာ န များ ၌ ပူ ဇော် ၍ မီး ဖြင့် ဆက် ကပ် လေ့ ရှိ သ တည်း။
4
ဘု ရင် မင်း သည် မြင့် ရာ မ ဟာ ဌာ န တော် တည်း ဟူ သော ဂိ ဗောင် မြို့ သို့ ပူ ဇော် ရန် သွား ၍ ထို ပ လ္လင် တော် ပေါ် မှာ မီး ရှို့ ရာ သ က္ကာ တစ် ထောင် ကို ပူ ဇော် လေ ၏။
5
ထို မြို့၌ ညဉ့် အ ချိန် အိပ် မက် တွင် ရှော လ မုန် မင်း အား ထာ ဝ ရ ဘု ရား ထင် ရှား လျက် ငါ ပေး ရ မည့် ဆု ကို တောင်း လော့ ဟု ဘု ရား သ ခင် မိန့် တော် မူ သော်
6
ရှော လ မုန် မင်း က ကိုယ် တော့် ကျွန်၊ အ ကျွန်ုပ်၏ ခ မည်း တော် ဒါ ဝိဒ် မင်း သည် သ ဘော ဖြောင့် လျက် သ စ္စာ စောင့် လျက် တ ရား အ တိုင်း မျက် မှောက် တော် တွင် ကျင့် ကြံ ပြု မူ သည် နှင့် အ ညီ ကျေး ဇူး အ ထူး ကို ပြု တော် မူ ခဲ့ ပါ ပြီ။ ၎င်း ပြင် သား ကို ခ မည်း တော့် ရာ ဇ ပ လ္လင် ထက် ဝယ် ထိုင် ခွင့် ပေး တော် မူ လျက် ယ ခု ပြု သော ကျေး ဇူး အ ထူး ကို ရံ ထား တော် မူ ပါ ၏။
7
ယ ခု မှာ အ ကျွန်ုပ် ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၊ သွား လမ်း လာ လမ်း ကို မျှ မ တတ် သော၊ သူ ငယ် ဖြစ် သူ ကျွန် တော် မျိုး ကို ခ မည်း တော် ဒါ ဝိဒ် မင်း အ ရိုက် အ ရာ ၌ ဆက် ခံ စိုး စံ စေ တော် မူ ပါ ပြီ။
8
ကျွန် တော် မျိုး လည်း အ တိုင်း မ သိ များ ပြား စွာ ရွေး ချယ် တော် မူ သော လူ မျိုး တော့် အ လယ် တွင် ရှိ နေ ရ ပါ သည် ဖြစ် ၍
9
လူ မျိုး တော် ကို အုပ် စိုး စီ ရင် နိုင် ရန် အ ဆိုး အ ကောင်း ပိုင်း ခြား တတ် သော ဉာဏ် ကို ကျွန် တော် မျိုး အား ပေး သ နား တော် မူ ပါ။ များ ပြား သော ဤ လူ မျိုး တော် ကို အုပ် စိုး စီ ရင် နိုင် သူ ကား မည် သူ ပါ နည်း ဟု တောင်း လျှောက် ၏။
10
ထို သို့ တောင်း လျှောက် သော ပ ဌ နာ ကို ထာ ဝ ရ ဘု ရား နှစ် သက် တော် မူ ၍
11
သင် သည် ရှည် ကြာ သော အ သက် တာ သော် လည်း ကောင်း၊ စည်း စိမ် ချမ်း သာ သော် လည်း ကောင်း၊ ရန် အောင် ခွင့် သော် လည်း ကောင်း၊ မ တောင်း ဘဲ တ ရား အ ရာ ကျွမ်း ကျင် ရန် ဉာဏ် သ တ္တိ ကို သာ တောင်း လျှောက် သော ကြောင့်
12
သင့် နှင့် တူသူ ရှေး၌ မ ဖြစ် စ ဘူး နောင်၌ လည်း မ ဖြစ် နိုင် ရန် ပ ညာ နှင့် ပြည့် စုံ၍ ကျွမ်း ကျင် ရာ ဉာဏ် ကို သင် တောင်း သည့် အ တိုင်း ငါ ပေး မည့် ပြင်
13
သင့် အ သက် တာ ကာ လ ပတ် လုံး၊ တု ပ နိုင် သူ ဘု ရင် တစ် ပါး မျှ မ ရှိ လောက် အောင် သင် မ တောင်း သော စည်း စိမ် နှင့် ဂုဏ် အ သ ရေ ကို လည်း ငါ ပေး ဦး မည်။
14
နည်း လမ်း တော် များ၌ အ ဘ ဒါ ဝိဒ် လိုက် လျှောက် ခဲ့ သည့် နည်း တူ သင် လည်း လိုက် လျှောက်၍ ငါ့ ထုံး ဖွဲ့ မိန့် မှာ ချက် များ ကို စောင့် ထိန်း လျှင် ရှည် ကြာ သော အ သက် တာ ကို လည်း ငါ ပေး ဦး မည် ဟု ဘု ရား သ ခင် မိန့် တော် မူ ပြီး နောက်
15
ရှော လ မုန် မင်း နိုး ၍ အိပ် မက် မှန်း ကို သိ လေ၏။ ယေ ရု ရှ လင် မြို့ သို့ ပြန် သွား ရာ ထာ ဝ ရ ဘု ရား ၏ ပ ဋိ ညာဉ် တော် သေ တ္တာ ရှေ့ ရပ် နေ လျက် မီး ရှို့ ရာ သ က္ကာ၊ မိတ် သ ဟာ ယ သ က္ကာ များ ကို ဆက် ကပ် ပြီး လျှင် ကျေး ကျွန် သင်း ပင်း တို့ အ ဖို့ စား သောက် ပွဲ ကို စီ ရင် စေ ၏။
16
ထို နောက် ပြည် တန် ဆာ မ နှစ် ယောက် တို့ သည် ရှေ့ တော် သို့ လာ ရောက် ခ စား လျက်
17
တစ် ယောက် က၊ အို အ ရှင် ဘု ရား၊ ကျွန် မ နှင့် ဤ မိန်း မ သည် တစ် အိမ် တည်း နေ ကြ ရာ ကျွန် မ သည် သား ဖွား ပါ ၏။
18
သုံး ရက် လွန် သော် ဤ မိန်း မ လည်း သား ဖွား ပါ၏။ ကျွန် မ တို့ နှစ် ယောက် မှ တစ် ပါး အိမ် ၌ ဧည့် သည် မ ရှိ ပါ။
19
ညဉ့် အ ခါ ဤ မိန်း မ ဖိ မိ ၍ သူ့ သား ငယ် သေ လျှင်
20
သန်း ခေါင်း ယံ တွင် ကျွန် မ အိပ် ပျော် ခိုက် ကျွန် မ သား ငယ် ကို ထ လာ ခိုး ယူ လျက် ကိုယ့် ရင် ခွင် ၌ သိပ် ထား ပါ ၏။ သူ့ သား သေ ကို ကား ကျွန် မ ရင် ခွင် ၌ ထား လာ ပါ ၏။
21
နံ နက် အ ချိန် သား ငယ် ကို နို့ တိုက် ရန် ကျွန် မ ထ သော အ ခါ ထို သား ငယ် သေ ကြောင်း သိ ရ ပါ ၏။ အ သေ အ ချာ ကြည့် ရှု ရာ ကျွန် မ ဖွား မြင် သော သား မ ဟုတ် ပါ ဟု တင် လျှောက် ၏။
22
တစ် ယောက် သော မိန်း မ က မ ဟုတ် ပါ။ အ ရှင် သည် ငါ့ သား၊ အ သေ မှာ သင့် သား ဖြစ် သည် ဟု ငြင်း ဆို ရာ လျှောက် ရင်း မိန်း မ က ထို သို့ မ ဟုတ်။ အ သေ သင့် သား အ ရှင် ငါ့ သား ဟု ဆို ၍ ရှေ့ တော် ၌ ငြင်း ခုံ ကြ လျှင်၊
23
တစ် ယောက် က၊ အ ရှင် ငါ့ သား၊ အ သေ သင့် သား ဖြစ် ကြောင်း တစ် ယောက် က လည်း၊ ထို သို့ မ ဟုတ်။ အ သေ သင့် သား၊
24
အ ရှင် ငါ့ သား ဖြစ် ကြောင်း ဆို ကြ သည့် အ မှု မှာ ဓား ယူ ခဲ့ ဟု ဘု ရင် မင်း မိန့် ဆို သည့် အ တိုင်း ရှေ့ တော် သို့ ဓား ရောက် သော်၊
25
ရှင် သော သူ ငယ် ကို ထက် ဝက် ခွဲ လျက် တစ် ယောက် တစ် ခြမ်း စီ ရ ယူ စေ ဟူ ၍ ဘု ရင် မင်း စီ ရင် သော အ ခါ
26
ရှင် သော သူ ငယ်၏ အ မိ ရင်း သည် သား ကို ကြင် နာ သ ဖြင့် အို အ ရှင် ဘု ရား၊ ရှင် သော သူ ငယ် ကို မ သတ် ဘဲ ဤ မိန်း မ အား အပ် လိုက် တော် မူ ပါ ဟု လျှောက်၏။ တစ် ယောက် က ငါ ပိုင်၊ သင် ပိုင် မ ဖြစ် စေ ရန်
27
ခွဲ ဝေ ပါ စေ ဟု ဆို လျှင် ရှင် သော သူ ငယ် ကို မ သတ် ဘဲ လျှောက် ရင်း မိန်း မ ရ ယူ စေ။ သူ သည် အ မိ ရင်း မှန် သည် ဟု ဘု ရင် မင်း မိန့် ဆို ၏။
28
ထို သို့ ဘု ရင် မင်း စီ ရင် ဆုံး ဖြတ် ချက် ကို ဣ သ ရေ လ တစ် မျိုး လုံး ကြား သိ သော အ ခါ တ ရား စီ ရင် ရန် ဘုရား သ ခင့် ထံ မှ ပညာ တော် ရ ရှိ ကြောင်း မှတ် ကျုံး လျက် ဘု ရင် မင်း ကို ခန့် ညား ကြ ကုန် ၏။