ကမ္ဘာ​ဦး-6

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 မြေ မျက် နှာ ပေါ် မှာ လူ ဦး ရေ တိုး ပွား စ ရှိ ၍ သ မီး များ ကို လည်း ရ ကြ သော ကာ လ၊
  • 2 ကောင်း ကင် သား တို့ သည် လူ့ သ မီး များ အ ဆင်း လှ သည် ကို မြင်၍ စိတ် တိုင်း ကျ ရာ ရွေး ချယ် စုံ ဖက် ကြ ၏။
  • 3 ထာ ဝ ရ ဘု ရား က လည်း လူ တို့ သည် အ သွေး အ သား မျှ သာ ဖြစ် သ ဖြင့် ငါ့ ၀ိ ညာဥ် သည် လူ တွင် အ စဥ် ကိန်း အောင်း မည် မ ဟုတ်။ လူ့ အ သက် တန်း ကား၊ အ နှစ် တ ရာ့ နှစ် ဆယ် ဖြစ် စေ ဟု မိန့် တော် မူ ၏။
  • 4 ထို ကာ လ၌ မြေ ကြီး ပေါ် မှာ ကိုယ် ကြီး မြင့် သူ များ ရှိ ကြ၏။ ၎င်း နောက်၌ လည်း လူ့ သ မီး များ နှင့် ကောင်း ကင် သား တို့ ချဥ်း ကပ် ၍ ရ သော သား တို့ သည် ရှေး ကာ လ တွင် အ စွမ်း ကောင်း သော သူ၊ ကျော် စော သော သူ များ ဖြစ် ကြ ကုန် ၏။
  • 5 မြေ ကြီး ပေါ် မှာ လူ့ အ ပြစ် ကြီး ပွား ၍ စိတ် နှ လုံး အ ကြံ အ စည် ရှိ သ မျှ သည် အ စဉ် မ ပြတ် ဆိုး ညစ် ခြင်း သက် သက် ဖြစ် သည် ကို ထာ၀ ရ ဘု ရား သိ မြင် တော် မူ လျှင်၊
  • 6 မြေ ပေါ် မှာ လူ ကို ဖန် ဆင်း တော် မူ ခဲ့ သော ကြောင့် စိတ် တော် မ သာ ယာ၊ နှ လုံး တော် ပူ ပန် လျက် ရှိ တော် မူ ၏။
  • 7 ထာ ဝ ရ ဘု ရား က လည်း ငါ ဖန် ဆင်း သော လူ ကို လည်း ကောင်း၊ လူ မှ စ ၍ သား ယဥ် သား ရဲ များ ကို လည်း ကောင်း၊ တွား တတ် သော သ တ္တ ဝါ များ ကို လည်း ကောင်း၊ လေ သ တ္တ ဝါ များ ကို လည်း ကောင်း၊ မြေ မျက် နှာ ပြင် မှ ငါ သုတ် သင် ပယ် ရှင်း မည်။ သူ တို့ ကို ဖန် ဆင်း ခဲ့ သော ကြောင့် စိတ် တော် မ သာ ယာ ဟု မိန့် တော် မူ ၏။
  • 8 နော ဧ မူ ကား ထာ ဝ ရ ဘု ရား စိတ် တော် နှင့် တွေ့ သော သူ ဖြစ် သ တည်း။
  • 9 နော ဧ အ တ္ထု ပ္ပ တ္တိ ဟူ မူ ကား၊ နော ဧ သည် ကိုယ့် လက် ထက် ရှိ သူ တို့ အ နက် ဖြောင့် မတ် စုံ လင် သူ၊ ဘု ရား သ ခင် နှင့် အ တူ သွား လာ သူ ဖြစ် ၏။
  • 10 နော ဧ သည် ရှေ မ၊ ဟာ မ၊ ယာ ဖက် တည်း ဟူ သော သား သုံး ယောက် တို့ ကို ရ လေ ၏။
  • 11 ထို အ ခါ မြေ သား တို့ သည် ဘု ရား သ ခင့် ရှေ့ တော် မှာ ပျက် ယွင်း လျက် ရှိ ကြ၍ မြေ ကြီး သည် ကြမ်း ကြုတ် မှု နှင့် ပြည့်၀ လေ ၏။
  • 12 သ တ္တ ဝါ အ ပေါင်း တို့ သည် မြေ ကြီး ပေါ် မှာ အ ကျင့် အ ကြံ ပျက် ယွင်း ကြ သော ကြောင့် ဘု ရား သ ခင် သည် မြေ ကြီး ကို ရှု ကြည့် သော အခါ ပျက် ယွင်း လျက် ရှိ သည် ကို သိ မြင် တော် မူ၏။
  • 13 ထို အ ခါ ဘု ရား သ ခင် သည် နော ဧ အား မိန့် တော် မူ သည် ကား၊ သ တ္တ ဝါ အ ပေါင်း တို့၏ အ ဆုံး ကို ငါ ပြ ဋ္ဌာန်း ပြီ။ သူ တို့ ကြောင့် မြေ ကြီး သည် ကြမ်း ကြုတ် မှု နှင့် ပြည့်၀၍ အ ကယ် စင် စစ် မြေ ကြီး နှင့် တ ကွ သူ တို့ ကို ငါ ဖျက် ဆီး မည်။
  • 14 ထင်း ရူး သား ဖြင့် သင်္ဘော ကို တည် လုပ် လော့။ အ ခန်း များ ကို ဖွဲ့ ၍ လုပ် လော့။ အ တွင်း၊ အ ပြင် ကို လည်း က တ္တ ရာ စေး နှင့် ထေး လော့။
  • 15 သင်္ဘော လုပ် ရ မည့် စ နစ် ကား အ လျား အ တောင် သုံး ရာ၊ အ နံ အ တောင် ငါး ဆယ်၊ အ မြင့် အ တောင် သုံး ဆယ် ရှိ စေ ရ မည်။
  • 16 သင်္ဘော အ ပေါ် ပတ် လည် ၌ တစ် တောင် ကျယ် သော လေ သာ ပေါက် ကို လုပ် ရ မည်။ သင်္ဘော နံ ဘေး ၌ လည်း တံ ခါး ကို လုပ် လျက် အောက် ထပ်၊ အ လယ် ထပ်၊ အ ပေါ် ထပ် ဟူ၍ သုံး ထပ် လည်း ရှိ စေ ရ မည်။
  • 17 ကောင်း ကင် အောက် မှ သ ဇီ၀ သက် ရှိ သ တ္တ ဝါ တ ကာ တို့ ကို ဖျက် ဆီး ခြင်း ငှါ မြေ ကြီး ပေါ် မှာ ရေ လွှမ်း မိုး သည့် ဘေး ကို ငါ မု ချ သင့် စေ သ ဖြင့် မြေ ကြီး ပေါ် ရှိ သ မျှ သည် သေ ရ ကြ မည်။
  • 18 သင် နှင့် မူ ကား ငါ ပ ဋိ ညာဉ် ဖွဲ့ ထား မည်။ သင် နှင့် တ ကွ သား၊ မ ယား၊ ချွေး မ တို့ သည် သင်္ဘော တွင်း သို့ ဝင် ကြ ရ မည်။
  • 19 သက် ရှိ သ တ္တ ဝါ အ မျိုး မျိုး ထဲ မှ အ ထီး အ မ အ စုံ ကို သင် နှင့် အ တူ အ သက် ချမ်း သာ စေ ခြင်း ငှါ သင်္ဘော တွင်း သို့ သွင်း ထား ရ မည်။
  • 20 လေ သ တ္တ ဝါ အ မျိုး အ လိုက်၊ သား ယဥ် သား ရဲ အ မျိုး အ လိုက်၊ မြေ ပေါ် မှာ တွား တတ် သော တိ ရ စ္ဆာန် အ ပေါင်း အ မျိုး အ လိုက်၊ အ သီး အ သီး တစ် စုံ စီ အ သက် ချမ်း သာ စေ ခြင်း ငှါ သင့် ထံ သို့ လာ ကြ ရ မည်။
  • 21 ကိုယ့် အ ဖို့၊ တိ ရ စ္ဆာန် တို့ အ ဖို့၊ စား အပ် သော အ စာ အ မျိုး မျိုး ကို ယူ ၍ သို ထား ရ မည် ဟု၊
  • 22 ဘု ရား သ ခင် မိန့် မှာ တော် မူ သ မျှ အ တိုင်း နော ဧ ပြု လေ ၏။
回到本卷目录 回到本版本目录 回到首页