ကမ္ဘာ​ဦး-3

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 မြွေ သည် ထာ ဝ ရ ဘု ရား သ ခင် ဖန် ဆင်း တော် မူ သော မြေ သ တ္တ ဝါ ခပ် သိမ်း တို့ ထက် လိ မ္မာ သည် ဖြစ် ၍ မိန်း မ အား၊ သင် တို့ သည် ဥ ယျာဉ် ၌ ရှိ သ မျှ သော အ ပင် ၏ အ သီး ကို မ စား ရ ဟု ဘု ရား သ ခင် မိန့် တော် မူ သည် ဧ ကန် စင် စစ် လော ဟူ ၍ မေး သော်၊
  • 2 မိန်း မ က၊ ငါ တို့ သည် ဥ ယျာဉ် ၌ ရှိ သော အ ပင် များ ၏ အ သီး ကို စား ခွင့် ရှိ ၏။
  • 3 ဥ ယျာဉ့် အ လယ်၌ ရှိ သော အ ပင် ၏ အ သီး ကို ကား သင် တို့ မ သေ စေ ခြင်း ငှါ မ ကိုင် မ စား ပဲ နေ ကြ လော့ ဟု ဘု ရား သ ခင် အ မိန့် တော် ရှိ သည် ဟူ၍ မြွေ အား ပြန် ဆို ၏။
  • 4 မြွေ က လည်း သင် တို့ သည် မု ချ သေ ရ မည် မ ဟုတ်။
  • 5 စင် စစ် မူ ကား ထို အ သီး ကို စား သော နေ့ ၌ သင် တို့ သည် မျက် စိ ပွင့် လင်း လျက် အ ကောင်း အ ဆိုး ကို သိ ၍၊ ဘုရား သ ခင် ကဲ့ သို့ ဖြစ် ကြ လ တ္တံ့ သည် ကို ဘု ရား သ ခင် သိ တော် မူ သည် ဟု မိန်း မ အား ဆို ၏။
  • 6 ထို အ ပင် သည် စား ဖွယ် ရှု ဖွယ် ကောင်း သည် ကို လည်း ကောင်း၊ ပ ညာ ရ စေ ရန် နှစ် သက် ဖွယ် သော အ ပင်ဖြစ် သည် ကို လည်း ကောင်း၊ မိန်း မ သိ မြင် လျှင် အ သီး ကို ယူ စား သည့် ပြင် ပေး သည့် အ တိုင်း ယောက်ျား လည်း စား သ ဖြင့်၊
  • 7 ထို သူ နှစ် ဦး တို့ သည် မျက် စိ ပွင့် လင်း ၍ အ၀တ် အ ချည်း စည်း ရှိ သည် ကို သိ မြင် သည် နှင့် သ ဖန်း ရွက် များ ကို တွယ် စပ်၍ ၀တ် စည်း ရန် လုပ် ကြ ၏။
  • 8 နေ အေး သော အ ချိန် တွင် ထို ဥ ယျာဉ် ၌ ထာ ဝ ရ ဘု ရား သ ခင် ကြွ တော် မူ သံ ကို လူ လင် မ ယား တို့ ကြား လျှင် ဥ ယျာဉ် ရှိ အ ပင် များ တွင် မျက် မှောက် တော် မှ ပုန်း ရှောင် လျက် နေ ကြ ၏။
  • 9 ထာ ဝ ရ ဘု ရား သ ခင် က လည်း သင် သည် အ ဘယ် မှာ ရှိ သ နည်း ဟု လူ ကို ခေါ် တော် မူ ရာ၊
  • 10 လူ က၊ ဥ ယျာဉ် ၌ အ သံ တော် ကို ကျွန် တော် ကြား ရ လျှင် အ ဝတ် အ ချည်း စည်း ရှိ သော ကြောင့် ကြောက် ၍ ပုန်း ရှောင် လျက် နေ ပါ သည် ဟု လျှောက် သော်၊
  • 11 အ၀တ် အ ချည်း စည်း ရှိ သည် ကို မည် သူ ပြော သ နည်း။ မ စား ရ ဟု ငါ ပ ညတ် သော အ ပင်၏ အ သီး ကို စား ပြီ လော ဟူ ၍ မေး တော် မူ ၏။
  • 12 လူ က လည်း ကျွန် တော် အား အပ် ပေး တော် မူ သော မိန်း မ သည် ထို အ ပင် ၏ အ သီး ကို ပေး ၍ ကျွန် တော် စား မိ ပါ သည် ဟု လျှောက် သော်၊
  • 13 သင် သည် မည် သို့ ပြု ဘိ သ နည်း ဟု မိန်း မ အား ထာ၀ ရ ဘု ရား သ ခင် မေး တော် မူ လျှင် မိန်း မ က မြွေ လှည့် စား သ ဖြင့် ကျွန် တော် မ စား မိ ပါ ပြီ ဟု လျှောက် လေ ၏။
  • 14 ထို အ ခါ မြွေ အား ထာ၀ ရ ဘု ရား သ ခင် က၊ ဤ အ မှု ကို ပြု သော ကြောင့် သား ယဉ် သား ရဲ အ ပေါင်း တို့ အ နက် သင် သည် အမင်္ဂ လာ ကို ခံ ရ လျက် တစ် သက် လုံး ၀မ်း ဖြင့် တွား ၍ မြေ မုန့် ကို စား ရ မည်။
  • 15 သင် နှင့် ထို မိန်း မ ကို လည်း ကောင်း၊ သင်၏ အ မျိုး အ နွယ် နှင့် မိန်း မ၏ အ မျိုး အ နွယ် ကို လည်း ကောင်း၊ ငါ သည် ရန် ငြိုး ဖွဲ့ စေ မည်။ သူ သည် သင့် ဦး ခေါင်း ကို ပေါက် လိမ့် မည်၊ သင် လည်း သူ ဖ နောင့် ကို ပေါက် လိမ့် မည် ဟု မိန့် တော် မူ ၏။
  • 16 မိန်း မ အား လည်း သင်၌ ကိုယ် ဝန် ဆောင် ခြင်း ဒု က္ခ ကို ငါ အ လွန် များ ပြား စေ မည်။ ဒု က္ခ ဝေ ဒ နာ နှင့် သား ဖွား ရ မည်။ ကိုယ့် ယောက်ျား ကို စုံ မက် ခင် မင်၍ သူ့ အ နော် အ တာ ကို လည်း ခံ ရ မည် ဟု မိန့် တော် မူ ၏။
  • 17 အာ ဒံ အား လည်း သင် သည် မ ယား ၏ စ ကား ကို နား ထောင် ၍ မ စား ရ ဟု ငါ ပ ညတ် သော အ ပင်၏ အ သီး ကို စား မိ သော ကြောင့် မြေ သည် သင့် အ တွက် အမင်္ဂ လာ ကို ခံ ရ သ ဖြင့် မြေ၏ အ သီး ကို တစ် သက် ပတ် လုံး ဒု က္ခ ခံ လျက် သင် စား ရ မည်။
  • 18 ဆူး ပင် ပေါင်း ပင် လည်း သင် အ ဖို့ မြေ က ပေါက် ရ မည်။ ကွင်း ပြင် မှ ထွက် သော ကောက် ပဲ များ ကို သင် စား ရ မည်။
  • 19 မြေ သို့ မ ပြန် မ ချင်း န ဖူး မှ ချွေး ထွက် လျက် အ စာ ကို စား ရ မည်။ သင် သည် မြေ မှ ထွက် ခဲ့၍ မြေ မုန့် ဖြစ် သ ဖြင့် မြေ မုန့် သို့ ပင် ပြန် ရ မည် ဟု မိန့် တော် မူ ၏။
  • 20 ထို မိန်း မ သည် အ သက် ရှင် သော လူ အ ပေါင်း တို့၏ အ မိ ဖြစ် သော ကြောင့် ဧ၀ အ မည် ဖြင့် လူ မှည့် လေ ၏။
  • 21 ထာ ဝ ရ ဘု ရား သ ခင် လည်း အာ ဒံ နှင့် သူ့ မ ယား အ ဖို့ သား ရေ အ၀တ် ကို ဖန် ဆင်း ၍ ၀တ် ခြုံ စေ တော် မူ ၏။
  • 22 ထာ ဝ ရ ဘု ရား သ ခင် က လည်း လူ သည် အ ကောင်း အ ဆိုး ကို သိ ၍ ငါ တို့ တွင် တစ် ပါး ပါး ကဲ့ သို့ ဖြစ် လေ ပြီ။ ယ ခု မှာ ထာ၀ ရ အ သက် ရှင် ခြင်း ငှါ လက် ဆန့် လျက် အ သက် ပင်၏ အ သီး ကို ဆွတ် စား မည် စိုး သည် ဟု မိန့် တော် မူ၍ ထွက် ခဲ့ ရင်း မြေ၌ လုပ် ကိုင် စေ ရန်၊
  • 23 ထာ ဝ ရ ဘု ရား သ ခင် သည် ဧ ဒင် ဥ ယျာဉ် ထဲ မှ လွှတ် လိုက် တော် မူ ၏။
  • 24 ထို သို့ လူ ကို နှင် ထုတ် ပြီး လျှင် အ သက် ပင် လမ်း ကို စောင့် ရှောက် စေ ခြင်း ငှါ မီး စက် လက် နက် နှင့် တ ကွ ခေ ရု ဗ တို့ ကို ဧ ဒင် ဥ ယျာဉ် အ ရှေ့ ဘက်၌ ထား တော် မူ ၏။
回到本卷目录 回到本版本目录 回到首页