1
အ ချင်း သူ ဌေး၊ သူ ကြွယ် တို့၊ ယ ခု လာ ကြ။ သင် တို့ အ ပေါ် ၌ ရောက် လ တံ့ သော ဆင်း ရဲ ဒုက္ခ ဝေ ဒ နာ ကြောင့် ငို ကြွေး အော် ဟစ် ကြ။
2
သင် တို့ ဥစ္စာ ပစ္စည်း သည် ပုပ် စပ် လျက် ရှိ ၏။ အ ဝတ် ကို လည်း ပိုး ကိုက် စား လေ ပြီ။
3
ရွှေ ငွေ လည်း အ ချေး တက် ၍ ပျက် ကုန် ပြီ။ ထို အ ချေး သည် သင် တို့ တ ဘက် ၌ သက် သေ ဖြစ် ၍၊ မီး ကဲ့ သို့ သင် တို့ အ သား ကို စား လိမ့် မည်။ နောက် ဆုံး သော နေ့ ရက် ကာ လ အ ဘို့ ဘဏ္ဍာ ကို ဆည်း ဖူး ကြ ပြီ တ ကား။
4
နား ထောင် ကြ။ သင် တို့ လယ် ကွက် ၌ ရိတ် သော သူ တို့ ကို လှည့် စား ၍၊ အ ခ မ ပေး ဘဲ နေ သော ကြောင့်၊ ထို အ ခ သည် ကြွေး ကြော် လေ ၏။ ရိတ် သော သူ တို့ ၏ အော် ဟစ် ခြင်း အ သံ သည် လည်း၊ ကောင်း ကင် ဗိုလ် ခြေ အ ရှင် ထာ ဝ ရ ဘု ရား ၏ နား တော် ထဲ သို့ ဝင် လေ ပြီ။
5
သင် တို့ သည် မြေ ကြီး ပေါ် မှာ ကာ မ ဂုဏ် ခံ စား ၍ အ လွန် ပျော် မွေ့ ကြ ပြီ။ သတ် ရ သော နေ့ ၌ ကဲ့ သို့၊ မိ မိ တို့ နှ လုံး ကို မွေး မြူ ကြ ပြီ။
6
ဖြောင့် မတ် သော သူ ကို အ ပြစ် စီ ရင် ၍ ကွပ် မျက် ကြ ပြီ။ သူ သည် လည်း သင် တို့ ကို မ ဆီး တား။
7
ထို ကြောင့်၊ ညီ အစ် ကို တို့၊ သ ခင် ဘု ရား ကြွ လာ တော် မူ သည် တိုင် အောင် သည်း ခံ လျက် စောင့် နေ ကြ လော့။ အ ကယ် ၍ လယ် လုပ် သော သူ သည် အ ရင် မိုဃ်း၊ နောက် မိုဃ်း ကို ရ သည် တိုင် အောင်၊ အ ဘိုး ထိုက် သော မြေ အ သီး ကို သည်း ခံ လျက် စောင့် နေ ၍ မြော် လင့် တတ် ၏။
8
သင် တို့ သည် လည်း သည်း ခံ လျက် စောင့် နေ ကြ လော့။ ကိုယ် စိတ် နှ လုံး ကို မြဲ မြံ စေ ကြ လော့။ သ ခင် ဘု ရား ကြွ လာ တော် မူ သော အ ချိန် ရောက် လု နီး ပြီ။
9
ညီ အစ် ကို တို့၊ စစ် ကြော စီ ရင် ခြင်း နှင့် ကင်း လွတ် မည် အ ကြောင်း၊ အ ချင်း ချင်း ငြင်း ခုံ ပြစ် တင် ခြင်း ကို မ ပြု ကြ နှင့်။ တ ရား စီ ရင် ပိုင် သော သူ သည် တံ ခါး နား မှာ ရှိ တော် မူ ၏။
10
ငါ့ ညီ အစ် ကို တို့၊ ထာ ဝ ရ ဘု ရား ၏ နာ မ တော် ကို အ မှီ ပြု ၍ ဟော ပြော သော ပ ရော ဖက် တို့ သည် ဆင်း ရဲ ဒုက္ခ တွေ့ ခြင်း၊ သည်း ခံ ခြင်း ၏ ပုံ သက် သေ ကို ပြ ကြ ပြီ ဟု မှတ် ကြ လော့။
11
သည်း ခံ နိုင် သော သူ တို့ သည် မင်္ဂ လာ ရှိ သော သူ ဟူ ၍ ငါ တို့ သည် ခေါ် ကြ ၏။ ယော ဘ သည် သည်း ခံ ကြောင်း ကို သင် တို့ ကြား ရ ကြ ပြီ။ ထာ ဝ ရ ဘု ရား သည် မိ မိ အ မှု ကို လက် စ သတ် တော် မူ ရာ မှာ အ လွန် သ နား စုံ မက် တော် မူ ကြောင်း ကို လည်း သိ မြင် ရ ကြ ပြီ။
12
ငါ့ ညီ အစ် ကို တို့၊ ခပ် သိမ်း သော အ မှု အ ရာ တို့ တွင် ကျိန် ဆို ခြင်း ကို သာ ၍ ရှောင် ကြ လော့။ ကောင်း ကင် ဘုံ ကို တိုင် တည် ၍ မ ကျိန် ကြ နှင့်။ မြေ ကြီး ကို တိုင် တည် ၍ မ ကျိန် ကြ နှင့်။ ထို မှ တ ပါး၊ အ ဘယ် အ ကျိန် အား ဖြင့် မျှ မ ကျိန် ကြ နှင့်။ အ ပြစ် စီ ရင် ခြင်း နှင့် ကင်း လွတ် မည် အ ကြောင်း၊ သင် တို့ စ ကား မှာ၊ ဟုတ် သည် ကို အ ဟုတ်၊ မ ဟုတ် သည် ကို မ ဟုတ် ဖြစ် စေ ကြ လော့။
13
သင် တို့ တွင် ဆင်း ရဲ ခံ ရ သော သူ ရှိ လျှင် ဆု တောင်း စေ။ ရွှင် လန်း သော သူ ရှိ လျှင် ဆာ လံ သီ ချင်း ကို ဆို စေ။
14
နာ သော သူ ရှိ လျှင်၊ သင်း အုပ် တို့ ကို ခေါ် ၍ သူ တို့ သည် သ ခင် ဘု ရား ၏ နာ မ တော် ကို အ မှီ ပြု လျက်၊ လူ နာ ကို ဆီ နှင့် လူး ၍ သူ့ အ ပေါ် မှာ ဆု တောင်း ကြ စေ။
15
ထို သို့ ပြု လျှင်၊ ယုံ ကြည် ခြင်း ၏ ပ ဌ နာ သည် လူ နာ ကို ကယ် ဆယ် ၍၊ သ ခင် ဘု ရား သည် ထ မြောက် စေ တော် မူ မည်။ သူ သည် အ ပြစ် ပြု မိ သော် လည်း ထို အ ပြစ် ကို လွှတ် တော် မူ မည်။
16
အ ချင်း ချင်း တ ယောက် နှင့် တ ယောက်၊ ကိုယ် အ ပြစ် ကို ဘော် ပြ တောင်း ပန် ကြ လော့။ ချမ်း သာ ရ မည် အ ကြောင်း၊ အ ချင်း ချင်း တို့ အ ဘို့ ဆု တောင်း ကြ လော့။ သူ တော် ကောင်း ဆု တောင်း ၍ အ ရှိန် ကြီး သော ပ ဌ နာ သည် အ လွန် တန် ခိုး ပါ ၏။
17
ဧ လိ ယ သည် ငါ တို့ ကဲ့ သို့ လော က ဓံ တ ရား ၌ ကျင် လည် သော သူ ဖြစ် သော် လည်း၊ မိုဃ်း မ ရွာ မည် အ ကြောင်း အ ထူး သ ဖြင့် ဆု တောင်း သော အ ခါ၊ သုံး နှစ် နှင့် ခြောက် လ ပတ် လုံး မြေ ပေါ် သို့ မိုဃ်း မ ရွာ ဘဲ နေ ၏။
18
တ ဖန် ဆု တောင်း သော အ ခါ၊ မိုဃ်း ကောင်း ကင် သည် မိုဃ်း ရွာ စေ ၏။ မြေ ကြီး သည် လည်း မိ မိ အ သီး ကို သီး လေ ၏။
19
ညီ အစ် ကို တို့၊ သင် တို့ တွင် တ စုံ တ ယောက် သော သူ သည် သမ္မာ တ ရား လမ်း မှ လွဲ သွား ၍ သူ တ ပါး သည် ထို သူ ကို ပြန် စေ လျှင် မူ ကား၊
20
အ ပြစ် ရှိ သော သူ ကို မှား ယွင်း သော လမ်း မှ ပြန် စေ သော သူ သည်၊ ဝိ ညာဉ် ကို သေ ခြင်း မှ ကယ် တင် ၍ များ စွာ သော အ ပြစ် တို့ ကို ဖုံး အုပ် တတ် သည် ဟု ထို သူ သည် သိ မှတ် စေ။ရှင် ယာ ကုပ် ဩ ဝါ ဒ စာ ပြီး ၏။