1
ငါ့ ညီ အစ် ကို တို့၊ ဘုန်း ကြီး တော် မူ သော ငါ တို့ သ ခင် ယေ ရှု ခ ရစ် ကို ယုံ ကြည် ခြင်း အ မှု မှာ၊ လူ မျက် နှာ ကို ထောက် ခြင်း မ ရှိ ကြ နှင့်။
2
ရွှေ လက် စွပ် နှင့် တင့် တယ် သော အ ဝတ် ကို ဝတ် ဆင် သော သူ၊ ညစ် သော အ ဝတ် ကို ဝတ် ၍ ဆင်း ရဲ သော သူ နှစ် ဦး သည် သင် တို့ ၏ တ ရား စ ရပ် ထဲ သို့ ဝင် သော အ ခါ၊
3
တင့် တယ် သော အ ဝတ် ကို ဝတ် ဆင် သော သူ ကို ကြည့် ၍၊ ကောင်း မွန် သော ဤ အ ရပ် မှာ ထိုင် ပါ ဟူ ၍ ၎င်း၊ ဆင်း ရဲ သော သူ ကို၊ ဟို မှာ နေ လော့၊ သို့ မ ဟုတ် ဤ အ ရပ် မှာ ငါ့ ခြေ တင် ခုံ အောက် ၌ ထိုင် လော့ ဟူ ၍ ၎င်း၊ သင် တို့ သည် ပြော ဆို လျှင်၊
4
တ ဘက် ၌ ငဲ့ ကွက် သော စိတ် ရှိ ၍ မ ကောင်း သော အ ကြံ အ စည် နှင့် စီ ရင် သော သူ ဖြစ် ကြ သည် မ ဟုတ် လော။
5
ငါ ချစ် သော ညီ အစ် ကို တို့၊ နား ထောင် ကြ လော့။ လော က တွင် ဆင်း ရဲ သော သူ တို့ သည် ယုံ ကြည် ခြင်း ရ တ နာ ကို ရ တတ် စေ ခြင်း ငှါ ၎င်း၊ ဘု ရား သ ခင် ကို ချစ် သော သူ တို့ အား ပေး မည် ဟု ဝန် ခံ တော် မူ သော နိုင် ငံ တော် ၏ အ မွေ ခံ ဖြစ် စေ ခြင်း ငှါ ၎င်း၊ ထို သူ တို့ ကို ရွေး ကောက် တော် မူ သည် မ ဟုတ် လော။
6
သင် တို့ သည် ဆင်း ရဲ သော သူ ကို မ ထီ မဲ့ မြင် ပြု ကြ သည် တ ကား။ ငွေ ရ တတ် သော သူ တို့ သည် သင် တို့ ကို ညှဉ်း ဆဲ နှိပ် စက် ကြ သည် မ ဟုတ် လော။ တ ရား ပလ္လင် ရှေ့ သို့ ဆွဲ ငင် ကြ သည် မ ဟုတ် လော။
7
သင် တို့ ကို သ မုတ် သော နာ မ တော် မြတ် ကို သူ တို့ သည် ကဲ့ ရဲ့ ကြ သည် မ ဟုတ် လော။
8
ကိုယ် နှင့် စပ် ဆိုင် သော သူ ကို ကိုယ် နှင့် အ မျှ ချစ် လော့ ဟု ကျမ်း စာ ၌ ပါ သော ရွှေ ပ ညတ် တော် ကို သင် တို့ သည် စောင့် ရှောက် လျှင်၊ ကောင်း သော အ ကျင့် ကို ကျင့် ရာ သို့ ရောက် ကြ ၏။
9
သို့ မ ဟုတ် လူ မျက် နှာ ကို ထောက် လျှင်၊ ဒု စ ရိုက် ကို ပြု သော သူ ဖြစ် ကြ ၏။ တ ရား ကို လွန် ကျူး သော သူ ဟု ပ ညတ် တော် အား ဖြင့် ထင် ရှား စွာ ဖြစ် ကြ ၏။
10
အ ဘယ် သို့ နည်း ဟူ မူ ကား၊ ပ ညတ် တ ရား အ လုံး စုံ ကို စောင့် ရှောက် သည် တွင် တ စုံ တ ခု ၌ မှား မိ လျှင်၊ ပ ညတ် တ ရား အ လုံး စုံ ကို လွန် ကျူး သော အ ပြစ် ရှိ ၏။
11
သူ့ မ ယား ကို မ ပြစ် မှား နှင့် ဟု ပ ညတ် တော် မူ သော သူ က၊ လူ အ သက် ကို မ သတ် နှင့် ဟု ပ ညတ် တော် မူ သေး ၏။ သို့ ဖြစ် ၍ သင် သည် သူ့ မ ယား ကို မ ပြစ် မှား ဘဲ နေ သော် လည်း၊ လူ အ သက် ကို သတ် လျှင်၊ ပ ညတ် တ ရား ကို လွန် ကျူး သော သူ ဖြစ် ၏။
12
လွှတ် ခြင်း တ ရား အ တိုင်း စီ ရင် ခြင်း ကို ခံ ရ လ တံ့ သော သူ ကဲ့ သို့၊ စ ကား ပြော ခြင်း၊ အ မှု ပြု ခြင်း ကို စီ ရင် ကြ လော့။
13
က ရု ဏာ မ ရှိ သော သူ သည်၊ က ရု ဏာ ကို မ ရ ဘဲ၊ တ ရား စီ ရင် ခြင်း ကို ခံ ရ လိမ့် မည်။ က ရု ဏာ သည် တ ရား စီ ရင် ခြင်း ကို အောင် ၍ ဝါ ကြွား တတ် ၏။
14
ငါ့ ညီ အစ် ကို တို့၊ တ စုံ တ ယောက် သော သူ က၊ ငါ သည် ယုံ ကြည် ခြင်း ရှိ ၏ ဟု ပြော လျက်၊ အ ကျင့် ကို မ ကျင့် ဘဲ နေ လျှင် အ ဘယ် အ ကျိုး ရှိ သ နည်း။ ထို ယုံ ကြည် ခြင်း သည် ထို သူ ကို ကယ် တင် နိုင် သ လော။
15
ညီ အစ် ကို နှ မ တို့ သည် အ ဝတ် အ ချည်း စည်း ရှိ ၍၊ နေ့ တိုင်း စား ရ သော အ စာ မ ရှိ သော အ ခါ၊
16
သင် တို့ တွင် တ စုံ တ ယောက် သော သူ က၊ ငြိမ် ဝပ် စွာ သွား ကြ လော့။ နွေး ကြ လော့။ ဝ ကြ လော့ ဟု ပြော လျက်၊ သူ တို့ ကိုယ် နှင့် တော် လျော် သော အ သုံး အ ဆောင် ကို မ ပေး ဘဲ နေ လျှင် အ ဘယ် အ ကျိုး ရှိ သ နည်း။
17
ထို နည်း တူ၊ အ ကျင့် နှင့် ကင်း သော ယုံ ကြည် ခြင်း သည် တ ပါး တည်း ရှိ သော ကြောင့် အ သေ ဖြစ် ၏။
18
တ နည်း ကား၊ သင် သည် ယုံ ကြည် ခြင်း ရှိ ၏။ ငါ သည် အ ကျင့် ရှိ ၏။ သို့ ဖြစ် ၍ သင် သည် အ ကျင့် မ ရှိ ဘဲ သင် ၏ ယုံ ကြည် ခြင်း ကို ပြ လော့။ ငါ မူ ကား၊ အ ကျင့် အား ဖြင့် ငါ ၏ ယုံ ကြည် ခြင်း ကို ပြ မည် ဟု ပြော စ ရာ ရှိ ၏။
19
ဘု ရား သ ခင် တ ဆူ တည်း ရှိ သည် ဟု သင် သည် ယုံ ၏။ ကောင်း ပေ ၏။ နတ် ဆိုး တို့ သည် ယုံ ၍ ကြောက် ရွံ့ တုန် လှုပ် ကြ ၏။
20
လျှပ် ပေါ် သော လူ၊ အ ကျင့် နှင့် ကင်း သော ယုံ ကြည် ခြင်း သည် အ သေ ဖြစ် သည် ကို သိ ချင် သ လော။
21
ငါ တို့ အ ဘ အာ ဗြ ဟံ သည်၊ မိ မိ သား ဣ ဇာက် ကို ယဇ် ပလ္လင် ပေါ် မှာ တင် လှူ ပူ ဇော် သော အ ခါ၊ အ ကျင့် အား ဖြင့် ဖြောင့် မတ် ရာ သို့ ရောက် သည် မ ဟုတ် လော။
22
ယုံ ကြည် ခြင်း သည် အ ကျင့် နှင့် အ တူ ပြု ပြင် ၍၊ အ ကျင့် အား ဖြင့် စုံ လင် သည် ကို သိ မြင် ရ ၏။
23
အာ ဗြ ဟံ သည် ဘု ရား သ ခင် ကို ယုံ ကြည် သည် ဖြစ် ၍၊ သူ ၏ ယုံ ကြည် ခြင်း ကို ဖြောင့် မတ် ခြင်း ကဲ့ သို့ မှတ် တော် မူ ၏ ဟူ သော ကျမ်း စ ကား ပြည့် စုံ လေ ၏။ အာ ဗြ ဟံ သည် လည်း၊ ဘု ရား သ ခင် ၏ အ ဆွေ ဟူ ၍ ခေါ် ဝေါ် ခြင်း ကို ခံ ရ ၏။
24
လူ သည် ယုံ ကြည် ခြင်း အား ဖြင့် သာ ဖြောင့် မတ် ရာ သို့ ရောက် သည် မ ဟုတ်။ အ ကျင့် အား ဖြင့် ရောက် သည် ကို သင် တို့ သိ မြင် ရ ကြ ၏။
25
ထို နည်း တူ၊ ပြည် တန် ဆာ ရာ ခပ် သည်၊ တ မန် တို့ ကို လက် ခံ ပြီး မှ အ ခြား သော လမ်း ဖြင့် လွှတ် လိုက် ၍၊ အ ကျင့် အား ဖြင့် ဖြောင့် မတ် ရာ သို့ ရောက် သည် မ ဟုတ် လော။
26
ဝိ ညာဉ် နှင့် ကင်း သော ကိုယ် သည် အ သေ ဖြစ် သ ကဲ့ သို့၊ အ ကျင့် နှင့် ကင်း သော ယုံ ကြည် ခြင်း သည် အ သေ ဖြစ် ၏။