1
သင် တို့ တွင် စစ် တိုက် ခြင်း၊ ရန် တွေ့ ခြင်း သည် အ ဘယ် အ ကြောင်း ကြောင့် ဖြစ် သ နည်း။ သင် တို့ အင်္ဂါ များ ၌ စစ် ပြိုင် သော ကိ လေ သာ ကာ မ စိတ် ကြောင့် ဖြစ် သည် မ ဟုတ် လော။
2
သင် တို့ သည် တပ် မက် ၍ မ ရ ကြ။ လူ အ သက် ကို သတ် ၍ ၎င်း၊ အ လွန် လို ချင် သော လော ဘ စိတ် ရှိ ၍ ၎င်း၊ အ လို မ ပြည့် စုံ နိုင် ကြ။ ရန် တွေ့ ခြင်း၊ စစ် တိုက် ခြင်း ကို လည်း ပြု ၍ မ ရ ကြ။ အ ကြောင်း မူ ကား၊ ဆု မ တောင်း ဘဲ နေ ကြ ၏။
3
ဆု တောင်း လျှင် လည်း ကာ မ ဂုဏ် ခံ စား စ ရာ ဘို့ ရှိ စေ ခြင်း ငှါ၊ အ လွဲ တောင်း သော ကြောင့် မ ရ ကြ။
4
မ တ ရား သော မေ ထုန် ၌ မှီ ဝဲ သော ယောက်ျား မိန်း မ တို့၊ လော ကီ မိဿ ဟာ ယ သည် ဘု ရား သ ခင် နှင့် ဆန့် ကျင် ဘက် ဖြစ် သည် ကို မ သိ ကြ သ လော။ ဤ လော က နှင့် မိဿ ဟာ ယ ဖွဲ့ လို သော သူ သည် ဘု ရား သ ခင် ၏ ရန် သူ ဖြစ် ၏။
5
ကျမ်း စာ ချက် အ ချည်း နှီး သက် သက် ဖြစ် သည် ဟူ ၍ ၎င်း၊ ငါ တို့ ၌ တည် နေ သော ဝိ ညာဉ် တော် သည် ငြူ စူ စေ ချင် သော သ ဘော ရှိ သည် ဟူ ၍ ၎င်း ထင် ကြ သ လော။
6
ထို ဝိ ညာဉ် တော် သည် သာ ၍ များ သော ကျေး ဇူး ကို ပြု တော် မူ ၏။ ထို သို့ နှင့် အ ညီ ကျမ်း စာ လာ သည် ကား၊ ထောင် လွှား စော် ကား သော သူ တို့ ကို ဘု ရား သ ခင် ဆီး တား တော် မူ ၏။ စိတ် နှိမ့် ချ သော သူ တို့ အား ကျေး ဇူး ပြု တော် မူ ၏ ဟု လာ သ တည်း။
7
ထို ကြောင့်၊ ဘု ရား သ ခင် ၏ အ လို တော် သို့ လိုက် ကြ လော့။ မာရ် နတ် ကို ဆီး တား ကြ လော့။ သို့ ပြု လျှင် သူ သည် သင် တို့ ထံ က ပြေး သွား လိမ့် မည်။
8
ဘု ရား သ ခင် ၌ ချဉ်း ကပ် ကြ လော့။ သို့ ပြု လျှင်၊ သင် တို့ ၌ ချဉ်း ကပ် တော် မူ လိမ့် မည်။ အ ပြစ် ရှိ သော သူ တို့၊ သင် တို့ လက် ကို စင် ကြယ် စေ ကြ လော့။ စိတ် နှစ် ခွ ရှိ သော သူ တို့၊ သင် တို့ စိတ် နှ လုံး ကို သန့် ရှင်း စေ ကြ လော့။
9
ဆင်း ရဲ ငြို ငြင် ခြင်း၊ စိတ် မ သာ ညည်း တွား ခြင်း၊ ငို ကြွေး မြည် တမ်း ခြင်း ရှိ ကြ လော့။ သင် တို့ ရယ် ခြင်း ကို စိတ် မ သာ ညည်း တွား ခြင်း ဖြစ် စေ ကြ လော့။ ဝမ်း မြောက် ခြင်း ကို လည်း ဝမ်း နည်း ခြင်း ဖြစ် စေ ကြ လော့။
10
ဘု ရား သ ခင့် ရှေ့ တော် ၌ ကိုယ် ကို ကိုယ် နှိမ့် ချ ကြ လော့။ သို့ ပြု လျှင်၊ သင် တို့ ကို ချီး မြှောက် တော် မူ လိမ့် မည်။
11
ညီ အစ် ကို တို့၊ အ ချင်း ချင်း တ ယောက် ကို တ ယောက် ကဲ့ ရဲ့ ခြင်း ကို မ ပြု ကြ နှင့်။ ညီ အစ် ကို ချင်း ကဲ့ ရဲ့ ၍၊ သူ ၌ အ ပြစ် ရှိ သည် ဟု စီ ရင် သော သူ သည် တ ရား ကို ကဲ့ ရဲ့ ၏။ တ ရား ၌ အ ပြစ် ရှိ သည် ဟု စီ ရင် ၏။ ထို သို့ ပြု လျှင်၊ သင် သည် တ ရား ကို ကျင့် သော သူ မ ဟုတ်၊ တ ရား ကို စစ် ကြော စီ ရင် သော သူ ဖြစ် ၏။
12
ပ ညတ် တ ရား ကို ထား ပိုင် သော သူ၊ စစ် ကြော စီ ရင် ပိုင် သော သူ တ ပါး တည်း ရှိ တော် မူ ၏။ ထို သူ သည် ကယ် တင် ခြင်း ငှါ ၎င်း ဖျက် ဆီး ခြင်း ငှါ ၎င်း၊ တတ် နိုင် တော် မူ ၏။ သူ တ ပါး ကို စစ် ကြော စီ ရင် သော သင် သည် ကား အ ဘယ် သူ နည်း။
13
ယ နေ့ နက် ဖြန် ဤ မည် သော မြို့ သို့ သွား ကြ ကုန် အံ့။ ထို မြို့ ၌ တ နှစ် ပတ် လုံး နေ ၍ ကုန် သွယ် သ ဖြင့် အ မြတ် ရ အောင် ပြု ကြ ကုန် အံ့ ဟု ဆို တတ် သော သူ တို့၊ နား ထောင် ကြ လော့။
14
နက် ဖြန် နေ့ ၌ အ ဘယ် သို့ ဖြစ် မည် ကို သင် တို့ မ သိ ကြ။ သင် တို့ အ သက် သည် အ ဘယ် သို့ သော အ ရာ ဖြစ် သ နည်း။ ခ ဏ ထင် ရှား ပြီး မှ ကွယ် ပျောက် တတ် သော အ ခိုး အ ငွေ့ ဖြစ် ၏။
15
ထာ ဝ ရ ဘု ရား သည် အ လို တော် ရှိ ၍၊ ငါ တို့ သည် လည်း အ သက် ရှင် လျှင်၊ ဤ သို့ ပြု ကြ ကုန် အံ့၊ ထို သို့ ပြု ကြ ကုန် အံ့ ဟု သင် တို့ ဆို သင့် ရာ ဖြစ် ၏။
16
ယ ခု သင် တို့ သည် မိ မိ ထောင် လွှား ခြင်း ၌ ဝါ ကြွား ကြ သေး ၏။ ထို သို့ သော ဝါ ကြွား ခြင်း ရှိ သ မျှ သည် မ ကောင်း မ သင့် ဖြစ် ၏။
17
ထို ကြောင့်၊ ကောင်း သော အ ကျင့် ကို သိ လျက် မ ကျင့် ဘဲ နေ သော သူ သည် အ ပြစ် ရှိ ၏။