1
လူ တို့ တွင် ရွေး ကောက် သော ယဇ် ပု ရော ဟိတ် မင်း မည် သည် ကား၊ ပူ ဇော် သက္ကာ ကို ၎င်း၊ အ ပြစ် ဖြေ ရာ ယဇ် ကို ၎င်း ပူ ဇော် ၍၊ လူ တို့ အ တွက် ဘု ရား ဝတ် ကို ပြု စေ ခြင်း ငှါ ခန့် ထား တော် မူ သော သူ ဖြစ် ၏။
2
သူ သည် ကိုယ် တိုင် နွမ်း ရိ အား နည်း ခြင်း ရှိ သည် ဖြစ် ၍၊ မိုက် သော သူ၊ မှား ယွင်း သော သူ တို့ ကို သည်း ခံ ခြင်း ငှါ တတ် နိုင် ၏။
3
ထို အ ကြောင်း ကြောင့် လည်း၊ လူ များ အ ပြစ် နှင့် မိ မိ အ ပြစ် ကို ဖြေ ခြင်း ငှါ ပူ ဇော် ရ ၏။
4
ဘု ရား သ ခင် သည် အာ ရုန် ကို ခေါ် တော် မူ သ ကဲ့ သို့ ခေါ် တော် မူ သော သူ မှ တ ပါး၊ အ ဘယ် သူ မျှ ထို အ ရာ မြတ် ကို မ သိမ်း မ ယူ ရ။
5
ထို နည်း တူ၊ ခ ရစ် တော် သည် ယဇ် ပု ရော ဟိတ် မင်း အ ရာ ၌ မိ မိ ကို မိ မိ ချီး မြှောက် သည် မ ဟုတ်။ သင် သည် ငါ့ သား ဖြစ် ၏။ ယ နေ့ ပင် သင့် ကို ငါ ဖြစ် ဘွား စေ ပြီ ဟု မိန့် တော် မူ သော သူ သည် ခ ရစ် တော် ကို ချီး မြှောက် တော် မူ ၏။
6
ထို သို့ နှင့် အ ညီ ကျမ်း စာ တ ချက် လာ သည် ကား၊ သင် သည် မေ လ ခိ ဇေ ဒက် နည်း တူ ထာ ဝ ရ ယဇ် ပု ရော ဟိတ် ဖြစ် သည် ဟု လာ သ တည်း။
7
ထို ခ ရစ် တော် သည် လူ ဇာ တိ အ ဖြစ် ၌ နေ စဉ် ကာ လ၊ သေ ခြင်း မှ ကယ် လွှတ် နိုင် တော် မူ သော သူ ကို၊ ကြီး စွာ သော ကြွေး ကြော် ခြင်း၊ မျက် ရည် ကျ ခြင်း နှင့် ဆု တောင်း ပ ဌ နာ ပြု သ ဖြင့်၊ ကြောက် ရွံ့ ရာ အ မှု ၌ ချမ်း သာ ရ သည် ဖြစ် ၍၊
8
ဘု ရား သ ခင် ၏ သား တော် မှန် သော် လည်း၊ ဆင်း ရဲ ဒုက္ခ ကို ခံ သော အား ဖြင့် နား ထောင် ခြင်း အ ကျိုး အ ကြောင်း ကို သင် တော် မူ ၏။
9
ထို သို့ စုံ လင် ခြင်း သို့ ရောက် ပြီး မှ၊ ယုံ ကြည် နား ထောင် သော သူ အ ပေါင်း တို့ အား ထာ ဝ ရ ကယ် တင် ခြင်း ကျေး ဇူး ကို ပြု သော သူ ဖြစ် တော် မူ ၍၊
10
မေ လ ခိ ဇေ ဒက် ကဲ့ သို့ သော ယဇ် ပု ရော ဟိတ် မင်း ဟု ဘု ရား သ ခင် သ မုတ် တော် မူ ခြင်း ကို ခံ ရ ၏။
11
ထို မေ လ ခိ ဇေ ဒက် ၏ အ ကြောင်း ကို ငါ တို့ ပြော စ ရာ စ ကား အ များ ရှိ ၏။ သို့ သော် လည်း၊ သင် တို့ သည် ဉာဏ် နုန့် သော ကြောင့် အ ပြော ခက် လှ ၏။
12
သင် တို့ သည် ကာ လ ကြာ သော ကြောင့် ဆ ရာ အ ဖြစ် သို့ ရောက် သင့် သော် လည်း၊ ဘု ရား သ ခင် ၏ ဗျာ ဒိတ် တော် ၌ ရှေ့ ဦး စွာ သင် ရ သော တ ရား နု တို့ ကို သူ တ ပါး ထံ ၌ တ ဖန် သင် ရ သော အ ကြောင်း ရှိ သည် ဖြစ် ၍၊ ကြေ ခဲ သော အ စာ ကို မ သုံး ဆောင်၊ နို့ ကို သာ သုံး ဆောင် ရ သော သူ ဖြစ် ကြ ၏။
13
နို့ ကို သာ သုံး ဆောင် သော သူ မည် သည် ကား၊ သူ ငယ် ဖြစ် သော ကြောင့် ဖြောင့် မတ် ခြင်း တ ရား ၌ လေ့ လာ ခြင်း မ ရှိ။
14
ကောင်း ကျိုး မ ကောင်း ကျိုး ကို ပိုင်း ခြား ၍ သိ နိုင် သော ဉာဏ် ပေး တတ် သော၊ အ ကြား အ မြင် အ တွေ့ အ စမ်း များ သော သူ တည်း ဟူ သော၊ စုံ လင် သော အ ရွယ် ရှိ သော သူ တို့ မူ ကား၊ ကြေ ခဲ သော အ စာ အာ ဟာ ရ ကို သုံး ဆောင် ရ ကြ ၏။