1
ထို ကြောင့်၊ ဤ မျှ လောက် များ စွာ သော သက် သေ အ ပေါင်း တို့ သည် ငါ တို့ ကို ဝိုင်း ရံ လျက် ရှိ ကြ သည် ဖြစ် ၍၊ ငါ တို့ သည် ခပ် သိမ်း သော ဝန် တို့ ကို ၎င်း၊ နှောင့် ရှက် တတ် သော ဒု စ ရိုက် ကို ၎င်း ပယ် ရှား ၍၊ ငါ တို့ မျက် မှောက် ၌ ထား သော ပန်း တုံး တိုင် သို့ ရောက် ခြင်း ငှါ၊ အား မ လျော့ ဘဲ ပြေး ကြ ကုန် အံ့။
2
ယုံ ကြည် ခြင်း ကို အ စ အ ဦး စီ ရင် ၍ စုံ လင် စေ တော် မူ သော သ ခင် ယေ ရှု ကို စေ့ စေ့ ထောက် ရှု ကြ ကုန် အံ့။ ထို သ ခင် သည် မိ မိ ရှေ့ ၌ ထား သော ဝမ်း မြောက် ခြင်း အ ကြောင်း ကြောင့်၊ ရှက် ကြောက် သော အ ရာ ကို မ မှတ် ဘဲ လက် ဝါး ကပ် တိုင် ၌ ခံ ပြီး မှ၊ ဘု ရား သ ခင် ၏ ပလ္လင် တော် လက်ျာ ဘက် ၌ ထိုင် နေ တော် မူ ၏။
3
အ ပြစ် ရှိ သော သူ တို့ လက် တွင်၊ ထို မျှ လောက် ကြီး စွာ သော ဆီး တား နှောင့် ရှက် ခြင်း ကို ခံ တော် မူ သော သ ခင် ကို ထောက် ရှု ဆင် ခြင် သော အား ဖြင့်၊ အား လျော့ စိတ် ပျက် ခြင်း နှင့် ကင်း လွတ် အံ့ သော ငှါ ကြိုး စား ကြ လော့။
4
သင် တို့ သည် ဒု စ ရိုက် အ ပြစ် ကို ဆိုင် ပြိုင် တိုက် လှန် ၍ ကိုယ် အ သွေး ထွက် သည် တိုင် အောင် မ ခံ ရ ကြ သေး။
5
ထို မှ တ ပါး၊ ငါ့ သား၊ ထာ ဝ ရ ဘု ရား ဆုံး မ တော် မူ ခြင်း ကို မ မှတ် ဘဲ မ နေ နှင့်။ သင် ၏ အ ပြစ် ကို စစ် ဆေး တော် မူ သော အ ခါ စိတ် မ ပျက် နှင့်။
6
ထာ ဝ ရ ဘု ရား သည် ချစ် တော် မူ သော သူ ကို ဆုံး မ တော် မူ တတ် ၏။ လက် ခံ တော် မူ သ မျှ သော သား တို့ ကို ဒဏ် ခတ် တော် မူ တတ် ၏ ဟု သူ ငယ် တို့ ကို ဆို သ ကဲ့ သို့၊ သင် တို့ ကို ပြော ဆို သော ဩ ဝါ ဒ စ ကား ကို မေ့ လျော့ ကြ သ လော။
7
သင် တို့ သည် ဆုံး မ တော် မူ ခြင်း ကို ခံ လျှင်၊ သား တို့ ကို ပြု သ ကဲ့ သို့၊ ဘု ရား သ ခင် သည် သင် တို့ ကို ပြု တော် မူ ၏။ အ ကြောင်း မူ ကား၊ အ ဘ မ ဆုံး မ သော သား တ စုံ တ ယောက် ရှိ သ လော။
8
သား အ ပေါင်း တို့ သည် ခံ တတ် သော ဆုံး မ ခြင်း ကို သင် တို့ သည် မ ခံ ဘဲ နေ လျှင်၊ သား ရင်း မ ဟုတ်၊ မင်း ဦး မင်း လွင် ရ သော သား ဖြစ် ကြ ၏။
9
တ နည်း ကား၊ ကိုယ် ကာ ယ နှင့် စပ် ဆိုင် သော အ ဘ တို့ လက် ဖြင့် ငါ တို့ သည် ဆုံး မ ခြင်း ကို ခံ ရ သော အ ခါ၊ သူ တို့ ကို ရို သေ ကြ ၏။ ထို မျှ မ က၊ စိတ် ဝိ ညာဉ် တို့ ၏ အ ဘ အ လို သို့ လိုက် ၍၊ အ သက် ချမ်း သာ ရ ကြ မည် မ ဟုတ် လော။
10
အ ကြောင်း မူ ကား၊ ထို အ ဘ တို့ သည် မိ မိ အ လို သို့ လိုက် ၍ တ ခ ဏ သာ ဆုံး မ ပေး ကြ ၏။ ကိုယ် တော် မူ ကား၊ မိ မိ သန့် ရှင်း ခြင်း ပါ ရ မီ တော် ကို ငါ တို့ သည် ဆက် ဆံ စေ ခြင်း ငှါ၊ ငါ တို့ အ ကျိုး ကို ထောက် ၍ သာ ဆုံး မ ပေး တော် မူ ၏။
11
ဆုံး မ ခြင်း မည် သည် ကား၊ ခံ ရ စဉ် အ ခါ ဝမ်း မြောက် စ ရာ မ ထင်၊ ဝမ်း နည်း စ ရာ ထင် တတ် ၏။ သို့ သော် လည်း၊ ဆုံး မ ခြင်း ကို ခံ ရ သော သူ တို့ သည်၊ နောက် မှ ငြိမ် သက် ခြင်း နှင့် စပ် ဆိုင် သော ဖြောင့် မတ် ခြင်း အ ကျိုး ကို ခံ ရ ကြ ၏။
12
ထို ကြောင့် တွဲ လွဲ နေ သော လက် တို့ နှင့် အား မ ရှိ သော ဒူး တို့ ကို ခိုင် ခံ့ စေ ကြ လော့။
13
ခြေ မ စွမ်း သော သူ တို့ သည် အ ဆစ် မ ပြုတ် သည် သာ မ က၊ ချမ်း သာ ရ စေ ခြင်း ငှါ၊ သင် တို့ သွား ဘို့ ရာ ဖြောင့် သော လမ်း တို့ ကို ပြင် ဆင် ကြ လော့။
14
လူ အ ပေါင်း တို့ နှင့် အ သင့် အ တင့် နေ ၍ ငြိမ် သက် ခြင်း ကို ၎င်း၊ သန့် ရှင်း ခြင်း ပါ ရ မီ ကို ၎င်း၊ မှီ အောင် လိုက် ကြ လော့။ သန့် ရှင်း ခြင်း ပါ ရ မီ မ ရှိ လျှင်၊ အ ဘယ် သူ မျှ ထာ ဝ ရ ဘု ရား ကို မ ဖူး မ မြင် ရ။
15
သင် တို့ တွင် တ စုံ တ ယောက် မျှ ဘု ရား သ ခင် ၏ ကျေး ဇူး တော် ကို မ ရ ဘဲ မ နေ စေ ခြင်း ငှါ ၎င်း၊ ခါး စွာ သော ပင် မြစ် ပေါက် ၍ သင် တို့ နှောင့် ရှက် သ ဖြင့်၊ လူ အ များ တို့ သည် အ ပြစ် နှင့် မ ညစ် ညူး စေ ခြင်း ငှါ ၎င်း၊
16
မ တ ရား သော မေ ထုန် ၌ မှီ ဝဲ သော သူ မ ရှိ စေ ခြင်း ငှါ ၎င်း၊ တ နပ် စာ အ ဘိုး နှင့် သား ဦး အ ရာ ကို ရောင်း သော ဧ သော ကဲ့ သို့ ဘု ရား တ ရား ကို မ ရို မ သေ ပြု သော သူ မ ရှိ စေ ခြင်း ငှါ ၎င်း၊ သ တိ နှင့် ကြည့် ရှု ကြ လော့။
17
သင် တို့ သိ သည် အ တိုင်း၊ ဧ သော သည် နောက် မှ ကောင်း ကြီး မင်္ဂ လာ ကို အ မွေ ခံ ခြင်း ငှါ အ လို ရှိ သော အ ခါ၊ ငြင်း ပယ် ခြင်း ကို ခံ ရ ၏။ မျက် ရည် ကျ ၍ ကောင်း ကြီး မင်္ဂ လာ ကို အ လွန် ရှာ သော် လည်း၊ မိ မိ အ ဘ ၏ စိတ် ပြောင်း လဲ ခြင်း အ ခွင့် ကို မ တွေ့ မ ရ။
18
ထို မှ တ ပါး၊ သင် တို့ သည် လက် နှင့် တွေ့ နိုင် သော တောင် သို့ ၎င်း၊ လောင် သော မီး သို့ ၎င်း၊ မည်း သော တိမ် တိုက်၊ မှောင် မိုက်၊ မိုဃ်း သက် မုန် တိုင်း သို့ ၎င်း၊
19
တံ ပိုး မှုတ် ခြင်း အ သံ သို့ ၎င်း၊ နှုတ် က ပတ် တော် အ သံ သို့ ၎င်း၊ ရောက် ကြ သည် မ ဟုတ်။ ထို အ သံ တော် ကို ကြား သော သူ တို့ သည်၊ ထပ် ၍ မိန့် တော် မ မူ မည် အ ကြောင်း တောင်း ပန် ကြ ၏။
20
အ ဘယ် ကြောင့် နည်း ဟူ မူ ကား၊ တိ ရစ္ဆာန် သော် လည်း ထို တောင် ကို ထိ မိ လျှင်၊ ကျောက် ခဲ နှင့် ပစ် ၍ သေ စေ ဟု ပ ညတ် တော် မူ သံ ကို လူ တို့ သည် နား မ ခံ နိုင် ကြ။
21
ထို သို့ ထင် ရှား သော အ ရာ သည် အ လွန် ကြောက် မက် ဘွယ် ဖြစ် ၍၊ မော ရှေ က၊ ငါ သည် ကြောက် ရွံ့ တုန် လှုပ် ခြင်း ရှိ သည် ဟု ဆို ၏။
22
သင် တို့ သည် ဇိ အုန် တောင် သို့ ၎င်း၊ အ သက် ရှင် တော် မူ သော ဘု ရား သ ခင် ၏ မြို့ တော် တည်း ဟူ သော ကောင်း ကင် ယေ ရု ရှ လင် မြို့ သို့ ၎င်း၊ အ တိုင်း မ သိ များ စွာ သော ကောင်း ကင် တ မန် တို့ ၏ စည်း ဝေး ခြင်း သို့ ၎င်း၊
23
ကောင်း ကင် စာ ရင်း ၌ ဝင် သော သား ဦး တို့ ၏ အ သင်း တော် သို့ ၎င်း၊ ခပ် သိမ်း သော သူ တို့ ကို တ ရား စီ ရင် တော် မူ သော ဘု ရား သ ခင့် အ ထံ တော် သို့ ၎င်း၊ စုံ လင် ခြင်း သို့ ရောက် သော သူ တော် ကောင်း တို့ ၏ စိတ် ဝိ ညာဉ် တို့ ထံ သို့ ၎င်း၊
24
ပ ဋိ ညာဉ် တ ရား သစ် ၏ အာ မ ခံ တည်း ဟူ သော ယေ ရှု ထံ တော် သို့ ၎င်း၊ အာ ဗေ လ ၏ အ သွေး ပြော ဆို သော အ ရာ ထက် သာ ၍ မြတ် သော အ ရာ ကို ပြော ဆို သော ဖြန်း ဆွတ် ခြင်း ၏ အ သွေး ထံ သို့ ၎င်း ရောက် ကြ ၏။
25
သင် တို့ သည် မိန့် တော် မူ သော သူ ၏ စ ကား တော် ကို မ ငြင်း မ ပယ် မည် အ ကြောင်း သ တိ ပြု ကြ လော့။ မြေ ကြီး ပေါ် မှာ ဗျာ ဒိတ် တော် ကို ဆင့် ဆို သော သူ ၏ စ ကား ကို ငြင်း ပယ် သော သူ တို့ သည် အ ပြစ် မ လွတ် ရ သည် မှန် လျှင်၊ ထို မျှ မ က၊ ကောင်း ကင် ဘုံ က မိန့် တော် မူ သော သူ ၏ စ ကား ကို ငါ တို့ သည် နား မ ထောင် ဘဲ နေ လျှင်၊ သာ ၍ ကြီး စွာ သော အ ပြစ် နှင့် အ ဘယ် သို့ ကင်း လွတ် နိုင် မည် နည်း။
26
အ ထက် က ဗျာ ဒိတ် တော် အ သံ သည် မြေ ကြီး ကို လှုပ် သည် ဖြစ် ၍၊ ယ ခု တ ဖန် ငါ သည် မြေ ကြီး နှင့် ကောင်း ကင် ကို လှုပ် ဦး မည် ဟု ဂ တိ တော် ရှိ ၏။
27
တ ဖန် ဟူ သော စ ကား ၏ အ ဓိပ္ပါယ် ကား၊ မ လှုပ် သော အ ရာ တို့ ကို တည် စေ ခြင်း ငှါ၊ လှုပ် သော အ ရာ တို့ ကို လော ကီ အ ရာ ကဲ့ သို့ ပယ် ဖျက် လိမ့် မည် ဟု ဆို လို သ တည်း။
28
ထို ကြောင့်၊ ငါ တို့ သည် မ လှုပ် နိုင် သော နိုင် ငံ ကို ရ သည် ဖြစ် ၍၊ ခန့် ညား ကြောက် ရွံ့ သော သ ဘော နှင့် ဘု ရား သ ခင် ကို လျောက် ပတ် စွာ ဝတ် ပြု နိုင် မည် အ ကြောင်း၊ ကျေး ဇူး တော် ကို စွဲ လမ်း ကြ ကုန် အံ့။
29
ငါ တို့ ဘု ရား သ ခင် သည် လောင် သော မီး ဖြစ် တော် မူ ၏။