ဟေ​ဗြဲ-13

(Judson ယုဒသန်)

切换到福音影视网-新版圣经

  • 1 ညီ အစ် ကို ချင်း ချစ် ခြင်း မေတ္တာ ၌ တည် ကြ လော့။ ဧည့် သည် ဝတ် ပြု ခြင်း အ မှု ကို မ မေ့ မ လျော့ ကြ နှင့်။
  • 2 အ ချို့ သော သူ တို့ သည် ဧည့် သည် ဝတ် ကို ပြု သည် တွင်၊ ကောင်း ကင် တ မန် တို့ ကို အ မှတ် တ မဲ့ ဧည့် ခံ ကြ ပြီ။
  • 3 အ ကျဉ်း ခံ ရ သော သူ တို့ နှင့် အ တူ ကိုယ် ခံ ရ သ ကဲ့ သို့ မှတ် ၍၊ သူ တို့ ကို အောက် မေ့ ကြ လော့။ သင် တို့ သည် ကိုယ် ခန္ဓာ နှင့် မ ကင်း မ လွတ် သော သူ ဖြစ် ၍၊ ညှဉ်း ဆဲ ခံ ရ သော သူ တို့ ကို အောက် မေ့ ကြ လော့။
  • 4 ခပ် သိမ်း သော သူ တို့ ၌ မင်္ဂ လာ ဆောင် ခြင်း အ မှု နှင့် သစ္စာ သံ ဝါ သ ပြု ခြင်း အ မှု သည် အ သ ရေ ရှိ စေ လော့။ မ တ ရား သော မေ ထုန် ကို ပြု သော သူ နှင့် သူ့ မ ယား ကို ပြစ် မှား သော သူ ကို ဘု ရား သ ခင် စစ် ကြော စီ ရင် တော် မူ လိမ့် မည်။
  • 5 သင် တို့ ၏ ကျင့် ကြံ ပြု မူ ခြင်း သည် ငွေ ကို တပ် မက် ခြင်း နှင့် ကင်း လွတ် ၍၊ ကိုယ် ၌ ရှိ သော ဥစ္စာ နှင့် ရောင့် ရဲ ခြင်း ရှိ ကြ လော့။ အ ကြောင်း မူ ကား၊ ငါ သည် သင့် ကို မ စွန့်၊ သင့် ကို အ လျှင်း ပစ် ၍ မ ထား ဟု ဂ တိ တော် ရှိ ၏။
  • 6 ထို ကြောင့် ထာ ဝ ရ ဘု ရား သည် ငါ့ ကို မ စ တော် မူ သည် ဖြစ် ၍၊ လူ သည် ငါ ၌ ပြု နိုင် သ မျှ ကို ငါ မ ကြောက် ဟု၊ ငါ တို့ သည် ရဲ ရင့် သော စိတ် နှင့် ပြော ဆို ရ သော အ ခွင့် ရှိ ကြ ၏။
  • 7 ဘု ရား သ ခင် ၏ နှုတ် က ပတ် တ ရား တော် ကို သင် တို့ အား ဟော ပြော ၍၊ သင် တို့ ကို အုပ် သော သူ တို့ ကို အောက် မေ့ ကြ လော့။ သူ တို့ သည် အ ဘယ် သို့ ကျင့် ကြံ ပြု မူ ၍ စု တေ့ သည် ကို စေ့ စေ့ ဆင် ခြင် လျက်၊ သူ တို့ ၏ ယုံ ကြည် ခြင်း ကို မှီ အောင် လိုက် ကြ လော့။
  • 8 ယေ ရှု ခ ရစ် သည် မ နေ့၊ ယ နေ့၊ နောင် ကာ လ အ စဉ် အ မြဲ မ ပြောင်း မ လဲ နေ တော် မူ ၏။
  • 9 အ ထူး ထူး အ ပြား ပြား သော အ ယူ ဝါ ဒ သစ် ကို လိုက် ၍ မ ဖောက် ပြန် ကြ နှင့်။ အ စာ များ အား ဖြင့် စိတ် ခိုင် ခံ့ မြဲ မြံ ခြင်း မ ရှိ ဘဲ၊ ကျေး ဇူး တော် အား ဖြင့် ခိုင် ခံ့ မြဲ မြံ လျှင် အ ကျိုး ရှိ ၏။ အ စာ များ ကို အ မှု ထား သော သူ တို့ သည် အ ကျိုး ကို ရ ကြ ပြီ မ ဟုတ်။
  • 10 တဲ တော် ၌ ဝတ် ပြု သော သူ တို့ စား ရ သော အ ခွင့် မ ရှိ သော ယဇ် ပလ္လင် သည် ငါ တို့ ၌ ရှိ ၏။
  • 11 အ ကြောင်း မူ ကား၊ ယဇ် ပု ရော ဟိတ် မင်း သည် အ ပြစ် ဖြေ သော ယဇ် ကောင် ၏ အ သွေး ကို သန့် ရှင်း ရာ ဌာ န ထဲ သို့ သွင်း ပြီး မှ၊ ယဇ် အ သေ ကောင် တို့ ကို တပ် ပြင် ၌ မီး ရှို့ ရ ၏။
  • 12 ထို သို့ နှင့် အ ညီ၊ ယေ ရှု သည် မိ မိ အ သွေး အား ဖြင့် လူ များ ကို စင် ကြယ် စေ ခြင်း ငှါ၊ မြို့ တံ ခါး ပြင် ၌ အ သေ ခံ တော် မူ ၏။
  • 13 သို့ ဖြစ် ၍၊ ငါ တို့ သည် ထို သ ခင် နှင့် အ တူ ကဲ့ ရဲ့ ခြင်း ကို ခံ ၍၊ တပ် ပြင်၊ အ ထံ တော် သို့ ထွက် သွား ကြ ကုန် အံ့။
  • 14 အ ကြောင်း မူ ကား၊ ငါ တို့ သည် ဤ ဘ ဝ ၌ အ မြဲ တည် သော မြို့ မ ရှိ။ နောက် ဖြစ် လ တံ့ သော မြို့ ကို ရှာ ကြ ၏။
  • 15 ထို ကြောင့်၊ ငါ တို့ သည် ဘု ရား သ ခင် ၏ ကျေး ဇူး တော် ကို ဝန် ခံ လျက်၊ နှုတ် ခမ်း အ သီး တည်း ဟူ သော ချီး မွမ်း ခြင်း ယဇ် ကို သ ခင် ယေ ရှု ခ ရစ် အား ဖြင့် ဘု ရား သ ခင့် ရှေ့ တော် ၌ အ စဉ် ပူ ဇော် ကြ ကုန် အံ့။
  • 16 ကျေး ဇူး ပြု ခြင်း၊ ဥစ္စာ ဝေ မျှ ခြင်း အ မှု တို့ ကို မ မေ့ မ လျော့ ကြ နှင့်။ ထို သို့ သော ယဇ် ကို ဘု ရား သ ခင် သည် အား ရ နှစ် သက် တော် မူ ၏။
  • 17 သင် တို့ ကို အုပ် သော သူ တို့ ၏ စ ကား ကို နား ထောင် ၍ နှိမ့် ချ လျက် နေ ကြ လော့။ သူ တို့ သည် ကိုယ် တိုင် စစ် ကြော ခြင်း ကို ခံ ရ သော သူ ကဲ့ သို့၊ သင် တို့ စိတ် ဝိ ညာဉ် ၏ အ ကျိုး အ လို ငှါ စောင့် နေ ကြ ၏။ သင် တို့ အ ကျိုး ကို မ ဖြစ် စေ တတ် သော ဝမ်း နည်း ခြင်း မ ရှိ၊ ဝမ်း မြောက် ခြင်း ရှိ ၍၊ သူ တို့ သည် စစ် ကြော ခြင်း ကို ခံ ရ မည် အ ကြောင်း သ တိ ပြု လျက် နေ ကြ လော့။
  • 18 ငါ တို့ အ ဘို့ ဆု တောင်း ကြ လော့။ ငါ တို့ သည် ကိုယ် ကို ကိုယ် သိ သော စိတ် ကြည် လင် လျက်၊ အ ရာ ရာ တို့ ၌ ကောင်း မွန် စွာ ကျင့် နေ ခြင်း ငှါ အ လို ရှိ သော သူ ဖြစ် သည် ဟု စိတ် စွဲ လမ်း ခြင်း ရှိ ကြ ၏။
  • 19 ငါ သည် သင် တို့ ရှိ ရာ သို့ အ လျင် အ မြန် ပြန် ရ သော အ ခွင့် ရှိ စေ ခြင်း ငှါ၊ ငါ တို့ အ ဘို့ ဆု တောင်း မည် အ ကြောင်း ငါ သည် သာ ၍ နှိုး ဆော် တောင်း ပန် ၏။
  • 20 ထာ ဝ ရ ပ ဋိ ညာဉ် တ ရား ၏ အ သွေး တော် အား ဖြင့်၊ သိုး များ ကို ထိန်း သော သိုး ထိန်း ကြီး ဖြစ် သော ငါ တို့ သ ခင် ယေ ရှု ကို သေ ခြင်း မှ နှုတ် ဆောင် တော် မူ သော၊ ငြိမ် သက် ခြင်း ၏ အ ရှင် ဘု ရား သ ခင် သည်၊
  • 21 မိ မိ နှစ် သက် တော် မူ သော အ မှု အ ရာ ကို ယေ ရှု ခ ရစ် အား ဖြင့် သင် တို့ ၌ ပြု တော် မူ ၍၊ သင် တို့ သည် အ လို တော် သို့ လိုက် မည် အ ကြောင်း၊ ကောင်း သော အ ကျင့် အ မျိုး မျိုး ၌ သင် တို့ ကို ပြု ပြင် တော် မူ ပါ စေ သော။ ထို သ ခင် ယေ ရှု ခ ရစ် သည် ကမ္ဘာ အ ဆက် ဆက် ဘုန်း ကြီး တော် မူ စေ သ တည်း။ အာ မင်။
  • 22 ညီ အစ် ကို တို့၊ ငါ သည် အ ကျဉ်း အား ဖြင့် ရေး ထား ၍ ကြား လိုက် သော ဤ ဆုံး မ ခြင်း ဩ ဝါ ဒ စ ကား ကို သည်း ခံ မည် အ ကြောင်း၊ ငါ သည် သင် တို့ ကို နှိုး ဆော် တောင်း ပန် ၏။
  • 23 ငါ တို့ ညီ တိ မော သေ ကို အ ခြား သို့ လွှတ် လိုက် သည် အ ရာ ကို သိ မှတ် ကြ လော့။ သူ သည် မ ကြာ မ မြင့် မှီ ရောက် လျှင်၊ ငါ သည် သူ နှင့် အ တူ လာ ၍ သင် တို့ ကို တွေ့ မြင် လိမ့် မည်။
  • 24 သင် တို့ ကို အုပ် သော သူ အ ပေါင်း တို့ ကို ၎င်း၊ သန့် ရှင်း သူ အ ပေါင်း တို့ ကို ၎င်း၊ နှုတ် ဆက် ကြ လော့။ ဣ တ လိ ပြည် သူ ပြည် သား တို့ သည် သင် တို့ ကို နှုတ် ဆက် ကြ ၏။
  • 25 သင် တို့ အ ပေါင်း ၌ ကျေး ဇူး တော် ရှိ စေ သ တည်း။ အာ မင်။ဟေ ဗြဲ ဩ ဝါ ဒ စာ ပြီး ၏။
回到本卷目录 回到本版本目录 回到首页