လုကာ-22

(Judson ယုဒသန်)

切换到福音影视网-新版圣经

  • 1 ပ သ ခါ အ မည် ရှိ သော အ ဇု မ ပွဲ ခံ ခါ နီး တွင်၊
  • 2 ယဇ် ပု ရော ဟိတ် အ ကြီး တို့ နှင့် ကျမ်း ပြု ဆ ရာ တို့ သည် ကိုယ် တော် ကို အ ဘယ် သို့ သတ် ရ အံ့ နည်း ဟု ရှာ ကြံ ကြ ၏။ အ ဘယ် ကြောင့် ရှာ ကြံ ရ ကြ သ နည်း ဟူ မူ ကား၊ လူ များ တို့ ကို ကြောက် ကြ ၏။
  • 3 ထို အ ခါ စာ တန် သည် တ ပည့် တော် တ ကျိပ် နှစ် ပါး အ ဝင် ဖြစ် သော ယု ဒ ရှ ကာ ရုတ် အ ထဲ သို့ ဝင် သည် ဖြစ် ၍၊
  • 4 ထို သူ သည် ယဇ် ပု ရော ဟိတ် အ ကြီး များ၊ ဗိ မာန် တော် မှူး များ တို့ ထံ သို့ သွား ပြီး လျှင်၊ ယေ ရှု ကို အ ဘယ် သို့ အပ် ရ မည် နည်း ဟူ ၍ တိုင် ပင် လေ ၏။
  • 5 ထို သူ တို့ သည် ဝမ်း မြောက် သော စိတ် ရှိ ၍ ငွေ ပေး မည် ဟု ဝန် ခံ ကြ ၏။
  • 6 ယု ဒ ရှ ကာ ရုတ် သည် လည်း ဝန် ခံ ပြီး မှ လူ များ မ ရှိ စဉ် တွင် ကိုယ် တော် ကို အပ် ခြင်း ငှါ အ ဆင် သင့် သော အ ချိန် ကာ လ ကို ရှာ ကြံ လျက် နေ ၏။
  • 7 ပ သ ခါ သိုး သ ငယ် ကို သတ် ရ သော နေ့ တည်း ဟူ သော အ ဇု မ ပွဲ နေ့ ရောက် သော အ ခါ၊
  • 8 ကိုယ် တော် က၊ ငါ တို့ စား ဘို့ ရာ သင် တို့ သည် သွား ၍ ပ သ ခါ ပွဲ ကို ပြင် ဆင် ကြ လော့ ဟု ပေ တ ရု နှင့် ယော ဟန် ကို စေ လွှတ် တော် မူ ၏။
  • 9 သူ တို့ က လည်း၊ အ ဘယ် အ ရပ် ၌ ပြင် ဆင် စေ ခြင်း ငှါ အ လို ရှိ တော် မူ သ နည်း ဟု မေး လျှောက် ကြ သော်၊
  • 10 ကိုယ် တော် က၊ သင် တို့ သည် မြို့ ထဲ သို့ ဝင် သော အ ခါ ရေ အိုး ဆောင် သော သူ ကို တွေ့ လိမ့် မည်။ ထို သူ နောက် သို့ လိုက် ၍ သူ ဝင် သော အိမ် သို့ ဝင် ပြီး မှ၊
  • 11 ငါ သည် ငါ့ တ ပည့် တို့ နှင့် တ ကွ ပ သ ခါ ပွဲ ကို စား ရ သော ဧည့် သည် အ ခန်း ကား အ ဘယ် မှာ ရှိ သ နည်း၊ ဆ ရာ က မေး သည် ဟု အိမ် ရှင် ကို ပြော ကြ လော့။
  • 12 ထို သူ သည် ပြင် ဆင် လျက် ရှိ သော အ ထက် အ ခန်း ကြီး ကို ပြ လိမ့် မည်။ ထို အ ခန်း ၌ ပြင် ဆင် ကြ လော့ ဟု မိန့် တော် မူ ၏။
  • 13 တ ပည့် တော် တို့ သည် သွား ၍ စ ကား တော် အ တိုင်း တွေ့ လျှင်၊ ပ သ ခါ ပွဲ ကို ပြင် ဆင် ကြ ၏။
  • 14 အ ချိန် ရောက် မှ တ မန် တော် တ ကျိပ် နှစ် ပါး တို့ နှင့် အ တူ စား ပွဲ ၌ လျောင်း တော် မူ ၍၊
  • 15 ငါ သည် အ သေ မ ခံ မှီ ဤ ပ သ ခါ ပွဲ ကို သင် တို့ နှင့် အ တူ စား ခြင်း ငှါ အ လွန် အ လို ရှိ လေ ပြီ။
  • 16 ငါ ဆို သည် ကား၊ ဘု ရား သ ခင် ၏ နိုင် ငံ တော် ၌ ပ သ ခါ ပွဲ မ ပြည့် စုံ မှီ တိုင် အောင် ယ ခု မှ စ ၍ ဤ ပွဲ ကို တ ဖန် ငါ မ စား ရ ဟု မိန့် တော် မူ လျက်၊
  • 17 ခွက် ဖ လား ကို ယူ ၍ ကျေး ဇူး တော် ကို ချီး မွမ်း ပြီး မှ၊ ဤ ခွက် ကို ယူ ၍ အ ချင်း ချင်း ဝေ ကြ လော့။
  • 18 ငါ ဆို သည် ကား၊ ဘု ရား သ ခင် ၏ နိုင် ငံ တော် မ တည် မှီ တိုင် အောင် ယ ခု မှ စ ၍ စ ပျစ် ရည် ကို တ ဖန် ငါ မ သောက် ရ ဟု မိန့် တော် မူ ၏။
  • 19 ထို အ ခါ မုန့် ကို ယူ ၍ ကျေး ဇူး တော် ကို ချီး မွမ်း ပြီး မှ မုန့် ကို ဖဲ့ ၍၊ ဤ မုန့် ကား သင် တို့ အ ဘို့ အ လို ငှါ စွန့် သော ငါ ၏ ကိုယ် ဖြစ် ၏။ ငါ့ ကို အောက် မေ့ ဘို့ ရာ ဤ သို့ ပြု ကြ လော့ ဟု မိန့် တော် မူ ၏။
  • 20 ထို နည်း တူ ည စာ စား ပြီး မှ ခွက် ကို လည်း ယူ ၍၊ ဤ ခွက် ကား သင် တို့ အ ဘို့ အ လို ငှါ သွန်း သော ငါ ၏ အ သွေး ၌ တည် သော ပ ဋိ ညာဉ် တ ရား သစ် ဖြစ် ၏။
  • 21 သို့ သော် လည်း ငါ့ ကို အပ် နှံ သော သူ ၏ လက် သည် ဤ စား ပွဲ ပေါ် မှာ ငါ့ လက် နှင့် အ တူ ရှိ ၏။
  • 22 ခွဲ ခန့် မှတ် သား တော် မူ သည် အ တိုင်း လူ သား သည် သွား ရ မည်။ သို့ သော် လည်း လူ သား ကို အပ် နှံ သော သူ သည် အ မင်္ဂ လာ ရှိ ၏ ဟု မိန့် တော် မူ ၏။
  • 23 တ ပည့် တော် တို့ သည် လည်း ထို အ မှု ကို အ ဘယ် သူ ပြု အံ့ နည်း ဟု အ ချင်း ချင်း မေး မြန်း ကြ ၏။
  • 24 ထို မှ တ ပါး တ ပည့် တော် တို့ သည် မိ မိ တို့ တွင် အ ဘယ် သူ သည် သာ ၍ ကြီး မြတ် သ နည်း ဟု အ ချင်း ချင်း ငြင်း ခုံ ခြင်း ရှိ သည် ဖြစ် ၍၊
  • 25 ကိုယ် တော် က၊ လော ကီ မင်း တို့ သည် အ စိုး တ ရ ပြု တတ် ကြ ၏။ အာ ဏာ ထား သော သူ တို့ ကို လည်း ကျေး ဇူး ရှင် ဟူ ၍ ခေါ် ဝေါ် ကြ ၏။
  • 26 သင် တို့ မူ ကား ထို သို့ မ ပြု ကြ နှင့်။ သင် တို့ တွင် အ ကဲ အ မှူး ပြု သော သူ ကို ငယ် သား ကဲ့ သို့ ဖြစ် စေ။ အုပ် စိုး သော သူ ကို လည်း အ စေ ခံ ကဲ့ သို့ ဖြစ် စေ။
  • 27 အ ဘယ် သူ သည် သာ ၍ ကြီး မြတ် သ နည်း။ စား ပွဲ ၌ လျောင်း သော သူ သည် ကြီး မြတ် သ လော။ လုပ် ကျွေး သော သူ သည် ကြီး မြတ် သ လော။ စား ပွဲ ၌ လျောင်း သော သူ သည် ကြီး မြတ် သည် မ ဟုတ် လော။ သို့ သော် လည်း ငါ သည် သင် တို့ တွင် လုပ် ကျွေး သော သူ ကဲ့ သို့ ဖြစ် ၏။
  • 28 ငါ သည် စုံ စမ်း နှောင့် ရှက် ခြင်း ကို ခံ စဉ် တွင် သင် တို့ သည် ငါ ၌ မှီ ဝဲ သော သူ ဖြစ် ရာ ၏။
  • 29 ငါ့ ခ မည်း တော် သည် ငါ့ အား နိုင် ငံ ကို ပေး တော် မူ သည် နှင့် အ ညီ၊
  • 30 သင် တို့ သည် ငါ ၏ နိုင် ငံ တွင် ငါ့ စား ပွဲ ၌ စား သောက် သော အ ခွင့် ကို ၎င်း၊ တ ရား ပလ္လင် ပေါ် မှာ ထိုင် ၍ ဣ သ ရေ လ လူ တ ဆယ် နှစ် မျိုး ကို အုပ် စိုး ရ သော အ ခွင့် ကို ၎င်း၊ ငါ သည် သင် တို့ အား ပေး မည် ဟု မိန့် တော် မူ ၏။
  • 31 တ ဖန် သ ခင် ဘု ရား က၊ ရှိ မုန်၊ ရှိ မုန်၊ ဂျုံ ဆန် ကို ဆန် ခါ နှင့် ချ သ ကဲ့ သို့ စာ တန် သည် သင် တို့ ကို ချ ရ မည် အ ကြောင်း အ ခွင့် တောင်း သည် ဖြစ် ၍၊
  • 32 သင် ၏ ယုံ ကြည် သော စိတ် မ ပျက် စေ ခြင်း ငှါ ငါ သည် သင့် အ ဘို့ ဆု တောင်း လေ ပြီ။ သင် သည် သ တိ ရ ပြန် သော အ ခါ သင် ၏ ညီ အစ် ကို တို့ ကို တည် ကြည် စေ လော့ ဟု မိန့် တော် မူ လျှင်၊
  • 33 ပေ တ ရု က၊ သ ခင်၊ အ ကျွန်ုပ် သည် ကိုယ် တော် နှင့် အ တူ ထောင် ထဲ သို့ ၎င်း၊ အ သေ သတ် ခြင်း သို့ ၎င်း လိုက် ခြင်း ငှါ အ သင့် ရှိ ပါ ၏ ဟု လျှောက် လေ သော်၊
  • 34 သ ခင် ဘု ရား က၊ ပေ တ ရု၊ ငါ ဆို သည် ကား၊ ယ နေ့ တွင် ကြက် မ တွန် မှီ သင် သည် ငါ့ ကို မ သိ ဟု သုံး ကြိမ် မြောက် အောင် ငြင်း ပယ် လိမ့် မည် ဟု မိန့် တော် မူ ၏။
  • 35 တ ဖန် မိန့် တော် မူ သည် ကား၊ အ ထက် က ငွေ အိတ်၊ လွယ် အိတ်၊ ခြေ နင်း မ ပါ ဘဲ သွား ကြ လော့ ဟု သင် တို့ ကို ငါ စေ လွှတ် သော အ ခါ တ စုံ တ ခု လို သ လော ဟု မေး လျှင်၊ တ စုံ တ ခု မျှ မ လို ပါ ဟု လျှောက် ကြ သော်၊
  • 36 ယ ခု မူ ကား ငွေ အိတ် ရှိ သော သူ သည် ယူ စေ။ လွယ် အိတ် ရှိ သော သူ သည် ယူ စေ။ ထား မ ရှိ သော သူ သည် အ ဝတ် ကို ရောင်း ၍ ထား ကို ဝယ် စေ။
  • 37 အ ကြောင်း မူ ကား၊ ထို သူ သည် မ တ ရား သော သူ တို့ နှင့် ရေ တွက် ဝင် ခြင်း သို့ ရောက် ၏ ဟူ သော ကျမ်း စာ ချက် သည် ငါ ၌ ယ ခု ပင် ပြည့် စုံ ရ မည်။ ငါ့ အ မှု အ ရာ တို့ သည် ပြီး စီး ခြင်း သို့ ရောက် ကြ ပြီ ဟု မိန့် တော် မူ ၏။
  • 38 ထို သူ တို့ က လည်း၊ သ ခင်၊ ထား နှစ် စင်း ရှိ ပါ ၏ ဟု လျှောက် လျှင်၊ တန် ပြီ ဟု မိန့် တော် မူ ၏။
  • 39 ထို နောက် အ လေ့ တော် ရှိ သည် အ တိုင်း သံ လွင် တောင် သို့ ထွက် ကြွ တော် မူ ၍၊ တ ပည့် တော် တို့ သည် နောက် တော် သို့ လိုက် ကြ ၏။
  • 40 ထို အ ရပ် သို့ ရောက် တော် မူ လျှင်၊ သင် တို့ သည် စုံ စမ်း နှောင့် ရှက် ခြင်း နှင့် ကင်း လွတ် မည် အ ကြောင်း ဆု တောင်း ကြ လော့ ဟု မိန့် တော် မူ ပြီး မှ၊
  • 41 တ ပည့် တော် တို့ နှင့် ကျောက် ခဲ တ ပစ် လောက် ခွါ သွား ၍ ဒူး ထောက် လျက်၊
  • 42 အို အ ဘ၊ အ လို တော် ရှိ လျှင် ဤ ခွက် ကို အ ကျွန်ုပ် မှ လွှဲ တော် မူ ပါ။ သို့ သော် လည်း အ ကျွန်ုပ် အ လို ရှိ သည် အ တိုင်း မ ဖြစ် ပါ စေ နှင့်။ ကိုယ် တော် အ လို ရှိ သည် အ တိုင်း ဖြစ် ပါ စေ သော ဟု ဆု တောင်း တော် မူ ၏။
  • 43 ထို အ ခါ ကောင်း ကင် တ မန် သည် ထင် ရှား လာ ၍ ကိုယ် တော် ကို အား ပေး ရ ၏။
  • 44 ပြင်း စွာ သော ဝေ ဒ နာ ကို ခံ လျက် အ ထူး သ ဖြင့် ကြိုး စား ၍ ဆု တောင်း တော် မူ ၏။ ချွေး ထွက် တော် မူ သည် ကား၊ မြေ ပေါ် ၌ ကျ သော သွေး စက် ခဲ ကဲ့ သို့ ဖြစ် သ တည်း။
  • 45 ထို သို့ ဆု တောင်း ပြီး မှ၊ ယေ ရှု သည် ထ ၍ တ ပည့် တော် တို့ ရှိ ရာ သို့ ပြန် သော အ ခါ၊ သူ တို့ သည် ဝမ်း နည်း သော စိတ် ရှိ သည် နှင့် အိပ် ပျော် လျက် နေ ကြ သည် ကို တွေ့ တော် မူ လျှင်၊
  • 46 သင် တို့ သည် အ ဘယ် ကြောင့် အိပ် ပျော် ကြ သ နည်း။ ထ ကြ။ စုံ စမ်း နှောင့် ရှက် ခြင်း နှင့် ကင်း လွတ် မည် အ ကြောင်း ဆု တောင်း ကြ လော့ ဟု မိန့် တော် မူ ၏။
  • 47 ထို သို့ မိန့် တော် မူ စဉ် တွင် တ ပည့် တော် တ ကျိပ် နှစ် ပါး အ ဝင် ဖြစ် သော ယု ဒ ရှ ကာ ရုတ် သည် လူ အ ပေါင်း တို့ ကို လမ်း ပြ လျက် လာ ၍၊ ယေ ရှု ကို နမ်း ခြင်း ငှါ ချဉ်း ကပ် လေ ၏။
  • 48 ယေ ရှု က လည်း၊ ယု ဒ၊ သင် သည် နမ်း ခြင်း ကို ပြု လျက် လူ သား ကို အပ် သ လော ဟု မေး တော် မူ ၏။
  • 49 ယေ ရှု နှင့် အ တူ ပါ သော သူ တို့ သည် ဖြစ် အံ့ သော အ မှု ကို မြင် လျှင်၊ သ ခင်၊ အ ကျွန်ုပ် တို့ သည် ထား နှင့် ခုတ် ရ ပါ မည် လော ဟု မေး လျှောက် ပြီး မှ၊
  • 50 တ ယောက် သည် ယဇ် ပု ရော ဟိတ် မင်း ၏ ကျွန် တ ယောက် ကို ခုတ် သ ဖြင့် လက်ျာ နား ရွက် ပြတ် လေ ၏။
  • 51 ယေ ရှု က လည်း၊ တန် စေ ဟု မိန့် တော် မူ ၍ နား ရွက် ကို လက် တော် နှင့် တို့ သ ဖြင့် အ နာ ကို ပျောက် စေ တော် မူ ၏။
  • 52 ထို အ ခါ အ ထံ တော် သို့ ရောက် လာ သော ယဇ် ပု ရော ဟိတ် အ ကြီး၊ ဗိ မာန် တော် မှူး၊ လူ အ ကြီး အ ကဲ တို့ အား ယေ ရှု က၊ သင် တို့ သည် ထား ပြ ကို ဘမ်း သ ကဲ့ သို့ ငါ့ ကို ဘမ်း အံ့ သော ငှါ ထား နှင့် ဒုတ် များ ကို လက် စွဲ လျက် လာ ကြ သည် တ ကား။
  • 53 ငါ သည် ဗိ မာန် တော် ၌ သင် တို့ နှင့် အ တူ ရှိ နေ စဉ် အ ခါ သင် တို့ သည် ငါ့ ကို မ ဘမ်း မ ဆီး ကြ။ သို့ သော် လည်း ယ ခု အ ချိန် ကား သင် တို့ အ ချိန် ဖြစ် ၏။ မှောင် မိုက် တန် ခိုး လည်း ဖြစ် ၏ ဟု မိန့် တော် မူ ၏။  
  • 54 ထို သူ တို့ သည် ကိုယ် တော် ကို ဘမ်း ဆီး ၍ ယဇ် ပု ရော ဟိတ် မင်း ၏ အိမ် သို့ ဆောင် သွား ကြ ၏။ ပေ တ ရု သည် လည်း သူ တို့ နှင့် ဝေး စွာ လိုက် လေ ၏။
  • 55 အိမ် ဦး အ လယ် ၌ မီး မွေး ပြီး မှ၊ လူ များ တို့ သည် စု ဝေး ၍ ထိုင် ကြ လျှင်၊ ပေ တ ရု သည် လည်း သူ တို့ အ ထဲ ၌ ထိုင် နေ ၏။
  • 56 ထို သို့ ပေ တ ရု သည် မီး အ နား မှာ ထိုင် နေ သည် ကို အ စေ အ ပါ မိန်း မ တ ယောက် သည် မြင် လျှင်၊ သူ့ ကို စေ့ စေ့ ကြည့် ၍၊ ဤ သူ သည် ယေ ရှု နှင့် ပေါင်း ဘော် သော သူ ဖြစ် သည် ဟု ဆို သော်၊
  • 57 ပေ တ ရု က၊ အ ချင်း မိန်း မ၊ ထို သူ ကို ငါ မ သိ ဟု ငြင်း လေ ၏။
  • 58 ထို နောက် များ မ ကြာ အ ခြား သော သူ သည် ပေ တ ရု ကို မြင် လျှင်၊ သင် သည် လည်း ထို သူ တို့ အ ဝင် ဖြစ် သည် ဟု ဆို သော်၊ ပေ တ ရု က၊ အ ချင်း လူ၊ ငါ သည် သူ တို့ အ ဝင် မ ဟုတ် ဟု ဆို ၏။
  • 59 တ ဖန် တ နာ ရီ လောက် ကြာ ပြီး မှ အ ခြား သော သူ က၊ အ ကယ် စင် စစ် ဤ သူ သည် ယေ ရှု နှင့် ပေါင်း ဘော် သော သူ ဖြစ် ၏။ ဂါ လိ လဲ လူ လည်း ဖြစ် ၏ ဟု ခိုင် မာ စွာ ဆို လျှင်၊
  • 60 ပေ တ ရု က၊ အ ချင်း လူ၊ သင် ပြော သော အ ရာ ကို ငါ မ သိ ဟု ဆို ၏။ ထို စ ကား ကို ပြော သော ခ ဏ ခြင်း တွင် ကြက် တွန် လေ ၏။
  • 61 ထို အ ခါ သ ခင် ဘု ရား သည် လှည့် ၍ ပေ တ ရု ကို ကြည့် တော် မူ ၏။ ကြက် မ တွန် မှီ သင် သည် သုံး ကြိမ် မြောက် အောင် ငါ့ ကို ငြင်း ပယ် လိမ့် မည် ဟု မိန့် တော် မူ သော စ ကား ကို ပေ တ ရု သည် သ တိ ရ သ ဖြင့်၊
  • 62 ပြင် သို့ ထွက် ၍ ပြင်း စွာ ငို ကြွေး လေ ၏။
  • 63 ယေ ရှု ကို ဆွဲ ကိုင် သော သူ တို့ သည် ကိုယ် တော် ကို ပြက် ယယ် ပြု ၍ ရိုက် ပုတ် ကြ ၏။
  • 64 မျက် နှာ တော် ကို ဖုံး ပြီး လျှင် လက် နှင့် ပုတ် လျက်၊ ကိုယ် တော် ကို အ ဘယ် သူ ပုတ် သည် ကို ပ ရော ဖက် ပြု ၍ ဟော တော် မူ ပါ ဟု ဆို ကြ ၏။
  • 65 အ ခြား သော စ ကား များ ဖြင့် လည်း ကိုယ် တော် ကို ကဲ့ ရဲ့ ၍ ပြော ဆို ကြ သေး ၏။
  • 66 မိုဃ်း လင်း သော အ ခါ လူ တို့ တွင် အ ကြီး အ ကဲ ဖြစ် သော သူ၊ ယဇ် ပု ရော ဟိတ် အ ကြီး၊ ကျမ်း ပြု ဆ ရာ တို့ သည် စည်း ဝေး ၍ ကိုယ် တော် ကို လွှတ် တော် သို့ ဆောင် သွား ပြီး လျှင်၊
  • 67 သင် သည် ခ ရစ် တော် မှန် လျှင် ငါ တို့ အား ပြော လော့ ဟု ဆို ကြ ၏။ ယေ ရှု က လည်း၊ ငါ ပြော လျှင် သင် တို့ သည် မ ယုံ။
  • 68 ငါ မေး လျှင် လည်း သင် တို့ သည် မ ဖြေ ဘဲ၊ ငါ့ ကို မ လွှတ် ဘဲ နေ ကြ လိမ့် မည်။
  • 69 နောက် ၌ လူ သား သည် ဘု ရား သ ခင် ၏ တန် ခိုး တော် လက်ျာ ဘက် ၌ ထိုင် တော် မူ လ တံ့ ဟု မိန့် တော် မူ သော်၊
  • 70 ထို သူ အ ပေါင်း တို့ က၊ သို့ ဖြစ် ၍ သင် သည် ဘု ရား သ ခင် ၏ သား တော် မှန် သည် တ ကား ဟု ဆို ကြ လျှင်၊ သင် တို့ ဆို သည် အ တိုင်း မှန် သည် ဟု မိန့် တော် မူ ၏။
  • 71 ထို သူ တို့ က လည်း၊ အ ဘယ် သက် သေ လို သေး သ နည်း။ သူ ၏ စ ကား ကို ငါ တို့ ကိုယ် တိုင် ကြား ရ ပြီ ဟု ဆို ကြ ၏။
回到本卷目录 回到本版本目录 回到首页