1
ဉာဏ် ပ ညာ သည် ခေါ် ၍ မိ မိ အ သံ ကို လွှင့် သည် မ ဟုတ် လော။
2
မြင့် သော အ ရပ် ထိပ် ၌ ၎င်း၊ လမ်း ခ ရီး အ နား ၌ ၎င်း ရပ် နေ ၏။
3
ကြီး သော တံ ခါး ဝ၊ မြို့ တံ ခါး၊ အိမ် တံ ခါး ဝ မှာ ကြွေး ကြော် ၍၊
4
အ ချင်း လူ တို့၊ သင် တို့ အား ငါ ခေါ် ၏။ လူ သား တို့ အား အ သံ ကို ငါ လွှင့် ၏။
5
ဉာဏ် တိမ် သော သူ တို့၊ ပ ညာ တ ရား ကို နား လည် ကြ လော့။ လူ မိုက် တို့၊ ထိုး ထွင်း သော ဉာဏ် ရှိ ကြ လော့။
6
နား ထောင် ကြ။ မြတ် သော စ ကား ကို ငါ ပြော မည်။ မှန် သော တ ရား စ ကား ကို ငါ နှုတ် မြွက် မည်။
7
ငါ့ နှုတ် ထွက် စ ကား သည် သမ္မာ တ ရား နှင့် သာ ဆိုင် ၍၊ ငါ့ နှုတ် ခမ်း တို့ သည် ဒု စ ရိုက် ကို စက် ဆုပ် ရွံ ရှာ ၏။
8
ငါ ဟော ပြော သ မျှ သော စ ကား တို့ သည် ဖြောင့် မတ် ၍၊ ကြောက် သော သ ဘော၊ ဖောက် ပြန် သော သ ဘော နှင့် ကင်း စင် ကြ ၏။
9
နား လည် သော သူ ၌ အ လုံး စုံ ရှင်း လင်း ၍၊ ပ ညာ ကို ရ သော သူ တို့ အား ဟုတ် မှန် ကြ ၏။
10
ငွေ အ ရင်၊ ငါ့ နည်း ကို ၎င်း၊ မြတ် သော ရွှေ အ ရင်၊ ပ ညာ အ တတ် ကို ၎င်း ခံ ယူ ကြ လော့။
11
အ ကြောင်း မူ ကား၊ ပ ညာ သည် ပတ္တ မြား ထက် သာ ၍ မြတ် ၏။ နှစ် သက် ဘွယ် သ မျှ သော အ ရာ တို့ သည် ထို ရ တ နာ ကို မ ပြိုင် နိုင် ကြ။
12
ငါ့ ဉာဏ် ပ ညာ သည် သမ္မာ သ တိ နှင့် ပေါင်း ၍၊ လိမ္မာ သော သိပ္ပံ အ တတ် များ ကို ဘော် တတ် ၏။
13
ထာ ဝ ရ ဘု ရား ကို ကြောက် ရွံ့ သော သ ဘော ကား၊ ဒု စ ရိုက် ကို မုန်း သော သ ဘော တည်း။ မာ န ထောင် လွှား ခြင်း၊ စော် ကား ခြင်း၊ မ ကောင်း သော လမ်း သို့ လိုက် ခြင်း၊ ကောက် သော စ ကား ဖြင့် ပြော ဆို ခြင်း တို့ ကို ငါ မုန်း ၏။
14
အ ကြံ ပေး နိုင် သော အ ခွင့် နှင့် ပ ညာ ရ တ နာ သည် ငါ ၌ ရှိ ၏။ ငါ သည် ဉာဏ် ဖြစ် ၍ အ စွမ်း သတ္တိ နှင့် ပြည့် စုံ ၏။
15
ငါ့ အား ဖြင့် ရှင် ဘု ရင် တို့ သည် စိုး စံ ရ သော အ ခွင့်၊ မင်း အ ရာ ရှိ တို့ သည် ဆုံး ဖြတ် ရ သော အ ခွင့် ရှိ ကြ ၏။
16
ငါ့ အား ဖြင့် မင်း သား၊ မှူး မတ်၊ တ ရား သူ ကြီး အ ပေါင်း တို့ သည် အ စိုး ရ သော အ ခွင့် ရှိ ကြ ၏။
17
ငါ့ ကို ချစ် သော သူ တို့ ကို ငါ ချစ် ၏။ ငါ့ ကို ကြိုး စား ၍ ရှာ သော သူ တို့ သည် တွေ့ တတ် ကြ ၏။
18
ငါ ၌ စည်း စိမ် နှင့် ဂုဏ် အ သ ရေ ရှိ ၏။ မြဲ သော စည်း စိမ် နှင့် ဖြောင့် မတ် ခြင်း ပါ ရ မီ ရှိ ၏။
19
ငါ ပေး သော အ ကျိုး သည် ရွှေ ထက် မ က၊ ရွှေ စင် ထက် သာ ၍ မြတ် ၏။ ငါ့ ကြောင့် ရ သော အ ခွန် ဘဏ္ဍာ သည် ငွေ တော် ထက် သာ ၍ မြတ် ၏။
20
ငါ သည် ဖြောင့် မတ် ခြင်း လမ်း၊ တ ရား သ ဖြင့် စီ ရင် ခြင်း လမ်း အ လယ် ၌ ရှောက် သွား သည် ဖြစ် ၍၊
21
ငါ့ ကို ချစ် သော သူ တို့ သည် အ မွေ ခံ ရ သော အ ခွင့် နှင့်၊ သူ တို့ ဘဏ္ဍာ တိုက် ပြည့် ဝ စေ သော အ ခွင့် ကို ငါ ပေး တတ် ၏။
22
ထာ ဝ ရ ဘု ရား သည် ရှေး အ မှု တော် ကို မ ပြု မှီ ထွက် ကြွ တော် မူ စ က ပင် ငါ့ ကို ပိုင် တော် မူ ၏။
23
မြေ ကြီး မ ဖြစ် မှီ၊ ရှေ့ ဦး စွာ သော ကာ လ၊ အ နန္တ ကာ လ မှ စ ၍ ငါ သည် ဘိ သိက် ခံ ပြီ။
24
နက် နဲ သော ပင် လယ် မ ဖြစ်၊ ရေ နှင့် ကြွယ် ဝ သော စမ်း ရေ တွင်း မ ဖြစ် မှီ ငါ့ ကို ဖြစ် ဘွား စေ တော် မူ ၏။
25
တောင် ကြီး မ တည်၊ တောင် ငယ် မ ဖြစ် မှီ၊
26
မြေ ကြီး နှင့် လယ် တော များ ကို မ ဖန် ဆင်း၊ အ ဦး ဆုံး သော မြေ မှုန့် ကို မျှ မ ဖန် ဆင်း မှီ၊ ငါ့ ကို ဖြစ် ဘွား စေ တော် မူ ၏။
27
မိုဃ်း ကောင်း ကင် ကို ပြင် တော် မူ သော အ ခါ ငါ ရှိ ၏။ သ မုဒ္ဒ ရာ မျက် နှာ ကို ကန့် ကွက် သော အ မှု၊
28
အ ထက် မိုဃ်း တိမ် ကို တည် စေ သော အ မှု၊ နက် နဲ သော အ ရပ် ၌ စမ်း ရေ ပေါက် တို့ ကို ခိုင် ခံ့ စေ သော အ မှု၊
29
သ မုဒ္ဒ ရာ ၌ ကန့် ကွက် သော အ ပိုင်း အ ခြား ကို ရေ မ လွှမ်း ရ မည် အ ကြောင်း စီ ရင် သော အ မှု၊ မြေ ကြီး တိုက် မြစ် တည် သော အ မှု တို့ ကို ပြီး စီး စေ တော် မူ သော အ ခါ၊
30
ငါ သည် ကျွေး မွေး တော် မူ သော သား ကဲ့ သို့၊ အ ထံ တော် ပါး တွင် နေ ၍၊ အ စဉ် မ ပြတ် မွေ့ လျော် တော် မူ ရာ ဖြစ် ၏။
31
ရှေ့ တော် ၌ အ စဉ် မ ပြတ် က စား လျက်၊ ဖန် ဆင်း တော် မူ သော မြေ ကြီး တ ပြင် လုံး တွင် ရွှင် လန်း လျက်၊ လူ သား တို့ နှင့် ပေါင်း ဘော် ၍ ပျော် ပါး လျက် နေ ၏။
32
သို့ ဖြစ် ၍ ငါ့ သား တို့၊ ငါ့ စ ကား ကို နား ထောင် ကြ လော့။ ငါ ၏ လမ်း များ ကို စောင့် ရှောက် သော သူ တို့ သည် မင်္ဂ လာ ရှိ ကြ ၏။
33
ငါ့ ဆုံး မ ခြင်း ကို မ ပယ် ကြ နှင့်။ နား ထောင် ၍ ပ ညာ ရှိ ကြ လော့။
34
ငါ့ စ ကား ကို ကြား ၍ ငါ့ တံ ခါး နား မှာ နေ့ တိုင်း စောင့် လျက်၊ တံ ခါး တိုင် နား မှာ မြော် လင့် လျက် နေ သော သူ သည် မင်္ဂ လာ ရှိ ၏။
35
ငါ့ ကို ရှာ ၍ တွေ့ သော သူ သည် အ သက် ကို တွေ့ ၏။ ထာ ဝ ရ ဘု ရား ၏ ကျေး ဇူး တော် ကို လည်း ခံ ရ ၏။
36
ငါ့ ကို ပြစ် မှား သော သူ မူ ကား၊ မိ မိ အ သက် ဝိ ညာဉ် ကို ပြစ် မှား ၏။ ငါ့ ကို မုန်း သော သူ အ ပေါင်း တို့ သည် သေ ခြင်း ကို ချစ် ကြ ၏။