1
ငါ့ သား၊ ငါ့ စ ကား ကို စေ့ စေ့ နား ထောင် ၍၊ ငါ့ ပ ညတ် တို့ ကို သင် ၌ သို ထား လော့။
2
ငါ့ ပ ညတ် တို့ ကို စောင့် ရှောက် ၍ အ သက် ရှင် လော့။ ငါ ပေး သော တ ရား ကို ကိုယ် မျက် ဆန် ကဲ့ သို့ စောင့် လော့။
3
သင် ၏ လက် ချောင်း တို့ ၌ ချည် ထား ၍၊ သင် ၏ နှ လုံး အင်း စာ ရင်း ၌ ရေး မှတ် လော့။
4
ပ ညာ ကို ကိုယ် နှ မ ဟူ ၍ ၎င်း၊ ဉာဏ် ကို ကိုယ် ပေါက် ဘော် ဟူ ၍ ၎င်း ခေါ် လော့။
5
သို့ ပြု လျှင် သူ တို့ သည် အ မျိုး ပျက် သော မိန်း မ၊ နှုတ် နှင့် ချော့ မော့ တတ် သော ပြည် တန် ဆာ မိန်း မ လက် မှ သင့် ကို ကယ် တင် ကြ လိမ့် မည်။
6
ငါ့ အိမ် ပြ တင်း ရွက် ကြား မှ ငါ ကြည့် ၍ မြင် ရ သော အ မှု ဟူ မူ ကား၊
7
ဉာဏ် တိမ် သော အ မျိုး သား ချင်း စု ကို ငါ ကြည့် ရှု စဉ် တွင်၊ ဉာဏ် မ ရှိ သော လူ ပျို တ ယောက် သည်၊
8
ထို သို့ သော မိန်း မ နေ ရာ လမ်း ထောင့် အ နား သို့ ရှောက် သွား သ ဖြင့်၊
9
မိုဃ်း ချုပ် ၍ ည ဦး အ ချိန်၊ ညဉ့် နက် သော အ ချိန် ရောက် သော အ ခါ၊ ထို မိန်း မ နေ ရာ လမ်း သို့ လိုက် လေ ၏။
10
ပြည် တန် ဆာ အ ဝတ် ကို ဝတ် ၍၊ ဆန်း ပြား သော မိန်း မ သည် ထို သူ ကို ကြို ဆို ၏။
11
ထို မိန်း မ သည် ကျယ် သော အ သံ နှင့် ခိုင် မာ သော စိတ် သ ဘော ရှိ ၏။ ကိုယ် အိမ် ၌ မ နေ၊ လည် တတ် ၏။
12
ခ ဏ အိမ် ပြင်၊ ခ ဏ လမ်း ထဲ မှာ နေ လျက်၊ လမ်း ထောင့် အ ရပ် ရပ် ၌ ချောင်း မြောင်း ၍ ကြည့် တတ် ၏။
13
ထို လူ ပျို ကို တွေ့ သော အ ခါ၊ ရဲ သော မျက် နှာ နှင့် ဘမ်း ဘက် နမ်း ရှုပ် လျက်၊
14
ငါ ၌ မိဿ ဟာ ယ ပူ ဇော် သက္ကာ ရှိ ၏။ ယ နေ့ ငါ့ ဂ တိ ဝတ် ကို ငါ ဖြေ ပြီ။
15
ထို ကြောင့် သင့် ကို ကြို ဆို အံ့ သော ငှါ ငါ ထွက် လာ ပြီ။ သင့် မျက် နှာ ကို ကြိုး စား ရှာ ၍ တွေ့ ပြီ။
16
ငါ့ ခု တင် ကို ချယ် လှယ် သော အိပ် ရာ ခင်း နှင့် ၎င်း၊ အဲ ဂုတ္တု ပိတ် ချော နှင့် ၎င်း ပြင် ဆင် ပြီ။
17
ငါ့ မွေ့ ရာ ကို မု ရန်၊ အ ကျော်၊ သစ် ကြံ ပိုး နှင့် ထုံ ပြီ။
18
လာ ပါ၊ မိုဃ်း လင်း သည် တိုင် အောင် ကာ မ ရာ ဂ စိတ် ကို ဖြေ ကြ ကုန် အံ့။ မေ ထုန် ပြု ၍ မွေ့ လျော် ကြ ကုန် အံ့။
19
ငါ့ အ ရှင် သည် အိမ် မှာ မ ရှိ။ ငွေ အိတ် ကို ဆောင် လျက် ဝေး သော အ ရပ် သို့ သွား ပြီ။
20
ပွဲ နေ့ ရောက် မှ သာ ပြန် လာ လိမ့် မည် ဟု၊
21
ချစ် ဘွယ် သော စ ကား နှင့် ထို သူ ကို သွေး ဆောင် ၍ ချော့ မော့ တတ် သော နှုတ် ခမ်း နှင့် နိုင် သ ဖြင့်၊
22
နွား သည် အ သေ ခံ ရာ သို့ လိုက် သ ကဲ့ သို့ ၎င်း၊ သ မင် ဒ ရယ် သည် မိ မိ အ သည်း ၌ မြှား မ ထိုး မှီ တိုင် အောင်၊ ဘမ်း မိ ရာ ထဲ သို့ ဝင် သ ကဲ့ သို့ ၎င်း၊
23
ငှက် သည် မိ မိ အ သက် ဆုံး စေ ခြင်း ငှါ ထောင် မှန်း ကို မ ရိပ် မိ ဘဲ၊ ကျော့ ကွင်း ထဲ သို့ အ လျင် အ မြန် ဝင် သ ကဲ့ သို့ ၎င်း၊ လူ ပျို သည် ထို မိန်း မ နောက် သို့ ချက် ခြင်း လိုက် သွား တတ် ၏။
24
သို့ ဖြစ် ၍ ငါ့ သား တို့၊ ငါ့ စ ကား ကို နား ထောင် ၍ ငါ့ ဟော ပြော ချက် တို့ ကို မှတ် ကျုံး ကြ လော့။
25
ထို သို့ သော မိန်း မ နေ ရာ လမ်း ကို စိတ် မ ငဲ့ ကွက် နှင့်။ သူ ကျင် လည် သော လမ်း ခ ရီး သို့ လွှဲ ၍ မ လိုက် နှင့်။
26
အ ကြောင်း မူ ကား၊ သူ သည် စစ် သူ ရဲ အ များ တို့ ကို လှဲ လေ ပြီ။ ခွန် အား ကြီး သော သူ အ များ တို့ ကို သတ် လေ ပြီ။
27
သူ ၏ အိမ် သည် သေ မင်း ၏ ဘုံ ဗိ မာန် သို့ ဆင်း ၍၊ မ ရ ဏာ နိုင် ငံ သို့ ရောက် သော လမ်း ဖြစ် ၏။