ယောဘဝတ္တု။-17

(Judson ယုဒသန်)

切换到福音影视网-新版圣经

  • 1 ငါ့ အ သက် ကုန် ပြီ။ ငါ နေ ရ သော ကာ လ လွန် ပြီ။ သင်္ချိုင်း သည် ငါ့ အ ဘို့ ဖြစ် ၏။
  • 2 ကဲ့ ရဲ့ တတ် သော သူ တို့ သည် ငါ့ ရှေ့ မှာ ရှိ ကြ သည် မ ဟုတ် လော။ သူ တို့ နှောင့် ရှက် သော အ ခြင်း အ ရာ တို့ ကို အ စဉ် ငါ ကြည့် မြင် ရ သည် မ ဟုတ် လော။
  • 3 အ ပေါင် ထား ပါ တော့။ အာ မ ခံ ပေး ပါ တော့။ အ ဘယ် သူ သည် ငါ နှင့် ဂ တိ သစ္စာ ထား မည် နည်း။
  • 4 ကိုယ် တော် သည် သူ တို့ ဉာဏ် ကို ကွယ် စေ တော် မူ သည် ဖြစ် ၍၊ သူ တို့ ကို ချီး မြှောက် တော် မ မူ ရ။
  • 5 အ ကြင် သူ သည် ဥစ္စာ ကို လု ယူ အံ့ သော ငှါ အ ဆွေ ခင် ပွန်း ကို အပ် ၏၊ ထို သူ ၏ သား တို့ သည် မြော် လင့် ၍ စိတ် ပျက် ရ ကြ လိမ့် မည်။
  • 6 ငါ့ ကို သူ တ ပါး ကဲ့ ရဲ့ စ ရာ အ ကြောင်း ဖြစ် စေ တော် မူ ၍၊ သူ တို့ သည် ငါ့ ကို ရွံ ကြ ၏။
  • 7 ဝမ်း နည်း ခြင်း အား ကြီး သော ကြောင့် ငါ့ မျက် စိ မှုန် ၏။ ကိုယ် အင်္ဂါ များ တို့ သည် အ ရိပ် ကဲ့ သို့ ဖြစ် ကြ ၏။
  • 8 ဖြောင့် မတ် သော သူ တို့ သည် ဤ အ မှု ကြောင့် မိန်း မော တွေ ဝေ ကြ လိမ့် မည်။ အ ပြစ် ကင်း လွတ် သော သူ တို့ သည် အ ဓမ္မ လူ များ တ ဘက် က ကိုယ် ကို ကိုယ် နှိုး ဆော် ကြ လိမ့် မည်။
  • 9 ဖြောင့် မတ် သော သူ တို့ သည် လည်း တည် ကြည် ခြင်း၊ လက် စင် ကြယ် သော သူ တို့ သည် ခွန် အား တိုး ပွါး ခြင်း ရှိ ကြ လိမ့် မည်။
  • 10 သင် တို့ မူ ကား တ ယောက် မျှ မ ကြွင်း၊ ပြန် သွား ကြ ပါ တော့။ သင် တို့ တွင် ပ ညာ ရှိ တ စုံ တ ယောက် ကို မျှ ငါ မ တွေ့ နိုင်။
  • 11 ငါ့ နေ့ ရက် လွန် ပြီ။ ငါ နှ လုံး သွင်း မိ သော အ ကြံ အ စည် တို့ သည် ပျက် စီး ခြင်း သို့ ရောက် ကြ ပြီ။
  • 12 ညဉ့် သည် ငါ ၌ နေ့ ကဲ့ သို့ ဖြစ် ၍၊ ငါ့ အ လင်း သည် မှောင် မိုက် နှင့် နီး စပ် ၏။
  • 13 သင်္ချိုင်း သည် ငါ့ နေ ရာ ဖြစ် သည် ကို ငါ မြော် လင့် ၏။ ငါ့ အိပ် ရာ သည် မှောင် မိုက် ၌ ခင်း လျက် ရှိ ၏။
  • 14 ပုပ် စပ် ခြင်း အား၊ သင် သည် ငါ့ အ ဘ ဖြစ် ၏ ဟူ ၍ ၎င်း၊ တီ ကောင် အား သင် သည် ငါ့ အ မိ၊ ငါ့ နှ မ ဖြစ် သည် ဟူ ၍ ၎င်း ငါ ဆို ရ ၏။
  • 15 သို့ ဖြစ် ၍ အ ဘယ် သို့ ငါ မြော် လင့် ရ သ နည်း။ ငါ မြော် လင့် စ ရာ အ ကြောင်း ကို အ ဘယ် သူ မြင် ရ သ နည်း။
  • 16 ထို အ ကြောင်း သည် မ ရ ဏာ နိုင် ငံ အ ထဲ သို့ ဝင် ၍၊ ငါ နှင့် အ တူ မြေ မှုန့် ၌ နှိမ့် ချ လျက် နေ ရ မည် ဟု မြွက် ဆို ၏။
回到本卷目录 回到本版本目录 回到首页