1
ယေ ရှု ကို ခ ရစ် တော် ဖြစ် သည် ဟု ယုံ ကြည် သူ တိုင်း ဘု ရား သ ခင် အား ဖြင့် ဖွား ရ သူ ဖြစ်၏။ ဖွား တော် မူ ရ သော သား တော် ကို ချစ် သူ တိုင်း လည်း ဖွား ရ သော သား ချင်း ကို ချစ် တတ်၏။
2
ဘု ရား သ ခင် ကို ချစ် လျက် ပ ညတ် တော် များ အ တိုင်း ပြု ကျင့် ကြ သည် အား ဖြင့် ဘု ရား သ ခင်၏ သား သ မီး တို့ ကို ချစ် သည် ဟု ငါ တို့ သိ ရ ကြ၏။
3
ဘု ရား သ ခင် အား ချစ် ခြင်း မေ တ္တာ ကား ပ ညတ် တော် များ ကို စောင့် ရှောက် ခြင်း တည်း။ ဘု ရား သ ခင် အား ဖြင့် ဖွား ရ သ မျှ သည် ဤ လော က ကို အောင် မြင် ရ သော ကြောင့် ထို ပ ညတ် တော် များ ဝန် မ လေး ချေ။ ဤ လော က ကို နိုင် ခဲ့ သော အောင် မြင် ရာ မှာ ငါ တို့ ယုံ ကြည် ခြင်း တည်း။
4
5
ဤ လော က ကို အောင် မြင် သော သူ သည် မည် သူ နည်း။ ယေ ရှု ကို ဘု ရား သ ခင့် သား တော် ဖြစ် သည် ဟု ယုံ ကြည် သူ မ ဟုတ် လော။
6
ရေ သွေး အ စုံ ဖြင့် ကြွ လာ သော အ ရှင် ကား ယေ ရှု ခ ရစ် တည်း။ ရေ နှင့် သာ မ ဟုတ်၊ ရေ နှင့် လည်း ကောင်း၊ သွေး နှင့် လည်း ကောင်း ကြွ လာ တော် မူ၏။
7
သ မ္မာ အ နှစ် ဖြစ် သော ဝိ ညာဉ် တော် သည် သက် သေ ခံ တော် မူ ရာ၊
8
ဝိ ညာဉ် တော်၊ ရေ တော်၊ အ သွေး တော် သုံး ပါး တို့ သည် တစ် ညီ တစ် ညွတ် သက် သေ ခံ လျက် ရှိ ၏။
9
လူ့ သက် သေ ကို ငါ တို့ နာ ယူ ကြ လျှင် ဘု ရား သ ခင့် သက် သေ တော် သည် သာ၍ ခိုင် မာ၏။ အ သို့ ဆို သော် ဘု ရား သ ခင် ခံ တော် မူ သော သက် သေ သည် သား တော် နှင့် စပ်၍ တည်း။
10
ဘု ရား သ ခင့် သား တော် ကို ယုံ ကြည် သူ သည် ထို သက် သေ တော် ကို ကိုယ်၌ ရ ရှိ၏။ ဘု ရား သ ခင် ကို မ ယုံ ကြည် သူ မူ ကား သား တော် နှင့် စပ်၍ ခံ တော် မူ သော သက် သေ ကို မ ယုံ သော ကြောင့် မု သာ သုံး တော် မူ သည် ဟု ဆို ရာ ရောက် ၏။
11
ဆို ခဲ့ သော သက် သေ တော် မှာ ဘု ရား သ ခင် သည် ငါ တို့ အား ထာ ဝ ရ အ သက် ကို သ နား တော် မူ လျက် သား တော်၌ ထို အ သက် တည် ရှိ ကြောင်း တည်း။
12
သား တော် ကို ရ ရှိ သူ သည် ထို အ သက် ကို ရ ရှိ၏။ ဘု ရား သ ခင် သား တော် ကို မ ရ မ ရှိ သူ မူ ကား ထို အ သက် ကို မ ရ မ ရှိ ချေ။
13
ဘု ရား သ ခင့် သား တော်၏ နာ မ တော် ကို ယုံ ကြည် သော သင် တို့ သည် ထာ ဝ ရ အ သက် ရ ရှိ ကြောင်း သိ ကြ စေ ရန် ဤ အ ကြောင်း အ ရာ များ ကို ငါ ရေး လိုက်၏။
14
ရှေ့ တော် တွင် ငါ တို့ ရ ရှိ သော ရဲ ရင့် ခြင်း မှာ အ လို တော် နှင့် အ ညီ ငါ တို့ တောင်း လျှောက် လေ ရာ ရာ၌ နား ညောင်း တော် မူ ကြောင်း တည်း။
15
ငါ တို့ တောင်း လျှောက် သ မျှ နား ညောင်း တော် မူ သည် ဟု သိ ရ သည် မှာ တောင်း လျှောက် သည့် ဆု များ ကို ရ ရှိ ပြီ ဟု သိ ရ ကြ၏။
16
မည် သူ မ ဆို ညီ အစ် ကို ချင်း သည် သေ ဒဏ် မ ထိုက် သော အ ပြစ် ပြု မိ သည် ကို သိ မြင် လျှင် တောင်း လျှောက် စေ။ သေ ဒဏ် မ ထိုက် သူ တို့ ကို အ သက် ရ စေ တော် မူ လိမ့် မည်။ သေ ဒဏ် ထိုက် သော အ ပြစ် ရှိ၏။ ထို အ ပြစ် နှင့် စပ်၍ တောင်း လျှောက် ရ မည် ငါ မ ဆို။
17
ဒု စ ရိုက် ဟူ သ မျှ အ ပြစ် မှန် သော် လည်း သေ ဒဏ် မ ထိုက် သော အ ပြစ် ရှိ၏။
18
ဘု ရား သ ခင် အား ဖြင့် ဖွား ရ သူ မည် သူ မ ဆို မ ပြစ် မှား ဘဲ ဘု ရား သ ခင် ဖြစ် ပွား စေ တော် မူ သော အ ရှင် စောင့် ထိန်း တော် မူ သ ဖြင့် မာရ် နတ် ထိ ခိုက် ခွင့် မ ရ ကြောင်း ငါ တို့ သိ ကြ၏။
19
ငါ တို့ သည် ဘု ရား သ ခင့် ဘက် တော် သား ဖြစ် ကြောင်း ကိုလည်း ကောင်း၊ တစ် လော က လုံး သည် မာရ် နတ်၏ လက် တွင်း၌ ရှိ နေ ကြောင်း ကို လည်း ကောင်း ငါ တို့ သိ ကြ၏။
20
ဘု ရား သ ခင့် သား တော် သည် ကြွ လာ တော် မူ၍ ဟုတ် မှန် တော် မူ သော အ ရှင် နှင့် ကျွမ်း ဝင် ရ သော ဉာဏ် ကို ငါ တို့ အား သ နား တော် မူ ကြောင်း ငါ တို့ သိ ကြ၏။ ငါ တို့ သည် သား တော် ယေ ရှု ခ ရစ်၌ တည် ရာ ဟုတ် မှန် တော် မူ သော အ ရှင်၌ တည် ကြ၏။ ကိုယ် တော် ကား ဟုတ် မှန် သော ဘု ရား သ ခင် ထာ ဝ ရ အ သက် တော် တည်း။
21
သူ ငယ် တို့၊ ရုပ် ပွား များ မှ ကိုယ် ကို စောင့် ထိန်း ကြ လော့။